မီးဒုတ်မီးဒုတ် ရှို့ရှို့…. burn
မြန်မာပြည်မှာ ဝန်ထမ်းတွေအတွက် ရှားပါးစရိတ်နဲ့ နေ့တွက်လုပ်ခတွေ တိုးပေးနေပြီတဲ့..။ ကျုပ်တို့ရွာသူားတွေကိုရော သဂျီးဘယ်လို လုပ်ပေးမှာလဲ။ သဂျီးမှာပဲ ပါးစပ်ပေါက်ရှိတာမဟုတ်.. ကျုပ်တို့မှာလည်း ရှိတယ်။ သဂျီးစားတတ်ဝါးတတ်သလို ကျုပ်တို့လည်းစားတတ် ဝါးတတ်တယ်၊ စားချင်ဝါးချင်တယ်..။ သဂျီးနောက်ဆုံးပေါ် ဇိမ်ခံကားစီးသလို ကျုပ်တို့လည်း ချယ်ရီဝက်ဂွန်လောက်တော့ အနည်းဆုံး စီးချင်တာပေါ့။ ဂေဇက်ရွာထောင်ပြီး ၂နှစ်လောက်အတွင်း သဂျီးသာ တိုက်ဆောက်ကားစီး ပုံစံပြောင်းသွားတယ်.. ရွာသူသားတွေမှာ ဒုံရင်းက ဒုံရင်းပဲ..။ သူ့လက်ဝေခံ လက်တဆုပ်စာ (အင်္ဂလိပ်လိုတော့ crony) လောက်ပဲ သိန်းနဲ့ချီရသွား ကျိကျိတက် ချမ်းသာသွားဂျတယ်။ ကျုပ်တို့ ခေါင်းပေါ်နင်းတက်သွားဂျတယ်။ ဘာလုပ်ပေးပါလို့ ပြောနေစရာ မလိုဘူး… သဂျီးဘက်က သိတတ်ရင် သိတတ်၊ နို့မို့လို့ကတော့.. မီးဒုတ် မီးဒုတ် ရှို့ရှို့….သဂျီးအီးတချက်ပေါက်ရင် ရွာမီးဟုန်းဟုန်းတောက်စေရမယ်..။
19 comments
htet way
March 15, 2012 at 9:08 am
ကျုပ်ကတော့ ရတယ်ဗျ
သူကြီးပြောသမျှ ခေါင်းညိတ်ထောက်ခံ သူကြီးခိုင်းတာလုပ်
သူကြီးကိုဖေါ်လံဖား
သူကြီးနဲ့တွေ့စေရမယ် လာထား…
ဒီကိစ္စလား သူကြီးကိုပြောပေးမယ်
အဆင်ပြေစေချင်လား အဝင်အထွက်လိုတယ် …ဘယ်သူသေသေကျုပ်ဂရုမစိုက်ဘူး
ကျုပ်ကတော့ တော်တော်ခိုင်ခဲ့တယ်။
ဒီအကျင့်လေးကစွဲနေတော့ …လုပ်စားနေကြခောတ်လေးပျက်မှာစိုးတယ် ။
ကိုကြောင်……..လာမရှုပ်နဲ့။ကျုပ်နာမည်လား အင်း ကိုဖွတ်ပါ။
ခင်ဗျားတို့ စီးပွားရေးတွေအောင်မြင်ဖို့ ကိုဖွတ်ကို တွဲထားနော်
ကြောင် လတ်လေး
March 15, 2012 at 9:33 am
ပေးတယ်သာပြောနေတာ မရပါဘူးဗျာ၊ ရှားပါးစရိတ်မဟုတ်ဘူး…..မသေမရှင်စရိတ်
မသေရုံလေး ကျွေးထားတာ၊သေသွားရင်လည်းခိုင်းစရာလူမရှိ ၊ထမင်းဝရင်လည်းအာခံမှာစိုးတော့
အပစ် မရှိပဲ ရပ်တည်လို့ မရအောင်ကိုလုပ်ထားတာ၊ ဒါမှ ပြန်မလှန်ရဲကြပဲ ခိုင်းသမျှ လိုက်လုပ်ရမှာကိုဗျ ၊
နော
inz@ghi
March 15, 2012 at 9:59 am
ဟာဂျာ …..
ဘတ်ဂျတ်လျှော့ လို့ …. လခဖြတ်ခံရလို့
ညစ်နေတာ ……
ခွီးတဲ့မှဘဲ …..
