အခြေခံ ၂၁
ဦးစွာ ပထမ ဝန်ခံလိုတာကတော့ ဒါဟာ အလွန်အင်မတန် စိတ်ထိခယက်ပီးကာကျမှ
ရေး တင်ရသော ပိုစ့်ဖြစ်ပါတယ်… (ရေးချင်တာရေးတာများ …ဟီး..)
ဟုတ်တယ်လေဂျာ … ခုတလော …တိုကီယိုမှာ ကျုပ်ကို ကြွက်ပစ် ငှက်ပစ်ရင်ခေါ်နေကျ
ဘော်ဘော်တွေ အားပါးတရ စိုင်ပစ်ပွဲ ကျင်းပနေလေရဲ့ … ကျုပ်မှာတော ့….
အဟင့်….
🙁
ဒုတိယံပိ ဝန်ခံချင်တာကတော့ ကော်ပီပေ့စ် မတင်ပါနဲ့ လို့ ပြောနေတဲ့ သဂျီး၂လုံး၁ပြူးကို
စိန်ခေါ်ပီးတင် တာ မီဟုတ်ရပါဝူး…
စိုင်ပစ်တဲ့အခါ အိုင်ဒီယာတွေ ရွမ်းနင်းအောက်ဒေါ့ဗ်ရွာဟဒ် ဖစ်သွားချိန်ကျ ထုတ်သုံးဖို့ ပါ…
ကျုပ်လေ …ကျုပ်. …. အင်း ..ရှက်လည်း ရှက်ပါတယ် ..ရှက်လည်းရှက်တော့ဘာဘူး…
ပြောပြပါတော့မယ်… ကျုပ်လေ …ကျုပ် ခုနေများ .. စိုင် တအား ပစ်ချင်တာပဲ …သိလား ….
ကဲပါ. .တင်တော့မယ် အင့် အင့်…

1. ပေါ့ထလေချာ ရိုက်ရင် အရိုးရှင်းဆုံးသော ဖွဲ့စည်းပုံ တခုပါတဲ့ ..(ဆြာ့ ဆြာကြီးတွေပြောတာ ပြောပါတယ်… မောင်ဂီကတော့ သေချာမသိပါ..)
မော်ဒလယ်ကို ပုခုံးပေါ်ကနေ ကျော်ပြီး ကြည့်ခိုင်းတာပါတဲ့ … ၄၅ဒီဂရီလောက် အစောင်းလေး ပေါ့ဗျာ ..။ အန်ဂယ်လ် နည်းနည်းချိန်းပြီးရိုက်ရင်
ဆင်းပလိ သည်ဘက်စ် ပေါ့…

2. ပေါ့ထရိတ်မှာ ပုံမှန် ပျမ်းမျှအားဖြင့် …လက်တွေဟာ မမြင်ရ(ဝါ) မထင်ရှားတဲ့ အခန်း ကဏ္ဍ ဖြစ်ပါတယ်. . သို့သော် ဒီလိုလေး စမ်းကြည့်နိုင်ပါတယ်ဗျာ..
မော်ဒလယ်ကို မျက်ခွက်နဲ့ ခေါင်းကို လက်နဲ့ ပွတ်ခိုင်းတာပါ… ကင်မလာဘက်ကိုတော့ လက်ဖွားပြင်တွေ မဟုတ်ဘဲ လက်ဖွားဇောင်းတွေ ပိုစ့်ပေးပြီးတော့ပေါ့…

3. rule of thirds ကို သိပြီးသား ဆိုရင် စမ်းကြည့်ဖို့ကောင်းတဲ့ နောက်ထပ် နည်းတနည်းပါ… diagonals လို့ခေါ်ပါတယ်…
(မောင်ဂီ သိပ်ကြိုက်သပေါ့) unusual perspectives တွေရဖို့ နည်းကောင်းတနည်း ခည လို့ လက်တို့လိုက်ရပါတယ်။

4. အလွန်ကောင်းမွန်ပီး ချစ်စဖွယ် ဖွဲ့စည်းမှုပါပဲ.. ဒူးစေ့ထားသင့် ပီး ..အန်ဂယ်လ် ခပ်မြင့်မြင့်ကနေရိုက်သင့်ပါတယ်…

