Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒေါ်အောင်ဆန်ုးစုကြည် ကျန်းမာရေးမကောင်း

ကထူးဆန္းMarch 25, 20121min84324

http://www.facebook.com/thevoiceweekly
http://www.facebook.com/notes/the-voice-weekly/%E1%80%B1%E1%80%92%E1%81%9A%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%86%E1%80%94%E1%80%B9%E1%80%B8%E1%80%85%E1%80%AF%E1%81%BE%E1%80%80%E1%80%8A%E1%80%B9-%E1%80%9B%E1%80%94%E1%80%B9%E1%80%80%E1%80%AF%E1%80%94%E1%80%B9%E1%81%BF%E1%80%99%E1%80%AD%E1%80%B3-%E1%82%94%E1%80%9E%E1%80%AD%E1%80%AF%E1%82%94%E1%80%B1%E1%80%9B%E1%80%AC%E1%80%80%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD/410800058946830
ရန်ကုန် ၊ မတ် ၂၅
မြန်မာနိုင်ငံ၏ တောင်ဘက်စွန်းမြိတ်ကျွန်းစု ဒေသ သို့ စည်းရုံးရေးထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် Air Mandalay လေကြောင်းလိုင်းဖြင့် ယနေ့ ညနေ ၆ နာရီ၁ဝမိနစ် ခန့်တွင် ရန်ကုန် လေဆိပ် သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါသွားသူ သတင်းထောက်တစ်ဦးက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် အပြန် ခရီးစဉ်၌ လေယာဉ်ပေါ်တွင် လေးကြိမ်ခန့်အန်ပြီး ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ရကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

xxxxxxxxxxxxxxx

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေများကြောင့် မတ်လ ၂ရ ၊ ၂၈ ရက်များတွင် သွားရောက်မည့် မကွေး ခရီးစဉ်အား ဖျက်သိမ်းကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ ့ချုပ်က ကြေညာချက်ထုတ်ပြန်သည်။
မြန်မာနိုင်ငံ ဒေသ အနှံ့အပြားသို့ မဲဆွယ်စည်းရုံးရေး ထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ မြိတ်ကျွန်းစု စည်းရုံးရေး ခရီးစဉ်၌ သွေးပေါင်များ ကျဆင်းခြင်း ၊ အပူရှိန်ဒါဏ် ခံစားရခြင်းနှင့် မရက်မနား ခရီးသွားမှုကြောင့် ပင်ပန်းနွမ်းနယ်မှုများ ဆက်တိုက် ကြုံတွေ့နေရသဖြင့် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက မဖြစ်မနေ အနားယူရန် အကြံပေးသဖြင့် ယခုကဲ့သို့ မကွေး ခရီးစဉ် ဖျက်သိမ်းခဲ့ရပြီး ၊ မကွေး၊ နက်မောက်၊ တောင်တွင်းကြီး အစရှိသော ဒေသများမှ ပြည်သူလူထုကို တောင်းပန်ထားကြောင်း ယင်းကြေညာချက်တွင် ဖော်ပြထားသည်။

xxxxxxxxxxxxxxxxxx
မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ထွန်းကားရေးကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစုကြည် သည် သွေးပေါင်ကျဆင်းခြင်းနှင့် ဖျားနာမှု ဝေဒနာ ခံစားနေရသည့်တိုင် ယနေ့မွန်းလွှဲပိုင်းတွင် မြိတ်ခရိုင် အားကစားကွင်း အနီး၌ ပြုလုပ်သော လူထုဟောပြောပွဲတွင် ၁ဝမိနစ် နီးပါကြာ ပြောကြားခဲ့ပြီးနောက် ရန်ကုန်မြို ့ သို့ ပြန်လာရန် မြိတ်လေဆိပ်သို့ ခရီးစတင် ထွက်ခွါနေပြီဖြစ်ကြောင်း အဆိုပါ ခရီးစဉ်၌ လိုက်ပါ သတင်းရယူနေသူ သတင်းထောက်တစ်ဦးက အတည်ပြု ပြောကြားသည်။

The Voice Weekly face book မှ ကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည် အမြန်ပြန်နေကောင်းပါစေ။

