စာနာတတ်ခြင်းဆိုတာ ဒီလိုကြေးလား (ညီမလေးဖတ်ဖို့ )
ညီမလေးရေ အကို့ရင်ထဲနာကျင်ကြေကွဲခဲ့ရတဲ့ သတင်းလေးတစ်ပုဒ်အကြောင်းပြောချင်ပါတယ်။စင်ကပူမှာ အလုပ်သွားလုပ်တဲ့ ကောင်မလေး မတင်ဝါဝါခိုင်
တစ်ယောက်လူမဆန်အောင်နိပ်စက်ခံရတာကို ဖတ်ရပြီး တစ်နေ့လုံး စိတ်အစဉ်ညစ်နွမ်းသွားခဲ့ရတယ်။ ညီမလေးရေ တို့တိုင်းပြည်မှာ ဆရာဇော်ဂျီက ရေချိုသောက်ရန်မြစ်ချောင်းကန်နဲ့ သီးနှံချိုပြားများလည်းများ၏လို့ ရေးထားတာညီမလေးတက္ကသိုလ်တုန်းက သင်ခဲ့ရမှာပေါ့။ကဗျာက တအားကောင်းလွန်းလို့ အလွတ်ရနေခဲ့ပါတယ်။များပါလေလည်း တမွဲမွဲနဲ့ ဆင်းရဲကာသာ ကာလကြာလျှင်……အကို့မြို့မှာတော့ လယ်သမားတွေပဲဈေးစပါးဈေးမကောင်းလို့ ညည်းညူနေကြပါတယ်။ဆိုက္ကားသမားကလည်း အဆင်မပြေ လက်လုပ်လက်စားကလည်း မပြေလည်နဲ့ ညီမလေးရယ် ဒုက္ခတွေအကြောင်းကို မပြေချင်တော့ပါဘူး။
သတင်းလည်းညီမလေးဖတ်ပြီးရောပေါ့ ကျောမှာရေနွေးနဲ့ ပက်ထားတာ ရဲရဲနီလို့ ရိုက်ထားတာလည်း ဓါဏ်ရာတွေ ဗရဗွနဲ့ စိတ်ခြောက်ခြားနေတဲ့ တိုင်းတပါးမှာအလုပ်သွားလုပ်ခဲ့ရတဲ့ မြန်မာမလေးကို အကို သနားလိုက်တာ။ တခါကပေါ့ညီမလေးရယ် ရန်ကုန် မြို့တော်ကြီးရဲ့တစ်နေရာမှာ အကို သူဋ္ဌေးကြီးတစ်ဦးက ခေါ်လို့ ဆေးကုဖို့ သွားခဲ့ရဖူးပါတယ်။ ဦးဘောဂလို့ ဆိုကြပါဆို့ ။
ဦးဘောဂအိမ်မှာ နာဂစ်ဒါဏ်ကြောင့် ဒုက္ခရောက်ပြီး မိဘမဲ့ ခဲ့ရတဲ့ ကလေးမလေးတစ်ယောက်လည်းရှိနေခဲ့ပါတယ် ကောင်မလေးက ပင်လယ်ပိုင်းက ပေါ့။ဦးဘောဂက အကို့ကို “ ဆရာကျွန်တော်က မိဘမဲ့ကလေးတွေကို ကယ်တင်တယ်ဗျာ အခု ဒီကောင်မလေးက မိဘတွေမရှိဘူး မုန်တိုင်းမိလို့ သေဆုံးကုန်ကြပြီအိမ်မှာပဲခေါ်ထားပြီး စောင့်ရှေက်ထားခဲ့တယ်” လို့ အမွှန်းတင်ပြောပါတယ်။
ညီမလေးရေ မိဘမဲ့ ကလေးတွေ တွယ်ရာမဲ့ လူသားတွေကို ထူထောင်တာကို အကိုက အရမ်းကြိုက်ပါတယ် ခံယူချက်တစ်ခုနဲ့လည်း လုပ်ပါတယ် ။အခု ဦးဘောဂရဲ့
