အမှောင်ဒေါင့်ထဲမှချောင်းကြည့်ခြင်း……………

















“အမှောင်ဒေါင့်ထဲမှ ချောင်းကြည့်ခြင်း”
ကျောက်တော်ကြီးဘုရားရောက်တဲ့ရက်မှာ ထိုင်နေရင်းက အလင်းတွေအမှောင်တွေကို
မြင်တွေ့လိုက်ရပါတယ်။
အဲလို့ အလင်းရောင်သိပ်မရတဲ့နေရာမှာထိုင်နေရင်း ဘုရားဖူးတွေဖြတ်သွားဖြတ်လာ
လုပ်တာကို ထိုင်ကြည့်နေမိပါတယ်။
ကြည့်နေရင်းက အလင်းရောင်အခုံးကြီးရဲ့အလယ်မှာ လူတွေဖြတ်သွားတာကိုလဲမြင်ရော
အလယ်တည့်တည့် မိအောင် ဖမ်းပြီးရိုက်ကြည့်ပါတော့တယ်။
မိတာမိ မမိတာမမိပေါ့။
နောက်ဆုံးတော့ မိတာပါဘဲ။
ကြည့်နေရင်း တိုးရစ်အဖွဲ့တစ်ဖွဲ့ဖြတ်သွားတော့ သူတို့ အရိပ်တွေက
နံရံမှာကပ်ထားတဲ့မှန်မှာလာပေါ်တာကိုမြင်လိုက်တော့
မှန်ထဲမှာလာထင်တဲ့ အရိပ်ကို မိအောင်ဖမ်းဘို့ အလုပ်ရသွားပြန်ပါတယ်။
မိတာမိ မမိတာမမိ။
နောက်ဆုံးတော့မိတာပါဘဲ။
ကျနော်ပြောချင်တာက ပုံကောင်းလေးတစ်ပုံရဘို့ စိတ်ရှည်လက်ရှည်နဲ့
ပုံပေါင်းများစွာကို ရိုက်ယူရ လက်ဆော့ ရတယ်ဆိုတာကိုပါ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့ တော့ရလာတဲ့အတွေးပါးပါးလေး။
(24-3-2012)
13 comments
water-melon
March 25, 2012 at 9:13 am
မာမီပေါက်ချင့်
မှန်ပေါ်မှာ လာပေါ်တဲ့ပုံများကိုကြိုက်ပါကြောင်း
တော်သေးတာပေါ့ အဲဒီနေ့က ချစ်သူသက်ထားနဲ့မလာလို့
လာရင်ပါအုန်းမှာ 😀
ကိုပေါက်(မန္တလေး)
March 25, 2012 at 9:40 am
ဒီတစ်ခါကတော့ လက်ဆော့တာအစစ်ဗျ။
နေဝန်းနီ
March 25, 2012 at 12:30 pm
ကျွန်တော်လည်း ကိုပေါက်နဲ့ တစ်ရက်လောက် စိတ်အေးလက်အေး လာဆော့ချင်ပါရဲ့ တစ်ရက်ရက်ပေါ့ဗျာ သူကြီးပြောသလို ကမ္ဘာမပျက်ခင်ပေါ့………….။ 😛
မဟာရာဇာ အံစာတုံး
March 25, 2012 at 12:51 pm
လေးပေါက်က ..
ချောင်းတာလည်း တော်တာပဲဗျ … 😀
မှန်ထဲက ပုံတွေကို ရိုက်ထားတာတွေ ..
ကြိုက်သဗျို့ …..
ကိုပေါက်(မန္တလေး)
March 25, 2012 at 1:27 pm
တစ်ခါတစ်လေ လူတွေရဲ့စိတ်ကိုချောင်းကြည့်ရတာလဲ အရသာရှိတယ်ဗျာ။
water-melon
March 25, 2012 at 2:31 pm
စိတ်ကိုဘဲ ချောင်းကြည့်နော်
အဟိ 😆
Mလုလင်
March 25, 2012 at 2:38 pm
လူတွေရဲ့ စိတ်ကိုချောင်းကြည့်လို့ကတော့ .. အားရမှာ ကို မဟုတ်တော့ဘူး လေးပေါက် ရေ ….
