ပကာသနမပါတဲ့ အလှူပွဲလေးတစ်ခု
ဒီကနေ့ မိတ်ဆွေတစ်ယောက်ရဲ့အလှူကို သွားဖြစ်ခဲ့တယ်။ သာကေတမြို့နယ်ထဲက ရပ်ကွက်တစ်ခုထဲမှာ …
စတုဒီသာအလှူပါ … အလှူရှင်မိသားစုက နှစ်စဉ်နှစ်တိုင်း ရပ်ကွက်ထဲက ကလေးတွေကို စတုဒီသာကျွေးမွေးလေ့ရှိပါတယ် … အများအားဖြင့် မုန့်ဟင်းခါးကျွေးလေ့ရှိပြီး တစ်ခါတစ်ရံ ထမင်းနဲ့ဟင်း ကျွေးပါတယ် … ဒီနှစ်မှာတော့ ထူးထူးခြားခြားဖြစ်အောင် ကြက်ဆီထမင်း ကျွေးတယ် … KCK ကနေ ပွဲ ၅၀ဝ မှာပြီး အိမ်ရှေ့မှာ ခုံတွေခင်းကာ ကြိုက်တဲ့သူဝင်စား .. အဝစားပါပဲ …
ကျွန်မလဲဝင်စားခဲ့တဲ့ အလှူလေးကို မှတ်တမ်းတင်ထားရင်း အားလုံးကို မျှဝေလိုက်ပါတယ် …
40 comments
weiwei
March 25, 2012 at 12:04 am
ကလေးတွေက ကြက်သားကြော်နဲ့ထမင်းကို ရောမစားတတ်ကြပဲ ထမင်းတွေချည်းပဲ အရင်စားပစ်ကြပါတယ် … ထမင်းတွေကို ထပ်တောင်းပေမယ့် ဟင်းကိုတော့ လုံးဝထပ်မတောင်းကြပါဘူး … ထမင်းစားပြီးတော့ အအီပြေ ဇီးဖျော်ရည်လဲ တိုက်ပါသေးတယ် …
ကျွန်မ ကြက်သားပလာတာနဲ့ဘုန်းကြီးဆွမ်းကပ်ပြီး စိတ်တိုခဲ့တုန်းက သူကြီးမန့်ခဲ့တာကို သတိရလို့ အခုအလှူလေးကို ပြလိုက်ရခြင်းဖြစ်ပါတယ် …
Khin Latt
March 25, 2012 at 12:09 am
ဝေရေ – အဲဒီ Post ရဲ့ Link လေး ပေးပါလား။ ဖတ်ကြည့်ချင်လို့။ 🙂
weiwei
March 25, 2012 at 12:14 am
http://myanmargazette.net/?p=83419
ကုသိုလ်စိတ် လျော့နဲသွားရခြင်းလို့ နံမည်ပေးခဲ့ပါတယ် …. ကျွန်မရဲ့ အလှူသေးသေးလေးတစ်ခုအကြောင်းပါ …
ဦးဦးပါလေရာ
March 25, 2012 at 12:04 am
ပျော်စရာကောင်းလိုက်တာ မဝေဝေ
အလှူရှင်အဖို့မှာလဲ စိတ်ရှင်းရှင်းနဲ့ ကြည်နူးပီတိဖြစ်စရာပါ။
ကျုပ်လဲ နီးတဲ့နေရာမှာ စတုဒီသာကျွေးတယ်ကြားရင်
ကိုယ်တိုင်သွားမစားဖြစ်ရင်တောင်
ဘေးကသွားကြည့်ပြီး ပီတိဖြစ်မိတတ်တယ်။
တကယ်တော့ မြန်မာ့အလှူတွေက
ပေးလှူတယ်ဆိုတာထက် ပိုတဲ့ အဓိပ္ပါယ်တမျိုးရှိပါတယ်….။
Khin Latt
March 25, 2012 at 12:07 am
ဝေဝေရေ
သူတို့ စားနေတာကြည့်ပြီး ဒါမျိုး လူတွေ တို့တွေ ပြည်ထဲမှာ ရာနှုန်း အများကြီး ဘဲ။
သူတို့ တွေ ကို ထောက်ပံ့ ရမဲ့ ပျိုးထောင်ပေးရမဲ့ ပြည်သူ့ငွေတွေ ကရာအိုကေခန်းတွေထဲ မှာ ။ 👿
အစားကောင်း မစားနိုင်ရှာကြတဲ့ သူတွေကို စားစေလိုတဲ့ အလှူရှင်ရဲ့ အလှူကို သာဓုခေါ်ပါတယ် ဝေဝေရေ။
ဒါဟာ တကဲ့ကို ပကာသန မဖက်ပါဘူး။
