အပျင်းပြေ .. အတွင်းကြေနေတယ်
အမည်းဟာ ခရမ်းရောင်ပြောင်းသွား
အသံတွေ ၊ အရိပ်တွေ ၊ လှိုင်းတွေ
မဝံ့မရဲကြည့်တာ အသေအချာ
ရယ်မောနေသူအဖို့ ဘာကိုမှနာကျင်ခွင့်မရှိ
စိတ်ကူးတည့်ရာ ပေါက်ရောက်တဲ့သစ်ပင်
သတိဟာ လက်ထဲက လွတ်ကျသွားရင် ကောင်းမှာပဲ
နှုတ်ခမ်းတွေ တွန့်ကွေးလိုက်သလား
တဖျစ်ဖျစ်မြည်လို့
စတော်ဘယ်ရီသီးလို ဒေါသ
နီ ရဲ တောက်ပနေတယ်
ကြောက်လို့မဟုတ်ဘူး .. လွှဲလိုက်တာ ၊ စိုက်ထားတာ
အသိဉာဏ်ထဲက ကျည်ဆံတွေထွက်ကျလာမှာစိုးလို့
လေနေတယ်
ေ မြ ာ ေ န တ ယ်
လွ တ် ေ န တ ယ်
လောင်နေတယ်
စိတ်ရောင်စုံပူဖောင်းများ
ဒုက္ခပဲ .. ပန်းတစ်ပွင့်သတ်လို့
ငါ
အသက်ရှူရပ်နေရပုံ ။
(မှတ်ချက် ။ ယခု ကဗျာသည် ပြီးခဲ့သော မတ်လ ၂၁ ရက် ၊ “ကမ္ဘာ့ကဗျာနေ့” အခမ်းအနားတွင် ဝေငှခဲ့သော “အယ်လ်ဘမ် အမှတ် ၂၁၀၃၂၀၁၂” Poetry Sheet တွင် ထည့်သွင်းရေးသားခဲ့သော ကဗျာဖြစ်သည်)
သူရဿဝါ
23. March. 2012
3 comments
Khaing Khaing
March 23, 2012 at 1:55 pm
စတော်ဘယ်ရီသီး ပူတဲ့အချိန်မှာစားချင်လိုက်တာ စတော်ဘယ်ရီလို နီရဲတောက်ပနေတယ်တဲ့ နောက်တာနော် …
ကဗျာကိုကောင်းကောင်းမရေးတတ်ဘူး သူများရေးတာကိုတော့ အားပေးတယ် ….
kaung kin pyar
March 23, 2012 at 2:35 pm
စတော်ဘယ်ရီသီးရဲ့ ဒေါသတော့ ဘယ်လိုထွက်လဲ မသိဘူး။ ခုချိန် နို့ဆီလေးနဲ့ တို့စားလိုက်ရတော့နော်…။
“ဘီလူးကြီး”ogre
March 24, 2012 at 7:53 pm
အားကိုဂျီး…
နာမယ်နော် ..သူရသဝါ
”သူရ” ကဘယ်သူပေးတဲ့ဘွဲ့လဲ..တပ်ချုပ်ကြီးပေးတာတော့ ဟုတ်ပါဘူးနော် 🙂