“မောနင်း………မောမောင်း…………..” (စက်ဘီးလေးရဲ့ရာဇဝင်)
“မောနင်း………မောမောင်း…………..”
(စက်ဘီးလေးရဲ့ရာဇဝင်)
တစ်ရက်ကျနော်နဲ့ကိုအောင်မောင်းအလုပ်အတူလာကြရင်း သူတို့ရုံးကို
ကျနော်လိုက်သွားပါတယ်။
ရုံးအဝင် လမ်းမှာတွေ့သမျှ ကလေးတွေက
“လေးလေး မောနင်း”လို့နုတ်ဆက်တော့ ခပ်နောက်နောက်နေတတ်တဲ့
ကိုအောင်မောင်းက “မောမောင်း………..ပါကွ” လို့ပြန်နုတ်ဆက်သံကိုကြားရပါတယ်။
သူူ့ရုံးမှာ အလုပ်ကိစ္စတွေလုပ်စရာရှိတာလုပ် ပြောစရာတွေပြောပြီးပြန်လာပါတယ်။
ကိုယ့်ရုံးပြန်ရောက်တော့ နေ့စဉ်လုပ်ရမယ့် အလုပ်တွေစီစဉ်အားလုံးပြီးပြီဆိုမှ အမောပြေထိုင်မိပါတယ်။
ထိုင်တုံးလေးခဏမှာဘဲ မောနင်းနဲ့မောမောင်း ဆိုတာလေးက စိတ်ထဲရောက်လာ
တော့ ငယ်တုံးကအဖြစ်တွေကို ပြန်တွေးပြီး ပြုံးမိပါတယ်။
ကျနော်ငယ်ငယ်က ပုဂ္ဂလိက လုပ်ငန်းတစ်ခုမှာအလုပ် လုပ်တုံးကပေါ့။
ကျနော့် တို့ အလုပ်ရှင်ဆရာက မနက်ဆိုရင် ဝင်းတံခါးအဝင်ဝ
ကနေ စောင့်ပြီးနုတ်ဆက်ပါတယ်။
တစ်ယောက်ဝင်လာရင် “မောနင်း………….”လို့သူကစပြောရင် ကျနော်တို့%