မျှပေးတဲ့ ဝေဝေ ကိုလဲ ကျေးဇူးပါ။ 🙂
Mလုလင်
March 25, 2012 at 12:53 am
ဂွတ္တလစ် မြှောက်အရှေ ့ ဘက် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ ပြီးတဲ့နောက်တစ်နေ့ မှာ အဲလို ပဲ ကျွေးလေ့ရှိတယ် အန်တီ ဝေဝေ ရေ …. နီးရင်တော့ ဖိတ်ချင်ပါတယ် လေ။
Thel Nu Aye
March 25, 2012 at 3:49 pm
အမောင်လုလင်ရဲ့။ ဂွတ္တလစ် က အရှေ့အနောက် တောင် မြောက် အားလုံးကျွေးပါတယ်ဟ။ တူကမြောက်သားဖြစ်မယ်။ တူ့မြောက်ခြမ်းပဲပြောတယ်။ တောင်ခြမ်းကကျွေးတုန်းက သများကိုယ်တိုင် ပဲဟင်းခပ်ထားတာပါနော်။ ကုန်တာမှခဏလေးရယ်။ ပြိုက်ကနဲပဲ။ ဘဲဥ အလုံး ၆၀၀။ ဆန်တအိပ်။ ငနီတူး ၅ ပိသာ။ ပဲဟင်း အိုးအကြီးကြီးတအိုး။ ခပ်ပဲခပ်ပေးလိုက်ရ တယ်။ မြင်တောင်မမြင်လိုက်ရဘူး။ တောင်ခြမ်းကတော့ ကိုယ့်လမ်းနဲ့ကိုယ်ကျွေးတာ။ နောက်နှစ် ကျရင် မြောက်ရှေ့ခြမ်းလာစားမယ်။ ရှောင်မနေနဲ့။
ပုံ
တောင်ခြမ်း
Mလုလင်
March 25, 2012 at 7:20 pm
တောင်ခြမ်းဆိုတော့ … ဦးကျော်ကြီး အခြမ်း ပေါ့ ..ဟိဟိ.. ရန်ကုန် တစ်မြို ့လုံးမှာ မှ အစည်ကားဆုံး အသိုက်မြိုက်ဆုံး ..နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲ လုပ်နိုင်တာ ဂွတ္တလစ် ရပ်ကွက် ပဲ ရှိပါသော ကြောင့် … ဂုဏ်ယူပါကြောင်း …
ပုံ
မြောက်/အရှေ ့ခြမ်း
Thel Nu Aye
March 27, 2012 at 10:14 am
ဦးကျော်ကြီးသေရှာပေါ့။ နာမည်တော့ကျန်နေသေး။ ဟီဟိ
Mလုလင်
March 27, 2012 at 12:22 pm
သေပလား .. ဒင်း …. နောက် အသစ် ကလဲ .. နံမည် မကောင်းရှာဘူး … အဲ့တောင်ခြမ်းကတော့ တကယ့် ကို စံပြ ပါပဲ … အန်တီ သဲနှုအေးရေ …
Thel Nu Aye
March 27, 2012 at 4:17 pm
ဟဲဟဲ ငါဟဲ့ စံပြရပ်ကွက်သား။
padonmar
March 25, 2012 at 3:10 am
သမိုင်းခုံးကျော်တံတားအဆင်းမှာလည်း နှစ်စဉ် နိဗ္ဗာန်ဈေးလုပ်တယ်။
ကျိုက်ဝိုင်းဘုရားနားက ရန်ကင်းအောင်ကျောင်းမှာ ဝါတွင်းဥပုသ်နေ့တိုင်း လာသမျှကလေးတွေကို ထမင်းကျွေးတယ်။
အန်တီလည်းနယ်မှာနေတုံးက ကလေးများသာဆိုပြီး အုန်းဆံပြုတ်အဝတိုက်ဖူးတယ်။သိပ်ပျော်ဖို့ကောင်းတာပဲ။
လူကြီးတွေလို စားပြီး ဂျီးမများဘူး။
kai
March 25, 2012 at 5:12 am
ဒီလိုအလှူမျိုး.. အယ်လ်အေဒေါင်းတောင်းမှာ.. ချချ်တခု(ကိုရီးယားချချ်) က.အမြဲလိုလိုလုပ်နေတယ် သတိထားမိတယ်..။
နေ့တိုင်းလားတောင်မသိ..