လူကပဲ ၁နှစ်ထက် ၁နှစ် ညံ့သွားလား မသိဘူး…
နှစ်တိုင်း ဂျူတီ သာ တိုးလာတယ်…..
လခကတော့ ဆင်းဆင်း လာလိုက်တာ..
လူကြားမကောင်းတော့ တာ အမှန်ဘဲ…
ဟတ်ကဲ့ …
အလုပ်နဲ့ပါတ်သတ်ရင်
ခေါင်းလည်း ခံရပါတယ်…
အထက်ဆုံးဖြတ်ချက်ဆို
လက်လည်းခံရပါတယ်ခည..
အဟွာတော့ ဘယ်တော့ ခံရမလဲ မသိ…
(မှတ်ချက် အဟွာ= အလှူ)
မဟာရာဇာ အံစာတုံး
March 15, 2012 at 8:58 pm
သဂျီး … သဂျီး …

အပေါ်က လူဂျီးလေ …
ဟိုနေရာတွေ့လည်း ခွီး …
ဒီနေရာတွေ့လည်း ခွီး … နဲ့
တခွီးခွီးတည်း ခွီးနေတယ်ဂျို့ ……
water-melon
March 15, 2012 at 10:43 am
သဂျီးအီးတချက်ပေါက်ရင် ရွာမီးဟုန်းဟုန်းတောက်တာဆုိုတော့
သူဂျီးဖင်က gas ထွက်နေတာလားဟင်
သများကတော့ မတိုုးရဲသေးဘူး
တော်ကြာမကြာခင်ကရထားတဲ့ ရာထူးလေးပါပြုတ်သွားရင် ဒုုက္ခ
inz@ghi
March 15, 2012 at 11:30 am
သဂျီး တကယ်ဂတ်စ် ထွက်ရိုးမှန်ရင် တီလုပ်ပြီ ရောင်းစားခံထိတာ ကြာပေါ့…

ဆူး
March 15, 2012 at 1:06 pm
ရွာထဲမှာတင် ဘယ်သူလဲ မသိဘူး တော်တော် တော့ ကြာနေပြီ.. အီးကနေ မီးလောင်စေတဲ့ ဂစ် ထွက်ကြောင်း ပိုစ်တင်ထားတာ ရှိတယ်။
မှတ်ဉာဏ်မကောင်းလို့ ခေါင်းစဉ်နာမည် မေ့နေပြီ။
အီးတခါပေါက်ရင် ၁နာရီ ၆မိုင်နှုန်းလား ၁၆မိုင်နှုှန်းလား ၆ဝ နှုန်းလား ရှိတယ် ဆိုတာရယ်
အဲဒီ အီးက ဂတ်စ် တမျိုး ဖြစ်ကြောင်း ရေးထားတာ ဒီရွာမှာတင် ရှိတယ်။
ရှာနိုင်ရင် ကိုယ့်ဟာ ကို ရှာဖတ်.. ဆူး ရေးတာတော့ မဟုတ်ဘူး။
မဟာရာဇာ အံစာတုံး
March 15, 2012 at 8:52 pm
ဟေ့ .. ဗြဲသီး ..
ရွာထဲမှာ မားကတ်တင်း မာစတာ ရှိတာကို ..
သည်း သတိလည်း ထားဦး …
ဟော .. ဟိုမှာ တွေ့ရား …
သဂျီး အီးအီးတောင် သူက သုတေသန ပြုပြီးတာကြာပြီ …
ဟီဟိ ..
ဆူး
March 15, 2012 at 11:26 am
သဂျီးက အီးတောင် မပေါက်ရဲဘူးတဲ့.. မီးဒုတ် ကိုင်ထားတာ ဆိုတော့ မီးထတောက်ရင် အရင် မီးဟပ်ခံရမှာ စိုးလို့တဲ့..