24 comments

  • water-melon

    March 25, 2012 at 9:35 pm

    အမေ ကျန်းမာပါစေ
    ချမ်းသာပါစေ
    တိုင်းပြည်အကျိုးသယ်ပိုးနိုင်ပါစေ

  • Khin Latt

    March 25, 2012 at 9:47 pm

    ပြည်သူတွေ အပေါ်ထားတဲ့ စေတနာ မေတ္တာ ကြောင့် ဒေါ်အောင်ဆန်းစုကြည် မကြာခင်မှာ နေပြန်ကောင်း လာမယ်လို့ ယုံကြည်ပါတယ်။
    ဒါပေမဲ့ အပြည့်အဝ အနားယူလိုက်စေချင်ပါတယ်။
    တကယ်တော့လဲ အပြည့်အဝ အနားယူကို ယူသင့်ပါတယ်။
    ဒီလောက် ဆင်းရဲတွင်းနက်နေကြရတဲ့ မြန်မာပြည်သူလူထု အပေါ်မှာလဲ ကံကြမ္မာ က တလှည့်လောက်တော့ ကောင်းပေးပါဦး၊ မျက်နှာသာပေးပါဦး လို့ ဆုတောင်းပါတယ်။

  • အသူရာ

    March 25, 2012 at 10:09 pm

    အမေဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ…
    အမေဒေါ်အောင်ဆန်းစုကြည် အသက်ရာကျော်ရှည်ပါစေ…

  • ဦးဦးပါလေရာ

    March 25, 2012 at 11:00 pm

    အချိန်ကိုက်မှ ဖြစ်ရတယ်လို့နော်-
    ဒေါ်စုကျန်းမာပါစေလို့ လှိုက်လှိုက်လှဲလှဲ ဆုတောင်းပါတယ်။

  • padonmar

    March 25, 2012 at 11:32 pm

    ဒေါ်စုအမြန်ဆုံး ကိုယ်ကျန်းမာပါစေ။စိတ်ချမ်းသာပါစေ။ကောင်းကျိုးလိုရာဆန္ဒပြည့်ဝပါစေ။
    အမေစု မေတ္တာကိုသိတဲ့ ပြည်သူတွေက အမေစုမျက်နှာလိုက်မပြနိုင်လည်း အားပေးမြဲအားပေးလျက်ပါ။
    အမေစု အသက်နဲ့ မမျှ အပင်ပန်းခံ ခရီးဆက်တိုက်ထွက်နေရတာ ဆိုတော့ ရေရှည်တိုက်ပွဲအတွက် အားမွေးရင်း ခေတ္တအနားယူဖို့သင့်ပါပြီ။

  • ငပွကြီး

    March 25, 2012 at 11:55 pm

    ့ပြည်သူတွေရဲ့ မေတ္တာပို့သမူ အမေစုရဲ့ တည်ကြည်ဖြူစင်မူတွေကြောင့် အမေစု အမြန်ဆုံးကိုယ်ရောစိတ်ပါ ကျမ်းမာလာမှာပါ …အမေစု အမြန်နေကောင်းပါစေ….

  • Gipsy

    March 26, 2012 at 12:17 am

    နိုင် ငံ့ အ ရေး
    ကူ ညီ ငဲ့ ကွက်
    ကိုယ်ကျိုး မ ဖက်
    အ မေ ဒေါ် စု
    ကျန်းမာပါစေ ..။

  • Swal Taw Ywet

    March 26, 2012 at 12:17 am

    Long life Ah May Suu,
    Please take care your health.
    Our mother land’s future is in your hand.
    Myanmar need your taking care.
    Please share our MG’s loving kindness to you and NLD.
    Save your energy for the people whom you loved.

    With respect,
    Swal Taw Ywet.

