ပိုင်နိုင်စွာ စီမံတတ်မှုနှင့် စိတ်တန်ခိုးစွမ်းအား
မသန်စွမ်း လူငယ်များအတွက် ခေါင်းဆောင်မှုသင်တန်း ဖွင့်လှစ်
http://www.myanmar.mmtimes.com/2012/news/561/news14.html
ယမုံဖူးသစ်
အတွဲ ၂၉ ၊ အမှတ် ၅၆၁ (၁၆ – ၂၂ ၊ ၃၊ ၂၀၁၂)
မသန်စွမ်းလူငယ်များ ခေါင်းဆောင်မှု နှင့် အတွေးအခေါ်စွမ်းရည် မြင့်မားလာ စေရန်ရည်ရွယ်၍ အမျိုးသားအဆင့် မသန်စွမ်း လူငယ်များခေါင်းဆောင်မှု မြှင့်တင်ရေးသင်တန်းကို ပထမဆုံး အကြိမ်အဖြစ် ယခုလ ၁၂ ရက်နေ့မှ စတင်ခါ သုံးပတ်ကြာဖွင့်လှစ်သွား မည်ဟု မြန်မာနိုင်ငံမသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့မှ အစီအစဉ် ဒါရိုက်တာ ဦးနေလင်းစိုးက ပြောသည်။
အဆိုပါသင်တန်းကို အဖွဲ့၏ရုံးချုပ် ရှိသော အလုံမြို့နယ်ဖွင့်လှစ်နေပြီး ခေါင်းဆောင်မှုပညာ၊ အဖွဲ့အစည်းစီမံ ခန့်ခွဲမှုပညာနှင့် မသန်စွမ်းသူများနှင့် ပတ်သက်သည့် တိုးတက်ပြောင်းလဲလာ သော အတွေးအခေါ်အယူအဆများ အပါအဝင် ဘာသာရပ်ပေါင်း ၂ဝ ကို လူမှု ဝန်ထမ်းဦးစီးဌာန၊ ပညာရေးနှင့် စိတ် ပညာဌာနများမှ ကျွမ်းကျင်ပညာရှင်များ လာရောက်သင်ကြားမည် ဖြစ်သည်။
“မသန်စွမ်းလူငယ်တွေကို ခေါင်းဆောင် မှုနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေး ခြင်းအားဖြင့် မြန်မာနိုင်ငံမှာ မသန်စွမ်း လူငယ် ခေါင်းဆောင်တွေ ပေါ်ထွက်လာ ဖို့ အဓိကရည်ရွယ်ပါတယ်” ဟု ဦးနေလင်းစိုးက ပြောသည်။
%%%%%%%%%%%%%%%%%%%%%%%%
ဒီနေ့မနက် … မြန်မာတိုင်း ဝက်ဖ်ဆိုက်ကနေ ဖတ်လိုက်ရတဲ့ သတင်းလေးတစ်ပုဒ်ကိုကြည့်ပြီး … သဘောကျလို့နှစ်ခေါက် သုံးခေါက်ဖတ်မိဖြစ်ရာကနေ ရွာသူရွာသားတို့ကိုလည်း ဖတ်စေချင်တဲ့စိတ်နဲ့ … ကူးတင်ပေးလိုက်ပါတယ် … ။ အပေါ်က ဆောင်းပါးလေးဖတ်ပြီး … ခေါင်းဆောင်မှုအရည်ချင်းနဲ့ စီမံခန့်ခွဲတတ်မှုက သာမန်လူတွေအတွက်တင်မကပဲ … မသန်မစွမ်းသူတွေမှာပါ … လိုအပ်တဲ့အကြောင်း ကွက်ကွက်ကွင်းကွင်းမြင်သာစေပါတယ် … ။ အတွေးခေါ်မြင့်မားမှုနဲ့ တိုက်ရိုက်အချိုးကျနေတဲ့ … ခေါင်းဆောင်မှု ပညာက သူတို့ လေးတွေအတွက်တောင် အလွန်အရေးပါတယ်ဆိုလျှင် …. ကျွန်မတို့လို … လူစေ့တန်းစေ့ .. အင်္ဂါစုံသူတွေအတွက်တော့ ပိုပြိးတော့တောင် ရှိသင့်ရှိထိုက်တဲ့ပညာရပ်၊ မဖြစ်မနေတတ်ကို တတ်သင့်တဲ့ ပင်ကိုယ်အရည်သွေးလို့တောင် ညွှန်းပြီးပြောရတော့မလိုပါပဲ … … ။
