Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဟာသ

Charm BoyMarch 20, 20121min3809

‎(၁)

“ရဲဘော်တို့ အားလုံးသတိ”

ရဲဘော်တွေ အားလုံးတန်းစီနေကြတယ်။ ခေါင်းဆောင်က စစ်သားတစ်ယောက်ရှေ့သွားပြီး ရင်ဘတ်ကိုပုတ်လိုက်တယ်
“လေ့ကျင့်ထားတဲ့ ကြွက်သားတွေ တော်တော်တောင့်လာပြီ.. ရဲဘော်ဆက်လုပ်”
“ဟုတ်ကဲ့ ဗိုလ်ကြီး ကျွန်မက အမျိုးသမီးစစ်သားပါ”

(၂)

မွေးမြူရေးသမားတစ်ယောက်က ဝက်မျိုးစပ်ဖို့ တိရစာ္ဆန်ဆရာဝန်ကို ပင့်လာတယ်။
ဆရာဝန် “ကြည့်ရတာ လူအကူနဲ့ မျိုးပွားပေးဖို့လိုပြီ”
ဆရာဝန်စကားကြားတော့ လယ်သမားတစ်ချက်တွေဝေသွားတယ်။ ပြီးမှ မရဲသရဲပြောလိုက်တယ်။
“ရတော့ရတယ်ဆရာ.. ဒါပေမဲ့ ကျွန်တော့်ကို ကိုက်မှာစိုးတယ်”

(၃)

ဘတ်စ်ကားပေါ်မှာ လူတစ်ယောက်လေလည်တယ်။ ဒါကို လှလှပပပြင်ထားတဲ့ မိန်းကလေးတစ်ယောက်က
အနံ့ဆိုးရလို့ တံတွေးတပျစ်ပျစ်ထွေးတယ်။ ဒါကို ဘေးမှာရပ်နေတဲ့လူကမြင်တော့ ပြောလိုက်တယ်။

“အီးအီးစားပြီး အခွံထွေးထုတ်နေတာလား?”

(၄)

တစ်နေ့မှာ “ဝ”နဲ့ “8” လမ်းမှာဆုံကြတယ်။ “8” ကိုတွေ့တော့ “ဝ”ကပြောလိုက်တယ်။

“ဟင်း…….ဝတယ်ဆိုလဲ ဝတာပေါ့. ခါးမှာ ခါးပတ်ပတ်ထားစရာမလိုပါဘူး”

(၅)

ဘတ်စ်ကားပေါ်မှာ ကိုယ်ဝန်သည်တစ်ယောက်က သူ့ဘေးမှာထိုင်နေတဲ့လူတစ်ယောက်ကို လှမ်းပြောတယ်။
“ကျွန်မမှာ ကိုယ်ဝန်ရှိတာ ရှင်မသိဘူးလား”
ကိုယ်ဝန်သည်ရဲ့စကားကိုကြားတော့ အဲဒီလူမှာ ပျာပျာသလဲပြောရှာတယ်။
“ကျွန်.. ကျွန်တော် ကလေးအဖေ မဟုတ်ရပါဘူးနော်”

(၆)

လူတစ်ယောက် ရုံးတစ်ရုံးထဲ ဒေါသတကြီးဝင်သွားပြီး မေးတယ်။
“ဒါ… တိရစာ္ဆန်ကာကွယ်စောင့်ရှောက်ရေးရုံးလား?”
“ဟုတ်တယ်.. ခင်ဗျားကို ဘယ်သူအနိုင်ကျင့်လိုက်သလဲ ပြောပါ…”

(၇)

အမျိုးသမီးတစ်ယောက် စားသောက်ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း အကျင်္ီပင့်ပြီး ကလေးကိုနို့တိုက်တယ်။
အဲဒီမှာ ဝန်ထမ်းတစ်ယောက်က နံရံပေါ်ကပ်ထားတဲ့ စာကိုထိုးပြပြီး ပြောတယ်။