လုပ်ဆောင်ချက်ဟာ သာဓုခေါ်စရာပဲမဟုတ်လား။အကိုက အဲ့ဒီအိမ်မှာပဲတည်းခိုခဲ့တော့ ကလေးမလေး ရဲ့ ဘဝကိုပိုသိခဲ့ပါတယ်။ မနက်စောစော၅နာရီအိပ်ယာကထ၊
ရေနွေးအိုးတည်၊ လက်ဇက်ရည်ဖျော်၊ အိမ်ရှင်တွေက မနက်၈နာရီမှအိပ်ယာက ထတယ်လေ။ အကို ကတော့ တောသားမိုု့ စောစောာအိပ်ယာထ တရားကိစ္စတွေလုပ်တော့ ကြားနေရပါတယ်။နောက်ကောင်မလေးက အိမ်ရှင် အဘွားကြီးနဲ့ ဈေးသွား ပြန်လာတော့ ချက်ပြုတ်ဖို့ လုပ်၊ ၁၁နာရီလောက်ကျတော့ အဝတ်လျှော်တာလုပ် ၁၂နာရီမှာ
ထမင်းကျွှေးတဲ့ ကိစ္စကိုလုပ် ပြီးတော့ အဝတ်တွေလှန်းတာလုပ် ၂နာရီထိုးမှ ထမင်းစားရပါတယ်။ထမင်းစာပြီးတော့ သန့်ရှင်းရေးကိစ္စတွေလုပ် ဆေးကြောတာနေတွလုပ်နေတာတွေ့တယ်။၄နာရီလောက်ကြတော့ ချက်ပြုတ်တန်တာချက်နွေးတန်တာနွေး လုပ် ညနေကြတော့ ထမင်းကျွှေးတဲ့ကိစ္စကို လုပ်ကိုင်ပေး အခွေ ငှားတာတွေဘာတွေလုပ် မနေ့က ငှားတာတွေအပ်ပေး။ ညစာစားပြီးတော့ အဝတ်တွေမီးပူတိုက်၊ အိပ်ယာခင်းည၁၁နာရီလောက်မှ အိပ်ရရှာပါတယ်။
မိဘမဲ့ကလေးကို ထူထောင်တာ ဒီလိုလားလိ အကိုတွေးမိပြန်ပါတယ်။ ကိုယ့်ကိစ္စတွေအဆင်ပြေဖို့ ထမင်းကျွေး ကျွန်ပြုတာ ဒါဟာထူထောင်ရေး မဟုတ်ပါဘူး
ဒါဟာနိပ်စက်နေတာပဲလို့ အကိုမြင်ပါတယ်။ အခုလည်း မရှိလွန်းလို့ စွန့်စားပြီး နိုင်ငံရပ်ခြားမှာ သွားအလုပ်လုပ်တာ အနိပ်စက်ခံရတယ်ဆိုတာကြွေကွဲစရာပါပဲ။
နောက် ၁၅နှစ်လောက်ရှိတဲ့ တောက ကောင်မလေးကိုရန်ကုန်အိမ်တစ်အိမ်မှာ ခိုင်းဖို့ခေါ်ထားတာတွေ့ခဲ့ ဖူးပါတယ် ။လူရှေ့သူရှေ့မှာလည်းအော်ခံရ
ခေါင်းခေါက်ခံရ သူ့ခမျာ ………………။
အကို မှာတခါက ချစ်သူတစ်ယောက်ရှိခဲ့ဖူးတယ်ညီမလေး။ သူကို အကို ကသင်ပေးတယ် အတွေးအခေါ်ကောင်းဖို့အတွက် စာဖတ်ခိုင်းတယ် လူ့ဘဝကို ဖြတ်သန်းဖို့ အားအင်တွေကအစ… စိတ်တည်ငြိမ်မူ အဆုံး အကို ပြောပြခဲ့ပါတယ်။နောက်တော့ အကို နဲ့ အကြောင်းတစ်ခုကြောင့်ဝေးသွားကြတယ်။ အခုစင်ကပူမှာ အလုပ်လုပ်တယ်လေ။အိမ်ကို တစ်လ၃သိန်းလောက်ပြန်ပို့ပေးတယ်ကြားပါတယ်။ ဘာလုပ်လဲဆိုရင်တော့ အိမ်ဖေါ်အပြင် ဘာရှိမှာလဲညီမလေးရယ်။အခု စင်ကပူ သတင်းကြားရတော့ သူ့ကို တွေးမြင်ယောင်မိပါတယ်။
