ခြံထဲမှာ အပန်းဖြေရအောင်
တစ်ခါတလေ အပြင်မထွက်ဖြစ်တဲ့အခါမှာ ခြံထဲမှာစိုက်ထားတဲ့ပန်းပင်တွေနဲ့ အလုပ်ရှုပ်တတ်ပါတယ်။ စိတ်လည်း အပန်းဖြေတာပေါ့နော်။ ငါးကန်လေးတွေလည်း အလှမွေးထားတော့ မျက်စိအေးစရာလေးပေါ့။




တစ်ခါတလေ အပြင်မထွက်ဖြစ်တဲ့အခါမှာ ခြံထဲမှာစိုက်ထားတဲ့ပန်းပင်တွေနဲ့ အလုပ်ရှုပ်တတ်ပါတယ်။ စိတ်လည်း အပန်းဖြေတာပေါ့နော်။ ငါးကန်လေးတွေလည်း အလှမွေးထားတော့ မျက်စိအေးစရာလေးပေါ့။
17 comments
Ma Ei
March 19, 2012 at 4:08 pm
နာနတ်သီးလေး လှတယ်နော်…
ရဲယိုပင် လေးလဲတွေ့တယ်…
ရဲယိုသီးကို သကြားနဲ့ခေါက်ပြီးစားရတာ ကြိုက်တယ်…
နတ်ဆိုးလေး
March 19, 2012 at 4:31 pm
မျက်စိအေးသွားပါကြောင်း ကျေးဇူးတင်ပါတယ် အခုလိုတင်ပေးတဲ့ အတွက်
Thu Thu
March 19, 2012 at 4:57 pm
oh really beautiful.I like your photos.
ဆူး
March 19, 2012 at 5:21 pm
နာနတ်သီး ပိစိလေး အိမ်မှာလည်း အခု သီးနေတာ.. ဓါတ်ပုံရိုက်ထားမလားလို့ တွေးနေတာ.. အကြံဦးသွားပြီ။
manawphyulay
March 20, 2012 at 9:55 am
ဒါဆို ရိုက်ပြီး တင်ပေးဦးလေ… ဘယ်လိုပုံစံလေးလည်း သိရတာပေါ့နော်။ မျိုးတူလားဟင် ညီမလေး
Khin Latt
March 19, 2012 at 5:33 pm
မနောရေ
ခြံထဲ မှာ ပန်းပင် လှလှလေးတွေ နဲ့ကြည့်ရတာ စိတ်အေးချမ်းလိုက်တာ။
ပုံလေးတွေ မျှလို့ ကျေးဇူးနော်။ 🙂
ခပ် KING ကင်း
March 19, 2012 at 6:57 pm
သစ်ခွကို ပစ်ချပြီး
သဇင်ပန်းကို အရင်လှမ်းခဲ့
စံပယ်ပွင့်ကို ငယ်ချစ်လို့ပြော
ပိတောက်အသစ်နဲ့ နောက်အချစ် တွေ့ခဲ့ တွေ့ခဲ
မြေမှာနွမ်းခဲ့တဲ့ ခရေပန်းကို တမ်းတလျှက်ပါ …. 😆
(မှတ်ချက်။ ပန်းများကိုမြင်၍ စိတ်ကြည်နူးကာ ရေးချင်တာ ရေးခဲ့သောကြောင့် နားလည်ပေးပါရန်။ နောက်ထပ်လည်း စိတ်ရွှင်စရာပုံလေးများ တင်ပေးပါ)
Burmese or Chinese
March 20, 2012 at 10:48 am
ကြည့်လိုက်တာနဲ့ စိတ်အေးချမ်းလိုက်တာ…:)
jujuma
March 20, 2012 at 10:58 am
လှတယ်နော် သစ်ခွပန်းလေးတွေက ……
အပန်းဖြေရအောင် မမ လာခေါ်ပါလားနော် … ဟိဟိ
chel gyi
March 20, 2012 at 12:39 pm
အပင်…ပန်းပဲစိုက်စိုက်..ပြီးရင်ဖြစ်ပေါ်လာတဲ့ felling ကဘာနဲ့ ှမတူဘူး……ဟုတ်စ
TTNU
March 20, 2012 at 2:51 pm
မနောရေ..
သစ်ခွအဖြူလေး ဘုရားတင်ချင်လိုက်တာ။
snow white
March 20, 2012 at 2:56 pm
အမရေနုံတယ်ဘဲပြောပြောအတယ်ဘဲပြောပြော အမခုပုံတွေ့မှကိုရီးယားနာနတ်ဆိုတာ မြင်ဖူးတာ မျိုးပေးပါလားအမ လိုချင်လို့ပါ စားလို့မရတာတော့ကံဆိုးတာဘဲနော်
manawphyulay
March 20, 2012 at 3:51 pm
နာနတ်သီး မျိုးခွဲရင် ပေးမယ်နော် ညီမလေး…. လှတာတော့ လှတယ် ရိုးတံကြီးက အရှည်ကြီးပဲ။
နွယ်ပင်
March 20, 2012 at 3:06 pm
သစ်ခွအဖြူလေးနဲ့ နာနတ်သီးပုံလေး ကြိုက်တယ် ………..
manawphyulay
March 20, 2012 at 3:17 pm
ညီမလေးရေ သစ်ခွအဖြူက ခုပန်းပွင့်တွေ ကြွေသွားပြီ။ လိုချင်ရင် အပေါ်က အပွင့်တွေတော့ ခုထိ ပွင့်နေတုန်းပဲ ခူးလာပေးရမလား….
yaungchikha
March 20, 2012 at 6:47 pm
နာနတ်သီးပင်လေး တစ်ခါမှမတွေ့ဘူးဘူး၊ မနောတို့ခြံထဲမှာ ပန်းပင်လေးတွေများတယ်နော်၊ ကြည့်ရတာ အေးချမ်းတယ်..
ကြောင်လေး
March 21, 2012 at 7:37 am
ကွန် မကောင်းလို့ အာရုံစိုက်ကြည့်ရင်း မျက်စေ့ညောင်းနေတဲ့အချိန် ပန်းလေးတွေ မြင်ရတော့ တော်တော်မျက်စေ့ အေးသွားတယ်။ အဖြူရောင်ပန်းလေးတွေနဲ့ အစိမ်းရောင်အပင်လေးတွေကိုများများတင်ပေးပါမနောရေ့။