မနက်ပိုင်းမှာ.. ဒေါင်းတောင်းနေတဲ့..အခြေအနေမဲ့တွေ.. တန်းစီပြီး မနက်စာကိုယူကြရတာ..။
အထဲ..ပါမုန့်..။အရွက်..အသား..။ တော်တော်ကောင်းကောင်းလေးတွေပါတယ်..။
(ကောင်းသမှ.. ကိုယ်ပါတန်းစီစားချင်အောင်ကောင်းတာ..)
နောက်.. ကျေးဇူးတော်နေ့..
အဲဒီလို..ကြက်ဆင်သားဟင်း.. ကြိုက်သူလာစားအလှူပေါ့..။
ကြက်ဆင်တွေ.. အကောင်လိုက်(ရေခဲရ်ိုက်ပြီး) လှူတာလည်းရှိတယ်..။
တခါ.. မာစီးဒီးကြီးနဲ့.. ကြက်ဆင်တကောင်ဝင်ဆွဲတာ.. မီဒီယာကမိလို့.. တီဗီမှာတောင် ပါဖူးသေး…။
စိတ်ကူးပေါက်တဲ့သူဌေးက.. ကျေးဇူးတော်နေ့မှာ.. ဒေါ်လာ၁ဝတန်..၁၀ဝတန် အရွက်ထောင်ချီပြီး လိုက်ဝေတာလည်းရှိတယ်..
ထူးဆန်းသော အလှူများပေါ့..။
ကျုပ်လည်း..မြန်မာတိုင်းရင်းသား တောကျေးရွာတွေသွားပြီး.. ယူအက်စ်က..ကလေးတွေသုံးတဲ့.. ကလေးကစားစရာအရုပ်တွေ.. ပုံပြီးလှူချင်တာ..
စိတ်ထဲတော့ ထည့်ထားတယ်.။
ကမ္ဘာမပျက်ခင် တနေ့နေ့ပေါ့…။ 😆
maungmoenyo
March 25, 2012 at 7:29 am
လှူသင့်တဲ့အလှူမျိုးတွေ ရုပ်ဝတ္ထုထွန်းကားတဲ့ အနောက်နိုင်ငံမှာ ပေါများတာ ဘာ့ကြောင့်လဲ..။ Thanksgiving lunch မှာ church (အထူးသဖြင့် inter-faith churches) တွေကလုပ်လေ့ရှိကြပါတယ်။
ကိုယ်ပြုခဲ့တဲ့ ကုသိုလ်ကိုတောင်မျှဝေပေးပါတယ်ဆိုတဲ့ မြန်မာလိုနိုင်ငံမှာ ဒီလိုလှူဒါန်းကြတာက ခုမှတဒေါင့်တနေရာလိုမှာ ရှားရှားပါးပါးမြင်ရတော့…သတင်းထူး၊သတင်းဦးဖြစ်လို့နေတာပေါ့။ မြန်မာတို့ရဲ့ လှူဒါန်းလိုတဲ့ မြင့်မြတ် စိတ်က တလွဲဆံပင်ကောင်းဖြစ်နေသလားလို့ပါ…။ ရွှေပြားသဃာန်းကပ်တာတို့၊ ကျိကျိတက်ချမ်းသာနေတဲ့ဘုန်းကြီးကျောင်းတွေကို ပစ္စည်း(၄)ပါးဒါယကာခံရတာကိုမှ ဂုဏ်ယူကြတာတို့……..