Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အကြံသာရှိပြီး အစံမရှိတဲ့ လပွတ္တာမြို့သားအချို့

thantzaw linMarch 29, 20121min3426

 

၁၈.၃.၁၂နေ့က လပွတ္တာမှ လိုအပ်ချက်တွေရှိနေတဲ့ အဖွဲ့မှစာတတ် ပုဂ္ဂိုလြ်ကီးရေးတဲ့စာကိုကျွန်တော်

ဖတ်လိုက်ရတယ် ကျွန်တော်အထင်ကတော့ မစားရတဲ့ အမဲ သဲနဲ့ပက်ဆိုသလို မကြေနပ်တဲ့သူကို တိုက်ရိုက်မပြောပဲ မဆိုင်တဲ့ဝန်ထမ်းတွေကို ဂုဏ်သိက္ခာထိခိုက်အောင် ရေးခြင်းဟာ အလွန်စိတ်ဓာတ်

အောက်တန်းကျပါတယ် ဆေးရုံဝန်ထမ်းတွေက ဆေးရုံသွားရတယ် ဆေးကုရမယ့်လူနာကလည်းဆေး

ရုံလာရတယ် ဒါသဘာဝပဲ ဆေးရုံဝန်းထမ်းဆိုတာသတ်မှတ်ချိန်အတွင်း ဆေးရုံမှာအသင့်ရှိမှလည်း လူနာလာတဲ့အခါ ကုသလို့ရမှာပါ သုံးဘီးဆိုင်ကယ်တိုးစီးရအောင်လည်း ဘယ်အချိန်ရောက်ရောက်

လုပ်လိုရတဲ့နေရာလည်းမဟုတ်ဘူး ဆိုင်ကယ်တက္ကစီငှားစီးရအောင်လည်း အသွား(၁၀၀၀)အပြန်(၁၀

၀၀)နဲ့ ထမင်းကြတော့ ဘုန်းကြီးကျောင်းမှာသွားစားရမှာလား ဝန်ထမ်းအိမ်ယာမပြီးသေးလို့ ကိုယ့်ဌာ

နမှာရှိတဲ့ကားနဲ့ ဆီထည့်ပြီးသွားတာတောင် ရွှေမြို့တော်သားကြီးများကသိက္ခာချ ချင်သေးတယ်လား

ဝန်ထမ်းတွေဆေးရုံသွားပြီးပျော်ပွဲးစားထွက်တာ မဟုတ်ဘူးဆိုတာကိုတော့ လူ့အသိစိတ်ရှိရင်တော့

ခင်ဗျားတို့သိမှာပါ သုံးမိုင်ဆေးရုံကို လုူနာမရွှေ့လို့တိုင်တာလည်းခင်ဗျားတို့၊သုံးမိုင်ကိုရွှေ့တော့

လည်း ၊ ၊ဒုက္ခရောက်တယ်ဆိုပြီး ပြောတာလည်းခင်ဗျားတို့ပဲ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရေးသလိုဆေး

ရုံဝန်ထမ်းတွေ အရှက်မရှိတဲ့မျက်နှာနဲ့ ကားစီးတာတော့ ကျွန်တော်မမြင်ဘူး ဆေးရုံမှာကိုယ့်အလုပ်နဲ့

ကိုယ်ရှုပ်နေတဲ့ဝန်ထမ်းတွေတော့ ကျွန်တော်မြင်တယ် ဒါကြောင့်ရှက်စရာလည်းမလိုဘူး အခုတမျိုး

နောက်တမျုးိပြောတတ်သူတွေသာရှက်ဖို့ကောင်းတာပါ တစ်ခုတော့ပြောချင်တယ် လက်ညှိုုးမကောင်း

ရင် လက်ညှိုုးပြောပါ လက်တစ်ချောင်းလုံးတော့ မပါစေနဲ့ အဲ့ဒါမှအဆင့်အတန်းရှိတဲ့လူလို့ခေါ်တယ်

ဗျ…………..

 

6 comments

  • kai

    March 29, 2012 at 3:33 am

    http://myanmargazette.net/109918

    အဲဒီပို့စ်ကို ပြောတာလို့ ထင်ပါတယ်..။
    ဘာရယ်မဟုတ်..
    … ခေါင်းစည်းကြီးက.. တမျိုးကြီးပဲ..။

    အဲ..
    ဒီပြဿနာထဲ.. ကျုပ်မပါဘူးနော…။ :mrgreen:
    အခုထိ ..တိတိကျကျ ဘာအထောက်အထားမှမမြင်ရသေးတာမို့.. အထောက်အထားပြနိုင်သူက.. အသာလို့ ထင်ပါတယ်..။
    မီဒီယာကို .. အကျိုးရှိစွာ အသုံးချစေလိုပါကြောင်း…