5. ဒါလည်း ကျနော် အလွန်အင်မတန် နှစ်သက်တဲ့ တက္ကနီကွေး တခုပါပဲ …ဟုတ်ကဲ့ low angle ပါ… မူရင်းစာရေးသူကတော့ open and inviting pose
ဆိုပဲ …. အဟတ်…

6. အနားယူမှု အေးချမ်းမှု လွတ်မြောက်မှု စတာတွေကို ဖော်ဆောင်နိုင်တဲ့ ပိုစ့် ပါ။ အောက်ဒိုး ပန်းတွေကြား မြက်ခင်းပေါ် သဲသောင် စတာတွေမှာ
အလွန်အလုပ်ဖြစ်သပေါ့ဗျာ…. (ကျုပ်ရှက်လည်း ရှက်ပါတယ်လေ… ရှက်လည်း ရှက်တော့ဘာဘူး …ဟီး….)

7. ဒါလည်း အလွန်ကောင်းတဲ့ ပိုစ့်ပါဗျို့ …. ထုံးစံအတိုင်း low angle ပဲ… အဲ့ … ခေါင်းနဲ့ လက် ပိုဇစ်ရှင်တွေကို အမျိုးမျိုး ချိန်းဖို့နဲ့ ဘယ်ညာ အန်ဂယ်လ်ကို
ပြောင်းဖို့တော့ လိုအပ်သဗျ…. (ဒါ့ပုံဆြာ ကိုယ်တိုင် မှောက်ပီး ပစ်ရတဲ့ ပိုဇစ်ရှင်မျိုး …)

8. ဒါကတော့ ခြေထောက် ပုံစံတွေ ပြောင်းလဲခြင်းအားဖြင့် မူကွဲမျိုးစုံ ထွက်လာမယ့် ပိုစ့်ပါဗျာ…. ကာလံဒေသံကိုလိုက်လို့ f-stop မျိုးစုံသုံးပါ
တခုလေးပဲ …. focus ကတော့ မျက်လုံးပေါ်မှာနော…

9.မော်ဒလယ်လဲမှောက် ကိုယ်လဲမှောက် ..(အဲ့ … မောင်ဂီမှောက်တာ ..တာကွီလာကြောင့်မီဟုတ်) …အောက်ဒိုး အင်ဒိုး ၂ဒိုးလုံး အဆင်ပြေမယ့် ပိုစ့်ပါခင်ဗျ…။

10. ဒါကတော့ လွယ်ပါတယ်ဗျာ … တခုလေးပဲ …ဟုတ်ကဲ့ ကွန်ပိုဇစ်ရှင်းရယ်ပါ….

11. မူရင်းရေးသူကတော့ simple and friendly pose တဲ့ … လားရာနဲ့ အန်ဂယ် အနိမ့်အမြင့် မျိုးစုံ စမ်း တွယ်သင့်ပါကြောင်း..

12. ကောက်ကြောင်းတွေကို အကောင်းဆုံးဖော်ပြနိုင်မယ့် နည်းတနည်း ဖြစ်မယ်ထင့် …။ against light ဆြာတွေ သိပ်ကြိုက်တဲ့ နည်းပေါ့ဗျာ…
hair-light, soft-light တွေ လွှတ် ဆော့လို့ကောင်းမပေါ့ ….(ကျုပ်လေ..ကျုပ်… ရှက်လည်းရှက်ပါရဲ့ဗျာ…)

13. ရိုးရှင်းပြီး ပေါ့ပါးတဲ့ post ဖြစ်ပါတယ်.. မူကွဲတွေ အများကြီး ရှိပါတယ် ခါး နဲ့ ခေါင်းကို ဘယ် ညာ twist ခြင်းဖြင့် ပုံစံသစ်တွေရလာနိုင်ပါတယ်..

14. နောက်ထပ် ကျော့ရှင်းတဲ့ ပုံစံတစ်ခုပါ .. ခေါင်းကို ဘေးဘက်အနည်းငယ်စောင်း ပြီး လက်တွေက အိပ်ကပ်ထဲမှာပေါ့..

15. ရှေ့ကို အနည်းငယ် ငိုက်ထားတာ ကို က အတော်လေး ဆွဲဆောင်မှု ရှိတဲ့ပုံစံဖြစ်ပါတယ်။ ခန္ဓာကိုယ် အထက်ပိုင်းကို ဇောင်းပေးဖော်ပြချင်ရင်
သုံးသင့်တယ်လို့ မူရင်း စာရေးသူက ညွှန်းပါတယ်..

