မီး သူခိုးများ ကို အဘယ်ဖုံးနံပါတ် သို့ တိုင်ကြားသင့် ပါသလဲ

လျှပ်စစ်မီးကို အလှည့်ကျ ပေးမယ် တဲ့လားဗျာ။ အုပ်စု အေ ဘီ စီ လဲ ခွဲဦးမတဲ့။ ဘာလုပ်ကြတာလဲ ဗျာ၊။
ရန်ကုန်မြို့ကြီး အတွင်းမှာ နေကြသူတွေကို ပညာပေးနှိပ်စက်ပီး မောင်းထုတ်မလို့ ကြံရွယ်တာများလားဗျာ။
အုပ်စုခွဲမီးပေးဝေရခြင်းမှာ လျှပ်စစ်သုံးစွဲမှုပမာဏမြင့်တက်လာ ပြီး ထုတ်လုပ်မှုအပိုင်းမှာ တိုး၍ထုတ်လုပ်နိုင်ခြင်းမရှိသောကြောင့် ဓာတ်အားလိုအပ်ချက်မြင့်နေသဖြင့် အလှည့်ကျစနစ်အား လုပ်ဆောင်ရခြင်းဖြစ်ကြောင်းဦးမောင်မောင်လတ်ကဆက်လက်ပြောသည်။
မနွယ်ပင် ရေးတင်တဲ့ ပို့စ် ထဲက စာကြောင်းလေးပါ။
သူတို့က ရောင်းချင်တိုင်းရောင်းစားနေပြီးတော့ ဘာအချိုးချိုးတာလဲ ။
ဒို့ နိုင်ငံတော့ ပျက်စီးခြင်းငါးပါးနဲ့ ကြုံကြရတော့မယ်။
ခွေးသူခိုးတွေကြောင့်။
ရပ်သူရွာသားများ ယ္ခု ကိစ္စ ကြီးကို တော်လှန်ကြရအောင်။ အရေးတော်ပုံ အောင်ရမည် ။
(မှတ်ချက်…
မနွယ်ပင်၏ ပို့စ် အား မှီငြမ်း ကိုးကားထားပါသည်)
8 comments
Mical David ko Jar Yit
March 30, 2012 at 1:03 pm
အေးပါကွာ ဒီအကောင်တွေကို ဆုံးမပေးပါ့မယ်
ခုလောလောဆယ်တော့ တရက်ကို ၆ နာရီ နှစ်ကြိမ် စီ သည်းခံပေးဦး
ပြောမဲ့သာပြောရတယ်
ကျူပ်တို့လဲ ဘယ်ပုံ ဘယ်နည်း ဘယ်ပုံစံမျိုးနဲ့ စခန်းသွားရမလဲ စဉ်းစားနေရပီ ။
မိုက်ကယ်ဂျော်နီအောင်ပု
March 30, 2012 at 2:30 pm
ဒါကလွယ်လွယ်လေးပါခင်ဗျ
ဒီလိုမတရားတဲ့ကိစ္စတွေကို သက်ဆိုင်ရာ ပြည်သူ့ရဲစခန်းတွေကို တိုင်လို့ရပါတယ်ခင်ဗျ
ဒါပေသိ ကိုယ့်စိတ်ကြိုက် တိုင်လို့ရအောင်
ကိုယ်တိုင်မယ့် ရဲစခန်းကို ဖုန်းတွေဝယ်ပေးလိုက်မယ်ဆိုရင်
အားနာစရာလည်းမလိုတော့ပါဘူးခင်ဗျ
ပုံ
စခန်းမူး
( တိုင်လို့တော့ရတာပေါ့ အရေးမယူတော့ )
Thel Nu Aye
March 30, 2012 at 3:18 pm
ဘယ်ရဲမှတိုင်လို့မရဘူး။ သူ့ဟာသူလင်နောက်လိုက်သွားတာ။ စာတောင်ရေးခဲ့သေး ။ တရုတ်ကြီးနောက်လိုက်သွားတာ။