မသန်မစွမ်းလို့ဆိုသော်လည်း … ဉာဏ်ရည်နိမ့်သူတွေလိုမဟုတ်ပါဘူး … ကိုယ်ခန္ဓာ၊ ခြေလက်အင်္ဂါတစ်ခုခု ….. မွေးရာပါဗီဇကြောင့်သော်လည်းကောင်း …. မတော်တဆမှုကြောင့်လည်းကောင်း … မသန်မစွမ်း အဖြစ်သို့ ကျရောက်ကြရရှာတာပါ … ။ တချို့သော မသန်မစွမ်းများမှာတော့ မိမိတို့ရဲ့ … ချို့ယွင်းမှုများကို လူစဉ်မှီသူများနဲ့ နှိုင်းယှဉ်ပြီး စိတ်ပျက် အားလော့နေတတ်ကြပေမယ့် … တစ်ချို့တွေကတော့ …. မသန်မစွမ်းမှုကြောင့်ရတဲ့ .. စိတ်ခံစားမှုကို စိတ်စွမ်းအားအဖြစ်ပြောင်းလဲ အသုံးပြုပြီး …. ရှေ့ဆက်ရမယ့် အနာဂတ်အတွက် … ကောင်းကောင်းကြီး အသုံးချတော့တာပါပဲ … ။ အင်္ဂါချို့တဲ့ တာကလွဲလို့ …. ဉာဏ်ရည်ဉာဏ်သွေးမှာ သာမန်လူတွေအတိုင်းမို့ … တတ်ကြွစွာ ခေါင်းဆောင်တတ်မှုနဲ ့အကွက်စေ့ကျနစွာ စီမံခန့်ခွဲတတ်မှုတို့ကို ကောင်းကောင်းကြီး သင်ယူတတ်မြောက်နိုင်ကြပါတယ် … ။ ဒါကြောင့်လည်း..သူတို့ အသင်းက မသန်ပေမယ့် စွမ်းပါတယ်လို့ .. ကြွေးကျော်ခဲ့တာကိုး … ။
မသန်ပေမယ့် စွမ်းတဲ့အကြောင်း မျက်မြင်ကိုယ်တွေ့ ဇာတ်လမ်းလေးကိုလည်း ရေးပြပါဦးမယ် …ကျွန်မတို့ အိမ်နီးနားချင်းဖြစ်သူ အစ်မတစ်ယောက် ငယ်ငယ်ကတောမှာ ဆေးထိုးမှားပြီး (သူမပြောပြချက်အရရေးသားသည် ဗိန္နောဆရာများကို ဝေဖန်လိုစိတ် ၊စော်ကားလိုစိတ်အလျဉ်းမရှိ … ) ခြေထောက်နှစ်ဖက်စလုံး သိမ်ကာ လမ်းလုံးဝမလျှောက်နိုင်တော့ပါဘူး ချိုင်းထောက်အကူညီ ၊ ဝှီးချဲ အကူညီတို့နဲ့ပဲ သွားလာလှုပ်ရှားရပါတယ် .. အိမ်မှာနေတဲ့အချိန်တော့ ကြမ်းပြင်ကို ဖင်ရွှေ့သွားလာနိုင်ပါတယ် … သိမ်နေတဲ့ ခြေနှစ်ဖက်ကလွဲလို့ … ဉာဏ်ရည်အပါဝင်တခြား ကိုယ်ခန္ဓာအစိတ်ပိုင်းတွေအားလုံးသာမန်လူလိုပါပဲ …. ။ အိမ်လည်းနီးပြီး … မနက်တိုင်းလိုလို လှလှပပပြင်ဆင်ဝတ်စားပြီး .. အိမ်ရှေ့က ဖြတ်သွားတတ်တဲ့ သူမကို ကျွန်မသတိထားကြည့်မိတယ် ….။ အင်္ဂါမစုံတာကိုမေ့ထားပြီး …. သူလုပ်စရာရှိတာ သူလုပ်မြဲ လုပ်ဖြစ်တဲ့ သူမကို ကြည့်ပြီး … စိတ်ခွန်အားတွေ ကူးစက်လာသလိုခံစားမိပါတယ် … ။ သူမနဲ့ ရင်းနှီးကျွမ်းဝင်မှုရချင်မိပြီး စကားပြောချင်စိတ်ဖြစ်မိတဲ့အခါ .. အကြောင်းမရှိအကြောင်းရှာ သူမကို ပတ်သတ်ဖို့ ကြိုးစားမိတယ် … ။
