Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ့ အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု တရားရုံး ဆုံးဖြတ်ချက်အပေါ် ရှင်းလင်းချက်

kanjosanMarch 15, 20122min73218

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ့ အကြား အငြင်းပွားခဲ့တဲ့ ပင်လယ်ပြင်နယ်နိမိတ် ပိုင်ဆိုင်မှု ပြဿနာအပေါ် ပင်လယ်ပြင် ဥပဒေဆိုင်ရာ ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး (ITLOS) က ဆုံးဖြတ်ခဲ့တာ ပတ်သက်ပြီး (ကျနော်တို့လို လူပြိန်းတွေ အတွက်) အထိုက်အလျောက် နားလည်နိုင်ဖို့က အသုံးအနှုန်း၊ အခေါ်အဝေါ် တွေရဲ့ အနက်ကို အရင်သိမှ  ဖြစ်ပါမယ်။

 

Internal Water  (ကုန်တွင်း ရေပိုင်နက်/ကမ်းရိုးတန်းအတွင်း)

 

ကုန်တွင်း ရေပိုင်နက် သတ်မှတ်ရာမှာ ရေမိုင် အတိအကျ မရှိ (ဟု ယူဆရ)။ အခြေခံမျဉ်း (Baseline) မှ ကုန်တွင်းဘက်ခြမ်း ဧရိယာအားလုံးပါ။ အခြေခံမျဉ်း (Baseline) ရဲ့ အကွာအဝေး ကို သတ်မှတ်ရာမှာ ရေတိမ်မျဉ်း (Low-Water Line) အပေါ်မူတည်။ ဒါကြောင့်  ရေတိမ်မျဉ်းမှစပြီး ကုန်းတွင်း ကမ်းဦးရေတိမ်ပိုင်းဧရိယာအားလုံးကို ကုန်တွင်း ရေပိုင်နက် ဟု ခေါ်။ ကုန်တွင်း ရေပိုင်နက် အတွင်းမှာ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံက ဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြဌာန်းလို့ရ၊ ရှာလို့ရသမျှ (ထွက်သမျှ) သယံဇာတပိုင်၊ နိုင်ငံခြား သင်္ဘော (စစ်/အရပ်/ကုန်တင်စီးပွား) ဖြတ်သွားခွင့်မရှိ။

 

Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်)

 

အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်) ကို သတ်မှတ်။ ဥပဒေ နဲ့ သယံဇာတ လုပ်ပိုင်ခွင့်မှာ ကုန်တွင်း ရေပိုင်နက် နှင့် အတူတူ။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာ ကို မထိပါးစေတဲ့၊ အန္တာရယ်မရှိတဲ့ သင်္ဘော (Innocent Passage) သွားလာခွင့်ရှိ။ အန္တာရယ်မရှိတဲ့ သင်္ဘော အနက်အဓိပ္ပါယ်တွင် ငါးဖမ်းခြင်း၊ ပင်လယ်ပြင် (သဘာဝ ပတ်ဝန်းကျင်) ညစ်ညမ်းစေခြင်း၊ လက်နက် စမ်းသပ် ပစ်ခတ်ခြင်၊ လေ့ကျင့်ခြင်း၊ ထောက်လှမ်းခြင်း မပါ။ နိုင်ငံခြားစစ်သင်္ဘောအနေနဲ့ ခရီးလမ်းကြောင်းပေါ် ရှိနေလို့ ဖြတ်တဲ့ သဘောနဲ့ (ဆက်)သွားမယ်ဆိုရင် ဖြတ်သွားလို့ရ။

 

Contiguous Zone (အချုပ်အခြာ အာဏာဆက်လက်တည်မြဲတဲ့ နယ်နိမိတ်)

 

Territorial Waters ဧရိယာ မှ နောက်ထပ် ရေမိုင် (၁၂) မိုင် (၂၂ ကီလိုမီတာ/ ၁၄ မိုင်)၊ တနည်းအားဖြင့် အခြေခံမျဉ်း (Baseline) မှ ရေမိုင် (၂၄) မိုင် အကွားအဝေးကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံမှ လူဝင်မှု၊ အခွန်၊ ရေထု ညစ်ညမ်းမှု နဲ့ ပတ်သက်လို့ ဥပဒေ ပြဌာန်းနိုင်။ ဥပမာ – အခွန်ရှောင်/မှောင်ခို၊ လူကုန်ကူး စတဲ့ သင်္ဘောတွေကို သက်ဆိုင်ရာ နိုင်ငံရေတပ်က  မိမိရဲ့ ကမ်းလွန်ရေပိုင်နက် ကို ကျော်ပြီး Contiguous Zone ထိလိုက်ဖမ်းနိုင်။

 

Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်)

 

အခြေခံမျဉ်း (Baseline) မှ (ပင်လယ်ဘက်) ရေမိုင် (၂၀၀) မိုင် (၃၇ဝ ကီလိုမီတာ/ ၂၃ဝ မိုင်) ကို သတ်မှတ်။ သက်ဆိုင်ရာ ကမ်းရိုးတန်း နိုင်ငံ မှ Exclusive Economic Zones အတွင်း ထွက်သမျှ သဘာဝ သယံဇာတ ပိုင်။ ငါးဖမ်း၊ သတ္တုတူးဖော်၊ ရေနံ/သဘာဝဓာတ်ငွေ့ ရှာ အကုန်ပါ။

 

