အပြေးမြန်တဲ့သူ
အပြေးမြန်တဲ့သူ…
ပုံပြင်လေးတစ်ခု ပြောပြသူက ဟန်ဂျီအင်းပါ…
ကိုရီးယားကား ချစ်စံအိမ် ထဲက မင်းသမီးလေ …မင်းသားက လီရောင်ဂျေး… သိတယ်မို့လား…
သူပြောတာလေး အရမ်းကြိုက်သွားလို့ ပြန်ပြောပြမလို့ပါ…
မင်းသား လီရောင်ဂျေး ကိုသူ့ အဖေက ဆူ ရိုက်လိုက်လို့ နာကျင်နေတဲ့ အချိန်မှာ…
ဟန်…ယုန်နဲ့ လိပ် ပုံပြင်လေး ပြောပြရမလား…
လီ…..ယုန် နိုင်သွားတယ် ပြောမှာမို့လား၊ မပြောနဲ့
ဟန်…မဟုတ်ပါဘူး၊ခုပုံပြင်က အသစ် နားထောင်နော်…
တနေ့မှာ ယုန် နဲ့ လိပ် အပြေးပြိုင် ကြသတဲ့…
ယုန်ကတော့ မြန်တဲ့သူမို့ ရှေ့က ပြေးနေတာပေါ့…
လိပ်ကလေးက ကြိုးစားပြီးပြေးနေတုံး ခရုလေးတကောင် တရွေ့ရွေ့နဲ့ သွားနေတာတွေတော့
အတော်နှေးတဲ့ကောင် ဒီလိုသွားနေ ဘယ်လောက်မှရောက်မှာ မဟုတ်ဘူး လာတက် ဆိုပြီး ကျောပေါ်တင်လာသတဲ့…
ဆက်သွားရင်း ပက်ကျိ တစ်ကောင် တွေ့ပြန်ပါလေရော…အဲ့ဒါနဲ့ သူ့ကိုပါ ထပ်ပြီးကျောပေါ် ခေါ်တင်လိုက်ပြန်ပါရော…
အဲ့ဒီ အချိန်မှာ ကျောပေါ်ရောက်နှင့်နေတဲ့ ခရု က နောက်တက်လာတဲ့ ပက်ကျိ ကို ဘာပြောလဲ သိလား…
လီ…..ဘယ်သိမှာလဲ…
ဟန်…မင်း မြဲမြဲကိုင်ထား အောက်ပြုတ်ကျမယ်… ဒီလိပ်က အရမ်းအပြေးမြန်တယ် အပြေးမြန်တဲ့သူတဲ့ ဟားဟားဟား…
ကျွန်မ သူပြောတာလေး အတော်သဘောကျသွားခဲ့ပါတယ်…
ယုန် လိပ် ခရု ပက်ကျိ စသည်ဖြင့် ကျွန်မ တို့တွေလဲ ဘဝတွေ အမျိုးမျိုး အဖုံဖုံ ရှိနေကြပါတယ်…
ရှင်သန်နေရတဲ့ ဘဝတွေမှာ နာကျင်ကြေကွဲမှုတွေ၊ ပူဆွေးဝမ်းနည်းမှုတွေ၊ ပူပင်သောကတွေ၊မချိတင်ကဲ နဲ့
ခံစားရခက်တဲ့ ဝေဒနာ ၊ကိုယ့်ကိုမှ ဖြစ်ရလေခြင်း ၊ ဆိုးဝါးလေခြင်း ၊စသည်ဖြင့်တွေးကာ ခံစားနေမိကြပါတယ်…
အမှန်တော့ကိုယ့်ထက်ဆိုးဝါးစွာ ခံစားနေရသူတွေ ရှိနေပါတယ်…
ဘယ်လိုအခြေအနေမျိုးဖြစ်ဖြစ် ကိုယ်တစ်ဦးတည်းခံစားရတာ၊ ခံစားဖူးတာ မဟုတ်ဖူးဆိုတာ သိထားသင့်ပါတယ်…
အောင်မြင်မှုရနေသူတွေကိုကြည့်ပြီး ကိုယ်ကအားငယ်စွာနေရတဲ့ အခြေအနေကို ငေးမျှော်အားကျ နေကြရတဲ့