  • mocho

    March 29, 2012 at 9:06 am

    ဲအဲဒီပိုစ့်မှာ မိုချို့ အမြင်ကို ကွန်မန့် ရေးမိလို့တောင် အနီတွေ ထိသွားသေးတယ်။

  • Oakar Bo

    March 29, 2012 at 10:31 am

    ကိုသန့်ဇော်လင်း _ ဒါကတော့ ခင်ဗျား ရဲ့ ဝန်ထမ်း (ပုလိပ်) အမြင်ကိုးဗျ။ ကျူပ်က ဘယ်အဖွဲ့အစည်း ဘယ်ပါတီက ဘာစာတတ်ပုဂ္ဂိုလ် တစ်ေယောက်လည်း မဟုတ်ဘူး။ ခင်ဗျားပြောသလိုပဲ မကောင်းတဲ့ လက်ညိုးက ငါးချောင်းပြည့်လာရင်တော့ လက်တစ်ဖက်ဖြစ်မှာပဲ၊ ဆယ်ချောင်းပြည့်လာတော့ လက်တစ်စုံဖြစ်လာတာပဲလေ။ ဆီထည့်တယ် ဆိုတာ ခင်ဗျားတို့ ဝန်ထမ်းတွေ PERSONAL ပိုက်ဆံနဲ့ ထည့်တယ်ပေါ့။ ကောင်းပြီလေ ဒါဆို ၂ဝ ရက် မတ်လ ၂၀၁၂ နေ့ကစပြီး ဘာလို့ကားဆက်မသုံးတော့တာလဲ။ ခင်ဗျားသိမယ်ဆိုရင်ဖြေပေးပါ။ ခင်ဗျား လပွတ္တာ သား ဒါမှမဟုတ် လပွတ္တာ မှာနေနေတဲ့ သူဆိုရင် တစ်ခုတော့ ပြောလိုက်မယ်။ အဲ့ဒီကား က သုံးမိုင်သွားမယ်ဆိုရင် ကျုပ် အိမ်ရှေ့က ဖြတ်နေရတာပဲ။ ကျုပ်လခစား ဝန်ထမ်းတွေကို နစ်နာအောင် မလုပ်ချင်ဘူး။ လာတော့မဆွပေးနဲ့။ အဆင့်အတန်း တို့ အောက်တန်းကျတာ တို့ကို ခင်ဗျားတို့က ဘာပေတံနဲ့တိုင်းတာလည်း။ ခင်ဗျားတို့ ပြောသမျှ လုပ်သမျှကို ဟုတ်ကဲ့ပါ ဆရာ၊ မှန်ပါတယ် ဆရာ ဆိုပြီး ထောက်ခံနေမှ အဆင့်အတန်းရှိတယ်လား။ ဆေးရုံဝန်ထမ်းတွေက အရမ်းအလုပ်ရှုပ်တယ်ပေါ့။ ဟုတ်တာပေါ့ VIP လမ်းကြောင်းရှိတဲ့နေ့ဆို ရှုပ်မှာပေါ့။ ခင်ဗျား အထောက်အထားတွေကြည့်ချင်တယ် ဆေးရုံဝန်ထမ်းတွေရဲ့ တစ်နေ့တာလှုပ်ရှားမှုတွေ (VIP လမ်းကြောင်းရှိသောနေ့မဟုတ်) ကြည့်ချင်တယ်ဆိုရင် ခင်ဗျားရှိမဲ့နေရာ ပြောလိုက်။ ခင်ဗျားကို အခွေပို့ပေးလိုက်မယ်။ File Size ကအရမ်းကြီးနေတော့ လှုပ်ရှားမှုတွေက အရမ်းများနေတော့ DVD တစ်ချပ်စာလောက်ဖြစ်နေတယ်။ နောက်ဆုံးတစ်ခုတော့ ပြောလိုက်မယ် ဒီရွာမှာ ခင်ဗျားလွပ်လပ်စွာ သဘောထား ကွဲလွဲခွင့်ရှိတယ်၊ အပြုသဘောတော့ဆောင်ပါစေ.။ အစံ မရှိသော လပွတ္တာမြို့သား တစ်ချို့လို့ ခင်ဗျားသုံးသွားတဲ့ ခေါင်းစဉ် တစ်ခု အတွက် ခင်ဗျား တာဝန်ယူရလိမ့်မယ်။ လပွတ္တာ မြို့က ကျဉ်းကျဉ်းလေးပါဗျာ ဆုံကြသေးတာပေါ့။

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 29, 2012 at 2:22 pm

      ငါးမိနစ် ဆယ်မိနစ်စာလောက်
      အစ်ဒစ်လုပ်ပြီး တင်လို့ရမယ်ထင်တာဘဲ
      သဂျီးမင်းကို လက်တို့ကြည့်ပါလား
      အားလုံး ခံစားရတာပေါ့