  • aye.kk

    March 26, 2012 at 12:20 am

    ပြည်သူ ့နှလုံး..
    ပုလဲကုံးတည့်..
    ခုန်နှုံးမရပ်..
    မေတ္တာအပ်နှင်း..
    ပေးဆပ်ရင်းဖြင့်..
    ချစ်သည့်အမေ..
    ပြည်သူတွေနှင့်..
    နေရစေကြောင်း..
    ဆုချွေတောင်းသည်..
    နှစ်ပေါင်းတရာတိုင်ထိလေ..။

  • kai

    March 26, 2012 at 5:52 am

    အမေရိကသမ္မတထဲတော့.. သမ္မတရီဂင်က.. အသက် ၆၉နှစ်မှာ သမ္မတစလုပ်တယ်..
    သက်တန်း၂ခု.. ၈နှစ်…ဆိုတော့..အသက်.. ၇ရနှစ်အထိပေါ့..။

    ဒေါ်အောင်ဆန်းစုကြည်က..အသက်တော့ကြီးပြီ..။
    မဲဆွယ်ကန်င်ပိန်းမှာ.. ရှိသမျှလူ မတ်တပ်ရပ်.. လက်ပြ.. နေတာမျိုး…
    မိန့်ခွန်းရှည်ပြောတာမျိုး.. လျှော့သင့်တယ်..။
    ခရီးစဉ်တွေလည်း တောင်ရောက်မြောက်ရောက်မဟုတ်ပဲ.. စံနစ်တကျဆွဲသင့်တယ်..။
    ဖြစ်နိုင်ရင်တော့.. ရန်ကုန်မှာထိုင်ပြီး.. ကမ္ဘာတန်းခေါင်းဆောင်ဧည့်သည်တွေနဲ့..ဆွေးနွေး စကားပြောတာပဲ လုပ်သင့်တယ်.
    နောက်၅ရက်ဆိုရင်ပဲ.. ရွေးကောက်ပွဲလေ…

    ဆိုင်ရာနယ်ကဝင်ပြိုင်မဲ့အမတ်တွေ.. ဆိုင်ရာနယ်မှာ တအိမ်တက်ဆင်း.. လိုက်တံခါးခေါက်.. လုပ်သင့်နေပြီ..။

    Ronald Wilson Reagan (play /ˈrɒnəld ˈwɪlsən ˈreɪɡən/; February 6, 1911 – June 5, 2004) was the 40th President of the United States, serving from 1981 to 1989

    40th President of the United States
    In office – First term
    January 20, 1981 – January 20, 1989

    To date, Reagan is the oldest man elected to the office of the presidency (at 69). In his first inaugural address on January 20, 1981, which Reagan himself wrote,[105] he addressed the country’s economic malaise arguing: “In this present crisis, government is not the solution to our problems; government is the problem.”

  • kyeemite

    March 26, 2012 at 8:47 am

    ဒေါ်အောင်ဆန်းစုကြည်ကျန်းမာပါစေ…
    သက်တော်ရာကျော်ရှည်ပါစေ…

  • ကြောင်ကြီး

    March 26, 2012 at 8:54 am

    ဒေါ်စု မြိတ်ကျွန်းစု ရေလမ်းခရီးစဉ်မှာ ရှပ်ပြေးယာဉ်များကို ငှားမရအောင် ကြံ့ဖွတ်နဲ့ အာဏာပိုင်များ သေးသိမ်စွာ ပိတ်ဆို့ထားလို့ လမ်းခရီးပင်ပန်းပြီး အခုလို ဖြစ်ရတာ။ ဒီကောင်တွေ ဘယ်လို့ ရှပ်ပြေးယာဉ်ပိုင်ရှင်တွေကို ဖိအားပေးခဲ့သလဲ ဘယ်လို ယုတ်မာခဲ့သလဲဆိုတာ ဒေါ်စု ကျန်းမာရေးသတင်းနဲ့ တခါထဲ သိသူများ ဖော်ထုတ်ပေးဂျပါ။

  • htoosan

    March 26, 2012 at 9:23 am

    ဦးကြောင်ရေ . voice မှာ ရေးထားတာတော့ ရှပ်ပြေးယာဉ် သောင်တင် သွားပြီး အခုလို မကြာခဏသောင်တင်လေ့ရှိကြောင်း ရေးထားတာတော့ ဖတ်လိုက်ရပါသည်။
    မြန်မာပြည်က ဒီနှစ် အတော်ပူတာ။ ဒဂုံဆိပ်ကမ်းလို လွင်တီးခေါင်ပြင် သွားရတာ အရမ်းပူမှာ။