ခု အထက်က ဖော်ပြထားတဲ့ ရေပိုင်နက်တွေကို အကြမ်းအားဖြင့် (နိုင်ငံတစ်နိုင်ငံ ပိုင်ဆိုင်တဲ့) မိမိရေပိုင်နက်လို့ (သီးခြားဖြစ်တဲ့ လုပ်ပိုင်ခွင့်၊ အာဏာ ကွာပေမဲ့) ခေါ်နိုင်။ ဆိုတော့ မိမိရေပိုင်နက် အပြင် (အခြေခံမျဉ်း ရေမိုင် (၂၀၀) မိုင် အလွန်) ကို နိုင်ငံတကာ ရေပိုင်နက် (International waters) လို့ ခေါ်။

 

အထပ်မှာ ဖော်ပြထားတဲ့ သတ်မှတ်ချက်တွေကို ပုံ (၀) တွင်ကြည့်။

 

အဲ့သလို အတိအကျ သတ်မှတ်ထားပေမဲ့ (မြန်မာ နဲ့ ဘင်္ဂလားဒေ့ရှ် ့ လို) အိမ်နီးချင်း နိုင်ငံတွေမှာ အခြေခံမျဉ်း (Baseline)၊ တနည်းအားဖြင့် ကမ်းဦး ရေတိမ်မျဉ်း (Low-Water Line) သတ်မှတ်ရာမှ လုံလောက်တဲ့ အကျယ်အဝန်း မရှိတဲ့အတွက် အငြင်းပွားမှု ဖြစ်လေ့ရှိ။

 

ခု ဒီပြဿနာ စဖြစ်ရတာကလည်း မြန်မာက ၂၀၀၈ မှာ တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ပိုင်နက် (EEZs) မှာ သဘာဝဓာတ်ငွေ့ ရှာတော့ ဘင်္ဂလားဒေ့ရှ် ့က (နှစ်နိုင်ငံ)အခြေခံမျဉ်း သတ်မှတ်မှု မတူညီဖြစ်နေတဲ့အပေါ်မူတည်ပြီး ကုလသမဂ္ဂမှာ ကန့်ကွက်ရာမှ စဖြစ်။

 

ရေနယ်နိမိတ်တွေရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေကို ယေဘုယျ နားလည်သွားပြီ ဆိုရင် ခုတရားရုံးက ဆုံးဖြတ်ချက် မှတ်တမ်းမှာ ပါတဲ့ ဓာတ်ပုံတွေကို ကြည့်လို့ ရပြီ။

 

ပုံ (၁) က Territorial Waters (နိုင်ငံတစ်နိုင်ငံရဲ့ အပြည့်အဝပိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ့) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။

 

ပုံ(၂) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ Territorial Waters အတွက် နယ်နိမိတ်သတ်မှတ်မျဉ်း။ ပုံ (၂) အရ ဘင်္ဂလားဒေ့ရှ် ့က ရေပိုင်နက် ဧရိယာ ပိုရဟု သတ်မှတ်နိုင်။

 

ပုံ(၃) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ ကမ်းရိုးတန်း ဧရိယာ အကျယ်အဝန်း။ မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ။ မြန်မာ (၅၈ရ ကီလိုမီတာ)၊ ဘင်္ဂလားဒေ့ရှ် ့ (၄၁၃ ကီလိုမီတာ)။

 

ပုံ(၄) က Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် နှစ်ဖက် (မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ့) က တရားရုံးကို တင်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း နှစ်ကြောင်း။

 

ပုံ(၅) က တရားရုံးက နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး ကနဦးသတ်မှတ်ပေးတဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။

 

ပုံ(၆) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံ Exclusive Economic Zones (EEZs) (တစ်နိုင်ငံတည်း (မူပိုင်) စီးပွားလုပ်ကိုင်နိုင်တဲ့ ရေပိုင်နက်) အတွက် အကွာအဝေးပေါ်မူတည်ပြီး (နောက်ဆုံး အတိုးအလျော့လုပ်ပြီး) သတ်မှတ်ပေးလိုက်တဲ့ နယ်နိမိတ်သတ်မှတ်မျဉ်း။

 

ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်ရင် စီးပွားရေးလုပ်ပိုင်ခွင့်အတွက် သတ်မှတ်ပေးချက်ဟာ နှစ်ဖက်စလုံးကို မနစ်နာစေဘူး ဆိုတာ သိသာထင်ရှားစေတယ်။

 

ပုံ(၆) အတိုင်း စီးပွားရေးလုပ်ပိုင်ခွင့်အတွက် နောက်ဆုံးသတ်မှတ်ပေးလိုက်တဲ့နေရာမှာ နှစ်နိုင်ငံရလိုက်တဲ့ ရေပိုင်နက်နှစ်ခု ထပ်တူကျတဲ့ (Overlap) ဖြစ်တဲ့ နေရာရှိတယ်။ အညိရောင် ဧရိယာ (Grey Area) ဟု သတ်မှတ်။ ပုံ (၇) တွင် ကြည့်။  အဲ့တာဟာ နိုင်ငံတကာ မှာ ထိစပ်နေတဲ့ ရေပိုင်နက် နယ်နိမိတ်တွေရှိတဲ့ နိုင်ငံတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိ။ အညိုရောင် ဧရိယာ အတွင်း လုပ်ပိုင်ခွင့်ကို နှစ်နိုင်ငံ (နိုင်ငံတကာ နဲ့ မဆိုင်) လေးစားမှုကိုအခြေပြုပြီး နှစ်ဘက်သဘောတူ ပူးပေါင်းဆောင်ရွက်ရန်ဖြစ်။