16. သွယ်လျတဲ့ ကိုယ်ခန္ဓာရှိသူတွေအတွက် ကောက်ကြောင်း အသားပေး ထားတဲ့ ပုံစံဖြစ်ပါတယ်… (JP လေးတွေ မပါပါ… အဟတ်အဟတ်..)

17. ဒါအစ ဖြစ်ပါတယ်… ဟုတ်ကဲ့ ..ဒီကနေပြီး ပုံစံကွဲတွေ အမျိုးမျိုး (composition အမျိုးမျိုး) ရရှိလာဦးမှာမို့လို့ပါပဲ..။

18. နံရံမီ မတ်တပ်ရပ်နေတဲ့ သက်တောင့်သက်သာ ပုံစံပါ.. ကျောမီရုံတင်မဟုတ်ဘဲ ခေါင်း ၊လက် ၊ ခြေ စတာတွေကို သုံးပြီး မူကွဲတွေဖန်တီးနိုင်သေးရဲ့…
(ကျုပ်လေ ကျုပ်..ကျုပ်… ရှက်လည်း ရှက်ပါတယ်ဗျာ…)

19. ကိုယ်လုံးပြည့်ပုံရိုက်မယ်ဆိုရင်ဖြင့် slim ဖြစ်တဲ့ မော်ဒလယ် နဲ့မှ ကိုက်မယ်ဆိုတာ သတိချပ်စေချင့် …။
ပိုစ့်ပုံပိုစ့်နည်းကတော့ ရှင်းပါတယ်… S ပုံစံ ခပ်ကွေးကွေးဆို အိုကေ..

20. စိတ်မကောင်းစရာပါ …ဒါလည်း ဝတုတ်မလေးတွေအတွက် မဟုတ်ပါဘူး …။ အကောင်းဆုံးသော ပိုစ့်တတြာ ရဖို့အတွက်
မော်ဒယ်ဟာ လက်နဲ့ ခါးကို ဖြေးညှင်းစွာ twist နေရပါမယ် …. (ဖြည်းဖြည်းပဲ ဒွန့်နော… ချပ်စ်…)