သူတွေရှိနေပါလားလို့စဉ်းစားမိရင် … အားငယ်နေအုံးမှာလား…ဖြေသာသွားပြီပေါ့နော်… ဟားဟားဟား…
ဒါကြောင့် ဟန်ဂျီအင်း ရဲ့ ပုံပြင်လေးထဲကစကားလေး ပြန်ပြောမယ်နော်…
ဒီလိပ်က အရမ်းအပြေးမြန်တယ်
အပြေးမြန်တဲ့သူ တဲ့…
(အမှန်တော့ ကျွန်မကိုယ်တိုင် အကြောင်းအရာတစ်ခုကြောင့်ခံစားနေရတဲ့ အချိန်မှာ ချစ်စံအိမ် အပိုင်းတစ်ခုကို
ကြည့်ရင်း ဟန်ဂျီအင်း ရဲ့ပုံပြင်လေး နားထောင်မိပြီး စိတ်ဖြေရာ ရခဲ့တာဖြစ်ပါကြောင်း…)
22 comments
Mon Kit
March 28, 2012 at 3:35 pm
မအိရယ်… မွန်ကစ် အဲဒီဇာတ်လမ်းကို အထပ်ထပ်အခါခါသာ ကြည့်မိတယ်…
အဲဒီဇာတ်ဝင်ခန်းကို သတိတောင် မထားမိဘူး…..
ဟုတ်တယ်နော်… လူဆိုတာ အမြင့်ချည်းဘဲမျှော်ကြည့်အားကျနေလို့ မရသလို.. ကိုယ့်ထက် နိမ့်ကျနေတဲ့ လူတွေရဲ့ ဘဝကိုလည်း မေ့ထားလို့မရဘူးနော်…..
အားပေးဖတ်ရှုသွားပါတယ်…
Ma Ei
March 28, 2012 at 4:16 pm
မွန်ကစ်ရေ…
အလယ်ကလူ ဖြစ်နေတယ်…
Mon Kit
March 28, 2012 at 4:32 pm
အလယ်ကလူဖြစ်ပေမဲ့ လူလည်တော့ မဟုတ်ပါဘူးနော်….. 😀
စကားတော့ ဝဲတယ်……
kai
March 28, 2012 at 3:52 pm
ကျုပ်ကနည်းနည်း ထပ်ဖြည့်လိုက်မယ်..။ ပုံပြင်သစ်လေးရတာပေါ့..
ဒီလို..
=
တခါက.. ခရုနဲ့ ပက်ကျိဆိုတာရှိကြသတဲ့..
တနေ့တော့ခရုက.. အိမ်ပြန်ဖို့.. အားကြိုးမာန်တက်.. အခွံကြီးထမ်းပြီးလမ်းလျှောက်နေပါတယ်..။
သူ့ရှေ့ ခပ်လှမ်းလှမ်းမှာ.. ပက်ကျိကလည်း.. မြက်ခင်းတွေပေါ်မှာ တွန့်တွန့်ပြီး.. ရွေ ့နေတာကို မြင်နေရပါသတဲ့..
အဲဒါ..
ခရုက.. ပက်ကျိကို.. ဒီတသက်မမှီနိုင်တော့ဘူးထင်နေတာပေါ့..။
အဲဒီလိုတွေးနေတုံး.. ဗြုန်းဆို.. ယုန်တကောင်.. ဒုန်းစိုင်းသွားတာ တွေ့လိုက်ပါတယ်..။
ရှေ့ကသွားနေတဲ့.. ခရုကိုတောင် နင်းမိမလိုဖြစ်သွားသေးတာ…တဲ့..။
ဒါပေမဲ့…မကြာခင်မှာပဲ.. ကံကြမ္မာအပြောင်းအလဲတခုကြောင့်(ဘုရားသခင်အလိုတော်ကြောင့် ဆိုဆို). သူတို့၂ကောင်(ခရု၊/ပက်ကျိ)ဟာ.. အပြေးပြိုင်နိုင်ဖို့ အခွင့်အလန်းပေါ်လာပါတယ်..။
တာစထွက်တာနဲ့.. ပက်ကျိက အရင်ထွက်သွားပါတယ်..