  • etone

    March 29, 2012 at 11:35 am

    အရှေ့က ပို့စ်လေးနဲ့ ဆက်စပ်ပြီးပြန်တွေးတော့မှ .. ပြန်သတိရသွားတော့တယ် … ။
    ကိုဥက္ကာဘိုကတော့ … ရေးပြသွားတာပါပဲ … လူနာတွေ သုံးဖို့ လှူထားတဲ့ လူနာတင်ကားကို … ဖယ်ရီအတွက်သာ ပြေးဆွဲနေတဲ့အကြောင်းပါ … ။

    ကိုသန့်ဇော်လင်းကလည်း … ဆေးရုံဝန်ထမ်းတွေအတွက် သီးသန့် စီစဉ်ပေးတာမျိုး မရှိတာကြောင့် .. စီးရတာပါဆိုတာမျိုးနဲ့ … ရေးပြထားတယ် … ။

    နှစ်ယောက်စလုံးရဲ့ ပို့စ်ကို ယှဉ်တွဲဖတ်မိပြီး ..စာဖတ်သူတစ်ယောက်အနေနဲ့ ဝင်ဆွေးနွေးပါမယ် … ။ ဆရာလုပ်ခြင်းမပါပါ ၊ ဘက်မလိုက်ပါ … ပို့စ်ပါအကြောင်းရာကို ဆွေးနွေးခြင်းဖြစ်ပြီး … ပို့စ်ပိုင်ရှင်နှစ်ယောက်စလုံးနဲ့ … ပုဂ္ဂိုလ်ရေးရာ ပတ်သတ်မှုလည်း မရှိပါ ။ စာဖတ်သူဘက်က အမြင်နဲ့ကိုယ်ပိုင်အတွေးနဲ့ နှိုင်းပြီး ဆွေးနွေးပါမယ် ။ လွတ်လပ်စွာ သဘောထားကွဲလွဲနိုင်ပါတယ် ။

    ဆေးရုံကား ၊ လူနာတင်ကားဆိုတာမျိုးကတော့ .. သာမာန်ကားတွေနဲ့ မတူပဲ … လူနာတွေအတွက်သီးသန့်တင်ဆောင်ဖို့ ရည်ရွယ်ထားတာမျိုးပါ ။ ဆေးရုံကားကို အစိုးရက ထောက်ပံ့ထားတဲ့ဆေးရုံတွေရှိသလို … အလှူရှင်တွေက လှူဒါန်းတာမျိုးလည်းရှိပြီး … တစ်ချို့ ပရိုက်ဗိတ် ဆေးရုံတွေမှာတော့ ကိုယ်ပိုင်ဝယ်ထားတာမျိုးလည်းရှိပါတယ် ။ လူနာတွေအတွက် သီးသန့်တင်ဆောင်ရမယ့်ကားကို … တခြားလူစီးလျှင် ဘာဖြစ်သလဲဆိုတာမျိုး …မေးကောင်းမေးချင်ကြပါလိမ့်မယ် … မရဘူးလား ။ မစီးရဘူးလားဆိုတော့ .. စီးလို့ရပါတယ် ။ ကြိုက်တဲ့ လူ( လူနာ)မဟုတ်လည်း .. .စီးလို့ ရပါတယ် .. ။ စီးလို့သင့်တော်တယ် .. မသင့်တော်ဘူးဆိုတာကတော့ …ဆေးရုံကားရဲ့ ပိုင်ဆိုင်မှုပေါ် မူတည်တယ်လို့ ကျွန်မမြင်ပါတယ် … ။

    ဥပမာ -ပရိုက်ဗိတ်ဆေးရုံတွေမှာတော့ …. ကိုယ်ထူကိုယ်ထ ဆေးရုံကားဝယ်ထားတာမို့ … သူတို့ဝန်ထမ်းတွေ ဆေးရုံကိုသွားရေးလာရေး အဆင်ပြေစေဖို့ ဖယ်ရီအနေနဲ့ ပြေးဆွဲပေးတာ မြင်ဖူးပါတယ် … ။ အစိုးရဆေးရုံလိုမျိုးတွေမှာကျတော့ … တစ်ချို့ကားတွေ အစိုးရပိုင်အနေနဲ့သော်လည်းကောင်း ….. ၊ အလှူရှင်က လှူလို့သော်လည်းကောင်း လူနာတင်ကားတွေ ရှိကြပေမယ့်…. ဖယ်ရီအနေနဲ့ မပေးဆွဲသင့်ဘူးလို့ ထင်ပါတယ် … ။