21. သိမ်မွေ့ပြီး ရိုမန်တစ် တဲ့ ပိုစ့်ပါ… ကြိုက်တဲ့အဝတ် သုံးပါ …တခါတလေ ခန်းစီး …(အာဟိ..)
ကျောဘက်ဟာ လုံးဝ ပြောင်ရှင်းနေရမယ်မဆိုလိုပါဘူး တခါတခလေ ပုခုံးသားလောက် ဖော်ရုံနဲ့ အလုပ်ဖြစ်တတ်ပါတယ်…။
ကဲ ပီးဘီ … တကယ်တော့ ဒါတွေဟာ အခြေခံ အကျဆုံးအချက်တွေပါ … အထက်မှာ ဆိုခဲ့သလို ကာလံဒေသံ ကိုလိုက်လို့ …အလင်းအမှောင် ..အဝတ်အစား …
မော်ဒလယ်ရဲ့ ခေါင်းခါးခြေလက် ကို အမျိုးမျိုးပြောင်းကြည့်ရင်း ပုံသစ်တွေ ထွက်လာမှာ ဖြစ်ပါဂျောင်း…
Kaspars Grinvalds ရေးတဲ့ 21 Sample Poses to Get You Started with Photographing Female Subjects
ကို ပြန်ချင်သလို ပြန်ဆိုထားပါသည်…။
ကျုပ်လေ .. ရှက်လည်း ရှက်ပါရဲ့ …ရှက်လည်း ရှက်တော့ ဘာဘူးဂျာ….
😀
Female Poses: 21 Posing Ideas to Get You Started Photographing Women
utm_source=feedburner&utm_medium=feed&utm_campaign=Feed%3A+DigitalPhotographySchool+%28Digital+Photography+School%29
27 comments
kai
March 28, 2012 at 3:21 pm
မိုဒယ်ကို… တင်တွေ..ရင်တွေ..အတင်းအဓမ္မ..ကော့ကော်ကန်ကားခိုင်းထားတဲ့.. စိုင်ပစ်သမားတွေ.. ထပ်ခါလေ့ကျင့်သင့်တယ်..
လက်ခလယ်… အဲ..အဲ.. လက်မလေးထောင်.. အားပေးသွားကြောင်း..
ကင်မရာဝယ်ဖို့.. ဓါတ်ပြန်ကျလာကြောင်း…။ 🙂
myanmarcitizen
March 28, 2012 at 3:26 pm
သူကြီး လဲ စိုင်ပစ်ချင်နေပြီထင်တယ်။ ပုံ 9 အားကီးကြိုက်တယ်ဗျာ။ 🙂
Diamond Key
March 28, 2012 at 3:39 pm
အားပါးပါး ……….. ကောင်းမှကောင်း (စိုင်ပစ်နည်း ပညာတွေ ပြောတာ) 😛 ဒါတွေကြောင့် ဆြာကို အားကိုးတာ စိုင်ပစ်နည်းတွေ သိဖို့လေ
Ma Ei
March 28, 2012 at 3:39 pm
ဒါဆို..
မြန်မာပြည်က ဓါတ်ပုံဆရာတွေရိုက်တဲ့ မော်ဒယ်တွေရဲ့ပိုစ့်က
22 ကစတာထင်တယ်နော်…
ရွာစားကျော်
March 28, 2012 at 3:46 pm
ကျုပ်လည်း..
အိမ်က ရှင်မွေးလွန်းကို
မော်ဓယ်လုပ်ခိုင်းပြီး
ဒိုင်ဗင်ပစ်.. အဲ အဲ
ကိုယ့်စိုင်ကိုယ်ပစ်ကြည့်အုံးမယ်ဗျာ..
စိတ်ပါသွားဘီ.. 😆
Khaing Khaing
March 28, 2012 at 4:02 pm
ကိုဂီ ပျောက်နေတာကြာပြီနော် ….. အားလုံးထဲမှ ပုံ 6 စတိုင်လေးကိုကြိုက်တယ် အဲစတိုင်မျိုးရိုက်ထားတဲ့ လူတွေကတော်တော့်ကိုချစ်စရာကောင်းတယ် … တို့မှအပ အားလုံးသောမိန်းကလေးတွေက လှမှာပါ ….
mocho
March 28, 2012 at 4:08 pm
ဒီမှာတွေ့နေကြအရက်ေကြော်ငြာတွေ က ၅၊၇၊၈၊၁၂တွေ ကို ပိုပိုသာသာ ကော့ ၊ ပစ်၊ ကား လုပ်ထားတာတွေ များသလားလို့။
ကိုရင်မောင်
March 28, 2012 at 4:10 pm
ကြည့်ဇမ်းကြည့်ဇမ်း ဒါကြောင့်