အဲဒါနဲ့.. ခရုက.. လှမ်းအော်ပြောလိုက်တယ်..။
မင်း မြဲမြဲကိုင်ထား အောက်ပြုတ်ကျမယ်… ဒီလိပ်က အရမ်းအပြေးမြန်တယ် အပြေးမြန်တဲ့သူတဲ့ …
ပက်ကျိက. အောက်ကိုငုံ့ကြည့်လိုက်တော့.. လိပ်တကောင်.. မြေကြီးပေါ်မှာ.. အမြန်ပြေးနေသတဲ့လေ..
==
ပုံပြင်လေးကတော့ ဒါပါပဲ..။
လောကကြီးဟာ.. ဖြစ်ချင်တာတွေ.. ဖြစ်ချင်သလို.. စံနစ်တကျနဲ့..ဗရမ်းဗတာဖြစ်ပါတယ်..။
.. ကြည့်သူ/မြင်သူတွေဟာ..ကိုယ့်ဆိုင်ရာရှုထောင့်ကနေ.. အမြင်အမျိုးမျိုး ပြောင်းလဲတတ်ပါတယ်..။
Ma Ei
March 28, 2012 at 4:14 pm
ခိုင် ရဲ့ ပုံပြင်သစ် ပေါ့နော်…
ကျေးဇူးပါ…
Khaing Khaing
March 29, 2012 at 10:15 pm
မအိ သူကြီးကိုခိုင်လို့မခေါ်နဲ့နော် သများကလည်း ခိုင်ပဲ သူကြီးမှာ ၂ လုံးပြူးရှိသလို မီးမှာလည်း ခိုင်၂လုံး ချိတယ်ချင့် ….. မအိရော သကြီးရဲ့ စာသားလေးတွေကို အိပ်ထဲထည့်ထားလိုက်မယ်နော် အားငယ်နေတဲ့အချိန်ထုတ်ကြည့်လိုက်မယ် ….
ကိုရင်မောင်
March 28, 2012 at 3:59 pm
ပုံပြင်အသစ်လေးမျှဝေပေးတဲ့အတွက်ကျေးဇူးပါ
မအိရေ…..
Ma Ei
March 28, 2012 at 4:30 pm
ကိုယ့်ကိုယ်ကိုယ် အားပေးထားရတယ် ကိုရင်မောင်ရေ…
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
March 28, 2012 at 7:06 pm
မအိက ပုံပြင်ပြောတော့ ကျွန်တော်လည်းမေ့နေတဲ့ပုံပြင်တစ်ပုဒ်သွားသတိရတယ်
“တစ်နေ့မှာ ဆင်တစ်ကောင်က အစာရှာထွက်ရင်းနဲ့ ပုရွက်ဆိတ်တစ်ကောင်ကို သူ့ခြေထောက်နဲ့တက်နင်းမိ
တယ်တဲ့ အဲဒါနဲ့ ပုရွက်ဆိတ်က ဆင်ကိုလှမ်းအော်ပြောတယ် ဟေ့ဆင်ကြီးခင်များတက်နင်းသွားတာ
ကျုပ်မှာတော့ တစ်ထွာလောက်ပြဲသွားပြီတဲ့ အဲဒါနဲ့ဆင်ကပြန်ပြောတယ် ဟေ့ကောင်ငါမင်းကိုနင်းတာ
ဘာမှတစ်ထွာလောက်ပြဲစရာအကြောင်းမရှိဘူး မင်းမပိုနဲ့လို့ပြောပြန်ရော ပုရွက်ဆိတ်က ခင်ဗျားနော်
တော်တော်လွန်နေပြီ ခင်ဗျားမယုံရင်တိုင်းပြမယ် ဒီမှာ ကြည့်နေ ဆိုပြီ သူ့ရင်ဘတ်ကို သူ့လက်နဲ့ တစ်
ထွာ ထွာပြီးတိုင်းပြတော့ တကယ်တစ်ထွာပြဲသွားသတဲ့ ဆင်ကမြင်တော့ အောင်မှာမင်းကလူပါးဝလို့
ငါတိုင်းပြမယ် ကြည့်ဆိုပြီးတိုင်းပါသတဲ့ တစ်ထွာထွာပြတယ် ပြီးတော့ပြန်ပြောတယ် တွေ့လား တစ်