အိမ်မှာ အလှူလုပ်တဲ့တစ်နေ ့အလှူလာရတာ အဆင်မပြေမှာစိုးလို့ဆိုတဲ့ အကြောင်းပြချက်နဲ ့သူမစားဖို့ မုန့်ဟင်းခါး သွားပို့ဖြစ်တယ် …. ။တိုက်တိုက်ဆိုင်ဆိုင်ပဲ အိမ်သားတွေ .. တစ်ယောက်မှ ရှိမနေပါဘူး .. သူမကတော့ .. ထိုင်ခုံလေးမှာ ထိုင်ရင်း … စာအုပ်တစ်အုပ်ကို ဖတ်နေပါတယ် … ။ မုန့်ဟင်းခါးလာပို့ပေမယ့် … အိမ်သားတွေမရှိတော့ … ဂျိုင့်လှယ်ပေးဖို့ အဆင်မပြေမှာစိုးတာနဲ့ … နောက်မှပဲ ဂျိုင့်လာယူတော့မယ်လို့ပြောပြီး ထားခဲ့မယ်အလုပ် … သူမက … အစ်မလှယ်ပေးလိုက်မယ် ခဏလေးနော်ဆိုပြီး … လျှင်မြန်စွာပဲ .. ထိုင်ခုံကနေလျှောချလိုက်ပြီး .. ကိုယ်တပိုင်း ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက် .. ဖင်ရွှေ့လိုက်နဲ့ … ကျွန်မလက်ထဲက ဂျိုင့်ကိုယူပြီး အိမ်နောက်ဖေးဝင်သွားပါတယ် … ။ ခဏကြာတော့ … ဂျိုင့်လေးကိုင်ပြီး.. ခုဏနကလိုပုံစံနဲ့ .. သူမပြန်ထွက်လာပါတယ် … ။ ကျေးဇူးတင်တယ်နော် ဆိုပြီး … ဂျိုင့်လေးကို ကျွန်မလက်ထဲ ပြန်ထည့်ပေးပါတယ် … ။
ကြုံတောင့်ကြုံခဲ ဖန်တီးထားသည့် အခွင့်ရေးမို့ … ကျွန်မသိလိုတာတွေကိုမေးချင်ပေမယ့် .. မေးလို့ကောင်းပါ့မလား .. မကောင်းဘူးလားလို့ … စိတ်တွေလွန်ဆွဲနေမိခဲ့တယ် …. ။ နောက်ဆုံး … သိချင်တာကို မေးလိုက်တာပဲ ကောင်းပါတယ်လို့ … စိတ်ပိုင်းဖြတ်ပြီး … သိချင်တာလေးတွေ မေးမိပါတယ် …. ။ သူမအကြောင်းသိလိုက်မှ .. ဖျားချင်ချင်တောင်ဖြစ်သွားမိတယ် …. ။ မသန်သူတစ်ယောက်ရဲ့ လုပ်ဆောင်နိုင်မှု အရည်သွေးတောင် ဒီလောက်ဆိုလျှင် .. ကျွန်မတို့ဆို ပိုပြီးတော့တောင် .. လုပ်နိုင်ရပါမယ် … သို့သော် .. စိတ်ခံယူချက်နဲ့ …အားထုတ်မှုချင်းကွာလို့ … မသန်တဲ့ သူမစိတ်ဓါတ်ကို မမှီတာ ကိုယ့်ကိုယ်ကိုတောင် ရှက်မိပါသေးတယ် … ။
သူမ ငယ်ငယ်ကတည်းက …တောမှာ ဆေးထိုးမှားပြီးခြေနှစ်ဖက်သိမ်သွားခဲ့ရတာဖြစ်ပေမယ့် … သာမန်လူတွေလိုပါပဲ … အစိုးရ မူလတန်း ၊ အလယ်တန်း ၊ အထက်တန်းကျောင်းတွေမှာ ပညာသင်ကြား တတ်မြောက်ခဲ့တယ် … အဲ့ဒီကနေ .. ဆယ်တန်းအောင်မြင်ခဲ့ပြီး …. ရန်ကုန်တက္ကသိုလ်မှာ ဓါတုဗေဒပညာရပ်နဲ့ လူစဉ်မှီသူတွေကြားထဲ … သူမပညာသင်ခဲ့တယ် … အဲ့ဒီကနေ . အဆင့်ဆင့်ပညာသင်ခဲ့ပြီး ..ဘွဲ့ရခဲ့တယ် … ။ ပညာသင်ကြားမှုကို ဝါသနာထုံတဲ့ သူမက … သာမန်လူတွေကြား …. တဆင့်ပြီးတဆင့် .. လေ့လာ သင်ယူခဲ့ရာက … မာစတာဘွဲ့ကိုတောင် ပိုင်ဆိုင်နိုင်ခဲ့ပါတယ် …. ။ ကျွန်မနဲ ့တွေ့တဲ့ အချိန်မှာတော့ …သူမ Ph.Dဘွဲ့အတွက် … စာတမ်းပြုစုနေပါသတဲ့ … ။ သူမဒီလို ရပ်တည်သင်ယူနိုင်တာ .. သူမရဲ့ ပင်ကိုယ်စိတ်ဓါတ်အပြင် ၊ မိဘများရဲ့ ပံ့ပိုးကူညီမှုတွေကြောင့်လည်းပါသေးသတဲ့ … မွေးချင်းလေးယောက်အနက် …သူမတစ်ယောက်တည်း မိန်းကလေးဖြစ်ပြီး..