အကိုကတော့ မိန်းကလေးတွေရဲ့ စွန့်စားမူကို သဘောမကျပါဘူး။ အကိုမြို့မှာဈေးရောင်းနေတဲ့ မိန်းကလေးတွေရဲ့ တစ်လဝင်ငွေလည်း မနည်းပါဘူး။ဒီလိုပဲ တီထွင်ကြံဆ လုပ်ကိုင်ကြရမယ်လေ။ တလောကလည်း လက်မထပ်မှီ အတူနေလို့ ဓါတ်ပုံတွေ အင်တာနက်တင်လိုက်တာ ရှက်ပြီး တိုက်ပေါ်က ခုန်ချသေသွားတဲ့
အမျိုးသမီးလေးတစ်ယောက်အကြောင်း ဂျာနယ်မှာဖတ်မိပါသေးတယ်။ သေချာတာမသေချာတာတော့ မသိပါဘူး။ခုန်ချသေတာတော့ ညီမလေးလည်း ဖတ်မိမှာပါ။
အကိုတို့ လူဘောင်ဝန်းကျင်မှာ မပြေလည်မူတွေကြောင့် ဘဝတွေပေးဆပ်ခဲ့ရတာတွေလည်းမြင်နေကြားနေရပါတယ်။ အရပ်ထဲအဝတ်လိုက်ရှော်တဲ့ အသက်၁၈နှစ်လောက်မိန်းမပျိုလေးကို အသက်၇ဝ လောက်ရှိတဲ့ အဖိုးအိုကြီးကလက်ထပ်ယူတာတွေလည်း မြင်ခဲ့ဖူးပါတယ်။ မည်သို့ပင်ဖြစ်စေ ကလေးမလေးက
မလွဲသာလို့ ယူလိုက်တာနေမှာပေါ့ညီမလေးရယ်။သူလည်းနေချင်စားချင်ရှာတာကိုး။ အကိုတို့ မသိတဲ့ တခြားအကြောင်းတခုခုရှိနေမှာပါ။တကယ်ပြောရရင်တော့
ကိုယ့်မြေးအရွယ် ကလေးမလေးကို ဒီငွေရှိတဲ့ အဖိုးကြီးက သက်တူရွယ်တူ လူတစ်ယောက်နဲ့ပေးစားပြီးထူထောင်ပေးသင့်ပါတယ်။
စာနာစိတ်မရှိလို့ ဘဝပျက်ရတဲ့ အကြောင်းလေးတစ်ခုလည်း ပြောချင်ပါသေးတယ်။…………တက္ကသိုလ်မှာ ကျောင်းတက်တဲ့ ကျောင်းသူလေးတစ်ယောက်
ကချစ်သူထားပါတယ်။ မရိုသေစကားပြောရရင် နောက်ဆုံးနှစ်မို့ လက်ထပ်ဖို့ထိရည်ရွယ်ပြီး ချစ်သူအကြိုက် လိုက်လျှောခဲ့တယ်။ တည်းခိုခန်းကိုနှစ်ယောက်သွားခဲ့တယ်
အခုတော့ အဲ့ဒီကိစ္စက အင်တာနက်ပေါ်ရောက်ပြီး ကောင်မလေးခမျာမှာ သတ်သေဖို့ အထိဖြစ်ခဲ့တယ်။မိဘတွေကလည်းရှက်လွန်းလို့ အပြင်တောင်မထွက်ရဲတော့ဘူး