ထွာတောင်မရှိဘူး မင်းငါ့ကိုမုန်လာဥလာမလုပ်နဲ့လို့ပြောပါသတဲ့ ပုရွက်ဆိတ်က ခင်ဗျားတစ်ထွာနဲ့
လာမတိုင်းနဲ့ပြဲသွားတာ ကျုပ်ဗျ ကျုပ်တစ်ထွာနဲ့ထွာရင် တစ်ထွာရှိတယ် ခင်ဗျား ကိုတောဘုရင်ခြင်္သေ့နဲ့
တိုင်မယ်ပြောပြီးခြင်္သေ့မင်းဆီသွားပါသတဲ့ ခြင်္သေ့ဆီရောက်တော့ ခြင်္သေ့လည်းနှစ်ဘက်အမှုသည်ရဲ့
လျှောက်လဲချက်ကိုကြားပြီးနောက် စဉ်းစားရခက်သွားသတဲ့ဆင်အထွာနဲ့ယူရမလား ပုရွက်ဆိတ်အထွာနဲ့
တိုင်းရမလားပေါ့ စဉ်းစားလို့လည်းမရကော အကြံပေးအမတ်ဖြစ်တဲ့ ယုန်ပညာရှိဆီသွားမေးကြတော့
ယုန်ပညာရှိက ပြောပါတယ် ပုရွက်ဆိတ်လည်းပုရွက်ဆိတ်အထွာ ဆင်လည်းဆင်အထွာ နှစ်ခုဘယ်ညှိ
လို့တော့ရမတုန်း ခုတော့ပုရွက်ဆိတ်ကတကယ်နစ်နာသူဖြစ်သမို့ ပုရွက်ဆိတ်ကျေနပ်အောင် ဆင်က
တောင်းပန်လိုက်ပါ ပုရွက်ဆိတ်ကျေနပ်အောင်လို့စီရင်ပါသတဲ့ ပညာရှိစကားမလွန်ဆန်ဝံ့တာကြောင့်
ဆင်လည်းပုရွက်ဆိတ်ကိုတောင်းပန်လိုက်ရပါသတဲ့ ”…………….
ဒီပုံပြင်လေးကိုကြည့်ရင် အားကြီးတဲ့သူကစနောက်သလိုလုပ်ပေမယ့် အားငယ်တဲ့သူအတွက်ကတော့
သူ့ကိုသတ်သလိုပဲဆိုတာ “ဆင်ကျီစားရာဆိတ်မခံသာဆိုတဲ့စကားပုံနဲ့”နှိုင်းယှဉ်ပြတဲ့ စကားရပ်လေးပေါ်
လာပါတော့သတဲ့…………. ပုံပြင်ကကျွန်တော်သိသလောက်ပြန်ရေးတာပါ စကားပုံရဲ့မူရင်းပုံပြင်
ဟုတ်မဟုတ်တော့မသိဘူး ဒါပေမယ့် လူ့လောကမှာတစ်ချို့ကအရေးမကြီးဘူး မလိုအပ်ဘူးထင်သလို
ဆိုပေမယ့် တစ်ချို့အတွက်ကတော့ဘဝတစ်ခုလုံးရင်းလိုက်ရတဲ့အကြောင်းတရားတွေရှိတယ်မလား
“သူဋ္ဌေးလှေမှောက်တာအရေးမကြီးဘူး သူတောင်းစားခွက်ပျောက်ရင်ထမင်းငတ်မယ်”ဆိုသလိုပေ့ါ
ကြီးနိုင်ငယ်ညှင်းဘဝမှ လူသားအပေါင်းတို့ လွတ်မြောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်း ဆန္ဒပြုလျက်
ခင်တဲ့……..ရှမ်းပြည်သား(တောင်ပိုင်း) ဆင်လည်းဆင်အထွာပုရွက်ဆိတ်လည်းပုရွက်ဆိတ်အထွာဆိုလေ
တော့ ကိုယ့်အတွေးနဲ့ကိုယ်ကမ်ဆမ်ကွေကာကြော်ငြာသလိုပေါ့နော်။
Ma Ei
March 29, 2012 at 1:03 pm
ရှမ်းပြည်သားရဲ့ ပုံပြင်လေးနဲ့
ဆုမွန်ကောင်း အတွက် ကျေးဇူးပါနော်…
kotun winlatt
March 28, 2012 at 7:30 pm
ဟုတ်….