 

ပုံ(၈) က နှစ်နိုင်ငံ ပင်လယ်နဲ့ ထိစပ်လို့ ပိုင်တဲ့ ရေပိုင်နက် ဧရိယာအကျယ်အဝန်း စုစုပေါင်း။ ပုံ(၃) ရဲ့ သဘောတရားအတိုင်း မြန်မာက ကမ်းရိုးတန်းထိစပ်မှု ပိုရှိ၊ ပိုရှည်၊ ပိုကျယ်ပြန့်တဲ့ အတွက် ဧရိယာပိုရ၊ ဧရိယာ ပိုကျယ်ဟု ဆိုနိုင်။

 

ပုံ(၉) က တရားရုံးက နောက်ဆုံး ဆုံးဖြတ်ပေးလိုက်တဲ့ နှစ်နိုင်ငံအတွက် ရေပိုင်နက် နယ်နိမတ်မျဉ်း။ ပုံ(၄) နဲ့ ပုံ (၆) ကို နှိုင်းယှဉ် ကြည့်တဲ့ သဘောအတိုင်းပဲ နှစ်နိုင်ငံတောင်းဆိုခဲ့တာနဲ့ နောက်ဆုံးရတာကို နှိုင်းယှဉ်ရင် နှစ်ဖက်စလုံးမနစ်နာ။

 

ပုံ (၉) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ် သွားတာက စိန့်မာတင်ကျွန်း (St. Martin’s Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု  နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ်။

 

နိဂုံး

 

စာရေးသူ ကို်ယ်တိုင် ပင်လယ်ရေကြောင်း ဝေါဟာရတွေနဲ့ ဝေးတဲ့ သာမန်လူပြိန်းဖြစ်တဲ့အတွက် ဝေါဟာရများရဲ့ မြန်မာပြန်မှာ တကယ့် ဝေါဟာရ အမှန်ပြန်ထားတာနဲ့ ကွာနိုင်ပါတယ်။ ဒါပေမဲ့ အနက်အဓိပ္ပါယ် ဖွင့်ဆိုရှင်းလင်းရာမှာ အနီးစပ်ဆုံး မှန်ကန်အောင် ပြန်ဆိုထားပါတယ်။ ပြီးတော့ ဒီစာစုဟာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကိုသာ (ခု မိတ်ဆွေတွေအကြား “ငါတို့နိုင်တယ်၊ သူတို့နိုင်တယ်” ဆိုတဲ့ ငြင်းခုံမှု၊ ဒွိဟဖြစ်နေတာတွေကို ပျောက်စေလိုတဲ့ အတွက်) ရှင်းလင်းထားခြင်းဖြစ်ပါတယ်။ ဘာကြောင့် ဒီလို ဆုံးဖြတ်နိုင်တယ်ဆိုတဲ့ အကြောင်းရှာပြီး ရှင်းလင်းဖို့က ရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းပညာ သဘောတရားတွေကို နားလည်တဲ့ ပညာရှင်များကသာ တရားရုံးရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်မေးခွန်းထုတ်၊ တရားမျှတမှုကို ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်တွေကို အခြေခံပြီး ကျနော့် အမြင်ကို တင်ပြရမယ်ဆိုရင်တော့ တရားရုံးဆုံးဖြတ်ချက်ဟာ တရားမျှတမှု နဲ့ အနီးစပ်ဆုံးရှိပြီးတော့ အငြင်းပွားတဲ့ နှစ်နိုင်ငံစလုံး မနစ်နာစေပါလို့ ကောက်ချက်ချရင်းနဲ့ နိဂုံးချုပ်ပါတယ်။

 

ကိုယ့်နိုင်ငံရဲ့အရေးတွေကို ပိုမို စိတ်ပါဝင်စားပြီး အမှန်အတိုင်း နားလည်လက်ခံနိုင်ကြပါစေ။

 

ငြိမ်းချမ်းအေး

 

၁၅ မတ်လ၊ ၂၀၁၂

 

 

နောက်ဆက်တွဲ ရှင်းလင်းချက်။    ။

 

ရေပိုင်နက် အငြင်းပွားမှု ဆုံးဖြတ်ချက်ဟာ နှစ်ဖက်မနစ်နာဘာဘူးလို့ မင်းက ဆိုရင် ဘာကြောင့် နိုင်ငံတကာ သတင်းတချို့မှာ “ဘင်္ဂလားနိုင်တယ်” လို့ ရေးလည်းလို့ မေးကြတယ်။ အဲ့ဟာကို ရှင်းရရင် ကိုယ့်တိုင်းပြည်ကို ခေါင်းဆောင်နေတဲ့ ပုဂ္ဂိုလ်တွေ အသုံးမကျလို့ လို့ပြောရမယ်။  မင်းကလည်း တစ်ခါလာလည်း ဒီဘူတာပဲသွားဆိုက်တယ်လို့ မဆိုချင်နဲ့။ အဲ့ဘူတာက အရေးကြီးလို့ကို ဆိုက်ရတာ။ နောက်ဆုံး တရားရုံးဆုံးဖြတ်ချက် ကြားနားပွဲကို ဘင်္ဂလားက နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင်တက်တယ်။ ဆုံးဖြတ်ချက်ပြီးတော့လည်း သတင်းစာတွေနဲ့ တွေ့ပြီး သူ့အမြင်၊ တရားရုံး ဆုံးဖြတ်ချက်အကြောင်း လည်လည်ပတ်ပတ် ရဲရဲဝင့်ဝင့်နဲ့ ပြောတယ် (ပြောနိုင်တယ်)။  အဲ့သလို ပြောတဲ့ နေရာမှာ အမှန်ကိုအခြေခံပြီး ပြောရပေမဲ့ ကိုယ့် ပြည်တွင်း နိုင်ငံရေးလိုအပ်ချက်အရ လက်ရှိအာဏာရပါတီ ဂုဏ်တက်အောင် ပြောရတယ်။ အဲ့သလိုပြောရတာကြောင့် ခုဖြစ်နေတဲ့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့ သတင်းတွေ တက်ရခြင်း ဖြစ်တယ်။