“ဆောရီး…… ဒီဆိုင်က အပြင်စာ ယူဝင်ခွင့်မရှိဘူးခင်ဗျား”

(၈)

အမူးသမားနှစ်ယောက် ရထားသံလမ်းပေါ် တယိမ်းတယိုင် လှမ်းလျှောက်နေတယ်။
ပထမအမူးသမား “တောက်……. ဒီလှေကားက တက်လို့မကုန်နိုင်ပါလား”
ဒုတိယအမူးသမား “အေးလေ… လက်ရန်းကလည်း နိမ့်လိုက်တာ”

Credit > Nine Nine Sanay @ နိုင်းနိုင်းစနေ

9 comments

  • နတ်ဆိုးလေး

    March 20, 2012 at 9:56 am

    အားပေးသွားပါတယ်။ ကိုဗြဲ ဒီနေ့ အနော် ဦးတယ်နော်

  • နတ်ဆိုးလေး

    March 20, 2012 at 9:59 am

    ဦးဗြဲ ဘယ်ရောက်နေလဲ တရုတ်ပြည်ရောက်သွားပြီလား?

    • water-melon

      March 20, 2012 at 5:39 pm

      သင်တန်းတက်နေလုို့ပါတော်
      ၅နာရီနောက်ပိုင်းမှ ရွာထဲဝင်ရတာ
      မနက်ပိုင်းက မအားလို့ 😀

  • Khaing Khaing

    March 20, 2012 at 12:31 pm

    ခစ်ခစ် ရီရတယ် ……..

  • chel gyi

    March 20, 2012 at 1:19 pm

    ပါးစပ်ဟပြီး…ပြုံးသွားပါတယ်…..

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 20, 2012 at 10:28 pm

    ဟီးဟီးဟားဟား တကယ်ရီရတယ်ဗျို့။
    အပြင်အစားသောက်တွေဆိုင်ထဲယူခွင့်မရှိဘူးတဲ့ ဟီးဟီး…….
    ကျွန်တော့်ကိုကိုက်မှာစိုးတယ်တဲ့ ဟားဟား……
    ဂယ်ရီရတယ်ဗျ နောက်ထပ်ဒါလေးတွေတင်ပါဦး
    အသက်ဆယ်နှစ်ပိုရှည်သွား၏ ရှမ်းပြည်သားနောက်ထပ်ဆယ်နှစ်နေရတော့မယ် ……
    တစ်ချက်ပြုံးရင်အသက်တစ်ရက်ပိုရှည်မယ်ဆိုတော့ တစ်ခါရီရင်အသက်တစ်နှစ်လောက်ပိုရှည်မှာပေါ့နော်….
    ကိုချန်ဘွိုင်းတင်တာ ဟာသရှစ်ခု ကျွန်တော်ပိုကြိုက်တာနှစ်ခုအတွက်နောက်တစ်ခါစီပိုရီ ဆယ်ခေါက်ဖြစ်
    ရှမ်းပြည်သားလူ့ပြည်မှာ ဆယ်နှစ်ထပ်နေဦးမယ်ဟေ့…………
    ကျေးဂျူးကျေးဂျူးဗျို့…………

  • အသူရာ

    March 20, 2012 at 10:41 pm

    တနေကုန် ပန်းသမျှ လန်းသွားတယ်ဗျို့ ၊ ကျေးဇူး

  • ကြောင်လေး

    March 20, 2012 at 11:05 pm

    ဘဝထဲက အလုပ်ထဲကအမောတွေပျောက်ဖို့ အဲလိုရီစရာတွေကိုပဲရှာဖတ်နေရတယ်။ ဂျာနယ်တွေဖတ်ရင်လဲ ကာတွန်းတွေ ထေ့တာတွေ၊လှောင်တာတွေ၊ပြောင်တာတွေ ရှာဖတ်တယ်၊ အမ်ဂျီထဲမှာ ဒါမျိုးတွေတွေ့တော့ ကျေးကျေးပါဗျို့

Leave a Reply