အတွေးးးလေးးးတွေ ရစေတဲ့အတွက်..
ကျေးးဇူးးးပါဗျာ….။
Ma Ei
March 29, 2012 at 4:38 pm
အဲ့လိုတွေးပြီး ဖြေလို့ရခဲ့တာပါ…
တော်သေးတာပေါ့နော်…
MaMa
March 28, 2012 at 7:39 pm
ကိုရီးယားဇာတ်လမ်းတွေကြည့်ပြီး လူငယ်တွေပျက်စီးတယ်…
စာရိတ္တတွေ ပျက်ကုန်တယ်လို့ ပြောနေကြပေမယ့်…
ယူတတ်ရင် ပညာ လို့ ဆိုခဲ့ကြတာပေ့ါ။ 🙂
Ma Ei
March 29, 2012 at 4:47 pm
မမရေ…
ကိုရီးယား ဇာတ်လမ်းတွေမှာမြဝတီက မြန်မာပြန်တာလေးတွေကောင်းတယ်…
တချို့ စကားလုံးလေးတွေ…
…မိုးပြိုရင်တောင် ထွက်ဖို့ အပေါက်တစ်ခုရှိတယ်…
…တစ်နေ့လုံး ဘာတွေဖြစ်ခဲ့ ဖြစ်ခဲ့ မနက်လင်းရင် နေထွက်လာတာဘဲ…တို့
အဲ့လိုလေးတွေ ကြိုက်တယ်…
Khin Latt
March 29, 2012 at 4:16 am
မအိ ရေ
မအိကြည့်ရတာ ပုံပြောကောင်း တဲ့သူထင်ပါရဲ့။
လိပ်ကလေးက ကြင်နာတတ်တယ်။ ခရုလေး နဲ့ ပက်ကျိလေးကို တင်ခေါ်သွားတယ်။
အဲလို နှေးနေတာကဘဲ ပါတ်ဝန်းကျင် မှာ ဘာရှိတယ် ဘာဖြစ်နေတယ် ဆိုတာကို ဆိုတာကို လေ့လာခွင့် နဲ့ ကူညီခွင့် ရခဲ့တာ ထင်ပါရဲ့။
ယုန်ကတော့ ပါတ်ဝန်းကျင် ကို မလေ့လာနိုင်လောက်အောင် သုတ်ခြေတင်နိုင်တာ မို့ အဲဒီ အခွင့်တွေ ဆုံးသွားတယ် လို့ဘဲ တွေးလိုက်ပါတယ်။
မအိ ပြောသလိုဘဲ ဘဝ မှာ လူတိုင်း နာကျင်ကြေကွဲမှုတွေ၊ ရှုံးနိမ့်မှုတွေ၊ မှန်းတိုင်း မဖြစ်ခဲ့တာတွေ ရှိကြတာပါဘဲ။
အဲဒါတွေကဘဲ ကျွန်မတို့ ကို ပိုပိုပြီး ခံနိုင်ရည် ရှိအောင် လုပ်ပေးခဲ့တာ၊ အဲဒီ နှေး နေတဲ့ အရာတွေထဲ ကဘဲ ယူတတ်ရင် သည်းခံစိတ်တွေ နဲ့ ချစ်ခြင်းမေတ္တာတွေ ကို မွေးပေးခဲ့တာ၊ လို့ ထင်မိပါရဲ့။
ဘဝမှာ လိုချင်တိုင်း အမြန်ပြေး နေလို့ရရင် အဲဒါတွေ ကို ကျွန်မတို့ အသေအချာ မြင်နိုင်ပါ့မလားဘဲ။
တွေးမိတာပါ။
မအိ ရဲ့ ပုံပြင်လေးတွေ က ခိုင်လေး အတွက် အိပ်ရာဝင် ပုံပြင်လဲဖြစ်မှာပေါ့။ မဟုတ်လား။
