“အလင်းအမှောင်အရောင်အရိပ် အမှတ် တစ်”












“အလင်းအမှောင်အရောင်အရိပ်- တစ်”
ကျနော်ငယ်ငယ်က တည်းက ဓါတ်ပုံတွေကြည့်ရင် အလင်းအမှောင်ကိုစိတ်ဝင်စားပါတယ်။
ငယ်တုံးက ကြည့်ရတဲ့ မြဝတီ တို့ ငွေတာရီ တို့ဆိုတဲ့ မဂ္ဂဇင်းတွေမှာ ပါတဲ့ဓါတ်ပုံတွေက
အဖြူအမဲတွေချည်းပါဘဲ။
အဲတော့ အလင်းအမှောင်သဘောက ပိုထင်ရှားပါတယ်။
ကျောက်တော်ကြီးဘုရားကိုရောက်တဲ့အခါ မှာ အလင်းပေါက်အကြီးကြီးတွေက
နေကျလာတဲ့ အရိပ်တွေကြည့်ရင်း အခုလို လက်ဆော့ဖြစ်ပါတယ်။
သက်မဲ့အရာတွေက တော့ သူ့သဘောအတိုင်းသူရှိနေကြပါတယ်.။
ကျနော်တို့ ကသာ အမျိုးမျိုးဖန်တီးလို့ အရောင်တွေဆိုးကြတာကိုး။
ကဲ ကြည့်လိုက်ပါအုံး စက်အားကိုးနဲ့လူဆော့ထားတဲ့ ပုံလေးတွေကို။
နောက်ထပ်လဲ ဒီလိုပုံလေးတွေလာပါအုံးမည်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါး
(24-3-2012)
7 comments
water-melon
March 24, 2012 at 8:26 am
ဘကြီးပေါက်ချင့်
သများကိုလည်း အဖြူအမဲဓာတ်ပုုံရိုက်ပေးပါနော်
မော်ဒယ်လိုရင်လဲပြောနော် 😀
ကိုပေါက်(မန္တလေး)
March 24, 2012 at 9:01 am
လူပုံမရိုက်ချင်ပါ။
yaungchikha
March 24, 2012 at 11:21 am
လေးပေါက်က လူပုံဆိုရင် မဒမ်ပေါက်ပုံပဲ ရိုက်မှာပေါ့ ဖရဲရယ်.. 🙂
နံပါတ် ၂ပုံ အလင်းတံခါးတစ် ပုံကို ကြိုက်တယ်၊
windtalker
March 24, 2012 at 1:19 pm
အလင်းမှောင် ပုလင်းထောင်
ပယင်းရောင် ယစ်ရွှေရည်မောင်
ချိုမြမြ အပျိုစစ
အိုထမရ ဘိုမက
“ဘီလူးကြီး”ogre
March 24, 2012 at 7:47 pm
ကပေါက် ရေ…
အနော့်ကိုလဲ ..ဖြတ်ရိုက်ပေးပါနော်
လိုင်စင်ပုံလေး လိုချင်လို့ 🙂 😛
ကိုပေါက်(မန္တလေး)
March 24, 2012 at 9:21 pm
သူများက ဘုရားပုံတင်ပါမှ ယမကာလုလင်နဲ့လာတွေ့နေပြန်ပါပြီ။
ရတယ်လေ ဖြတ်ရိုက်ပေးမယ် ပျောက်နေတဲ့ဘီလူးကြီးကို
kyawtheinmyint 23
March 24, 2012 at 10:41 pm
သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာထဲက မြင်ဆရာထဲမှာ ပါတဲ့ ဦးပေါက်ရေ ပုံတွေအတွက် thank.