အသက်ပြင်းတဲ့ဖားရယ်လို့နံမည်ကြီးနေတာကို….
weiwei
March 28, 2012 at 4:20 pm
မှတ်ထားလိုက်ပြီ … သူငယ်ချင်းဝတုတ်တွေကို အလှဆုံးဖြစ်အောင် မော်ဒယ်လုပ်ခိုင်းပြီး ရိုက်ပေးလိုက်အုန်းမယ် …
FattyCat
March 28, 2012 at 5:03 pm
ငါတို့ကတော့ မှောက်ရိုက်ပစ်လိုက်တာပဲ….ဟီးဟီး
Mr. MarGa
March 28, 2012 at 5:16 pm
မိုဒယ်လ် အစစ်နဲ့ တင်ရင်ကောင်းမယ်ဗျာ
ဒါကျတော့ တစ်ညိုးရီးပဲ
သိပ် နားမလည်ဘူး
ဦးမာဃတို့က လက်တွေ့မြင်မှ နားလည်တာလေ။
KoNyeinChan
March 28, 2012 at 5:34 pm
ညီဂီဂီရေ.. ဒီပို ့စ်အတွက် ကျေးဇူးတင်တယ်ကွာ.. နောက်ဒီလို ပို ့စ်မျိုးတွေရှိရင်ထပ်တင်ပါဦး..
MaMa
March 28, 2012 at 7:00 pm
ပိုစ့်လေးတွေက မိုက်တယ်။
စိုင်လေးတွေလည်း သိသင့်တယ် ထင်တယ်။
အင်းးးးးးးးးးးးးး
ပြောရရင်ဖြင့်………
ဖားသက်ပြင်းရဲ့ အသက်ရှည်ကြောင်း နည်းလမ်းကောင်းလေးတွေပေ့ါ 😆
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
March 28, 2012 at 8:38 pm
ကိုသက်ပြင်းဦးဂီ……..
ဆရာတင်ပြီနော် ဘာပဲဖစ်ဖစ် ရွာထဲမှာ ကျုပ်ဆရာ
ဦးပေါက်၊ဦးဂီ၊ဦးသော့ ၊ ဦး လုလင်၊ဦးနာဂ ကိုရွှေမင်းသားရဲ့ပုံတွေတော့မြင်ဘူးသေးဘူးဗျ။
မြင်ဆရာကြားဆရာတို့ကို ဂါရဝေါစနိဝါတောစပါနော်……………….
ဟိအီး…………. နည်းတွေရမှ ကင်မလာကြီးရေထဲပစ်ချမိတာနောင်တရပါကြောင်း…………
ကြာရင်တော့မာတာပိတုကိုပေးတဲ့ ငါးနှစ်သက်တမ်းကြီးတိုပြီးဓါတ်ပုံတပည့်ထလုပ်မိတော့မယ်
ချေ့နေလုပ်တော့ဝူး……………… ဩောငါးနှစ်ငါးနှစ် အမွေကိုငါးနှစ်ဆက်ခံပြီး စောင့်ရပေဦးမည်။
windtalker
March 28, 2012 at 8:44 pm
ရေငတ်လွန်းလှချေသကွယ် ။
စပွန်ဆာတွေကြေငြာနေတဲ့ ပေါင်းစုံမှောင်ခို ဖရဲ ကို ဘဲ ဘီယာဆိုင် လိုက်ပို ့ခိုင်းတော့မယ် ဓါတ်ပုံဆြာရေ ။
Mလုလင်
March 28, 2012 at 9:07 pm
အင်း … လာ ဆွနေတယ် နော့ … ကျန်းမာ ပါစေဗျာ … ကြားတာတော့ … ရဲတိုက်နဲ့ တူပြီး အရပ် ပိုရှည် ပါကြောင်းတဲ့ … ဗျ …
htoosan
March 28, 2012 at 9:51 pm
ဒါ့ပုံ ဆြာများကော ရွာထဲက ရွာသူများကော သိထားရမှာဗျို့ ..
koaung
March 28, 2012 at 10:04 pm
ဒီနည်း၂၁နည်းကိုယ်သာအောင်လုဎ်ပြနိုင်တာမြန်မာပြည်ကဒါ့ပွန်ဆြာတွေပဲ၄မျိုးထဲနဲ့ရိုက်သွားတာမော်ဒယ်တွေကို(ကုန်း။ကော့။လန်။ကား)နည်းတွေနဲ့
Khin Latt
March 29, 2012 at 3:36 am
အမယ် အမယ် –
သူကြီးမင်း က ရှေ့ဆုံးက မန့်ထားပါလား။
ဒီအရှေ့က Post ကိုတော့ မမြင်ချင်ယောင်ဆောင်ထားပုံရတယ်၊
တကဲ့ မော်ဒယ်တွေ ဂိုက်ပေးတာက သဘာဝ အတိုင်း ဘဲ ပျော့ပျော့ပြောင်းပြောင်းလေး။
တို့ပြည် က အတော်များများ ကတော့ ကြည့်ရတာ တောင့်တောင့်ကြီး တွေ ကို ကောက်ပြ ကော့ပြ နဲ့။