    • ကြောင်ကြီး

      March 26, 2012 at 10:28 am

      ေဩာ်ရှပ်ပြေးယာဉ်က တစင်းပဲရှိရှာသကိုး… ကမာ္ဘလှည့်ခရီးသည်များခင်ဗျား မြန်မာပြည်မှာ လုံခြုံစိတ်ချရတဲ့ ခေတ်မှီသယ်ယူ ပို့ဆောင်ရေးယာဉ်များ အလုံအလောက် မရှိသေးလို့ မသွားဂျပါနဲ့အုံးလို့ ပြောရမလို ဖြစ်နေဘီဗျို့…။

      • htoosan

        March 26, 2012 at 12:44 pm

        ့ပုသိမ်မှာ တစ်စီး မှောက်လို့ ။ ရှပ်ပြေးယာဉ် ဆိုလို့ hovercraft လို့လဲ မထင်လိုက်နဲ့ဦးနော် …. 😀

  • Shwe Tike Soe

    March 26, 2012 at 10:50 am

    အမေ မစည်းရုံးလဲ သားတို. စည်းလုံးပြီးသားပါအမေ… အမေသက်ရှိထင်ရှားရှိနေမှ စည်းလုံးမှာမို..
    အားမွေး အနားပေးစေချင်ပါတယ်.. အမေ….

  • ဇွဲမာန်အောင်

    March 26, 2012 at 11:28 am

    အမေစု မြန်မြန် နေကောင်းပါစေ။

  • ရွာစားကျော်

    March 26, 2012 at 1:10 pm

    ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး စိုးရိမ်ဖွယ်ရာမရှိ

    ရန်ကုန်၊ မတ် ၂၆

    နှစ်လကျော်ဆက်တိုက် နိုင်ငံရေး စည်းရုံးရေး ခရီးစဉ်များအဖြစ် မြန်မာနိုင်ငံအနှံ့သွားရောက်နေခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာ မရှိကြောင်း၊ ခရီးပန်းသည့်ဒဏ်ကြောင့် ၎င်း၏ နေအိမ်တွင် သုံးရက်ကြာ အနားယူမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်ရေးအရာရှိ ဦးခွန်သာမြင့်က The Voice Weekly သို့ ပြောကြားသည်။

    “ ရောဂါကြီး မဟုတ်ပါဘူး။ အလုပ်လုပ်ရတဲ့ ရက်များသွားလို့ ခရီးပန်းသွားတာပါ။ အိမ်မှာ အနားယူနေပါတယ်။ သူ့ကျန်းမာရေးအတွက် ဆရာဝန် သုံးယောက် ရှိပါတယ်” ဟု ၎င်းက ဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေမှာ စိုးရိမ်ဖွယ်ရာမရှိသော်လည်း ထပ်မံ၍ ခရီးပန်းသည့်ဒဏ်ကို မဖြစ်စေလိုသောကြောင့် ၎င်း၏ နိုင်ငံရေးစည်းရုံးရေးနောက်ဆုံး ခရီးစဉ်ဖြစ်သော ရေနံချောင်း- မကွေး- တောင်တွင်းကြီး ခရီးစဉ်ကို မသွားတော့ရန် ဆုံးဖြတ်ခဲ့ကြောင်း ၎င်းက ပြောကြားသည်။

    ဒေါ်အောင်ဆန်းစုကြည်သည် လတ်တလော နေအိမ်တွင်ပင် အနားယူမည်ဖြစ်ပြီး မတ်လ ၃၁ ရက်နေ့ နေ့လယ်တွင် ၎င်းဝင်ရောက်ယှဉ်ပြိုင်ရာ ကော့မှူးမြို့နယ်သို့ သွားရောက်မည်ဖြစ်ကာ ကော့မှူးမြို့တွင် တစ်ညအိပ်မည်ဖြစ်ကြောင်း၊ ဧပြီ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲပေးသည့် နေ့တွင် မဲထည့်မည့် ကော့မှူး ဒေသခံများကို အားပေးစကားပြောကြားမည်ဖြစ်ကြောင်း ဦးခွန်သာမြင့်က မတ်လ ၂၅ ရက်နေ့ ည ရ နာရီတွင် The Voice Weekly သို့ ပြောကြားသည်။