။ မြန်မာ community ကိုတိုက်ရိုက်အထောက်အကူပြုတဲ့ ကိစ္စတွေ ဖြစ်တဲ့- သင်္ကြန်ပွဲ၊ စာပေဟောပြောပွဲ၊ community center ဖြစ်မြောက်ရေးကိစ္စ၊ မြန်မာလူမျိုးတွေရဲ့ အနာဂါတ် ကျန်းမာရေး၊ လူမှုရေး၊ မိသားစုလုံခြုံစိတ်ချရေးအစီအမံ တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ကျတော့၊ ပြောင်းရွှေ့ခိုလှုံသူတွေရဲ့ မိသားစုရေးကိစ္စတွေမှာ လက်ရွံ့နေကြတာတွေ၊ ဦးဆောင်းလုပ်ကြသူတွေအပေါ် အမြင်မကြည်ကြတာတွေ…..အဲ့ဒါတွေကမှ တကယ်ဝေမျှလို့ နှစ်ဦးနှစ်ဘက် ဒိဌကုသိုလ်ရကြတဲ့..လောကပါလတရားဆိုတာလေးတွေကိုပါဗျာ……။
ဒီသတင်းလေးတွေ မြန်ပြည်တလွှား ကျယ်ကျယ်ပြန့်ပြန့် မြင်ချင်စမ်းပါဘိ။
ပြည်တော်ပြန် အပမ်းဖြေကြသော ထိုထို လုပ်ငန်းရှင်ကြီးများ၊ ဒေါက်တာကြီးများ၊ အဲ့ဒီလို အရပ်တွေသွားပြီး ပေးချင်ကမ်းချင် စွန့်ကျဲချင်စိတ်ကလေးများ ထွန်းကားမယ်ဆိုရင် ဒီ သတင်း ကို post လုပ်ပေးတဲ့ weiwei နဲ့ MG တို့ရလိုက်မဲ့ကုသိုလ်က အတိုင်းထက်အလွန် ပွားသွားမယ်ဆိုတာ…….။
ကြောင်လေး
March 25, 2012 at 7:47 am
ဂွတ်တယ်ဗျာ ………….ကျနော်တို့မြို့က ဆင်ခြေဖုန်းမှာလဲ အဲလိုကလေးတွေ အများကြီးရှိနေတယ်။
Patriot
March 25, 2012 at 8:45 am
ဟုတ်တယ် မဝေရေ။ ကျွန်တော် အလှူလုပ် ရင်အဲဒီလိုမျိုးပဲလှူမယ်။ ဘာပကာသန မှမပါပဲ ရတဲ့ပီတိ ကအရမ်းကြည်နူးဖို့ ကောင်းတယ်။
kyeemite
March 25, 2012 at 9:56 am
ကောင်းပါလေ့ဗျာ..