အကြီးဆုံးလည်း ဖြစ်ပါတယ် … ။ အစ်မကြီး အမိရာဆိုသကဲ့သို့ …. အိမ်ရဲ့ … စီးပွားရေး ငွေဝင်ငွေထွက် ကိစ္စတိုင်းကို သူမက စီမံခန့်ခွဲပါတယ် … ။ အဖေ ၊ အမေနဲ့ မောင်လေးများကတော့ … စီးပွားရေးကို ကုန်းရှာကြပြီး … သူမကတော့ ကျောင်းတက်လိုက် ၊အိမ်မှာနေလိုက် ၊ မိသားစုဝင်ငွေ ၊ အသုံးစရိတ် စီမံခန့်ခွဲလိုက်နှင့် …. တက်ညီလက်ညီ ရုန်းကန်နေကြပါတယ် …. ။ ညပိုင်းအချိန်တွေမှာလည်း … အိမ်နီးနားချင်းကလေးများကို …. ကျူရှင်သင်ပေးပြီး မိသားစုစီးပွားရေးကို တစ်ဖက်တစ်လမ်းကနေ အားဖြည့် ကူညီပေးပါသေးတယ် … ။ မြန်မာနိုင်ငံ မသန်မစွမ်းသူများ အသင်းရဲ့ အသင်းဝင်အဖြစ်လည်း … လုပ်အားပေးလျှက်ရှိပြီး … အသင်းရန်ပုံငွေအတွက် … သူမရဲ့ ဓါတ်ပုံကို ပြက္ခဒိန်အဖြစ် သုံးခွင့်လည်းပေးပါသေးတယ် …. ။ အစိုးရနဲ့ လှူမှုရေးအဖွဲစည်း တစ်ချို့ကပေးတဲ့ … ဆုများကိုလည်း ရရှိခဲ့ဖူးကြောင်းလည်း .. သိခွင့်ရခဲ့ပါတယ် … ။ မသန်ပေမယ့် စွမ်းတဲ့ သူမအကြောင်းကိုကြားရတဲ့အခါ …. ကြံ့ခိုင်ထက်သန်တဲ့ စိတ်ဓါတ်ပိုင်ရှင်အဖြစ်ရော .. အစွမ်းစရှိတဲ့ဦးဆောင်နိုင်သူအဖြစ်ပါ သူမကို ဂုဏ်ယူလေးစားမိပါတော့တယ် … ။မသန်ပေမယ့် ..စွမ်းတဲ့ သူမမှာတောင် ဒီလို စိတ်ဓါတ်ခွန်မျိုးအားမျိုးရှိနေလျှင် .. သန်လည်းသန်တဲ့ ကျွန်မတို့မှာရော … စွမ်းအားပြင်းစိတ်ဓါတ်မျိုးရှိသင့်တာပေါ့ …. ။ ရွာသူရွာသားတို့အားလုံးလည်း …. ကြံ့ခိုင်ထက်မြက်ပြီး .. ပြင်းပျတဲ့စိတ်ဓါတ်မျိုး ပိုင်ဆိုင်ကာ ကိုယ့်ဘဝကိုယ် လိုရာပဲ့ကိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ ။
( မြန်မာနိုင်ငံ မသန်မစွမ်းသူများ အသင်းက …. ခေါင်းဆောင်မှု သင်တန်းဖွင့်လှစ်တာကိုရော … ဖွင့်လှစ်ရတဲ့ ရည်ရွယ်ချက်ကိုပါ နှစ်သက်ထောက်ခံအားပေးလိုစိတ်ဖြင့် အထက်ပါပို့စ်ကို ရေးသားခြင်းဖြစ်သည် ။ )
P.S// သဂျီးဆိုက်ကို တိုက်ရိုက်ဝင်ကြည့်လို့မရတော့ဘူး … ဘာဖြစ်သလဲတော့မသိဘူး .. နက်ဝေါ့အယ်ရာတဲ့ … အခုတောင် စတူးပစ်ဆန်ဆာကနေ ကျော်ပြီး ဝင်ရလို့ ပို့စ်တင်တဲ့အခါ … ပုံတင်လို့ မရဘူး … 🙁 🙁
23 comments
သူရဇော်
March 20, 2012 at 11:35 am
အန်တီမေရေ ပို့စ်လေးကတော်တော်ကောင်းတဲ့အတွက် ဖတ်ရတာ အားတက်လှပါတယ်………. စာသား အသွားအလာလေးတွေကလှ ထိထိမအန်တီမေရေ ပို့စ်လေးကတော်တော်ကောင်းတဲ့အတွက် ဖတ်ရတာ အားတက်လှပါတယ်……….