    နိုင်ငံတော်သမ္မတဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်၏ကျန်းမာရေးအတွက် သမားတော်များကို လွှတ်လိုက်သည်ဟူသည့် သတင်းများ ထွက်ပေါ်နေမှုနှင့်ပတ်သက်ကာ ဦးခွန်သာမြင့်က “ အခုထိတော့ မသိသေးပါဘူး။ ကျွန်တော် ခြံထဲက ထွက်လာတဲ့အထိ မရှိသေးပါဘူး။ သမားတော်တွေရောက်လာရင် ခြံထဲက လှမ်းခေါ်မှာပေါ့” ဟု ဆိုသည်။

    မြန်မာနိုင်ငံ ဒီမိုကရေစီ စနစ် ထွန်းကားရေးကို နှစ်ပေါင်း နှစ်ဆယ်ကျော်ကြာ တစ်စိုက်မတ်မတ် ဆောင်ရွက်နေသူ ဒေါ်အောင်ဆန်းစုကြည်သည် ဖေဖော်ဝါရီလဆန်းပိုင်းမှ စတင်ကာ နိုင်ငံရေးစည်းရုံးရေး ခရီးစဉ်အဖြစ် မြန်မာနိုင်ငံအနှံ့ ပြည်နယ်နှင့် တိုင်းဒေသကြီးရှိ မြို့ကြီးများသို့ သွားရောက်ခဲ့ပြီး မတ်လ ၂၄ ရက်နေ့ မြိတ်ကျွန်းစုခရီးစဉ်သွားအပြီးတွင် ကျန်ရှိသော မကွေးခရီးစဉ်ကို ဖျက်သိမ်းကာ နေအိမ်တွင်ပင် အနားယူနေခြင်းဖြစ်သည်။

    the voice မှာ ဖတ်ရတာလေး
    အမေစု ကျန်းမာပါစေ..

  • MTY

    March 26, 2012 at 3:42 pm

    မြန်မာပြည်ကြီးအေးချမ်းပါစေ
    ဒေါ်ASSKကျန်းမာပါစေ။

  • char too lan

    March 26, 2012 at 3:43 pm

    ထင်တယ်……ကျန်းမာရေးထိခိုက်တော့မယ်ဆိုတာသိနေတယ်
    ပီးတော့လုပ်ကြံခံရမှာလဲ စိုးရိမ်နေတယ် တအားများတဲ့လူအုပ်ကြီးထဲမှာ
    အပြင်လူမပါဘူးလို့မပြောနိုင်ဘူး ဒီနိုင်ငံမှာ အချိန်မရွေး နေရာမရွေး
    လူမျိုးမရွေး ဘာသာမရွေး ဗုံးတွေပေါက်ခဲ့ပီး စစ်သေနတ်နဲ့
    ပစ်သတ်ခံခဲ့ရဖူးတယ်ဆိုတာ မေ့မသွားကြပါနဲ့လို့ ……………

  • Phaung Phaung

    March 26, 2012 at 5:21 pm

    မန္တလေးခရီးစဉ်ကတည်းက အမေစုနေမကောင်းကြောင်းသိရလို့စိတ်အတော်ပူမိပါတယ်။ အမေစုကျမ်းမာ
    အောင်ဆုတောင်းကြရအောင်ဆိုတဲ့ခေါင်းစဉ်နဲ့ ရင်ထဲကလာတဲ့စကားတွေကို ပို့စ်တင်ပေမယ့် တန်းလန်းကြီး
    ဖြစ်သွားခဲ့တယ်။ အမေစု အားပြန်ပြည့်အောင်ခေတ္တအနားယူသင့်ပါတယ်။ အမေစုလွှတ်တော်ထဲမှာ လုပ်စရာ
    တွေအများကြီးရှိပါသေးတယ်။ အမေစုကိုမတွေ့ရပေမယ့် အမေစုကိုထောက်ခံသူတွေအပြည့်အဝရှိပြီးသားပါ။
    အမေစုနေမကောင်းရင် ဟိုအုပ်စု(မခင်လတ်ပြောတဲ့အမေစုကိုမုန်းတဲ့လူတန်းစား၃ရပ်)တွေက ဝမ်းသာနေမှာ
    လုံးဝမလိုလားပါဘူး…….မပြောကောင်း၊မဆိုကောင်း အမေစုတခုခုဖြစ်သွားလို့ကိုမဖြစ်ပါဘူး… ပြည်သူတွေ
    ရဲ့မျှော်လင့်ချက်တွေပြည့်ဝဖို့နည်းနည်းပဲလိုပါတော့တယ်……… အားတင်းပြီး ကျမ်းမာအောင်ဂရုစိုက်ပါဦး
    လို့ အမေစုကိုပြောချင်ပါတယ်