ဒီမှာလာပြီး လေ့လာကြပါ ကွယ်တို့။
ဂလို ပုံတွေကို တကဲ့လူမလေးတွေ နဲ့ အကောင်အထည်ဖော်ပြီး လောက်ရောပေါ့။
ဟုတ်တယ် မဟုတ်လား။ 😉
ဖားသက်ပြင်း
March 29, 2012 at 9:01 am
@ သဂျီး..
ပြောပြန်ရင်လည်း မြှောက်ပေးတယ် ဖြစ်ဦးမယ်..အာဟိ…
ဆုပဲတောင်းပေးလိုက်တော့မယ်…ဘဏ္ဍာရေး ဝန်ဂျီး ဘတ်ဂျက် ချပေးပါစေတော်…
😀
@myanmarcitizen
သဂျီးက သဂျီးကတော်ကို ပစ်မယ်ပြောတာ…
(ဒါမှ ဘတ်ဂျက်ကျမှာလေဗျာ…)
ဟီးးးး…
@ဆြာသော့
စိုင်ပစ်ချင်လို့ပါကိုယ့်ဆြာရယ်…
ကျုပ်လေ ..ရှက်လည်း ရှက်ပါတယ်… ရှက်လည်း ရှက်တော့ပါဘူးလေ…
@အန်တီအိ
နက်ချွယ်ဘူးသီး လေးတွေရိုက်တဲ့လူတွေလည်း ရှိပါသေးရဲ့ဗျာ…
@ရွာစားကျော်
ပစ်ကြပါ ..ကိုယ့်ဆြာတို့ …. ကိုယ့်ဆြာတို့က ကိုယ်ပိုင်စိုင်ရှိကြတာပဲဟာ…
@Khaing Khaing
ဟုတ်… ကျနော် မအားလို့ဗျ….
ပုံ-၆ က ကျနော် ကိုယ်တိုင်လည်း အလွန်နှစ်သက်တဲ့ ပိုစ့်ပါဗျ..
@မမမိုချို
အရက်ကြော်ငြာ ကတော့ …အော်.. အရက် ကြော်ငြာကိုး …
sex sells တက္ကနီကွေးတွေပါဗျာ …ချဉ်ထှာ..
@ကိုရင်မောင်
သများက ဘယ်မှာ နာမည်ကြီးနေတာတုန်းဟင်င်င်င်င်…
@မမဝေ
သူငယ်ချင်း ဝတုတ်တွေ ထဲက တယောက်ကိုတော့ သိသလိုပဲ …
အာဟိ…
😀
@FattyCat
မော်နီတာ flip-out လုပ်လို့ရတဲ့ ဒီ တွေဆို
မှောက်စရာမလိုတော့ဘူးရယ်… ထိုင်ချပြီး မော်နီတာ ဖွင့်ရိုက်ယုံပဲ…
(ဆွပေးခြင်းမီဟုတ်ပါ..)
@Mr. MarGa
အမှုကြီးအောင် မီလုပ်ပါနဲ့ သကြားခဲရယ်…
@KoNyeinChan
သများ ကြိုးစားနေပါတယ်ချင့် …
(ဗိုက်ထဲမှာ အခွေလိုက် အခွေလိုက်..)
😀
@မာမား..
ဟုတ်ကဲ့ … စိုင်ကလေးတွေ သိသင့်တာ အမှန်ပါချင့်..
သူတို့ ဒူလေ သများတို့ အသက်တိုလေ မို့ပါချင့်..
@မိုင်ဆွန်ခ မင်္ဂလာတရာ;အော………..
ရှေ့နေရွှေခေတ်ရောက်တော့မယ်ဗျို့ ….
ကြာပါတယ်ဗျာ ..ရှေ့နေလုပ်ရင်း သတင်းဒါ့ပုံသမားပါ
တခါတည်း တွဲလုပ်
😀
@ဘောဆြာပေ…
တကြောင်းရေး ကောက်ကြောင်းတောင် ရေငတ်တယ် ဆိုတော့..
အင်း …
စိုးတယ်..စိုးမိတယ်.. စိုးရိမ်မိတော့တယ်…
😀
@Mလုလင်
ဆြာလု မော်ဒလယ် ရှာ ပါဆို…
😀
@ကိုhtoosan
ရွာသူတွေက အခြေခံ ပိုင်ပီးသားပါဗျ…
ဟို အရိပ်ကလေး ပိုစ့်မှာ သွားကြည့်ပါလား …ညင်းညင်း..
@koaung
အဲ့ဒါလေးတွေလည်း တနည်းကောင်းတာပါပဲ ကိုအောင်ရယ်..
ဂလု ဂလု ….
@အရီးလတ်…
အရီးတူမ ချောလေးတွေနဲ့ မှ အကောင်ထည်ဖော်မယ် စိတ်ကူးပီး
ထုပ်ပိုး သိမ်းဆည်းထားတဲ့ တက္ကနီကွေးလေးဒွေဖြစ်ပါဂျောင်း…
ဒက်ဂလောက် ဒက်ဂလောက်….
blackchaw
March 29, 2012 at 12:45 pm
အင်းလျားကို မကြာခဏရောက်နေတော့ တစ်ခါတစ်လေ (မကြာခဏ)