လူ အမျိုးအမျိုး စိတ်အထွေထွေ ဆိုတာ ရှိသေးသကိုး …
လူ တစ်ယောက် ထဲမှာကိုပဲ .. စိတ်အခန့်မသင့် တဲ့အချိန်၊ သဘောကောင်းတဲ့ အချိန်၊ အများရှေ ့မှာ မို့ လူကောင်းဟန်ဆောင် နေရတဲ့ အချိန် ………. တွေ ရှိကြသေးတော့ …..
ကိုပေါက်(မန္တလေး)
March 25, 2012 at 3:29 pm
လုလင်လေးရဲ့ အားရတယ် မရဘူးဆိုတာထက်
သိချင်တဲ့ သဘောလေးတစ်ခုပါဘဲ။
အခုအသက်အရွယ်ထိဆိုရင် လူထောင်ပေါင်းများစွာရဲ့ စိတ်ကို ချောင်းကြည့်ဘူးပြီလေ.
အဲတော့ ချစ်ခြင်းမုန်းခြင်း အပေါ်မှာ သိပ်မခံစားတတ်တော့ဘူး။
ဘာလို့လဲဆိုတော့ လူတစ်ယောက်ကို စတွေ့လို့ ဆက်ဆံပြီဆိုကတည်းက သူ့စိတ်ကို ချောင်းပြီးသား။
ဘယ်လိုလူစားလဲဆိုတာ အလိုလို သိနေပြီးသား။
အဲတော့ ပြောင်းလဲခြင်းတရားအပေါ်မှာ ဒီလိုဖြစ်လာမှာဘဲထင်တယ်လို့ ယူဆထားတော့
သိပ်မခံစားရတော့ဘူး………………………………………..
Thel Nu Aye
March 25, 2012 at 4:23 pm
မှန်နဲ့လက်ဆော့ချက်ကတော့ရှယ်ပါပဲလေးပေါက်ရေ။ အိုင်ဒီယာကောင်းတယ်။ ဂွတ်။
ကိုပေါက်(မန္တလေး)
March 25, 2012 at 6:00 pm
ဂွတ်………… မသဲနုအေး ဘီယာသောက်တာလား
ဂွတ်……………. ဆိုတဲ့အသံကြားလို့ သွားရည်ကျသူ က ကျကုန်ပြီနော်……………………….
Khin Latt
March 25, 2012 at 10:31 pm
ဘယ်ချောင်ထဲ ဝင်ပြီးတော့ ရိုက်ထားတာလဲ ကပေါက်ရယ်။
အဲဒီ ချောင်းရိုက်နေတဲ့ လူရဲ့ ပုံကို ပြန်ချောင်းရိုက် ဖို့ကောင်းတယ်။
မှန်ထဲ ကနေ လူပုံတွေကို ရိုက်တဲ့ idea လေးမိုက်တယ်။ 🙂
padonmar
March 25, 2012 at 10:51 pm
ကိုပေါက်
ဒီလောက် စိတ်ရှည်ရှည် နဲ့မိအောင်ဖမ်းနေတာ အချိန်ဘယ်လောက်ကြာလဲ။
မဒမ်ပေါက်က နှုတ်ခမ်းစူမှာပေါ့။
အဲဒီမှန်လေးထဲ လူပုံ ပြည့်ပြည့်ပေါ်မယ့်နေရာမှာ မဒမ့်ကို မော်ဒလယ်လုပ်ခိုင်းလိုက်ရောပေါ့။
ကိုပေါက်(မန္တလေး)
March 25, 2012 at 10:57 pm
သိပ်မကြာပါဘူး။
နာရီဝက်ကျော်ကျော်လောက်။
မဒမ်ပေါက် နုပ်ခမ်းစူမှာထက် ဘုရားလူကြီးမောင်းမထုတ်ခင်အမြန်ပြန်ခဲ့ရတယ်။
မန်းလေးတောင်ခြေက ကျောက်တော်ကြီး ဘုရားထဲမှာပါ။