  • ဇွဲမာန်(အင်းဝ)

    March 26, 2012 at 9:43 pm

    အမေစု ကျန်းမာပါစေ…အမေစု ကျန်းမာပါစေ..အမေစု ကျန်းမာပါစေ

  • နေဝန်းနီ

    March 26, 2012 at 10:38 pm

    ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်လည်ကောင်းမွန်

    တနင်္သာရီတိုင်း မြိတ်မြို့နယ် မဲဆွယ်စည်းရုံးရေး ခရီးစဉ်အတွင်း ကျန်းမာရေး ချို့ယွင်းခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၏အခြေအနေမှာ တိုးတက် ကောင်းမွန်လာကြောင်း NLD က ယနေ့ ထုတ်ပြန်လိုက်သည်။

    မြိတ် ခရီးစဉ်တွင် ဒေသခံများကို နှုတ်ဆက်နေသော ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ – Aung Koe / Facebook)

    ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို ယခင်လထဲက အထွေထွေ စမ်းသပ်မှုများပြုလုပ်ခဲ့ရာတွင် လုံးဝ ကောင်းမွန်ကြောင်း တွေ့ရှိရပြီး မြိတ်ခရီးစဉ်၌ ရေယာဉ်အခက်ခဲကြောင့် မော်တော်ဘုတ်ငယ်များဖြင့် နေပူထဲတွင် အချိန်ကြာမြင့်စွာသွားလာခဲ့ရ၍ ပင်ပန်း မှုဒဏ်ခံရသကဲ့သို့ အလုပ်ဖိစီးမှုဒဏ်နှင့် အားနည်းနေခြင်းတို့ကြောင့် နေထိုင်မကောင်း ဖြစ်ရကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။

    “ယခုအခါ ကျန်းမာရေးအခြေအနေမှာ တိုးတက်မှုရှိလာသော်လည်း ၄/၅ ရက် နားနေရန်လိုအပ်ကြောင်းလည်း မိသားစု ဆရာဝန် က အကြံပြုထားပါသည်”ဟု ကြေညာချက်၌ တွေ့ရှိရသည်။

    NLD ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး ကော်မတီ ဥက္ကဋ္ဌ ဖြစ်သူ ဦးဉာဏ်ဝင်း ကလည်း “ကျန်းမာရေးအခြေအနေက ဒီနေ့တော့ ကောင်းသွားပါပြီဗျာ”ဟု ဧရာဝတီသို့ ပြောသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ယခုလ ၃၁ ရက်နေ့တွင် သူ၏ မဲဆန္ဒနယ်မြေ ဖြစ်သော ကော့မှူးမြို့နယ် သို့သွားရောက်ရန်ရှိကြောင်းလည်း သိရသည်။

    ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး အဖြစ် ယခုလ၂၄ ရက်နေ့က မြိတ်မြို့နယ် အတွင်း ရေကြောင်းခရီးဖြင့် သွားရောက် ရာတွင် မူးဝေ အော့အန်ခြင်းနှင့် ဝမ်းလျှော၊ ဝမ်းပျက် ဖြစ်ပွားခဲ့ပြီး နေအိမ်တွင် ဆေးကုသမှုခံယူကာ အနားယူနေရာမှ ယနေ့တွင် ပြန်လည် သက်သာလာခြင်းဖြစ်သည်ဟု NLDက ပြောသည်။