အခုတလော လေလည်စာ ရှောင်တဲ့အနေနဲ့ အသီးအရွက်မစားပဲ နေတာ ကြာတဲ့ အခါ ဝမ်းချုပ်ပြီး အီးပိတ်နေတဲ့ အကြောင်း သဂျီး ရဲ့ ကိုယ်ရေး အရာရှိ အောင်ပု ဆီက ကြားခဲ့တယ်။
ထို့အချက်အလက် သတင်းများကြောင့် သဂျီးသည် အင်ပွတ်သာ လုပ်ပြီး အောက်ပွတ်လုံးဝ မလုပ်ကြောင်း အဝင်သာ လက်ခံပါသည် အထွက် ကိစ္စကို လုံးဝ ဆန့်ကျင် ကန့်ကွက်နေကြောင်း ကောက်ချက်ချပါသည်။
kaung kin pyar
March 15, 2012 at 12:15 pm
လစာတိုးလို့ ပျော်လဲ ခဏပဲ။ ဈေးသွားရင် ပျော်တာတွေ ပျောက်။
အပျော်ဆုံးတွေကတော့ ကုန်သည်တွေပဲ။ လုပ်ငန်းကိုင်ငန်းလေး ပြောင်းရကောင်းမလား….။
blackchaw
March 15, 2012 at 1:14 pm
ဘယ်သူတွေဘာပဲပြောပြော
ကွန်းမန့်တစ်ခု နှစ်ကျပ် ပေးတာ နည်းလွန်းပါတယ် သူကြီးခင်ဗျား။
ပေးတဲ့လူက ရှစ်ကျပ်
ရေးတဲ့လူက နှစ်ကျပ်
ရေးတဲ့လူလည်း ရှစ်ကျပ်ပေး
ပေးတဲ့လူလည်း ရှစ်ကျပ်ပေး
အော် ဘာရယ်မဟုတ်ပါဘူး သူကြီးရယ်။
ဟစ်ဟော့ သီချင်းရေးကြည့်တာပါ။
မဖြစ်တော့လည်း သံချပ်ပေါ့။
inz@ghi
March 16, 2012 at 8:41 am
အိုက်ဒလာ ကျောလာပေါ့ …

သဂျီး ပွိုင့်ပေးနှုန်းနဲ့ဆို..
အင်မတန်စာရေးအားကောင်းတဲ့
ဟို …ကျပ်မပြည့်တဲ့ စက်ဒဒေး လို ဆြာမမျိုးတောင်
ထမင်းနပ်မှန်မယ်မထင်…
ဟိဟိဟ …..
kyeemite
March 15, 2012 at 1:28 pm
နေပူ မိုးရွာ
ကြောင်ကြီးလာ
လာတဲ့ကြောင်ကြီး
အရက်နဲ့မြည်း
သဂျီးအီးပေါက်ငါမကြောက်
အောင်ပုကြီးနဲ့ခြောက်
ဂေါက်..ဂေါက်..ဂေါက်
ခပ် KING ကင်း
March 15, 2012 at 9:01 pm
ကော့မတ် ပွိုင့်မတိုး
သူကြီး ဆိုး….
ပို့စ်လေးတစ်ခါ
1000 သာ
မှန်မှန်ပေးက
ချမ်းသာရ …
မိုက်ကယ်ဂျော်နီအောင်ပု
March 16, 2012 at 10:17 am
အလို!!!!!!!!!!!!!!!!!!!



သဂျီးကောက်ရိုးဘုံဂို မီးရှို့နေဂျဘာလား
သဂျီးဘက်ဂနေ ဓာတ်ဆီနဲ့ဝင်ပက်အုန်းမှ
သူ့ဖာသာဘာတွေရလို့ ဘာတွေပေးတယ်ဆိုတာတော့ ကျုပ်လည်းသိဘူးဗျ
ဒီသဂျီးကို ငချဉ်တော့သွားထင်လို့ရမယ်ထင်ဘူး
တစ်ခါတစ်လေ ရူးခြင်ဟန်ဆောင်တာများ ဖာတစ်လုံးခေါင်းခြားဇာတ်မင်းသားက
အဘခေါ်ရလောက်တယ်
တစ်ခုရှိတာက
ဒီဆိုဒ်ကိုအကြောင်းပြုပြီး ဘယ်သူနဲ့မှမတူအောင်တွေးပြီးပြောတတ်တာလေး
အပြင်ထိ အကျင့်ပါသွားတာ ဂဏန်းကို လုံးလုံးဖြစ်ရော
ကျုပ်နေတဲ့အရပ်ထဲ ဘယ်ခွေးတစ်ကောင်ကြောင်တစ်မြီးမှ ကျုပ်အနားမကပ်ကြတော့ဘူး