mocho
March 25, 2012 at 10:03 am
ကျမလည်း အဲလို ပကာသနမပါတဲ့ အလှူ မျိုးကို အရမ်းသဘောကျပါတယ်။ ကျမတို့ရပ်ကွက် မှာလည်းတန်ဆောင်တိုင်ဆိုရင် တက်နိုင်တဲ့အိမ်တွေကအဲလိုတွေလှူကြတယ်။ လမ်းထဲကအိမ်တွေ စြုပီးကိုယ်တက်နိုင်သလောက် ဆန်၊ဆီကအစ မုန့် ပဲသရေစာ၊ အအေး စတာတွေကို မဲလေးတွေ လုပ်ပြီး ကလေးတွေကို ပေး၊ ကလေးတွေက မဲ မှာပါတဲ့ အိမ်နံပါတ် ကိုရှာပြီးသွားယူ။ပျော်စရာ အရမ်းကောင်းပါတယ်။
Thel Nu Aye
March 25, 2012 at 10:40 am
အဲလိုမျုးိလှုရတာ ကုသိုလ်အပြည့်ရတယ်လို့ကျွန်မထင်တယ်။ စားရတဲ့သူတွေကလဲ ကျွေးမွေးတဲ့သူအပေါ် အကောင်းမပြောကြပဲ အပြည့်အဝသာဓုခေါ်ပေးနိုင်ကြတယ်။ ပကာသနဖက်တဲ့လှုဒါန်းမှု့တွေမှာတော့ ဂုဏ်တုဂုဏ်ပြိုင်တွေ မကျေနပ်မှု့တွေ ကဲ့ရဲ့မှု့တွေကျန်ခဲ့တယ်။ အလှုရှင်ကလဲဒေါသတွေနဲ့နောက် ဆုံးကျန်ခဲ့တာပဲ။
Thel Nu Aye
March 25, 2012 at 10:42 am
မှားသွားလို့။ မကောင်းမပြောကြပဲဖြစ်ရမှာပါ။ အကောင်းမပြောကြပဲလို့မှားရိုက်လိုက်မိတယ်။
မဟာရာဇာ အံစာတုံး
March 25, 2012 at 10:42 am
ဒီ ပကာသန မပါတဲ့ အလှူပုံတွေကိုကြည့်ပြီး ..
ကျုပ်တို့ ရွာက အလှူကိုတောင် သွားပြီး သတိရမိသေး … 🙄
ကျုပ်လည်း သူတို့နဲ့ ရောထိုင်ပြီး
စောင့်ကြောင့်ထိုင် အားပါးတရ လွေးလိုက်ချင်စမ်းရဲ့ …
နေဝန်းနီ
March 25, 2012 at 12:19 pm
ဟုတ်ပါ့ ကြည့်ရင်းနဲ့ ဗိုက်တောင်ဆာလာသလိုပဲ…. ကုသိုလ်ရတာမရတာထက် ဆာနေတဲ့သူတွေ အားပါးတရ စားနေတာကိုကြည့်ရင်းနဲ့ ရလိုက်တဲ့ ပီတိက ဘာနဲ့မှအလိုက်ပေးလဲလို့မရပါဘူး…..။
“မင်းပေးတဲ့ရေတစ်ခွက် ……….. အဓိပ္ပွါယ်ရှိတဲ့ ရေတစ်ခွက်ရွေးချယ်ပေးလိုက်ပါ မေတ္တာလွှမ်းတဲ့ ရေတစ်စက် ဆေးဖက်ဝင်ပါတယ် ပိုနေသူလက်ထဲ လက်လွန်မရောက်စေနဲ့….။ ”
တေးရေးဆရာမောင်သစ်မင်းရဲ့ သီချင်းစာသား တစ်ချို့ နားထဲမှာ ကြားယောင်လာမိပါရဲ့……….
အမေရိကန်ငတုံး
March 25, 2012 at 11:26 am
မြင်ရတာစိတ်ချမ်းသာလိုက်တာဗျာ 😆
blackchaw
March 25, 2012 at 11:36 am
ပကာသန မကူတဲ့
သဘာဝအလှူဖွဲ့
အန်တီဝေရဲ့ ပို့စ်လေးအတွက်
လက်မလေးတစ်ချောင်း ထောင်ခဲ့ပါတယ်ဗျာ။
အဲဒီလိုအလှူမျိုး လှူနိုင်တဲ့သူ ဖြစ်ချင်ပါတယ်…။
😆
mg mg
March 25, 2012 at 12:22 pm