ဒီမှာလည်း အခွေကို ကူးပြီးတော့ ထုတ်ရောင်းတာ နယ်မြို့ကျည်းလေးဆိုတော့ ရောင်းမလောက်ပါဘူး။ဒီလို စီးပွားရေးဆန်ဆန် အခွေရောင်းစားတဲ့ သူက သူ့အမျိုး သူ့နှမဆိုရင် လုပ်ပါ့မလား။ စာနာစိတ်မရှိတာပြောပါတယ်။ အကိုကတော့ သတ်ချင်လောက်အောင်ဒေါသဖြစ်မိတာက တော့ ဒီအခွေကို အင်တာနက်တင်တဲ့ လူကိုပါပဲ
တည်ခိုခန်းကလား၊ ကောင်မလေးချစ်သူလား တစ်ယောက်ယောက်ပါပဲ အရင်းစစ်တော့ ကောင်မလေးရဲ့ ညံ့ချက်ပါပဲညီမလေးရယ်။အကိုတို့မြို့ကတော့ မဟုတ်ပါဘူး
အကိုတို့ တိုင်းအတွင်းကပါ။ကောင်မလေးနဲ့ အကိုလည်း မသိပါဘူးကွယ်။
ညီမလေးရေ စာနာစိတ်မရှိတဲ့ လူမှာ တခြားဘာဆိုဘာမှ မရှိပါဘူး။ကိုယ်ချင်းစာခြင်းဆိုတာ အင်မတန်အရေးကြီးတဲ့ စိတ်ပါပဲ။သူလက်ကလေးကို ဆူးနဲ့ထိုးရင် နာသလိုငါ့လက်ကလေးကိုထိုးရင်လည်းနာမယ်ဆိုတဲ့ စိတ်ရှိရမယ်လေ။အခုလည်း စင်ကပူကကောင်မလေး နိပ်စက်ခံရတာ ရေနွေးနဲ့ ပက်ခံရတာ
တွေဟာ စာနာစိတ်မဲ့ ကြတဲ့ လူတွေလက်ထဲရောက်သွားလို့ပါပဲ ။သူမိဘတွေအရမ်းကြေကွဲနေကြမှာပါ။ဒါကြောင့် ညီမလေးလည်း စာနာစိတ်ကလေး ထားနော်။
19 comments
kaung kin pyar
March 14, 2012 at 12:35 pm
ခုလို တင်ပေးတာ ကျေးဇူးတင်ပါတယ် ကိုထက်ဝေ….။ ဒီလိုမျိုးတွေ ဖတ်ရတော့ လူတွေ ကိုယ့်အတွက်ကိုယ်ကြည့်ပြီး တခြားသူ ထိခိုက်မှာကိုတော့ မမြင်ကြတာ သတိထားမိတယ်။ ဘာစိတ်ဓာတ်တွေလဲ မသိတော့ပါဘူး။
ပြီးခဲ့တဲ့နှစ် မိုးတွင်းက ကောင်းကင် သမိုင်းလမ်းဆုံမှာ ရေတွေအရမ်းကြီးတော့ လမ်းကို မမြင်ဘဲ ချော်လဲခဲ့ဖူးပါတယ်။ အဲ့ဒီအခါ ဘေးနားကလူတွေက ဝိ်ုင်းထူပေးဖို့ထက် ရီကြတာကို သတိထားမိတယ်။ ကောင်းကင်တော့ မရှက်ပါဘူး။
ဒါ ကောင်းကင်ရှက်ရမှာမဟုတ်ဘူးလို့ ထင်ပါတယ်။
မဟုတ်တာ လုပ်နေတာမှ မဟုတ်ဘဲနော်…။
ဒါပေမယ့် လူတွေရဲ့စိတ်ကိုတော့ တော်တော်လန့်သွားပါတယ်။ လူတွေ တော်တော်ကြောက်ဖို့ကောင်းလာတယ်မဟုတ်လား…?