သူတို့ဖက်ကကြည့်တော့ရိုက်ပေါက်
ကျုပ်ဖက်ကကြည့်တော့ မတူသောအတွေး
ဘယ်လိုဘဲရှိစေပေါ့ဗျ
သူတော်ကောင်းယောင်ဆောင်ပြီး အကောင်းဖက်ကနေတွေးပြီးပြောရရင်တော့
( အကြောင်းအရာတစ်ခုပေါ်မှာ စာလေးပေလေးရေးတတ်သွားတာ ) ကတော့
ဒီသဂျီးကျေးဇူးတရားအတော်ကြီးတယ်ဗျာ သိုင်းကယူးပါ သဂျီးဂဒေါ်
ခုဆို စာတမ်းကြီးတစ်စောင်ကို ( လူအထင်ကြီးအောင် ) ပြုစုနေတာ
ဒီဆိုဒ်ကိုဖတ်ခြင်းရဲ့ အကျိုးကျေးဇူးတွေကြောင့် အလွန်သေသပ်လှတယ်ဗျာ
ဘာဘဲဖြစ်ဖြစ်ပါ နေ့တွက်မကိုက်လို့ နေ့တွက်စီအောင် တောင်းတာလေးကို မဆန့်ကျင်ပေမယ့်
မိမိတို့လိုဆန္ဒကတစ်ဖက်
စာရေးစာဖတ်ခြင်းအလေ့အကျင့်လေး ရင့်ကျက်လာအောင် လက်ကမြင်းကြောထခွင့်ပေးတဲ့
သဂျီးမင်းတရားကြီးရဲ့ ဂုဏ်ကျေးဇူးတော်မြတ်ကြီးက တစ်ဖက် ချိန်ဆပြီး
ပြောကြဘို့ပါ
……………………..
သဂျီးသိစေရန်
( တွေ့တယ်မလား လိုရင်တစ်မျိုး မလိုရင်တစ်မျိုးရေးတတ်သွားပြီဆိုတာ…
စစ်အစိုးရသတင်းစာတွေမှာ ကပ်ဖားရပ်ဖားရေးရင် ဒိထက်ပိုရနိုင်တယ်ဆိုတာ သတိချပ်ပါ )
Moe Z
March 16, 2012 at 10:28 am
မာမီပု အဲ ဘပု
လမ်းလျှောက်ရင်ရော ဂဏန်းလိုလျှောက်တတ်သွားပြီလားဟင်
ဘာပဲဖြစ်ဖြစ်ပါ
ဒဂျီးမင်းကြန်းမာဘာဇေ
pooch
March 16, 2012 at 1:16 pm
အော် … ဒီလိုကျတော့လည်း ဟုတ်သား ..
သူကြီးကျေးဇူးတွေက နည်းတာမှမဟုတ်တာလား …
ဒါနဲ့ မထင်မှတ်ပဲ သိလိုက်ရတာက မာမီပု ဟာ သူကြီးလူဆိုတာပဲ ….
Gipsy
March 16, 2012 at 10:38 am
အဟမ်း.. အဟမ်း.. သဂျီးက အလုပ်ရှင် သထိန်း ဆိုပါတော့ …၊


ကျုပ်တို့က ဝန်ထမ်း ပဲ ထားလိုက်ပါ …၊
ဝန်ထမ်းတွေဟာ အလုပ်မှာ တက်ကြွစွာ အလုပ်လုပ် နေကြပါသလား …?
ဖင်တရွတ်တိုက် ဆွဲပြီး ဝါးတားတား နဲ့ ရောတောဖေါတော လုပ်နေသူလား …?
အရည် အချင်း ကောင်းနဲ့ အများရဲ့ ရှေ့မှာ ပေါ်လွင်စွာ လုပ်နိုင်တဲ့သူလား…?
( ရမ်းဖြီး ကြည့်တာနော်)
ကိုကြောင်ကြီးက စိတ်ရင်းအမှန်နဲ့ ပြောတာဆိုရင်တော့ ….သဂျီး စဉ်းစား…၊
ခွဲခြားစိတ်ဖြာ စီစစ် ပြီးကြည့်လုပ်ပေးနိုင်ရင် အကောင်းဆုံးပေါ့…၊
ကျုပ်ကတော့ ဖင်တရွတ်တိုက်ပြီး ဝါးတားတားနဲ့ ရောတောဖေါတော
လုပ်နေသူပါဗျို့ ….။
yaungchikha
March 16, 2012 at 1:44 pm
နွေရာသီရောက်နေတော့ မီးဆိုရင် ကြောက်နေပြီ၊ တော်ကြာ သူကြီးက မီးထွက်တဲ့ နှလုံးပြူးနဲ့ ပစ်၊ ဦးပုက ဓါတ်ဆီလောင်းဆိုရင် ….