ဒီးဒုတ်ဆိုတဲ့စမ်းရေပြာ………..သို့အသွားအပြန်




















“ဒီးဒုတ်ရေတံခွန်စမ်းသို့အသွားအပြန်”
ဒီးဒုတ်ကို သွားဘို့စတင်သတင်းပေးတာကတော့ကျနော်။
ကိုသော့တို့အားတဲ့ရက် တော်လှန်ရေးနေ့။
အဲတော့ သူတို့အားတဲ့နေ့သွားဘို့စီစဉ်ရပါတယ်။
ကျနော်ကတော့ အလုပ်ကိုသွား စီစဉ်စရာတွေစီစဉ် ပြီးမှ အလုပ်ကခွင့်တောင်းပြီး သွားရပါတယ်။ခ က်တာကမနက်10း30မှာကျနော်က ဆရာတစ်ယောက်
နဲ့ချိန်းထားတာကလဲရှိတာကိုလဲမဖျက်ချင်။
ဒါနဲ့ဘဲ ချိန်းထားတဲ့ဆီကိုအရင်သွားပြီးဆက်သွားမယ်ဆိုဆုံးဖြတ်လို်က်ပါတယ်.။
ချိန်းထားတဲ့ဆရာဆီသွားဘို့လူစုနေတုန်း (26-3-2012)နေ့မန်းလေးရောက်မယ်လို့ ကြွေးကြော်ထားတဲ ထွန်းဝင်းလတ်က ဖုန်းဆက်လာပါတယ်။
အဲဒါနဲ့ဖရဲမကို သူ့သွားခေါ်ခိုင်း။
ဆရာနဲ့ချိန်းထားတဲ့ဆီမှာလူထပ်စု။
ဆရာတိုက်တဲ့လက်ဖက်ရည်သောက်။
နေပူမယ်သွားကြတော့လို့ ဆရာကခွင့်ပေးတော့ နေ့လည် ဆယ့်တစ်နာရီ.။
စုစုပေါင်းငါးယောက် ဆိုင်ကယ်က သုံးစီးခရီးနှင်ခဲ့ကြပါတယ်။
ပြင်ဦးလွင်သွားတဲ့လမ်းမအတိုင်းလာလိုက်ကြတာ 16မိုင်တိုးဂိတ်အလွန်မှာတောင်ဘက်
ရဲရွာဘက်နဲ့အေသုံးလုံးဘိလပ်မြေစက်ရုံသွားတဲ့ကျောက်လမ်းအတိုင်း တောင်ဘက်ကို
သွားခဲ့ကြပါတယ်။
ကတ္တရာလမ်းမအတိုင်း လာလိုက်တာ တော်တော်လေးသွားမိတော့ လမ်းခွဲတစ်ခုတွေ့ပါတယ်။
အဲဒီလမ်းခွဲရောက်တော့ ကတ္တရာလမ်းဖက်ကနေဆင်းပြီး ကွန်ကရစ်လမ်းကြီးအတိုင်းလိုက်ခဲ့ပါတယ်။
ခိုနန်းရှင်ဂူကိုကျော်ပြီးတဲ့အခါ လမ်းမကြီးကနေဝင်လာလို့ 13မိုင်ကျော်ကျော်လောက်အရောက်မှာ
ကွန်ကရစ်တံတားအကြီးကြီးတစ်ခုကိုတွေ့ရပါတယ်။
သူ့အပေါ်မှာတော့ တောင်မဲမဲကြီးတစ်ခုက စီးမိုးလို့။
တံတားထိပ်မှတော့ ဒီးဒုတ်ဂူ သို့ဆိုတဲ့ဆိုင်းဘုတ်ကို တွေ့ရပါတယ်။
အဲဒီနားမှာ နားစရာ ဆိုင်ကယ် ကားရပ်စရာ ဆိုင်လေးတစ်ဆိုင်ရှိပါတယ်။
အဲဒီတောင်ကြီးအောက်ခြေမှာတော့ လူသွားလမ်းကျဉ်းလေးတစ်ခု ။
လမ်းကျဉ်းလေးကနေတောင်ပေါ်ကို ကွေ့ပါတ်လို့တက်သွားတဲ့လမ်းကလေးအတိုင်းသွားရပါတယ်.။
နေ့လည်တောင်ပေါ်တက်တော့ နှစ်နာရီ။
အနောက်ဘက်တောင်ကြောမှာရှိတဲ့တောလမ်းကတက်ရတော့ အရိပ်မရှိတဲ့လမ်းမှာ
နေကမတရားပူတော့ အမောတောင့်ဆို့ပါတယ်။.