နာဂစ်တုန်းက မီးသွေးတို့ ဆန်တို့ သွပ်တို့ ဈေးတက်သွားတာကိုပဲ ကြည့်ပါ။
အမှန်ဆို ဈေးလျှော့ပြီးတောင် ကူညီသင့်တာမဟုတ်လား…။
ဦးဦးပါလေရာ
March 14, 2012 at 12:50 pm
တကယ်တော့ မြန်မာမလေးတွေ အိမ်ဖေါ်သွားလုပ်တာ တခြားနိုင်ငံတွေလဲအများကြီးပဲ..။
အိမ်နီးချင်းထဲကဆို- တရုတ်၊ ထိုင်း၊ မလေးရှားတွေမှာပေါ့။
ဘရူနိုင်းနဲ့ အရှေ့အလည်ပိုင်းနိုင်ငံတွေမှာလဲ မနည်းပါဘူး။
ရီစရာကောင်းတာက အင်ဒိုနီးရှားကမိန်းကလေးတွေတောင် ထိုင်း၊မလေး၊ စင်္ကာပူမှာ အိမ်ဖေါ်ထွက်လုပ်နေတာ
ဒီကမိန်းကလေးတချို့ အင်ဒိုမှာအိမ်ဖေါ်လုပ်တယ်လို့တောင် ကြားဘူးတယ်။
ထွက်လက်စနဲ့ဆိုတော့ ရောက်တဲ့နေရာမှာ ဖြစ်အောင်နေကြတယ်ထင်ပါတယ်။
ပြည်ပမှာ ရိုးရိုး မြန်မာမိန်းကလေးတွေအတွက် ပြည့်တန်ဆာနဲ့ အိမ်ကျွန်အလုပ်ကလွဲရင် တခြားအခွင့်အလမ်းသိပ်မရှိဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့်သိအောင် ဖွသင့်တယ်။ (ဘောင်ဝင်တဲ့ပညာရှင်ကိုမဆိုလို)။
အများထင်သလို မဖြစ်ညစ်ကျယ်သင်တန်းလေးတခုနှစ်ခု အပေါ်ယံတက်ပြီး နာစ်ဖြစ်ဘို့၊ အကူနာစ့်ဖြစ်ဘို့၊ စာရေးမဖြစ်ဘို့၊ စာရင်းကိုင်ဖြစ်ဘို့ လုံးဝ လုံးဝ မဖြစ်နိုင်ပါဘူး။
ဖြစ်နိုင်တယ်လို့ တယောက်ယောက်ကပြောလာရင် အဲဒါ လိမ်ရောင်းစားမယ့်ကောင်ပဲလို့သာ မှတ်ကြဖို့ ပညာပေးသင့်တယ်။
ကျုပ်ကတော့ဗျာ-
ယုတ်စွအဆုံး ပြည့်တန်ဆာဖြစ်ရရင်တောင်
ကိုယ့်နိုင်ငံထဲဖြစ်တာက တော်သေးတာပေ့ါလို့ အောက်မေ့ပါတယ်။
htet way
March 14, 2012 at 1:14 pm
ဆရာမကောင်းကင်ပြာခင်ဗျား
ကျွန်တော်တို့ ဝန်းကျင်မှာ အရင်က ကူညီတတ်တဲ့ ဓလေ့ကောင်းတွေရှိနေပါတယ်။
အခုလို စာနာစိတ်မဲ့နေကြတာကို ဆရာမကလည်း တဖက်တလမ်းကဖေါ်ထုတ်ပေးစေ
လိုပါတယ်။
ခင်ရာဆွေမျိုးဆိုတဲ့ အတိုင်း ရွာသားချင်း ခင်ကြဖေါ်ရွေကြစေချင်ပါတယ်။
ဖတ်ပေးတာကျေးဇူးပါနော်
ခင်တဲ့
ထက်ဝေး
htet way
March 14, 2012 at 1:16 pm
ဟုတ်ကဲ့ ဆရာ
နိုင်ငံရပ်ခြားကို သွားပြီးစီးပွားရှာသူအမျိုးသမီးတွေအတွက် သိသင့်သိထိုက်တာတွေ
ရောက်ဖူးတဲ့ သူတွေကရေးပြတာပိုကောင်းမှာပါ
ကြိုဆိုပါတယ်။
