သားကောင်းမိခင်ဆိုတာ…………….
“သားကောင်းမိခင်”
ကျနော်တို့ မြန်မာအမျိုးသမီးများက “ သားကောင်းမိခင် “လို့အခေါ်ခံရရင်
ဂုဏ်ယူလို့ကျေနပ်ကြပါတယ်။
သားကောင်းမိခင်လဲဖြစ်ချင်ကြပါတယ်။
သားကောင်းမိခင်ဆိုတဲ့အထဲမှာ မိမိမွေးထားတဲ့ရင်သွေးကို နို့ချိုဝလင်အောင်
တိုက်ကျွေးနိုင်တယ်ဆိုတာလဲ အရေးပါတဲ့အချက်တစ်ခုပါဘဲ။
အဲလိုတိုက်ကျွေးနိုင်ဘို့ဘာလိုတယ်ဆိုတာကလဲ အများသိတော်မူတဲ့အတိုင်းပါဘဲ။
ဒီနေ့မနက်အလုပ်သွားရင်းလမ်းမှ နို့စားနွားမကြီးတစ်ကောင်တွေ့လိုက်တော့
စောစောက ပြောတဲ့ သားကောင်းမိခင်ဆိုတာကြိးကိုသွားသတိရလို်က်ပါတယ်။
ဒါနဲ့ဘဲဆိုင်ကယ်ရပ်လို့ လက်ဆော့တာပေါ့။
သိပ်အကြာကြီးတော့ရိုက်လို့ အဆင်မပြေ။
လမ်းဘေးမှာမွေးထားတဲ့နွားဆိုတော့ ပိုင်ရှင်က တမျိုးမြင်မှာလဲစိုးရသေးတယ်လေ။
ကဲ ရသလောက်လေးတင်ပေးလိုက်ပါတယ။်
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး
(14-3-2012)
20 comments
water-melon
March 14, 2012 at 9:01 am
အမလေး နည်းတာကြီးမဟုတ်ဘူး
တထိုင်တည်း နို့ညစ်ပြီး ကျိုသောက်လောက်ရရင်အရမ်းကောင်း
နွားနို့လေးနဲ့ ရွှေကျီးပေါင်မုန့်နဲ့တို့စား အရမ်းကောင်း
လေးပေါက်နော် ဗိုက်ဆာပါတယ်ဆိုမှ
အဲဒီနွားတွေက နို့စားနွားတွေထင်တယ်။
ကိုပေါက်(မန္တလေး)
March 14, 2012 at 9:02 am
ဖရဲမနဲ့ ဘာဘီတိုက် နွားနို့အလကားသောက်ချင်ရင် နွားမကြီးရှိတဲ့နေရာပြောပြမယ်။
ဖုန်းဆက်လိုက်…………………
Shwe Tike Soe
March 14, 2012 at 1:31 pm
အမလေး သိပ နေရာများ ဒါသများအိမ်နောက်ဘက်ကြီးကို ဟွန်.
အော် အိမ်နောက်ဖေးဘက် အိမ်သာတွေဘာတွေ သွားရင် သတိထားရတော့မယ်.. ဒီလူကြီး လမ်းပေါ်သွားနေရင်း လက်ဆော့မှဖြင့် အဟိ…
Khaing Khaing
March 14, 2012 at 9:06 am
လေးပေါက် ကြည့်တော့လုပ်နော် တော်ကြာနွားကုန်ကူးတယ်ထင်ပြီး လာဖမ်းနေဦးမယ် ….. နွားနို့ကို ညစ် ပြီးပြီးချင်းသောက်ဖူးတယ် ဘီလူးကျွန်းမှာ အပါးကောင်းမှကောင်း ကျိုစရာတောင်မလိုဘူး ဖြဲမရေ ပူပြီးစိမ့်နေတာပဲ….. ပြောရတာ အကုသိုလ်တော့အများသား သူများစားခွက်လုတာနဲ့အတူတူပဲ ….အဟိ ကန်တော့ ကန်တော့ နွားကလေးတွေရေ ……….
water-melon
March 14, 2012 at 9:09 am
အမခိုင်ကလည်း
ညစ်ပြီး ကျိုအုန်းမှပေါ့ ဒါမှမလိုင်လေးပါမှာလေ
ဒီတိုင်းတော့ မသောက်ချင်ပါဘူး
လေးပေါက် ဘာဘီရွှေတိုက်သာ နေရာပြလိုက်
ကျွန်တော်ကရတယ်
နောက်မှအေးဆေးဝယ်သောက်တော့မယ် 😀
ဦးဦးပါလေရာ
March 14, 2012 at 9:15 am
ဒီသားကောင်းမိခင်ကြီးကတော့ ကျုပ်တို့ဆီက မျိုး မဟုတ်ပေဘူး…။
ဥရောပမျိုးကို အော်ဆီ ဒါမှမဟုတ် နယူးဇီလန်မှာ မျိုးပွား၊ မျိုးထိန်း ထားတဲ့ ဟာမျိုးပဲဗျ…။
အနောက်တိုင်းကငနဲတွေ နဲ့ အော်ဆီကငနဲတွေ ဘယ်လောက်နို့ဆွဲသန်သလဲဆိုတာ အဲဒါကြီးသာကြည့်တော့… 😀
အော်…ဒါနဲ့ မုဒိတာစကားလေးတော့ပြောရဦးမယ်။
ကျုပ်တို့ငယ်ငယ်က မွေးမြူရေးနွား(နို့စားနွား) ဆိုတာ ခြံခတ် ခြင်ထောင်ချပြီး အစာသီးသန့်စိုက်ကျွေးကြတယ်။ (ကွန်ပျူတာတွေပေါ်ကာစက အဲယားကွန်းနဲ့ထားသလိုပေါ့…။)
အဲဒီတော့ လူတိုင်းမမွေးနိုင်ကြဘူး…။
အခုလိုလမ်းဘေးကျောင်းပြီး မွေးနိုင်ကြမှန်းသိလာတော့ ပိုစီးပွားဖြစ်ကြတာပေါ့ …..။
ကိုပေါက်(မန္တလေး)
March 14, 2012 at 9:25 am
ကိုကိုပါရေ
ကျနော်ငယ်ငယ်က နွားပိန်မတွေဘဲတွေ့တာများလို့ အခုနွားမကြီးမြင်တော့ အားရဝမ်းသာနဲ့တင်ပေးလိုက်တာပါဗျာ။
အသူရာ
March 14, 2012 at 10:01 am
မြန်မာ အမျိုးသမီးလေးတွေရော သားကောင်းမိခင်ဖြစ်ချင်ကြပါသလား?