    မြိတ်မြို့နယ်အတွင်း ရေကြောင်းဖြင့်သွားရောက်ရန် ပြင်ဆင်ထားရာ မူလက စီစဉ်ထားသော ရှပ်ပြေးစက်ရေယာဉ် ငှားရမ်း ထားမှုသည် အချိန်နီးကပ်မှ ပြောင်းလဲသွားခြင်းကြောင့် ရရာရေယာဉ်များနှင့် စီစဉ်ကာ ခရီးဆက်ခဲ့ရခြင်းကြောင့် ကျန်းမာရေး ထိခိုက်မှုဖြစ်ပွားခဲ့ရကြောင်း ခရီးစဉ်တွင် လိုက်ပါသွားသူ ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးတာဝန်ခံ ဦးခွန်သာမြင့် က ပြောပြသည်။

    “အရင်စီစဉ်ထားတဲ့ ရှပ်ပြေးက ဟိုရောက်ခါနီးကြမှ ဖိအားပေးခံရတယ်ဆိုပြီးတော့ ပိုင်ရှင်ကမငှားတော့ဘူးဆိုတော့၊ ကုန်တွေ တင် တဲ့ ကာဂိုမော်တော်ကြီးကို ယာယီအမိုးတွေမိုးပြီးတော့ သွားရတယ်။ ကာဂိုကလည်း လူစီးမဟုတ်တော့ ဒီဇယ်အနံ့ကြီးက နံတယ်။ ရှပ်ပြေးလိုလည်းမငြိမ့်ဘူးပေါ့။ လှိုင်းကလည်းမူးတော့ အဲဒီမှာ စ အန်တာပဲ”ဟု ဦးခွန်သာမြင့်က ဧရာဝတီသို့ ပြောသည်။

    သူကဆက်လက်ပြီး“အခြေအနေကမကောင်းတော့ (မြိတ်) ကျွန်းစုခရီးစဉ်ကိုဖျက်ဖို့ အစ်မ(ဒေါ်အောင်ဆန်းစုကြည်)ကိုပြောတယ်။ သူကတော့ လူတွေကိုခေါ်ထားပြီးမှ မသွားလို့မဖြစ်ဘူးဆိုပြီး လုပ်နေတာ။ ကျန်းမာရေးအရ မနည်းဝိုင်းပြောရတာပေါ့။ အိမ်ရောက် တော့ အော့အန်တာတို့၊ ဝမ်းသွားတာ တို့ဖြစ်တာ ပေါ့။ နောက်ဆေးတွေ ဘာတွေသွင်းယူရတာပေါ့”ဟု ပြောဆိုသည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် မိသားစု ဆရာဝန်ဒေါက်တာ တင်မျိုးဝင်း၏ အကြံပေးချက်အရ ယခုလ ၂၇-၂၈ ရက်နေ့များတွင် မကွေးမြို့၊ တောင်တွင်းကြီး၊ ကျောက်ပန်းတောင်းနှင့် နတ်မောက်မြို့ခရီးစဉ်များကို ဖျက်သိမ်းခဲ့ပြီး အနူးအညွှတ်တောင်းပန်ကြောင်း အဖွဲ့ချုပ်က ယမန်နေ့ကလည်း ကြေညာချက် ထုတ်ပြန်ခဲ့သည်။

    အဆိုပါမြို့နယ်များရှိ မဲအောင်နိုင်ရေးအဖွဲ့များကလည်း ဒေါ်အောင်ဆန်းစုကြည် လာမည်ကို သက်ဆိုင်ရာမြို့နယ်များအတွင်း အသိ ပေး ကြေညာထားသကဲ့သို့ ပြင်ဆင်မှုများလည်းပြုလုပ်ထားကြောင်း၊ မလာဖြစ်တော့သည့်အတွက်ကိုလည်း တောင်းပန် စာများကို မြို့ပေါ်နှင့် ကျေးရွာများသို့ ပေးပို့ခဲ့ရကြောင်း စုံစမ်း သိရှိရသည်။

    “ကျနော်တို့ကတော့ ထန်းတောထဲမှာ ဒေါ်စု စကားပြောဖို့ စင်အကြီးကြီးနဲ့ ကြိုဆိုမယ့်ဟာတွေအကုန်စီစဉ်ထားတာပေါ့။ ခုမလာဖြစ် တော့ ဒီဒေသခံတွေက ဒေါ်စု နေမကောင်းလို့ ဝမ်းနည်းစိတ်ပူသလို၊ သူတို့ဆီကိုမလာဖြစ်တဲ့အတွက်လည်း ဝမ်းနည်းနေကြတယ်” ဟု ကျောက်ပန်းတောင်းမြို့နယ် NLD မဲအောင်နိုင်ရေး တာဝန်ရှိသူ ကိုအေးခိုင် က ပြောပြသည်။