ဆရာ့ အမြင်ကို ထောက်ခံပါတယ် ဦးဦးခင်ဗျား
nigimi77
March 14, 2012 at 2:24 pm
ဖတ်သင့်တဲ့ စာပါ ။
ဖတ်ပြီးရင် ယူတတ်ဖို ့လည်း လိုတယ်။
အမျိုးသမီး ဆုံးမစာ ကို အမျိုးသမီးတွေ ရေးတာထက်
အမျိုးသားရေးတာက ပိုပြီး ဘက်မျှတယ်လို ့ခံစားမိတယ်။
blackchaw
March 14, 2012 at 2:45 pm
များများရေးရမယ့် စာမျိုးပါ ကိုထက်ဝေးရေ။
လက်မလေးတစ်ချောင်းထောင်ပြီး ဖတ်သွားပါတယ်ဗျို့။
aunty tun
March 14, 2012 at 3:04 pm
ရေးသင့်ဖတ်သင့်တဲ့အကြောင်းလေးတွေပါ ။
စာနာစိတ်၊ကိုယ်ချင်းစာစိတ်ဆိုတာ လူတွေမှာပဲရှိတာပါ ။
manawphyulay
March 14, 2012 at 3:13 pm
အင်း ညီမလေးတွေမှမဟုတ်ပါဘူး။ လူသားတိုင်းဖတ်သင့်တဲ့စာမျိုးပါပဲ။ ဖတ်ပြီးလည်း လိုက်နာသင့်တဲ့စာသားတွေပါပဲ။ ခုကတော့ ညီမလေးအများစုက ပိုက်ဆံရရင်ပြီးရောဆိုတဲ့ စီးပွားရေးတွေပဲ ကြည့်ပြီး မဖြစ်သင့်တာတွေ ဖြစ်လာခဲ့ကြတာ အတော်ကို ရင်နာစရာကောင်းလှပါတယ်ရှင်။ တစ်ဆက်တည်း ညီမလေးလည်း ဖတ်သွားတယ်နော်…
etone
March 14, 2012 at 4:53 pm
ဆရာထက်ဝေးရေ … ကျွန်မလည်း .. အဲ့ဒီသတင်းနဲ့ ပုံကိုမြင်ရပြီး .. စိတ်မကောင်းဖြစ်မိပါသေးတယ် … ။ ကိုယ့်ဆီမှာ အလုပ်လာလုပ်သူ… နွမ်းပါးသူတွေကို … လူလိုမဆက်ဆံတာ ….. လက်ရဲဇက်ရဲလုပ်တာတွေ၊ နိုင်ထက်စီးနင်းတာတွေကိုလည်း .. အရမ်းမုန်းပါတယ် … ။
သမ္မာအာဇီဝအလုပ်တစ်ခုအနေနဲ့ သူများရဲ့ တောက်တိုမယ်ရ လုပ်ပေးရတယ် .. သူများကျွေးချင်လည်းစား ၊ မကျွေးချင်လည်း စားရတယ် … ။ သူများ စိတ်မငြိုငြင်အောင် … ကိုယ့်စိတ်ကိုယ် ချိုးနှိမ်ပြီး သူများ မျက်နှာကြည့်ကာ ရှင်သန်ကြရတယ် … ။ ပိုက်ဆံ ရဖို့အတွက် .. မိသားစုနဲ့ဝေးပြီး အထီးကျန် အဖော်မဲ့စွာ ဖြတ်သန်းရတယ် … ။ ဒီကိစ္စမှာလည်း.. တရားသဖြင့်ပဲ ဖြစ်သင့်ပါတယ် … ။ စံနမူနာအနေနဲ့ … လူစိတ်ပျောက်ကာ ဘီလူးစိတ်ဝင်နေတဲ့ အိမ်ရှင်တွေကို ထိရောက်စွာ အပြစ်ပေး အရေးယူသင့်ပါတယ် … ။ လူကိုလူလိုပဲ ဆက်ဆံသင့်ကြောင်း သူတို့ခေါင်းထဲ စွဲသွားစေချင်မိပါတယ် .. ။
htet way
March 14, 2012 at 4:59 pm
စာနာစိတ်ကို အားပေးကြတာကျေးဇူးပါ