 

ကိုယ်နိုင်ငံကတော့ နိုင်ငံခြားရေးဝန်ကြီး တက်တယ်လို့ လက်လှမ်းမီသမျှ သတင်းမှာ မတွေ့ရ။ (EU က sanction က ခရီးသွားလာခွင့်ကို ကင်းလွှတ်ခွင့်ပေးပြီး ဖြစ်။) တက်လည်း ပြီးရင် သတင်းစာတွေနဲ့ တွေ့ဆုံ ပြောလေ့မရှိ၊ ပြောနိုင်တဲ့ အရည်အချင်းလည်း မရှိ။ ငါတို့ ကြံဖန် ဂုဏ်တက်အောင်လုပ်ရင် ရပါ့လားဆိုတဲ့ စဉ်းစားနိုင်တဲ့ အသိဉာဏ်လည်း (အစိုးရ တစ်ဖွဲ့လုံး မှာ) မရှိ။

 

တကယ် အရည်အချင်းရှိလို့ ဒီကိစ္စအစ၊ အဆုံး တာဝန်ခံလုပ်ပေခဲ့တဲ့ ဥပဒေ ပညာရှင်တွေ၊ တတ်သိပညာရှင်တွေက လည်း သူတို့ အမြင် အဘောထားကို ချက်ချင်း ပွင့်ပွင့်လင်းလင်း မထုတ်ပြန်နိုင်၊ လုပ်ပိုင်ခွင့်မရှိ၊ လုပ်ရဲတဲ့ သတ္တိလည်း မရှိ။ နောက်ခဏကြာရင်တော့ ပြည်တွင်းမှာ သတင်းစာရှင်းလင်းပွဲ လုပ်ပါလိမ့်မယ်။

 

အဲ့တော့ “ဘင်္ဂလားနိုင်တယ်” ဆိုတဲ့ သတင်းဘာကြောင့် ဖြစ်ရတယ်ဆိုတာ ရှင်းမယ်ထင်ပါတယ်။

 

Photo Source:  itlos.org

Ref: ITLOS Final Judgement Report

 

 

ပုံ (၀) နိုင်ငံတာကာ ရေပိုင်နက် သတ်မှတ်မှု

ပုံ (၁)

ပုံ (၂)

ပုံ (၃)

ပုံ (၄)

ပုံ (၅)

ပုံ (၆)

ပုံ (၇)

ပုံ (၈)

ပုံ (၉)

 

Facebook မှာတွေ့တဲ့ ပိုစ်ကို ရွာသားတွေသိအောင် Share လိုက်တာပါ…

 

Credit To : ငြိမ်းချမ်းအေး

18 comments

  • inz@ghi

    March 15, 2012 at 10:10 am

    တိဘူးဂျာ …တက္ကနစ်ကယ်လ်ပိုင်းတွေ ….
    ဘယ်လောက် ပါသွားသလဲ သာပြောပါ ….
    http://www.weeklyeleven.com/index.php?option=com_content&view=article&id=12776%3A-cpi-&catid=42%3A2009-11-10-07-36-59&Itemid=112
    ဟောဒါလေးလည်း ပြန်လှုပ်လာတယ် ဒီရက်ပိုင်း….

    ရာဇဝင်ဟောင်းရဲ့ သချင်္ ိုင်းရာ….
    ရာဇဝင်သစ်တို့ မွေးဖွားရာ……..

    ဘယ်လိုရာဇဝင်အသစ်တွေမွေးလာဦးမလဲဗျာ….

    • က်ိုကိုအိုဗာ

      March 15, 2012 at 10:10 pm

      ဒို့မြန်မာ နိုင်ပြီ ဟေ့ ဟီး ဟီး ဟီး

  • ရွာစားကျော်

    March 15, 2012 at 11:34 am

    မရှင်းမရှင်းဖြစ်နေတာတချို့ သိလိုက်ရသလို မရှင်းသေးတာလဲကျန်သေးတယ်ဗျ..
    တရားရုံးဆုံးဖြတ်ချက်အရ
    – နှစ်နိုင်ငံလုံး မနစ်နာပါ
    – ဘယ်သူမှ မနိုင်၊ ဘယ်သူမှ မရှုံး (နိုင်တယ်ပြောသွားတဲ့သူက ပိုတော်လို့ နိုင်ငံရေးအမြတ်ထုတ်ပြောသွားတာပေါ့နော်)
    – စိန့်မာတင်ကျွန်းက ဘင်္ဂလားဒေ့ရှ် အပိုင်
    ဟုတ်ကဲ့ မရှင်းတာက