“မသန်ပေမယ့် ..စွမ်းတဲ့ သူမမှာတောင် ဒီလို စိတ်ဓါတ်ခွန်မျိုးအားမျိုးရှိနေလျှင် .. သန်လည်းသန်တဲ့ ကျွန်မတို့မှာရော … စွမ်းအားပြင်းစိတ်ဓါတ်မျိုးရှိသင့်တာပေါ့ ´´
ကိုရင်မောင်
March 20, 2012 at 11:36 am
အိတုန်ရေကျနော်တို့နေခဲ့တဲ့ရပ်ကွက်ထဲမှာလဲ
ခလေးတယောက်ရှိပါတယ်…ခြေထောက်မသန်လို့ဂျိုင်းထောက်အကူနဲ့
သွားရပါတယ် ခုဆိုဆရာဝန်ကြီးတောင်ဖြစ်နေပါပြီ ဂုဏ်ယူစရာပါ….
Khaing Khaing
March 20, 2012 at 11:39 am
မမတုံရေ မသန်ပဲစွမ်းတဲ့လူတွေကအများကြီးပါ တစ်ချို့မသန်စွမ်းသူတွေဆိုရင် ဘဝအစမှာကတည်း မသန်စွမ်းခဲ့တော့ သူတို့က ဘဝအကြောင်းကောင်းကောင်းနားလည်သင်ယူနိုင်ခဲ့တယ် တစ်ချို့တွေကျပြန် တော့လည်း မွေးကတည်းကပြည့်စုံခဲ့ကြတယ် ဒါပေမယ့် အဲဒီအရှိန်အဝါနဲ့မိမိကိုယ်မိမိ စွမ်းဆောင်နိုင်မယ်လို့ ထင်ခဲ့တယ် ဒါပေသည့် စွမ်းဆောင်နိုင်မှုကတော့ အားနည်းတတ်ကြပါတယ် … နောက်တစ်ခုက အရာအားလုံးထဲမှာ အခက်ခဲဆုံးစွမ်းဆောင်နိုင်ဖို့ ကိစ္စတစ်ခုရှိပါတယ် ” Management ” တဲ့ သူ့ရဲ့အဓိပ္ပာယ်ထဲမှာ Man ဆိုတာပါတယ်လေ လူတွေကို ထိန်းသိမ်းဖို့ဆိုတာ အခြားအရာတွေကိုသာ ဦးဆောင်နိုင်ဖို့လွယ်မယ် လူတွေကိုဦးဆောင်နိုင်ဖို့ဆိုတာ တော်တော်ကိုခက်ခဲတယ်တဲ့ မခိုင်တို့ဆရာတစ်ယောက်ကအမြဲသင်ပေးဖူးတယ်… လူတွေကိုကောင်းကောင်းဦးဆောင်နိုင်တဲ့သူသာ လူတော်ပါတဲ့ …အမေစုလို့ပေါ့ ……
နတ်ဆိုးလေး
March 20, 2012 at 11:42 am
ဘယ်က ဘယ်လိုပြောရမှန်းကို မသိပါဘူး etone ရယ်။ အရမ်း ကို လေးစားပါတယ်လို့ဘဲ ပြောစရာ ရှိပါတော့တယ်။
နွယ်ပင်
March 20, 2012 at 12:09 pm
etone ရေ ရေးထားတဲ့ အကြောင်းအရာလေးက အရမ်းကိုကောင်းပါတယ်
ကြံ့ခိုင်ထက်မြက်ပြီး ပြင်းပျတဲ့စိတ်ဓါတ်မျိုး အစွမ်းစရှိပြီး ဦးဆောင်နိုင်သူ တစ်ယောက်ဖြစ်ဖို့ဆိုတာ တော်ရုံလူအတွက် မလွယ်တဲ့အရာတစ်ခုပါ ..
မသန်ပင်မယ့် စွမ်းတဲ့လူတွေရဲ့ အားထုတ်နိုင်မူကတော့ တော်တော့်ကို အားကျစရာပါပဲ ..