မီး မိုက်ကိုခွင့်လွှတ်ပါ တဲ့။ တူက အသက်ပြည့်ပြီ။
mg mg
March 30, 2012 at 3:52 pm
“မီးစက်တွေရမယ်” “ဖယောင်းတိုင်တွေရမယ်” “ဒီဇယ်တွေရမယ်” “ဓာတ်ဆီတွေရမယ်”
“မီးသတ်ဆေးဘူးတွေရမယ်”
myanmarcitizen
March 30, 2012 at 4:08 pm
ပြောတော့ ပိုလျှံတယ်၊ ဒါကြောင့်ရောင်းစားတယ်ဆို။ခုအလှည့်ကျ ပြောပြန်ပြီ။ ခုတစ်မျိုး တော်ကြာတစ်မျိုး နဲ့။ ပြည်သူတွေဘဝကို နဲနဲမှမစာနာတပ်တဲ့အစိုးရပဲ။ မီး ၊ ဆက်သွယ်ရေး တို့ဆိုတာ အချိန်ပြည့် ရနေရမဲ့ ကိစ္စတွေပဲ။ အခြေခံကျတဲ့ အရာတွေကိုပြည့်စုံအောင်မဖန်တီးပေးနိုင်သရွေ့တော့ နင်းပြားဘဝကတက်မှာ မဟုတ်ဘူး(ခွေးသူခိုးတွေ မင်းတို့ကြတော့ချမ်းသာနေလိုက်ကြတာ)။
ကဲ အာကြီးရေ နာမည်နဲ့ လူနဲ့တော့ ကွာမယ်ထင်တယ်နှော် 🙂
etone
March 30, 2012 at 4:44 pm
သူများနိုင်ငံတွေမှာ … မီးပေးဝေတဲ့ စနစ်ကို .. အစိုးရနဲ့ …တခြားကုမ္ပဏီတွေ အကျိုးတူပေါင်းပြီး လုပ်ကြတယ်ဆိုပဲ … ၂၄ နာရီပတ်လုံးမီးရတဲ့အပြင် ၊ မီးအားလည်း ကောင်းသတဲ့ … ။ မီးလေးခဏလောက်ပြတ်တောက်သွားခဲ့လျှင်တောင် … မီးအားသုံးပြီး လည်ပတ်ရတဲ့ အလုပ်တွေက .. လျှော်ကြေးတောင်းလို့ ရသတဲ့ … ။ ဒီမှာဆို .. လျှော်ကြေးမပြောနဲ့ … မီးပုံမှန်လာချိန်မလာလျှင်တောင် ဘယ်နံပါတ်ဆက်ပြီး ကွန်ပလိန်းတက်ရမှန်း မသိဘူး .. ဟေးဟေး ….. 😀
မီးပျက်လျှင်တော့ သေချာတယ် … ခြင်ထောင်တွေရောင်းကောင်းဦးမှာပဲ …
တညိုးမထင်ကြနဲ့နော် ..ခြင်ကိုက်မှာ စိုးလို့ … 😛
Thel Nu Aye
March 30, 2012 at 6:11 pm
အင်းတုံတုံကတော့လုပ်ပြီ။ ခွီခွိ
ချာလီဂဇက်ဒလဝမ်
March 30, 2012 at 6:41 pm
မြင်မြင်သမျှ ရဲပလောင်းခတ် အောင် နီနေကြတာတွေ့တော့ ညစ်ပတ်စိတ်နဲ့ လုပ်တာ
ခွပ်ဒေါင်းနီ ကို ကြည့်မရလို့ လုပ်တယ်လို့ မှတ်ယူလိုက်တယ်
အေး…
ညစ်ကြပါ.. ပီးရင်
ထမင်းဝအောင် စားထားကြပေါ့တွာ
သိပ်မကြာတော့ပါဘူး