    ပုံ (၉) အတိုင်း နောက်ဆုံး သတ်မှတ်ထားတဲ့ နယ်နိမတ်မျဉ်းမှာ ခြွင်းချက် ကင်းလွတ် သွားတာက စိန့်မာတင်ကျွန်း (St. Martin’s Island)။ ပုံ (၉) ရဲ့ နယ်နိမတ်မျဉ်းအတိုင်းပြောရင် စိန့်မာတင်ကျွန်းကို မြန်မာပိုင်တယ်။ ဒါပေမဲ့ ကျွန်းပိုင်ဆိုင်မှုကို သတ်မှတ်ရာမှာ ပုံ (၉) ရဲ့ နယ်နိမိတ်မျဉ်းက သက်ရောက်မှု မရှိတဲ့အတွက် (Territorial Waters ပိုင်ဆိုင်မှု နယ်နိမိတ်သတ်မှတ်မျဉ်း ပုံ (၂) အရ) စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ်။

    ပုံ(၉) အရ စိန့်မာတင်ကျွန်းကို ဝိုက်ပြီး သတ်မှတ်ထားတာပါ။ စာလုံးမည်းပြထားတဲ့နေရာတွေမှာ ပုံ(၅) ဖြစ်မယ်ထင်တယ်ဗျ။
    ကျွန်တော်မရှင်းတာက ပုံ(၁)နဲ့ ပုံ(၄) အရ မြန်မာဘက်က စိန့်မာတင်ကျွန်းကိုဝိုက်ပြီး နယ်နိမိတ်တင်ထားတယ်။
    အဲဒီကျွန်းဟာ အစကတည်းက ကုလားအပိုင်ပေါ့၊ ဟုတ်လားသိချင်ပါတယ်။
    ဒါဆိုဘာလို့ သူပိုင်ငါပိုင် ငြင်းနေသေးတာပါလိမ့်
    တရားရုံးကရော ဘာလို့ထည့်ရှင်းနေရတာပါလဲ.. စိန့်မာတင်ကျွန်းကို ဘင်္ဂလားဒေ့ရှ် ပိုင်လို့ သတ်မှတ်လိုက်တယ် ဆိုလို့ပါ
    ပို့စ် အတွက် ကျေးဇူးပါ kanjosan..ရေ

  • kai

    March 15, 2012 at 12:04 pm

    ပထမအင်္ဂလိပ်မြန်မာစစ်မတိုင်မှီက.. မြန်မာပိုင်နက်မြေပုံရှိရင်ကောင်းမယ်ထင်မိတယ်..
    အင်္ဂလိပ်လက်ချက်နဲ့.. အာသံ၊မဏိပူရတွေပါ.. မြန်မာပိုင်ကနေ ကျကုန်တာလို့… အမြဲတွေးမိတာ..

    ကြည့်ရတာ… မြန်မာက.. အမေရိကအကူအညီရရင်.. ညူလက်နက်..အဲ.. ညူဓါတ်အားပေးစက်ရုံတော့ .. ကိုင်ထားရမှာ… 😆
    မြေနေရာကောင်းတော့.. လိုချင်တဲ့သူ များမှာအသေအချာပဲလေ…

  • kanjosan

    March 15, 2012 at 12:23 pm

    ပထမ အင်္ဂလိပ်မြန်မာစစ် မဖြစ်ခင်က နတ်မြစ်ဝက ရှင်မဖြူကျွန်းဆိုတာ မြန်မာပိုင်ပါ…

    မြန်မာ- ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အငြင်းပွားမှုဆုံးဖြတ်ချက်သည်ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီမှ ၁၈၄၂ခုနှစ်တွင်မြန်မာပြည်သို့ကျူးကျော်ရန်ရေးဆွဲထားသော ကိုလိုနီပေါ်လစီအပေါ်မူတည်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှဆွဲယူသောမျဉ်းသည် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းက အင်္ဂလိပ်ပိုင်ဟုအရေးဆိုသောအချက်အပေါ်မူတည်ကာဆွဲထားခြင်းဖြစ်သည်။ထိုဒေသသည်၁၉ရာစုနှစ်တိုင်အောင် အရှေ့အိန္ဒယကုမ္ပဏီ၏အုပ်ချုပ်မှုအောက်တွင်မရှိပါ။ မြန်မာသည်ထိုစဉ်က ရန္တပိုစာချုုပ်ကိုအတင်းအကြပ်ချုပ်ဆိုရန်ဖိအားပေးခြင်းခံခဲ့ရသည်

    • ရွာစားကျော်

      March 15, 2012 at 1:18 pm

      မြန်မာဘက်က တာဝန်ရှိသူတွေအားနည်းချက်ရှိတာပေါ့
      တိုက်ပွဲဝင်မယ့်စစ်သူကြီးဟာ သူ့ လက်နက်၊ချပ်ဝတ်တွေကို စစ်မထွက်ခင်ကတည်းက
      ပြင်ဆင်သွားရသလိုပေါ့
      ကုလားတွေက သူ့အပိုင်ကျွန်းလို့ မြေပုံနဲ့ တင်ပြခဲ့ပေမယ့်
      မြန်မာတွေ တရားရုံးမတက်ခင်ကတည်းက သမိုင်းပညာရှင်တွေနဲ့တိုင်ပင် ပြန်ချေပဖို့ ကိုးကားဖို့အချက်အလက်၊ မြေပုံတွေတော့ ရှာမသွားဘဲ ဟိုဘက်ကတင်ပြတဲ့အတိုင်း ကသောမမျော လုပ်သွားပုံပဲ..
      ခုတော့
      တရားရုံးသာသွားတယ် (ဖင်ကို ဆီစွတ်ပီးတော့)
      တရားသူကြီးတွေ ကောင်းလို့ တဖက်က xင်xျတာမခံခဲ့ရတာပေါ့
      အိမ်ကြက်ချင်းသာ အိုးမဲသုတ်ခွပ်နေကြတယ်.. တခြားနယ်မှာ ကြက်မလုပ်ပြီးပြန်လာကြတယ်
      အလကား ေ-ာက်ဖင်ခေါင်းကျယ်တွေ…
      အဲဒီလိုပဲ ပြောချင်တော့တယ်