Ma Ei
March 20, 2012 at 12:37 pm
ကိုယ်ခန္ဓာ မသန်စွမ်းပေမဲ့ ဘဝကိုအရှုံးမပေး အနိုင်ယူခဲ့နိုင်တဲ့
အိတုန်ရဲ့ ဇာတ်လိုက်မလေး အတွက် ဂုဏ်ယူပါကြောင်း ပြောပေးပါကွယ်…
mm co
March 20, 2012 at 12:45 pm
ကိုနေလင်းစိုးရဲ့ ကြိုးစားမှု၊ ဇွဲ၊ လုံ့လ အကြောင်းကို real lives real stories ဆိုတဲ့စာအုပ်ထဲမှာဖတ်ဖူးတယ်။ချီးကျူးဖို့ကောင်းပါတယ်။ အဲ စာအုပ်ကတော်တော်စိတ်ဝင်စားစရာကောင်းတယ်။ true stories လေးတွေပါ။
etone ရဲ ့ဆုတောင်းလေးကို သဘောကျပါတယ်။ လူတိုင်းတွက် အလိုအပ်ဆုံးဆုပါပဲ။
etone
March 20, 2012 at 1:20 pm
ကိုသူရဇော်ရေ … ဒီပို့စ်ကိုရေးရတာကလည်း .. စိတ်ခွန်အားထက်သန်စေချင်တဲ့ ရည်ရွယ်ချက်ကြောင့်ပါ … ဖတ်ရတာ အားတတ်တယ်ဆိုလို့ .. ဝမ်းသာပါတယ် .. ။
ကိုရင်မောင်ရေ … ကြားရတဲ့ သတင်းက ဝမ်းသာစရာပါပဲ … ။ မသန်ပေမယ့် စွမ်းတဲ့ သာဓကတွေပါပဲ … ။ မိမိရဲ့ အားနည်းချက်ကို … မေ့လျော့ပြီး … လိုရာကြိုးစားတတ်တဲ့ သူတို့ စိတ်ဓါတ်လေးတွေကို … အားကျ လေးစား မိပါတယ် ။
အစ်မခိုင်ခိုင်ရေ … Management က တကယ့်ကို အရေးပါပါတယ် … ။ ပညာတတ်မှ မတတ်မှ ဆိုတာထက် … အိမ်ရှင်မတစ်ဦး အိမ်ထဲ ဟင်းချက်နေလျှင်တောင် .. ဘယ်ဟင်းကို ဘယ်လိုချက်နေချိန် ၊ ဘယ်အရွယ်ကိုရေစေးပြီး ၊ ဘယ်အသီးကိုနွှာထားမလဲ စသဖြင့် တွေးတောပြီး .. မိမိကိုယ်ကို စီမံ ခန့်ခွဲရတာမျိုးမို့ … အရေးပါတယ်ဆိုတာထက်ကို ပိုလို့တောင် အရေးပါသေးတယ်လို့ ယူဆမိပါတယ် … ။
နတ်ဆိုးလေးရေ … ဟုတ်ပါတယ် …. သူတို့တွေ ကိုယ့်အလုပ်ကိုယ်လုပ်နေတာဖြစ်ပေမယ့် … ပြင်းထန်တဲ့စိတ်ဓါတ် ၊ မလျော့သောဇွဲတို့ကိုတော့ မလေးစားပဲ မနေနိုင်တော့ပါဘူး … ။
အစ်မနွယ်ပင်ရေ .. လူမကြံ ့ခိုင်ပေမယ့် စိတ်ဓါတ်ကြံ့ခိုင်တဲ့ သူတို့ ဘဝတွေကိုကြည့်ပြီး … ခြေအစုံ လက်အစုံရှိပါလျှက် … ရေရေရာရာ အသုံးမကျတဲ့ ကိုယ့်ကိုယ်ကို အားမလို အားမရဖြစ်မိရင်း … ရေးဖြစ်သွားတဲ့ ပို့စ်ပါပဲ … အောက်ဆုံးမှာရေးထားသလိုပေါ့ … သူတို့သင်တန်းဖွင့်တာကိုရော ၊ ဖွင့်ရတဲ့ ရည်ရွယ်ချက်ကိုပါ .. အားပေးထောက်ခံလို့လည်း .. ပါပဲ … ။
အန်တီအိရေ … သူမကတော့ … အိမ်ပြောင်းသွားပါပြီ .. နေပြည်တော်ကိုရောက်နေပြီဆိုလားပဲ … ။ သတင်း သဲ့သဲ့ကြားတာကလွဲလို့ .. ဖုန်းနံပါတ်တွေလည်း … ပြောင်းသွားခဲ့ပြီလေ … ။
jujuma
March 20, 2012 at 1:34 pm
မသန်ပေမယ့်စွမ်းရမယ်…..
အဓိကကတော့ စိတ်ဓါတ်ပါပဲနော်…
သန်မာတဲ့သူပဲဖြစ်ဖြစ်..မသန်စွမ်းတဲ့သူပဲဖြစ်ဖြစ် စိတ်ဓါတ်ကြံခိုင်မှုရှိမှ အရာရာပြီးမြောက်အောင် မြင်နိုင်မှာပါ..
yaungchikha
March 20, 2012 at 1:47 pm
ဘဝကို ဇွဲမလျော့ပဲ ကြိုးစားကြတာ၊ စိတ်ဓါတ်ပိုကြံ့ခိုင်ကြတာတွေကိုကြည့်ပြီး လေးစားမိပါတယ်…
kyeemite
March 20, 2012 at 2:13 pm
အင်း..ကျုပ်လည်းဒီပို့စ်ဖတ်ပီးမှ…အပျင်းထူတဲ့..