ထမင်းမလောက်မှာလည်းမပူရ၊ ဘိနပ်ပျောက်မှာလည်းမပူရ၊ ပကာသနအတွက်လည်းမပူရ-တဲ့
အလှူဒါနလေး နှစ်စဉ်နှစ်စဉ်လှူနိုင်ကြပါစေလို့ အလှူရှင်တွေကိုဆုတောင်းမေတ္တာပို့ပေးလိုက်ပါတယ်၊
အလှူကိုမျှဝေပေးတဲ့သူကိုလည်း ကျေးဇူးတင်ပါတယ်၊
“ကလေးတွေက ကြက်သားကြော်နဲ့ထမင်းကို ရောမစားတတ်ကြပဲ ထမင်းတွေချည်းပဲ အရင်စားပစ်ကြပါတယ် … ထမင်းတွေကို ထပ်တောင်းပေမယ့် ဟင်းကိုတော့ လုံးဝထပ်မတောင်းကြပါဘူး”
အဲဒါလေးဖတ်မိတော့ ရင်ထဲတစ်မျိုးပဲခံစားရတယ်ဗျာ။
Patriot
March 25, 2012 at 8:47 pm
ဟုတ်တယ် ကျွန်တော် အရမ်းဆင်းရဲတဲ့ မိသားစု ထမင်းဝိုင်းလေး တခုကိုအရင် ကကြုံဖူးတယ် မိသားစုလေး ယောက် ကိုဘဲဥ တစ်လုံးတဲနဲ မျှစားနေကြတာ။ မြန်မာနိုင်ငံမှာ တချို့အရမ်းဆင်းရဲ တဲ့မိသားစု တွေရဲ့ထမင်းဝိုင်း မှာဟင်း ဆိုတာမပါမဖြစ် မဟုတ်တော့ပါဘူး။ ပြောင်းဖူးပြုက်သယ် စီက ပြောင်းဖူးတစ်ဖူး ဝယ်ပြီး ကလေး တွေကိုထမင်း ကျွေးနေတဲ့ မိခင်တဦး ကိုတောင် မြင်ဖူးပါတယ်။ ဆရာ အော်ပီကျယ် ပြောသလိုပဲ မြန်မာပြည်ကလူ တွေထမင်းမငတ်ကျ ပါဘူး ဟင်းပဲငတ်တာ ဆိုတာ။ အဟာရ မပြည့်ဝတော့ ညဏ်ရေလဲ ဖွင့်ဖြိုးသင့်သလောက် မဖွင့်ဖြိုးကြ တော့ဘူးပေါ့။
ကိုပေါက်(မန္တလေး)
March 25, 2012 at 6:34 pm
(ကောင်းသမှ.. ကိုယ်ပါတန်းစီစားချင်အောင်ကောင်းတာ..)
သူကြီးဒီလိုမန်းတာ နှစ်ခါရှိပြီနော်.
ကျနော်ပိုစ်တုန်းကတစ်ခါ။.
အခုတစ်ခါ။
ရေများရာ မိုးမရွာတာအကောင်းဆုံးလို့ ထင်ပါ၏။
koaung
March 25, 2012 at 7:29 pm
သာဓု သာဓု သာဓုပါဗျာ ဒိထက်မကလှူနိုင်ပါစေဗျား
MaMa
March 25, 2012 at 8:46 pm
ပကာသန မပါတဲ့ အလှူပွဲလေးကို ကြည့်ပြီး ကုသိုလ်စိတ်တွေ ပွားသွားတယ်။
(ဝတ်ကောင်းစားလှလည်း မလိုဘူး။) 🙂
အခုလို အယုတ်အလတ် အမြတ်မရွေးပဲ အလှူခံ ပုဂ္ဂိုလ် ချမ်းသာစေလိုတဲ့စိတ်နဲ့ လှူတဲ့
ပါရမီမြောက် ကုသိုလ်ဟာ အကျိုးများလွန်းလှပါတယ်။
windtalker
March 25, 2012 at 9:43 pm
ပုံလေးတွေကြည့်ပြီး ခံစားရတယ်ဗျာ ။ ကျုပ်လဲ အဲ့လိုမျိုး လှူဖို ့စိတ်ကူးရသွားပါတယ် အန်တီဝေ ခင်ဗျား။
padonmar
March 25, 2012 at 10:41 pm
အလှူရှင်တွေက နှစ်စဉ်လှူနေကျမို့ စနစ်တကျ စီစဉ်တတ်နေပုံရပါတယ်။
မစားရသေးတဲ့ ကလေးတွေ တန်းစီစောင့်နေတာထင်ရဲ့ ပုံ၂ နဲ့ ပုံ၄ မှာတွေ့ရတယ်။