  • kanjosan

    March 15, 2012 at 12:23 pm

    ပထမ အင်္ဂလိပ်မြန်မာစစ် မဖြစ်ခင်က နတ်မြစ်ဝက ရှင်မဖြူကျွန်းဆိုတာ မြန်မာပိုင်ပါ… အခုစိန့်မာတင်ကျွန်းက ရှင်မဖြူကျွန်လို့ ထင်ပါတယ်… ပြီးတော့ မြန်မာ- ဘင်္ဂလားဒေ့ရှ်ရေပိုင်နက်အငြင်းပွားမှုဆုံးဖြတ်ချက်သည်ဗြိတိသျှအရှေ့အိန္ဒိယကုမ္ပဏီမှ ၁၈၄၂ခုနှစ်တွင်မြန်မာပြည်သို့ကျူးကျော်ရန်ရေးဆွဲထားသော ကိုလိုနီပေါ်လစီအပေါ်မူတည်ဆုံးဖြတ်ထားခြင်းဖြစ်သည်။ ဘင်္ဂလားဒေ့ရှ်မှဆွဲယူသောမျဉ်းသည် ပထမအင်္ဂလိပ်-မြန်မာစစ်ပွဲအတွင်းက အင်္ဂလိပ်ပိုင်ဟုအရေးဆိုသောအချက်အပေါ်မူတည်ကာဆွဲထားခြင်းဖြစ်သည်။ထိုဒေသသည်၁၉ရာစုနှစ်တိုင်အောင် အရှေ့အိန္ဒယကုမ္ပဏီ၏အုပ်ချုပ်မှုအောက်တွင်မရှိပါ။ မြန်မာသည်ထိုစဉ်က ရန္တပိုစာချုုပ်ကိုအတင်းအကြပ်ချုပ်ဆိုရန်ဖိအားပေးခြင်းခံခဲ့ရသည်

  • Foreign Resident

    March 15, 2012 at 7:01 pm

    ရှင်းပြထားတာတွေ အသုံးအနှုံး အဓိပ္ပါယ်တွေ မှန်ကန်ပါတယ် ။
    UNCLOS ( United Nation Convention of the Law of The Sea )
    ထဲက အတိုင်းပါပဲ ။

    ပုံ (၉) ထဲက အတိုင်း ဆိုရင် မြန်မာ မ ရှုံးလှပါဘူး ။
    နဲနဲလောက်ပေးလိုက်ရလဲ ပြဿနာ မရှိလှပါဘူး ။
    ဘင်္ဂလားဒေရှ့် ရဲ့ ဘဝ ကလည်း သနားစရာ မို့လို့ပါ ။

    အကြမ်းဖျင်းအားဖြင့်
    ရေပြင် နယ်နမိတ် မျဉ်း သတ်မှတ်တဲ့ အခါ
    ကမ်းရိုးတန်း Base Line ကနေ ထောင့်မှန် မျဉ်း ထောင်သတ်မှတ်ပါတယ် ။

    အဲဒီလို မြန်မာ ကလည်း ထောင့်မှန် မျဉ်း တစ်ကြောင်း ထောင်တယ် ။
    အိန္ဒိယ ကလည်း ထောင့်မှန် မျဉ်း တစ်ကြောင်း ထောင်တယ် ။
    အဲဒီ မြန်မာ နှင့် အိန္ဒိယ က ထောင့်မှန် မျဉ်း နှစ်ကြောင်း ကသွားဆုံပြီး ။
    ဘင်္ဂလားဒေရှ့် ခမျာ အလိုလိုနေရင်း ရေပိတ် နိုင်ငံဖြစ်သွားလို့
    ဘင်္ဂလားဒေရှ့် က ထ အော်နေတာပါ ။

  • Foreign Resident

    March 15, 2012 at 8:19 pm

    မြန်မာကျူးပစ် ဖိုရမ်မှ မြန်မာ “aku” ၏ ပို့စ် ..