နေ့ရွှေ့ညရွှေ့လုပ်တတ်တဲ့…စာပြန်ဖတ်မယ်ရည်ရွယ်ပီး
မဖတ်ဖြစ်တဲ့…ဟိုဟာလေ့ကျင့်မယ် ဒီဟာလေ့ကျင့်မယ်ဆိုပီး
မလေ့ကျင့်ဖြစ်တဲ့…စသည်စသည်..တဲ့ ပေါင်းများစွာနဲ့
လည်ထွက်နေတဲ့ မိမိကိုယ်ကိုယ် ရှက်မိပါကြောင်း။
အခုနောင်တရပီ..စပြီဟေ့….ဟီး..မနက်ဖန်မှစမယ်။
အော်..လုပ်ပြန်ပြီ..“ဒီနေ့အလုပ်နက်ဖန်မရွေ့နဲ့” ဆိုတာကိုး..
သန်ဘက်ခါမှစတော့မယ်..ဟီး..
ကြောင်လေး
March 20, 2012 at 10:51 pm
မနက်ဖန်မှလုပ်လို့ရတဲ့အလုပ်ကိုဒီနေ့မလုပ်နဲ့ တဲ့
အကြည်တော် စာပေဟောပြောပွဲတစ်ခုမှာပြောတာ
ရွှေဘိုသား
March 20, 2012 at 2:29 pm
ဟုတ်တယ်အစ်မရေ
ရွာသူရွာသားတို့အားလုံးလည်း …. ကြံ့ခိုင်ထက်မြက်ပြီး .. ပြင်းပျတဲ့စိတ်ဓါတ်မျိုး ပိုင်ဆိုင်ကာ ကိုယ့်ဘဝကိုယ် လိုရာပဲ့ကိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ် ။ အဲဒီလို ဖြစ်ဖို့ကြိုးစားနေပါတယ်
ဆူး
March 20, 2012 at 3:29 pm
မသန်ပေမဲ့ စွမ်းသူများ ကို အမြဲ ဂုဏ်ယူပါတယ်။
သူတို့လိုများ ဖြစ်နေခဲ့ရင် ကိုယ်တွေ ဒီလောက် အစွမ်းအစ ရှိပါ့မလားလို့ အမြဲတွေးမိတယ်။
ကောင်းတယ် ညီမ စိတ်ကူးလေး ကောင်းတယ်။
Rose Minn
March 20, 2012 at 3:51 pm
e tone ရေ ဒီပို့စ်ကို ဖတ်ပြီး အားတက်မိတယ်။ ကိုယ်တွေက ခြေအစုံ လက်အစုံရှိရဲ့သားနဲ့ အားငယ်ငယ်နေတာလေ။ အခုတော့ တကယ်ကို အားတက်မိတယ်။ တစ်ခုခုဖြစ်ခဲ့ရင် အားငယ်တက်တဲ့စိတ်က အရင်ဝင်ဝင်လာလို့ ခရီးမတွင်ဘူး ဖြစ်နေတာ။ အရင်က လည်း ဒီလိုဇာတ်လမ်းမျိုးတွေ ဖတ်ဖူးတယ်။ ဒါပေမယ့် သတိမေ့မေ့နေတာ။ သတိပေးလိုက်သလိုဖြစ်သွားတယ်။ အားငယ်စိတ် ဝင်ရင်ဖြင့် အဲဒီမမ သတိရလိုက်မယ် ။ e tone ကိုလည်းကျေးဇူးတင်တယ်နော်။ ဒီပို့စ်လေးနဲ့ အားပေးလို့။
MaMa
March 20, 2012 at 6:04 pm
အီတုံးပေးတဲ့ ဘဝအားဆေးလေးကို စားသုံးသွားပါတယ်။
အားအင်ပြည့်ဖြိုးခွန်အားတိုးစေတဲ့ ပိုစ့်လေးပါပဲ။ 🙂
surmi
March 20, 2012 at 10:43 pm
သိပ်ကောင်းပါတယ် ။ဒီပို.စ်ကို အကြောင်းအမျိုး မျိုးပြပြီး ပျင်းနေတဲ.သူတွေကိုဖတ်ခိုင်းချင်တယ် ။
ကျွန်တော်တွေ.ဘူးတဲ.ထူးထူးခြားခြားနှစ်ယောက်ကတော. ခြေအတုတပ်ထားတဲ.ဆိုက်ကားသမားနဲ.