သများတို့ကတော့ ရင်လေးမှာကြောက်ပါတယ်ချင့်
kyeemite
March 14, 2012 at 10:06 am
အင်း..ကိုပေါက်ကို ကြောက်နေရပါလား
တွေ့သမျှ ရိုက်မယ်ဆိုတာကြီးဘဲ..
ရွာသူတွေသတိထားကြနော်
သားကောင်းမိခင်ဆိုပီး
ဂေဇက်ပေါ်အတင်ခံနေရမယ်..ဟီး.
လစ်ပီဗျို့….
Mon Kit
March 14, 2012 at 10:20 am
နည်းတာကြီး ဟုတ်ဘူးကွယ်ရို့…
အားရစရာကြီးပါ…
ကြည့်ရင်းနဲ့ နို့သောက်ချင်စိတ်ပေါက်လာတယ်… 🙂
ahnyartamar
March 14, 2012 at 10:46 am
nice shooting.
char too lan
March 14, 2012 at 11:18 am
ဘပုတို့ တိုင်းမူးတို့ရေ……….
လိုင်းလေးဘာလေး မပြောင်းချင်ဘူးလာဟင် ??? 😉
FattyCat
March 14, 2012 at 11:24 am
ကိုုပေါက်…သေချာပြနော်….
တော်ကြာ ဖရဲခဗျာ…နွားကိုု အထီးနဲ့ အမ မှားညှစ်ပြီး နိုု့သွားသောက်နေဦးမယ်….
ကောင်လေးက ရိုုးတယ်ဗျ…
ကိုပေါက်(မန္တလေး)
March 14, 2012 at 12:00 pm
ဖက်ကက်
အဲလောက်အမှတော့ ခံပေ့စေကွာ။
ဖက်ကြီး မေးကြည့်လိုက်လေ
လေးပေါက် ဆီက ကြံတွေတောင်းသွားတာချိုလားလို့။
kyeemite
March 14, 2012 at 1:06 pm
ကိုပေါက်ရေ..ခင်ဗျားကိုတော့ အထူးခင်လို့
ဒါရိုက်လင့်လေးပေးလိုက်တယ်..တဝကြီးခံစားပေတော့..
http://my-best-photo-selection.blogspot.com/2010/11/blog-post_29.html
ပေါက်ပုပေအဖွဲ့အတွက် ကြီးမိုက်ရဲ့ လက်ဆောင်ပါ..
မဟာရာဇာ အံစာတုံး
March 14, 2012 at 1:33 pm
လေးပေါက် ဒီလောက် ရိုက်တာတောင် ..
နွားမကြီးကတော့ အေးဆေးပဲနော် …
😀
Shwe Tike Soe
March 14, 2012 at 1:35 pm
အော်လေးပေါက်လက်ချက်နဲ. ရွှေတချောင်းဘေးက နွားမ ခမျာ အင်တာနက်ပေါ် သားကောင်းမိခင်အဖြစ်ရောက်ရပါပေါ့လားကွယ်..
အဲကြည့်စမ်း အခုမှသေချာကြည့်မိတယ်.. နွားမကြီးက ရှက်ပြီး ကြာကြည့်ကြည့်နေတယ်တော့…. ဟဟိဟိဟိ
Diamond Key
March 14, 2012 at 1:53 pm
ကိုပေါက် ပြုံးဖီး
နဲတဲ့ အလုံးကြီး
ဖရဲမ အဖေါ်ညှိပြီး
ညှစ်ကြ အားကြီး
သားကောင်းအမေ လိုက်ကန်
ပြေးကြ တစ်ယောက်မကျန်
snow white
March 14, 2012 at 3:16 pm
နွားမကတော့မသိရှာဘူး သူပုံလေးမန်းဂေဇက်မှာရောက်နေပြီနော် သူသာစကားပြောတက် မန်းဂေဇက်အဖွဲ့သားဆို လေးလေးပေါက်ကိုကျေးဇူးတင်မှာကျိန်းသေတယ်
ကိုပေါက်(မန္တလေး)
March 14, 2012 at 4:04 pm
လောလောဆယ်တော့ ခွေ့မှာကြောက်လို့ ဆိုင်ကယ်ပေါ်ကတောင်မဆင်းဘဲ လက်ဆော့လာတာပါဗျာ။