နားလိုက်ရေသောက်လိုက်တက်လို်က်။
ကျောက်တုံးတွေနဲ့ဖွဲ့စည်းထားတဲ့လမ်းဆိုတော့ ခလုပ်မတို်က်မလဲအောင်ဂရုစိုက်။
ရေကျသံတွေတဝေါဝေါကြားတော့ ရောက်လုနီးပြီဆိုစိတ်ကပျော်ပါတယ်။
ရေတံခွန်အပေါ်ရောက်လို့ဆင်းမယ်လုပ်တော့ စေတနာရှင်လုပ်ပေးထားတဲ့ဝါးတံတားလေးက
နေအောက်က ကျောက်တုံးပေါ်ဆင်းရပါတယ်.။
ရေပြာစမ်းကိုမြင်တော့ အမောတွေပြေသွားပါတယ်။
နောက်ထပ်နာရီဝက်လောက်အပေါ်တက်ရင် ဒီးဒုတ်ဂူရှိသေးတယ်ပြောပေမယ့်
ပြန်ချိန်နဲ့တွက်ကြည့်တော့ မိုးချုပ်မှာစိုးရပါတယ်။
နောက်တစ်ခေါက် အရောက်သွားဘို့ပြင်ပြီးသား။
အပြန်လမ်းမှာတော့ ဓါတ်ပုံရိုက်ရင်းဆင်းတော့ အတက်လောက်မမော။
ဒါပေမယ့် လိမ့်လျှောပြီးဆင်းမှာကိုတော့ပူရပါတယ်။
ဒါတောင်ကျနော်နှစ်ခါခြေချော်ပြီးလဲပါသေးတယ်။
လဲကျတဲ့နေရာက မြေအမာမဟုတ်တော့ နည်းနည်းလေးပွန်းရုံ။
ကိုသော့တို့အဖွဲ့ကတော့အောက်ရောက်သွားတာကြာပေါ့။
ကျနော်နဲ့အဖော်ပါလာတဲ့တူမလေးသာ ပုံတွေရိုက်လို့နှက်လို့မပြီး။
ဘယ်လိုဘဲပြောပြော ဒီလမ်းခရီးလေးက ကြမ်းတမ်းပေမယ့်
“သွားရတာ တန်ပါတယ်”လို့ဘဲဆိုချင်ပါတယ်။
ကျနော်အိမ်ပြန်ရောက်တော့ ညနေခြောက်နာရီ။
မှောင်နေပါပြီ။
ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့အတွေးပါးပါး
(1-4-2012)
14 comments
water-melon
April 1, 2012 at 8:15 am
ဥပေါက်ချင့်
နောက်တခါခေါက်ထပ်သွားရအောင်ချင့်
တောင်ပေါ်ထိတက်မယ်နော်
သများ ဓာတ်မီးဝယ်ထားပြီးပြီ 😆
ကြောင်ကြီး
April 3, 2012 at 9:54 am
စမ်းရေပြာ
မန်းမြေမှာ
ဖမ်းလေရာ
သန်းရွေပါ..။
ကိုပေါက်(မန္တလေး)
April 3, 2012 at 11:40 am
သန်းရွှေမပါဘူးကွ
သော့ပေါက်ရဲလတ်ဘဲပါတာ။
မှားနေပြီ။
char too lan
April 3, 2012 at 12:00 pm
ပြင်ဦးလွင် ဓါတ်တော်ချိုင့်ရာဇဝင်ကြားဖူးတယ် အမှန်တွေလားမသိ ??