ကျွန်တော်တို့ ဝန်းကျင်မှာဒီလိုဖြစ်ရပ်တွေ အများကြီးရှိနေပါတယ်။
htet way
March 14, 2012 at 5:02 pm
ဆရာမလေးရေ
ကောင်းလိုက်တဲ့ မန့်ချက်လေးပါဗျာ။ ဆောင်းပါးတစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ပြီး
အိမ်ဖေါ်တွေရဲ့ ခံစားချက်ကိုပါရေးပြသွားတာလေးစားပါတယ်။
တကယ်တော့ …..နွမ်းပါးတဲ့ ဘဝတွေရဲ့ ကြေကွဲစရာ ပုံရိပ်တွေပါ။
ရွှေဘိုသား
March 14, 2012 at 6:58 pm
လူအချင်းချင်း အနိုင်ကျင့်ခြင်း ကင်းဝေးကြပါစေ
MaMa
March 14, 2012 at 8:40 pm
ဒါမျိုးရေးချင်နေတာ ကြာပြီ။ ကိုယ့်လက်ကိုယ်အားမရတာနဲ့ မတင်ဖြစ်တာ။
အားပေးသွားပါတယ် ဆရာထက်ရေ။
mg mg
March 14, 2012 at 9:41 pm
“မရှိတာထက် မသိတာခက်”တဲ့ ယခုလိုအသိပညာပေးစာများ များများရေးပြီး များများသိအောင်လုပ်ပေး သင့်ကြောင်းအားပေးစကားပါ ဆရာထက်ဝေး။
padonmar
March 14, 2012 at 11:52 pm
ဆရာထက်
ညီမလေးဖတ်ဖို့ကို အစ်မတွေလည်းဖတ်သွားပါတယ်။
ဟင်္သာတက စားပွဲထိုးလုပ်တဲ့ကလေးလေး နှိပ်စက်ခံရတုံးကလည်း ဒီလိုပါပဲ။
လူသားချင်း စာနာဖို့ဆိုတာ တော်တော် အရေးကြီးပါတယ်။
surmi
March 15, 2012 at 12:36 am
ကောင်းတယ်ဗျ ။ ဒါမျိုးအားပေးတယ် ၊ တိုးတက်ချင်တာတော.မှန်တယ် ဒါပေမဲ. အယုံလွယ်တဲ.ဒီကမိန်းက
လေးတွေ ဒါမျိုးများများသိသင်.တယ် ။နိုင်ငံခြားမှာ အလုပ်လုပ်လေခြင်း ဆိုပြီးဂုဏ်လုပ်နေတတ်တဲ.
မိဘတွေလဲ ဒါမျိုးဖတ်သင်.တယ် …….။ပြီးတော. ဘဲဘဲ တွေကို ယုံပြီး နေရာဒေသနဲ.ကင်မရာတွေသတိ
မထားတဲ. ကောင်မလေးတွေလဲ …….အင်း ခက်တာဘဲ ။
Khin Latt
March 15, 2012 at 5:17 am
ဆရာထက်ရေ
စိတ်စေတနာပါပါလေး နဲ့ ကို ရေးခဲ့တာလို့ မြင်ကြည့်နိုင်ပါတယ်။
ဒီလို အခိုင်းအစေ အိမ်ဖော် တွေငှား တဲ့ အကျင့် ဟာ လူအခွင့်အရေးကာကွယ် တဲ့ နိုင်ငံတွေ မှာ မရှိသလောက် ကို ရှားနေပါပြီ။
ကိုယ့်အားကိုယ်ကိုး နိုင်ပါရက် နဲ့ ကိုယ်တိုင်လုပ်ဖို့ စိတ်မကူး ဘဲ သူများ အားကိုး နေတာ တကယ်တော့ ရှက်စရာပါဘဲ။
တကယ်တော့ အဲဒီလို ငှားမဲ့သူ မရှိရင် လဲ သူတို့ဟာသူတို့ တစ်ခြားအလုပ်လုပ်နိုင်ကြမှာပါဘဲ။