အဲဒီလို လှူတဲ့အခါ လုပြီးဝင်တာကို ထိန်းရတာ အခက်ဆုံးပါ။
ကျွန်မတို့နယ်ကိုပြန်တဲ့အခါ အရင်ကိုယ့်စီးပွားရေးလုပ်ငန်းရှိတဲ့ ရပ်ကွက်ကလေးက ကလေးတွေကို စက်ရုံချုပ်အကျႌတွေ ဝေပေးလေ့ရှိပါတယ်။
ပထမနှစ်ကပေးတော့ ဝိုင်းလုကြပါတယ်။ရတဲ့သူက ၂ထည်၃ထည်ရ၊မရတဲ့လူမရဖြစ်ပါတယ်။
ရပြီးသားကလေးကလည်း မရသေးဘူးလို့ညာလိုညာပေါ့။
နောက်တစ်နှစ်ကျတော့ အားလုံးကို ၁ဝယောက်တန်းတွေတန်းခိုင်းပြီး လက်ထဲလိုက်ထည့် အားလုံးပြီးမှထကြလို့ ပေးရပါတယ်။
ရပ်ကွက်ကလေးက ဆင်းရဲတဲ့အပြင် ကလေးတွေက စာမသင်ချင်ကြတော့ပါဘူး။မိဘကလည်း ခိုင်းစားဖို့ပဲကြည့်တယ်ဆိုပါတော့။
မနှစ်ကတော့ ကလေးတွေကို အဆင့် ခွဲပေးလိုက်တယ်။ အတန်းပညာ အမြင့်ဆုံးကလေးတွေကို အကောင်းဆုံးအကျႌ အရင်ပေးပြီး တစ်ဆင့်တစ်ဆင့် အတန်းနိမ့်တဲ့ကလေးတွေကို ပေးသွားရပါတယ်။
ကျောင်းမနေတဲ့ ကလေးတွေတော့ နောက်ဆုံးပိုမှပေးတာပေါ့။
ဒီနှစ်သွားရင်တော့ အဲဒီက ကလေးတွေ ဘယ်လိုနေမလဲကြည့်ရအုံးမယ်။
2000 gp နဲ့ ယဉ်ကျေးလိမ္မာ သင်တန်းလေးလုပ်ပေးတော့ ကလေးတွေ သိပ်ပျော်ကြပါတယ်။
တစ်နှစ်ထက်တစ်နှစ်တော့ ပိုလိမ္မာလာကြသလိုပါပဲ။
ရုပ်ဝတ္ထုပေးတာဟာ တခဏပါ၊စိတ်ဓာတ်လေးတွေ ကောင်းလာအောင်လုပ်ပေးနိုင်ရင် သူတို့ တစ်ဘဝတာကောင်းဖို့ပါပဲ။
နှလုံးသားအာဟာရ ဖြည့်ပေးမယ့် စတုဒီသာတွေလည်း ဖြစ်စေချင်ပါတယ်။
weiwei
March 25, 2012 at 11:00 pm
ဟုတ်ပါတယ် အန်တီပဒုမ္မာ …
နှလုံးသားအာဟာရပေးမယ့် စတုဒီသာဆိုရင်တော့ အတိုင်းထက် အလွန်ပေါ့ …
ဒီပို့စ်မှာကတော့ အာဟာရဒါန သီးသန့်ဖြစ်ပါတယ် … တစ်ရပ်ကွက်ထဲနေ ကလေးသူငယ်တွေကို စားစေချင်တဲ့ စေတနာကို ဖော်ပြလိုက်ခြင်းဖြစ်ပါတယ် … ဘုန်းကြီးဆွမ်းကပ်ခြင်းနဲ့ ဆွေတော်မျိုးတော်တွေကို မနက်ပိုင်းအလှူပြုလုပ်ခဲ့ပြီး နေ့လည်ပိုင်းမှာ ကလေးတွေကို စတုဒီသာကျွေးခြင်းဖြစ်ပါတယ် …
ကလေးတွေထဲမှာ ကြက်ဆီထမင်းမစားဖူးတဲ့သူ အများကြီးရှိမှာပါ … သူတို့ကို စားစေချင်တယ်ဆိုတဲ့ အလွန်ရိုးရှင်းတဲ့ အတွေးတစ်ခုနဲ့တင် ဒီလိုကျွေးဖြစ်သွားပါတယ် …
kai
March 26, 2012 at 2:48 am
လှူုပုံလှူနည်းလေးကို ..အရမ်းသဘောကျမိပါတယ်..။
သာဓုခေါ်ပါတယ်ဗျာ..။
ထူးဆန်းသော အလူှလို့ နာမယ်မတတ်ပါဘူး..