    လိုရင်း ပြောရရင် ဒီပြဿနာက ကမ်းလွန်လုပ်ကွက် A-1, AD-7 လုပ်ကွက်ကြောင့်ဖြစ်ရတာ။
    A ဆိုတာ Andaman နဲ့ AD ဆိုတာ Andaman Deep။
    ဦးနု လက်ထက် ကတည်းက အဲ ၂ နေရာ မှာ ဆိုက်စမစ်တိုင်းခဲ့တယ်။
    အဲဒီနောက် အမေရိကန်၊ ပြင်သစ်၊ အင်္ဂလန် အစရှိတဲ့ နိုင်ငံတွေက
    ရေနံ ကုမ္ပဏီ တွေလာရောက် တူးဖော်ကြတယ်။
    ဒါပေသိ အားလုံးရှုံးပြီးပြန်သွားကြတယ်။ ရှုံးတယ်ဆိုတာ တူးပြီးမထွက်တာ။
    အဲနောက် ဒေဝူးကုမ္ပဏီ လာတူးတယ်။ ထွက်ဖူး။ ရှုံးတယ်။
    အဲတော့ ဒေဝူး ရှယ်ယာတွေ တကမ္ဘာလုံး ထိုးဆင်းကုန်တယ်။
    အဲ ရှုံးလို့ထွက်တော့မယ့်အချိန်မှာ Reserver အင်ဂျင်နီယာများ
    Drilling အင်ဂျင်နီယာများ က တူးနေတဲ့တွင်း ကို အောက်ကို ဆက်မတူးတော့ပဲ
    ရောက်တဲ့နေရာကနေ ဘေးကိုပြန်တူးတယ်။
    အဲဒါကို Directional Drilling လို့ခေါ်တယ်။ အဲမှာ တွေ့တော့တာပဲ။
    အဲ ပရောဂျက်မှာ ပစ္စည်း ဆက်ပလိုင်း လုပ်ခဲ့တဲ့ မိုက်ကယ်မိုးမြင့် ကတော့
    အရှေ့တောင်အာရှမှာ… အင်း….။
    ထားပါတော့။ ဒေဝူးရှယ်ယာတွေလဲ ထိုးတက်သွားတယ်။

    အဲမှာ ကုလား တွေကစတာပဲ။
    ပြသနာဖြစ်တဲ့ နေရာ အပေါ်က သူတို့ အဖေ အိန္ဒိယ လုပ်ကွက် PSC-L ရှိတယ်။
    အဲနေရာအောက်မှာတော့ သူတို့အဖိုး တရုတ် CNCP လုပ်ကွက် AD-8, AD-1 ရှိတယ်။
    အဓိက က A-7 အကွက်။ ခုတော့ မြန်မာပိုင်သွားပါပြီ။
    ထွက်ရှိမဲ့ ပမာဏ က အတော့်ကိုများတယ်။

    ခရမ်းရောင်နယ်မြေ ကိုပေးလိုက်ရတာ ဘာမှမဖြစ်ဘူး။
    အဲမှာဘာမှမရှိဘူး။ မြန်မာ့ ပရိုပိုဇယ် က ပွဲခ ကို ပွဲညွန့်ယူတဲ့သဘော။
    စစ်မဲ့ဈေးကို တင်ထားတာ။ အဓိက လုပ်ကွက် ကို ယူသွားတယ်။

    AD-11, AD-12, AD-13 ကတော့ မရတော့ဘူးပေါ့။
    မရလဲ အဲနေရာတွေက စီးပွားမဖြစ်ပါဘူး။
    ဟို ရှင်မဖြူကျွန်းလား ဘာလား။ ရလဲဘာဖြစ်တုန်း။
    မရလဲဘာဖြစ်တုန်း။ အဲမှာ အုန်းသီးပဲရှိမယ်။

    ဒါကြောင့် ဒီပွဲ မြန်မာနိုင်တယ်။

    *** ဖြည့်စွက် – တတ်သိသူများ အပြောအရ ..
    “ရှင်မဖြူကျွန်း” မဟုတ် .. “အုန်းကျွန်း” သာ ဖြစ်ပါသည်တဲ့ ။

    • ခပ် KING ကင်း

      March 15, 2012 at 8:44 pm

      ဒီသတင်းကို လိုက်ဖတ်နေတာကြာပါပြီ
      ပညာရပ်ဆိုင်ရာ ဝေါဟာရတွေကို မရင်းနှီးတော့
      ယောင်ဝါးဝါး ဖြစ်နေရတာ
      အဘဖောက သေချာရှင်းပြပေးတဲ့အတွက်လည်း ကျေးဇူးတင်မိပါ၏

    • nigimi77

      March 16, 2012 at 1:03 am

      ပြောပလိုက်ဇမ်းဘာ အူးဖောရေ

      ကျုပ်တို ့ ရဲ ့ Land Fall ကနေ စပြီးသွားနေတဲ့ ဓါတ်ငွေ ့ပိုက်တွေကို

      ကြည့်ရင်း ကျောက်ဖြူမှာ အုန်းရေ သောက်နေတယ်လို ့။

      ဒါ…ဒါ နဲ ့နေဘာအူး

      ပေါက်ဖော်ဂျီးက ရခိုင်ပြည်နယ် မီးထွန်းဖို ့လောက်တော့

      သဒ္ဒါ မယ် ထင်ပါရဲ ့

    • myanmarcitizen

      March 16, 2012 at 12:16 pm

      အဘရေ ဒီလိုရှာတင်ပေးတဲ့အတွက်ကျေးဇူးပါဗျာ။
      ကျွန်တော့စိတ်ကတော့ အုန်းသီးပဲရှိရှိ ကျောက်ခဲပဲ ရှိရှိဗျာ ကိုယ့်နိုင်ငံပိုင် မြေဆိုရင်တော့ ဆံချည် တစ်မျှင်စာ တောင်မပါစေချင်ဘူးဗျာ။