ခြေတစ်ဘက်မသန်တဲ.လက်ဝှေ.သမား ။ဆိုက်ကားသမားကိုတော. အခုထိ ကြည်.မြင်တိုင်ဆင်မလိုက်
နားမှာတွေ.နိုင်သေးတယ် ၊ လူနှစ်ယောက်လောက်တော.အသာလေးနင်းနိုင်တယ် ။
လက်ဝှေ.သမားကိုတော. လွန်ခဲ.တဲ.အနှစ်(၂၀)လောက်က တောင်ငူမြို.ရဲ.လက်ဝှေ.ပွဲတစ်ခုမှာ
စင်ပေါ်တက်ပြီး စိန်ခေါ်နေတာတွေ.ခဲ.ဘူးတယ် ။ဘာဘဲဖြစ်ဖြစ်သူတို.တွေဟာ ဘဝကိုရဲရဲရင်.ရင်.ရင်ဆိုင်
ကြတဲ.သူတွေပါပဲ ။
padonmar
March 21, 2012 at 12:26 am
တုံမမရေ
မအားတဲ့ကြားကတင်ပေးတဲ့ post လေးအတွက်ရော
မသန်ပေမယ့် စွမ်းသူတွေ အတွက်ရော
လက်ခုပ်တီး လက်မထောင် အားပေးပါတယ်။
Khin Latt
March 21, 2012 at 4:27 am
တုံတုံရေ
တို့မြန်မာပြည်မှာလဲ ဒီလို မသန်စွမ်းသူတွေ အတွက် ပံ့ပိုးမှုတွေ ကြားသိရတာ ဝမ်းမြောက်ဂုဏ်ယူပါတယ်။
နောင်တစ်ချိန်မှာ သူတို့လဲ သူလိုကိုယ်လို လမ်းတွေပေါ်မှာ သွားလာနိုင်အောင် အထိ ပံ့ပိုးနိုင်မယ် မျှော်လင့်ပါတယ်။
လူဆိုတာ တစ်နေရာမှာ ချွတ်ယွင်း ရင် နောက်တစ်နေရာမှာ ပိုပြီးသန်စွမ်းတယ် ကြားဘူးတယ်။
ဥပမာ – အမြင်အာရုံမကောင်းရင် အကြားအာရုံ ပိုကောင်းသလိုပေါ့။
ဒီတော့ သူတို့မှာလဲ ကိုယ်ပိုင် အင်အားစွမ်းအင် တွေရှိတာပါဘဲ။
အားလုံးက ကြိုးစားပြီး ဝိုင်းဝန်းဖေးမ သင့်ပါတယ်။
ဒီလို Post လေး အတွက် လက်မ အမြင့်ကြီးထောင်သွားပါတယ် တုံကလေး။ 🙂
ဖားသက်ပြင်း
March 21, 2012 at 8:05 am
ဂျာ….
ခြေမသန်တဲ့လူတောင် ပီအိတ်ချ်ဒီ အတွက် စာတမ်းပြုစုနေဘီ…
မောင်ဂီ မောင်ဂီ…. မင်း ရှက်တတ်ရင် လဲသေလို့ရဘီ …..
အိမ်တွင်း စီမံခန့်ခွဲမှုတောင် လုပ်လိုက်သေးသတဲ့ …
မောင်ဂီ မောင်ဂီ…. မင်းကိုယ်မင်းတောင် စီမံခန့်ခွဲနိုင်ရဲ့လား ဟင်င်င်…..
အန်ဂျီအိုတောင် လုပ်အားပေးလိုက်သေးဆိုဘဲ ….
မောင်ဂီ မောင်ဂီ … မင်းကိုဘယ် အန်ဂျီအိုက လာကူမလဲဘဲ မင်းမျှော်နေတတ်တာမလား..
ရှက်ထှာအေ….
ရှက်ရှက်နဲ့ဘဲ …အားပေးသွားပါတယ် ..ဆုံသင်းတုံရေ…
😀
FattyCat
March 21, 2012 at 10:59 am
ဂီဂီရေ-
ရှက်တတ်မယ်ဆိုရင် ရှက်သင့်ပါတယ်…
အမှန်အတိုင်းဝန်ခံရရင် ငါလဲ ရှက်သား….ဟီး
star flower
March 21, 2012 at 11:40 am
တွေ့ဘူးတယ်။
လက်ချေင်းလေးတွေ မရှိပေမယ့် computer ကိုခြေထောက်နဲ့ သုံးတက်တယ်။
တကယ်ဂုဏ်ယူ အတုယူ အားကျဖို့ကောင်းပါတယ်။
manawphyulay
March 30, 2012 at 10:50 am
အတော့်ကို သဘောကျစရာကောင်းတဲ့ပိုစ့်လေးတစ်ပုဒ်ပါပဲ။ နောက်ပြီး ဒီလိုသင်တန်းတွေလည်း အများကြီး ပေါ်ပေါက်လာနိုင်ရင် အတော်ကောင်းမယ်နော်။ မသန်စွမ်းသူတွေက သန်စွမ်းသူတွေထက် ဉာဏ်ရည်ဉာဏ်သွေးကော အရည်အချင်းပါ သာကြတာများပါတယ်။ နောက်ပြီး ခြေမရှိတဲ့သူတွေတောင် အားကစားပြိုင်ပွဲတွေ အကြိမ်ကြိမ်လုပ်တာ မြင်ဖူးတယ်။ သူတို့အတွက် ဂုဏ်ယူဖို့ကောင်းလှပါတယ်။