သာဓုခေါ်တာပါ..။
“Give a man a fish; you have fed him for today. Teach a man to fish; and you have fed him for a lifetime” တဲ့..
ရွာသူားတွေလှူတတ်ကြပါစေ..။
weiwei
March 26, 2012 at 8:19 am
အဲဒါကြောင့်လဲ ကျွန်မက ချက်မကျွေးပဲ ချက်နည်းတွေပဲ ပေးနေတာပေါ့ …. 😛 🙂
pooch
March 25, 2012 at 11:35 pm
အဲ့လို ပကာသန မဖက်တဲ့ အလှူမျိုးလှူနိုင် တန်းနိုင်အောင်ကြိုးစားကြည့်မယ်။ ဒေါ်ဒေါ်ပြောသလို စိတ်ဓာတ်လေးတွေ ကောင်းလာအောင် လုပ်ပေးနိုင်လို့ကတော ့တဘဝစာအတိုင်းထက် အလွန်ပေါ့လေ။
ဦးဦးပါလေရာ
March 25, 2012 at 11:57 pm
ကျုပ်က သင်္ကြန်ဆို လုံးဝထွက်လို့မရလို့…
ထွက်လို့ရတဲ့တနေ့နေ့တော့ မန်းဂဇက်က စိတ်ဝင်စားသူတွေဖိတ်ခေါ်ပြီး
သကြန်မှာ အုန်းလက်မဏ္ဍပ်ထိုးပြီး စတုဒိသာကျွေးချင်သေးတယ်..
အဲဒါ အရမ်း.. အရမ်း.. ပျော်စရာကောင်းတာနော…
htet way
March 26, 2012 at 7:55 am
လုပ်လေဆရာ
ဒါ့မျိုးစိတ်ဝင်စားတာ။
အလှူဆိုတာက စေတနာပဲ
ဆောင်းပါးကောင်းတယ် ဒီလိုမျိုး Realismတွေလည်းတင်ပြရမယ်။
ဇွဲမာန်အောင်
March 26, 2012 at 11:52 am
သာဓုပါ။
ဒိထက်မက လှူနိုင်ပါစေနော်
ဆူး
March 26, 2012 at 11:52 am
အလှူက အရမ်းစိတ်ဝင်စားစရာ ကောင်းသလို အလှူအကြောင်း ကွန်မန်းတွေက ပိုစိတ်ဝင်စားဖို့ ကောင်းတယ်။
ဟင်းငတ် လို့ အဟာရ ပြတ်ပြီး ဉာဏ်နည်း ကုန်တာ ဖတ်ရတော့ တော်တော် စိတ်မကောင်းဘူး။
ထိုကဲ့သို့ အလှူမျိုးတွေ ဖြစ်လာအောင် နှင့် သဂျီး ပြောသလို ငါးတင်မကဘူး ငါးဖမ်းနည်းပါ သင်ပေးနိုင်ဖို့ ဝိုင်းစဉ်းစားကြရမယ် ထင်တယ်နော်။
ရွှေဘိုသား
March 27, 2012 at 6:32 pm
ဒါမျိုးအလှူမျိုးပဲ ကြိုက်တယ် အားလည်းပေးတယ် ဘာလည်း ဝတ်ကောင်းစားလှတွေနဲ့ပြိုင်ဝဝလင်လင်မစားရဲ နဲ့ကြီးကျယ်တဲ့အလှူတွေကတော့ ရွာက အသုဘကထမင်းစားရသလောက်တောင် မမြိန်ဘူးဗျို့