    • Kyi Lwin

      March 16, 2012 at 2:33 pm

      ကောင်းတယ်ရှင်။ပိုင်းခြားပြသွားတာ။ တို့များဥိးလေးတယောက်ကလည်း ဒီသဘောပဲပြောပါတယ်။ မြန်မာ့ရေနံ အငြိမ်းစားကြီးပါ။ဟိုကောင်တွေက အသားလွတ် ကြွားသွားတာကြောင့် တပူတပူတဆူဆူဖြစ်ကုန်တာပါ။ သင့်တင့်မျှတတဲ့ဆုံးဖြတ်ချက်ပါပဲတဲ့။
      ကိုယ်မရလိုက်တဲ့နေရာတွေကလည်းစီးပွါးဖြစ်လုပ်လို့မရတဲ့နေရာတွေပါတဲ့။
      လိုတာကတော့ တိုင်းပြည်မှာဘာတွေဖြစ်နေတယ်ဆိုတာ အသိပေးပြောကြားလေ့မရှိတဲ့ အစိုးရကြောင့်ပဲ။ ဘယ်အရေးကိစ္စမဆို မဖုံးနိုင်မဖိနိုင်မှပဲ တိုင်းသူပြည်သားတွေက သိရလေ့ရှိတယ်လေ။ ဒါတောင် ခု အင်တာနှေး ကမ္ဘာပြားကြီးရှိပေလို့ သန်း ၆ဝ သော ပြည်သူတွေထဲမှာမှ ၆သောင်းသော ပြည်သူများက သတင်းစာမှာမပါခင်သိနိုင်ကြတယ်။ ကျန်တဲ့ပြည်သူများကတော့ ဖွံ့ဖြိုးတိုတက်နေသော အစိုးရပိုင်မီဒီယာဗြောင်လိမ်ကကြေငြာမှပဲသိကြပေရော့။ (တိုတက်တာတော့အင်မတန်ပါပဲရှင်။ မော်ဒယ်တွေ အဆိုတော်တွေကိုကြည့်ကသိနို်င်၏။ဒါကြောင့်လည်း မင်းတြားကြီးနဲ့အပေါင်းပါများက များများတိုတက်လေ သူတို့ကို လူတွေအပြစ်မပြောလေလို့ ခံယူထားတဲ့အတွက် တိုတက်ချင်တိုင်းသာ တိုတက်ကြပေရော့။)

  • kanjosan

    March 15, 2012 at 8:36 pm

    ဘယ်လိုဘဲဖြစ်ဖြစ် အဲ့ဒီအုန်းကျွန်းဖြစ်ဖြစ် ကိုယ့်ပိုင်နက် နယ်မြေကို ခွဲပေးလိုက်ရတာ… တိုင်းပြည်အတွက် အလွန်နစ်နာပါတယ်.. ဂုဏ်သိခါအရလည်း ရှုံးနိမ့်ပြီး နစ်နာပါတယ်… ဘာဘဲဖြစ်ဖြစ်အခုတော့ အဲ့လိုဘဲ ဝိုင်ဝိုင်း သီချင်းလေးလို.. ဖြေသိမ့်လိုက် အပြင် ဘာတတ်နိုင်မှာလဲ…

  • inz@ghi

    March 16, 2012 at 8:36 am

    ဘာ “ကုလားပိုင် စိန်မာတင်ကျွန်း” ဟာဗျာ ” စိန်မာတင်” ဆိုမှတော့ ကျုပ်တို့ကျွန်းပေါ့ဗျ….

    အဘရယ် ကျုပ်တို့အရင်က ပေးထားတဲ့ အခွန်လေး ထုတ်သုံးပြီး ရှေ့နေလေးဘာလေးငှါးတန်ငှါး….

    ပေါက်ဖော်ကြီးစီကဝယ်ထားတာ လေးတွေ ထုတ်သုံးပြီးချတန်ချပေါ့ဗျ…

    ရှုံးရှုံးနိုင်နိုင် ကိုယ်ပိုင်တာ ကုလားလုခံရတော့ ကောင်းလားဗျာ၊

    အဘတို့ပြောတော့ တလက်မမှအထိမခံဆို ကဲခုတော့မိုင်နဲ့ချီပါသွားပြီ၊ ကုလားအရေးလည်း ဂရုစိုက်အုန်းဗျ၊

    နာရီနဲ့ချီပြီး စာရွက်ကြီးကြည့် ဖတ်ပြနေရုံနဲ့မပြီးဘူး၊ ကြီးမေတို့များ ၁၅မိနစ်လောက် လက်တန်းပြောသွားတာ အပိုအလိုကိုမရှိ၊ ရင်ထဲကစကားကိုးဗျ၊ ပြောလည်းပြောပါဗျာ အဘ မကြီးမငယ် ဧပြီလတရက် April Fool အကြီးအကျယ် လုပ်မလို့ကြံနေတာနဲ့ ကုလားဆော်တာ ခံလိုက်ရပြီဟုတ် =(

    ကျုပ်လေအဘကို ယုံကိုမယုံရဲတာ၊ စိတ်ကိုကုန်ရော…

    (အဂ္ဂမဟာ ဖေ့စဘုတ်တော်ကြီးမှ….)

  • we R one

    March 16, 2012 at 9:17 am

    မြန်မာ ရေပိုင်နက် ၁၂ မို်င်ကို ပေးလိုက်ရတယ်ဆို..

  • blackchaw

    March 16, 2012 at 12:25 pm

    မနက်က စကိုင်းနက် သတင်းထဲမှာ
    မြန်မာနိုင်ငံက နိုင်ငံခြားကုမ္ပဏီတွေနဲ့ ရေနံရှာဖွေနေတဲ့ နေရာတွေ
    တစ်ခုမှ မပါသွားပါဘူးတဲ့။
    အခု ဆုံးဖြတ်ချက်ကို နှစ်နိုင်ငံအစိုးရကလည်း ကျေနပ်ကြပါတယ်တဲ့။
    ကြားလိုက်ရတာလေး ဝင်ပွားသွားတာပါ ဗျာ။

Leave a Reply