ဦးလေး သမီးတို့ကို ဓါတ်ပုံလေး တစ်ချက်လောက်ရိုက်ပေးပါ ဆိုပြီး
ကင်မရာလေးထိုးပေးတတ်တဲ့ ကလေးမလေးတွေ ကြုံနေရပါတယ်။
မလိုလည်း လိုလည်း အကူအညီလှမ်းတောင်းချင်တောင်းနိုင်အောင်
အဲဒီလို ဓါတ်ပုံရိုက်နေသူတွေအနား မယောင်မလည်လုပ်နေတတ်ပါတယ်ဗျာ။
တကယ်လည်း ဦးလေး သမီးတို့ကို ရိုက်ပေးပါ ဆိုတာ ခဏခဏကြီးကို ကြုံနေရပါတယ်။
အခု ဂီဂီပြောတဲ့ နည်းတွေမှတ်ပြီး ပိုက်ဆံမရတဲ့ စိုင်လေးတွေကို
အခမဲ့ ပစ်ပေးဖို့ ပြင်ဆင်နေပါပြီ ဗျို့။
ဖားသက်ပြင်း
March 29, 2012 at 12:57 pm
ဘဘဘလက်
ကိုသော့နဲ့
ကိုလုလင် တို့ရေ…
ရှိပီးသားဆိုလည်း ဆောရီးနော…
ကျနော့် မှာ ဒီစာအုပ်လေး ရှာဖွေတွေ့ရှိထားတယ်ဗျ…
ပြန်လာရင် ..အဲ့ဒါလေး ရှဲမယ်ဗျို့
http://www.amazon.com/500-Poses-Photographing-Women-Photographers/dp/1584282495/ref=sr_1_8?ie=UTF8&qid=1333002180&sr=8-8
ဒါ့ပုံစာအုပ်မို့ တင်ရမှာ လေးတဲ့အတွက် …(ခေါ်ဖီရွိုက်လည်း ကြောက်လို့..)
(တခြား လိုချင်သူရှိရင်လည်း … ပြောပါ…)
သာခိုးဂျီး မောင်ဂီ ..ပါးစပ်က ကော်ပီရွိုက် …
လက်က စာအုပ်တွေချည်း ..၈ဂစ်.. ခိုးဝှက်ထားပါကြောင်း….
😀
ဒီစာအုပ်
မျက်နှာဖုံး ပုံလေးပြချင်ထှာ ဂျာ …
ကော့မန့်မှာ ..သဂျီးက ပုံပေးမတင်လို့ …
ဟင့်..
စိတ်ထိခိယက်သွားဘီ…
Mလုလင်
March 29, 2012 at 6:08 pm
မရှိဘူးဗျ … ကျွန်တော့မယ် ဆရာ့ ဆရာတွေ နဲ့ စကားပြောခြင်း … တနည်း ဆရာတွေ ပြောတာ နားထောင်ခြင်း နဲ့ပဲ … ဒေါင်းထား (ခိုးထား) တဲ့ စာအုပ် လေးတွေတော့ နဲနဲ ရှိကြောင်း ..
ကြောင်လေး
March 29, 2012 at 9:37 pm
အသိပညာများဖြန့်ဝေလို၍ တင်ပေးထားသည်ဟုယူဆလျှက် ခိုးယူ အဲလေ ကူးယူသွားပါကြောင်း။
Shan Gyi
May 10, 2012 at 10:31 am
ဖတ်မှတ်လေ့လာ မှတ်သားသွားပါတယ် ဆရာဂီ
nozomi
May 10, 2012 at 1:14 pm
ဆရာဂီ ရေ ကျွန်တော်ဒီပို့စ် ကို အတွေ့နောက်ကျသွားတယ် ဗျ
တွေ့သမျှ စိုင် ရော ဝက် ရော အကုန်လိုက်ပစ်ကြည့်လိုက်ဦးမယ်
လင်းဝေ
May 10, 2012 at 4:11 pm
နို့စို့မိ တို့ကတော့ ပစ်မှာမပူနဲ့ ပစ်လည်းပစ် နာမည်နဲ့လိုက်အောင် လည်း သိတယ်နော်…
ဟားးဟားးး
မှတ်သားဖွယ်ရာအပြင် လုပ်စားဖို့ ဝမ်းစာပါဖြစ်ပါတယ်။