ဒါမှမဟုတ် သမီး ပြောတဲ့ ပုံပြင်ကို ပြန်နားထောင်နေရတာလား။ 🙂
Ma Ei
March 29, 2012 at 1:12 pm
မလတ်ရေ…
သမီးလေးရဲ့ ပင်တိုင်ပုံပြောသူက အိမ်ကလူပါ…
ဟုတ်တာတွေ…မဟုတ်တာတွေ ရောနှောပြီး ပြောကြ ရီကြနဲ့
မအိက နားထောင်သူပါ…မေမေပြောရင် တစ်ခါလာလဲ မဟော်သဓာ…
တစ်ခါလာလဲ မပုကြွယ် …အသစ်ပြောပါဆိုလို့ ကလေးပုံပြင်စာအုပ်ဖတ်ရတဲ့ ထိဘဲ…
အဲလိုတော်တာ…
windtalker
March 29, 2012 at 9:46 pm
လီရောင်ပေ နဲ ့ဟန်ဂျီအိ တို ့ရဲ ့ဇါတ်လမ်း ကို လည်း ၊ မန်းဂေဇက်အုံနာ ဥူးကိုင် က ဟောလိဝုမှာဖြန် ့ချီ ဖို ့အမြန်ဆုံး ရိုက်ကူးမယ် လို ့သိရှိရပါတယ် မအိရေ ။ ဟီဟိ
Ma Ei
March 30, 2012 at 9:37 am
စရံတောင် ရပြီးပြီ…
Points: 5596 Kyats
MaMa
March 29, 2012 at 10:06 pm
မအိရေ-
သမီးလေးအတွက် ပုံပြောဖို့ ဆရာကြီးငွေဥဒေါင်းရေးတဲ့ ဗုဒ္ဓစာပန်းချီ ဆိုတဲ့ ၅အုပ်တွဲ ဖတ်ကြည့်ပါလား။
အဲဒီထဲက အကြောင်းအရာတွေကို ကလေးစိတ်ဝင်စားအောင် ပြောပေးရင်
ကြီးလားတဲ့အခါ ဘာသာရေး အတွေးအခေါ်အတွက် အများကြီး အထောက်အပံ့ဖြစ်စေနိုင်မယ်ထင်တယ်။
Ma Ei
March 30, 2012 at 9:27 am
သမီးလေးကြီးလာတဲ့အခါ သိနေရမဲ့ ဘာသာရေး အတွေးအခေါ်အထိ ကြိုတင်စဉ်းစားပေးတဲ့အတွက် တကယ့်ကို ကျေးဇူးပါ မမရေ…
ဝယ်ထားပြီး သမီးအတွက် အမေလဲဖတ်ပါမယ်…
Ma Ei
May 26, 2015 at 3:53 pm
(အမှန်တော့ ကျွန်မကိုယ်တိုင် အကြောင်းအရာတစ်ခုကြောင့်ခံစားနေရတဲ့ အချိန်မှာ ချစ်စံအိမ် အပိုင်းတစ်ခုကိုကြည့်ရင်း ဟန်ဂျီအင်း ရဲ့ပုံပြင်လေး နားထောင်မိပြီး စိတ်ဖြေရာ ရခဲ့တာဖြစ်ပါကြောင်း…)
…
ခုလဲ ဒီစာပြန်ဖတ်လို့ စိတ်ဖြေနေရပြန်ပါပီ
😥
ကိုပေါက်(မန္တလေး)
May 27, 2015 at 4:36 pm
မအိရေ
လောကဓံတရား ရှစ်ပါး အမြဲ ကြုံနေရမှာ အမှန်ပါဘဲ