လေးပေါက်ကြုံရင် လက်ဆော့ခဲ့ပါအုံး
ဒီ ဒီးဒုတ်တော့ ခုမှပဲ မြင်ဖူးကြားဖူးတော့တယ် ကျေးကျေးပါ……. 🙂
ကိုပေါက်(မန္တလေး)
April 3, 2012 at 12:48 pm
ငါတော့ဘာမှကြားပါဘူးချာတူးရယ်။
ချာတူးကြားတာလေးပြန်ပြောပြပါအုံးကွဲ့။
nozomi
April 3, 2012 at 12:54 pm
တစ်ခါတစ်လေလဲအခုလို လမ်းကြမ်းတွေမှာ လမ်းလျှောက်သွားရတဲ့ ခရီးမျိုး သွားချင်တယ်
လမ်းလျှောက်ပြီး ရေတံခွန်မှာ ရေချိုး ပြီး ထမင်းစား အိပ်လိုက်ရရင် တော်တော်နဲ့ ပြန်နိုးမှာ မဟုတ်တော့ဘူး
weiwei
April 3, 2012 at 1:29 pm
ကားရပ်ထားရမယ့်နေရာကနေ ရေတံခွန်အထိ လမ်းလျှောက်ရင် ဘယ်လောက်ကြာအောင်လျှောက်ရလဲ ….
မန်းလေးရောက်ရင် သွားမယ်လို့ စိတ်ကူးထားလု့ိ … အသက် ၆ဝ ကျော် လူကြီးတွေသွားဖို့ အခက်အခဲရှိမယ်ဆိုရင်တော့ မသွားတော့ဘူး …
ဓါတ်တော်ချိုင့်ကိုရောက်ဖူးတယ် …. အတက်အဆင်း အရမ်းပင်ပန်းတယ် …
Diamond Key
April 3, 2012 at 3:05 pm
ကားရပ်ထားရမယ့်နေရာကနေ ရေတံခွန်အထိ လမ်းလျှောက်ရင် ပုံမှန်လေးဆို မိနစ် ၂ဝ လောက်ဆို ရောက်ပါတယ် မဝေရေ 😀 ကိုပေါက်ချော်လဲနေလို့ မဖြေနိုင်သေးခင် ဝင်ဖြေသွားတာပါ 😆
Mr. MarGa
April 3, 2012 at 2:28 pm
တို့လဲလိုက်မယ် ချန်မထားနဲ့
ဘယ်တော့သွားမလဲ ပြောပြကွယ်
Diamond Key
April 3, 2012 at 3:07 pm
လကွယ်နေ့ည ၁၂ နာရီမှာ ဂူထဲသွားဖို့ ဓာတ်မီးဝယ်ထားပြီးပြီ လို့ ဖရဲမက ပြောနေတယ်
ကိုပေါက်(မန္တလေး)
April 3, 2012 at 5:00 pm
သင်္ကြန်တွင်းတစ်ရက်သွားမယ်။
တစ်ရက်ကြိုပြီးဖုန်းဆက်မယ်။
မော်ဒယ်ဂဲလဲပါမယ်။
လိုက်ချင်ရင်စာရင်းပေးပါ။
ကိုပေါက်(မန္တလေး)
April 3, 2012 at 9:57 pm
မဝေရေ ဒီးဒုတ်က လူကြီးတွေအတွက်အဆင်မပြေလောက်ပါ။.
surmi
April 3, 2012 at 10:25 pm
ဓတ်ပုံတွေကြည်.ပြီး တခါတုန်းက ပဲခူးရိုးမထဲသွားခဲ.တာသတိယမိတယ်လေးပေါက်ရေ….
လမ်းကအတော်ကြမ်းသနော် ၊ ကြားဘဲကြားဖူးတာ
ကျွန်တော်မန်းလေးမှာ နဲနဲကြာကြာနေဘူးပေမဲ.မရောက်ခဲ.ဘူး
ကျေးဇူးဘဲဗျို. ..။
ကိုပေါက်(မန္တလေး)
April 3, 2012 at 11:01 pm
ကျနော်လဲ အခုမှကြားဘူးတာ ဒီနေရာကိုတွေ့တာ သုံးနှစ်လောက်ဘဲရှိသေးတယ်ပြောတယ် ကိုဆာမိရေ။
ပဲခူးရိုးမထဲတော့ ဖောင်ကြီးသင်တန်းတက်ရတဲ့ 1978လောက်က ရောက်ဘူးတယ်။