    ဖယ်ရီမရှိလျှင် … ရပ်ဝေးမှာ တာဝန်ကျနေတဲ့လူတွေ ..အိပ်စိုက်ငှားစီးရတော့မလား ၊ ခြေလျှင်လျှောက်ရတော့မလားလို့ မေးကောင်း မေးချင်ပါလိမ့်မယ် … ။ ဒီလိုဆိုတော့လည်း မဟုတ်သေးပါဘူး … ။ ဖယ်ရီပေးသင့်ပါတယ် .. ရှိလည်းရှိသင့်ပါတယ် … ဒါပေမယ့် …ဆေးရုံကားကတော့ ဖယ်ရီ မဖြစ်သင့်ပါဘူး … ။ (ကျွန်မအထင်ပါ) ။

    အလုပ်ခန့်အပ်သူ ၊ အလုပ်တည်ထောင်သူတွေက …. အလုပ်သမား ၊ ဝန်ထမ်းတွေအတွက် transportation ကို တာဝန်ယူပေးရပါတယ် ….. အစိုးရအလုပ်တွေတော့မသိဘူး… ကျွန်မတို့ကုမ္ပဏီတွေမှာ …အဲ့ဒီလိုတာဝန်ယူပေးရပါတယ် .. အကြောင်းကြောင်းကြောင့် မစီစဉ်ပေးနိုင်လျှင်တောင် …. ခရီးစရိတ်ကို အလုပ်ဆင်းရတဲ့နေတွေအတွက်တွက်ပြီးပေးရပါတယ် … ။
    ဒီပြသနာမှာ .. အဲ့ဒီလို တာဝန်မယူလို့ ဖြစ်နေရတယ်လို့ ကျွန်မတော့မြင်မိပါတယ် … ။ မြို့နဲ့ မနီးတဲ့နေရာမှာ .. သွားရလာရခက်ခဲတဲ့နေရာမှာ …ဆေးရုံလိုမျိုးဆောက်ထားမယ်ဆိုလျှင် … တာဝန်ကျသူတွေရော ၊ လူနာတွေအတွက်ပါ အဆင်ပြေစေဖို့ …တွေးတောလုပ်ဆောင်ပေးသင့်တာမျိုးပါ … ။ ဆောက်ထားတာပဲ ပြ ီးလျှင် ပြီးရောဆိုတာမျိုးထက် … တကယ့်လက်တွေ့ဘဝနဲ့ နှိုင်းယှဉ်ပြီး .. လိုတိုးပိုလျှော့ စီမံဆောင်ရွက်သင့်တာမျိုးပါ … ။

    မြို့ခံ လူတန်းစားအတွက်ကလည်း …. အရေးပေါ်အချိန်မှာတောင် အသုံးပြုခွင့်မရတဲ့ကား မြင်သာမြင် မကြင်ရသလိုဖြစ်နေတာကြောင့်ရယ် … ဒီလုပ်ရပ်အပေါ်မနှစ်မြို့တာရယ် … ၊ တာဝန်ကျသူတွေကလည်း …. သွားရေးလာရေးအခက်ခဲအရ .. မစီးချင်လည်း စီး ၊ စီးချင်လည်း စီးနေရတာတွေရယ်ကြောင့် …. သဘောထားမတိုက်ဆိုင်တာတွေ … အမြင်လွဲမှားတာတွေရှိနေတာလို့ ထင်ပါတယ် … ။

    လူနာတင်ကားလည်း .. လူနာတင်ကားလိုအသုံးပြုနိုင်ဖို့ရော … တာဝန်ကျသူတွေ တာဝန်ချိန်အမှီရောက်ဖို့ရာ… သီးသန့် ဖယ်ရီ တစ်စီးလောက်လိုပါတယ် ….. ဒီတော့ရာ .. ဘယ်သူ့မှာ တာဝန်ရှိဆုံးလဲဆိုတာကတော့ …. ဆက်စပ်ပြီးသာ တွေးကြပါတော့လေ ….. ။ 🙄

  • kaung kin pyar

    March 29, 2012 at 12:42 pm

    အကြံသာရှိပြီး အစံမရှိတဲ့ လပွတ္တာမြို့သားအချို့ တဲ့..
    ကိုသန့်ဇော်လင်းလဲ ဝါးလုံးရှည်နဲ့ သိမ်းရိုက်နေတော့တာပဲ…။ အများနဲ့ တစ်ယောက်ဆိုရင်တော့ ပြန်စဉ်းစားသင့်ပြီ ထင်ပါတယ်။ စိတ်ဓာတ်အောက်တန်းကျတဲ့သူနဲ့ အထက်တန်းကျတဲ့သူကိုခွဲခြားထားတဲ့ ကိုသန့်ဇော်လင်းစိတ်ဓာတ်ကရော ဘယ်လိုများပါလဲရှင်…။

Leave a Reply