ဒါပေမဲ့ မြန်မာပြည်မှာက အလုပ်အကိုင်ရှားတာဟာ အဓိက ပြသနာပါဘဲ။
မြန်မာပြည်အပါအဝင် အနီးအပါး နိုင်ငံတွေက လူအများဟာ ချမ်းသာပြီး စိတ်ဓာတ်တွေ က မြင့်မနေတော့ လူကိုလူလို မမြင်နိုင်ဖြစ်နေတာပါ။
အဲဒါကို ဥပဒေ နဲ့ သေသေချာချာ ထိန်းရမှာပါ။
ဒါပေမဲ့ စင်္ကာပူမှာ အဲဒီလို အိမ်ဖော်ကို နှိပ်စက်တာ အပြစ်ကောင်းကောင်း မယူဘူးလို့ ကြားဘူးတယ်။
သူတို့ နိုင်ငံသားကို မျက်နှာလိုက်တာပေါ့။
ကိုယ့်ပြည်သူတွေ တကဲ့ကို ဆင်းရဲဒုက္ခ ရောက်တာ ကို ဒီ အစိုးရ ကောင်းကောင်း သိသင့်ပြီ။ 😈
htet way
March 15, 2012 at 9:19 am
ကိုရွှေဘိုသားရဲ့မေတ္တာပို့ရယ်
(ဆရာမ) မမ အချိန်ပေးပြီး အမျိုးသမီးတွေအတွက်ဆောင်းပါးတွေရေးဖို့ မေတ္တာရပ်ခံအကြံပေးပါတယ်ခင်ဗျား။တကယ်ပြောရရင် ဒေါက်တာပဒုမ္မာတို့
ဆူးတို့ ၊မမတို့တွေဟာ လက်ရှိတဲ့ သူတွေပါစာရေးကောင်းကြပါတယ်။
ကျွန်တော်က ဝါသနာကြီးလို့သာပါ။ဆရာမတို့ကို ကျွန်တော်လေးစားပါတယ်။
နောက်ဆရာမဝေဝေတင်ပြပုံ အရေးအသားသိပ်ကောင်းပါတယ် ကျွန်တော်စာတွေတော့
သူဖတ်တာမတွေ့တော့ဘူး။ကျွန်တော်ရဲ့ ရွှတ်နောက်နောက်မန့်ချက်တွေအပေါ်မှာများ…….။
ဆရာမတို့ကိုတောင်းပန်လိုတာက ကျွန်တော်ဟာ ကဗျာအပေါ်ခရေဇီဖြစ်ပေမယ့်
ဟာသစာပေတွေအရေးများလို့ ဟာသနဲ့ အရွှန်းဖေါက်တတ်တာကို နားလည်သည်းခံပေးပါခင်ဗျား။
ဆရာ ကိုမောင်မောင်ရဲ့ အားပေးမူကိုလေးစားပါကြောင်း ထပ်မံပြီးရေးပါမယ့်အကြောင်းရိုသေစွာ
ပြန်ကြားလိုက်ရပါတယ်
htet way
March 15, 2012 at 9:24 am
ဆရာsurmiခင်ဗျား
ကောင်မလေးတွေ က များသောအားဖြင့် ဗဟုသုတနည်းတာတွေ့ရပါတယ်
ရိုးတယ်လည်းဆိုနိုင်ပါတယ်။ဒီလိုမျိုး လုပ်စားနေတဲ့ ယုတ်မာသူတွေအကြောင်း စာတစ်ပုဒ်
ရေးပါအုံးမယ်။ အားပေးတာကျေးဇူးပါ။
ဆရာကြီး ခင်လတ်ခင်ဗျား
မြန်မာပြည်မှာ အလုပ်အကိုင်ရှားတာတော့ အမှန်ပါပဲ။
တစ်ချို့ကလည်း နိုင်ငံခြားမှာ အလုပ်သွားလုပ်ရတာဂုဏ်ယူနေကြပါတယ်။
ဟုတ်ကဲ့ အစိုးရက သိပြီး ကောင်းအောင်ဆောင်ရွက်ဖို့ ကျွန်တော်တို့ လိုလားပါတယ်။
ကျေးဇူး အထူးတင်ပါတယ် ဆရာမကြီးခင်ဗျား။