    မြို့ပေါ်ရှိ ဈေးသူဈေးသားများနှင့် မြို့ခံများ၏ တောင်းဆိုချက်အရ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ရန် ဆုတောင်း မေတ္တာပို့ပွဲကို မြို့တွင်းရှိ ဆုတောင်းပြည့်ဘုရားကြီး၌ ယနေ့ညနေ ၆ နာရီတွင် ကျင်းပရန် ကျောက်ပန်းတောင်းမြို့နယ် NLD က စီစဉ်ပေးထားသည်ဟုလည်း ဆိုသည်။

    ကျောက်ပန်းတောင်းမြို့သို့ ရောက်ရှိလာလျှင် မိန့်ခွန်းပြောရန် ဆောက်လုပ်ပြင်ဆင်ထားသော မဏ္ဍပ်စင်အား ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာရောက်ဟောပြောပြီးသည်ထိ ထားရှိသွားရန် ဒေသခံများက တောင်းဆိုကြသဖြင့် မဖျက်သိမ်းဘဲ ထားရ သည်ဟု သိရသည်။

    ကြားဖြတ်ရွေးကောက်ပွဲ၌ ကျောက်ပန်းတောင်းမြို့နယ်တွင် NLD နှင့် ကြံ့ခိုင်ရေးပါတီ နှစ်ပါတီသာ ဝင်ရောက်ရွေးချယ်ခံကြမည် ဖြစ်ကြောင်း၊ ယခုလ ၂၄ ရက်နေ့က ကြံ့ခိုင်ရေးပါတီဝင် တချို့က ဒေါ်အောင်ဆန်းစုကြည် ကို ဂုဏ်သိက္ခာအရ တိုက်ခိုက်သော ရုပ် ပုံ များ၊ မေးခွန်းများပါဝင်သော ဗီစီဒီနှင့် စာများကို ည အချိန်များတွင် ရပ်ကွက်များအတွင်း ဖြန့်ခဲ့သဖြင့် မြို့နယ်ကော်မရှင် ရုံးသို့ NLD က တိုင်ကြားထားကြောင်းလည်း ကိုအေးခိုင် က ပြောသည်။

    “ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြားသားကို ယူထားတယ်။ သူ့ကို မဲပေးရင် တိုင်းတပါးကျွန်ဖြစ်မယ်။ သူနဲ့ သူ့ခင်ပွန်းပုံတွေ ကို လည်း ဖိုတိုရှော့တွေနဲ့ ပြင်ထားပြီး လုပ်ထားတယ်ဗျ။ တချို့စာသားတွေက မကြားဝံ့၊ မပြောဝံ့တွေပါ ထည့်ထားတယ်ဗျာ။ မြို့နယ်ကော်မရှင်ကို တိုင်ထားတယ်”ဟု သူက ပြောဆိုသည်။

    ကြားဖြတ်ရွေးကောက်ပွဲတွင် NLD နှင့် ကြံ့ခိုင်ရေးပါတီတို့က လစ်လပ်မဲဆန္ဒနယ်မြေ ၄၈ နေရာလုံးတွင် ဝင်ရောက် ရွေးချယ်ခံကြ မည်ဖြစ်ပြီး NLD ပါတီမှာ မဲဆွယ်စည်းရုံးရေးကာလတွင်၊ ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာထိခိုက်စေမည့် တိုက်ခိုက်ခံရမှုများ ရှိသကဲ့သို့ ပါတီ ဆိုင်းဘုတ်များ ဖျက်ဆီးခံရခြင်း၊ ပါတီ ကိုယ်စားလှယ်များ ချောင်းမြောင်းတိုက်ခိုက်ခံရခြင်း၊ ခရီးစဉ်များ ကြန့်ကြာစေရန် ဟန့်တားခံရခြင်းများရှိကြောင်း ပါတီ ဗဟို မဲအောင်နိုင်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

    http://multiplygroups.multiply.com/reviews/item/455

Leave a Reply