Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ရန်ကုန်မှာမီးပိုလာတော့မယ်တဲ့

ShwemannmayJune 11, 20101min2708

ရန်ကုန်မြို့တွင် လျှပ်စစ်ဓာတ်အားပေးဝေမှုကို ဇွန်လအတွင်း တိုးမြှင့်ပေးသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ သတင်းရရှိသည်။ လျှပ်စစ်မီးတိုးမြှင့်ပေးရေးအတွက် အသစ်တပ်ဆင်ထားသော ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖြစ်သည့် ၂၄လက်မပိုက်လိုင်းမှ ဓာတ်ငွေ့များ မကြာမီ ပို့လွှတ်တော့မည် ဖြစ်သည်။ ယင်းမှရရှိသော ဓာတ်ငွေ့များဖြင့် အင်းစိန်ရွာ၊ အလုံ၊ လှော်ကား၊ သာကေတရှိ တာဘိုင်ဓာတ်အားပေးစက်ရုံ လေးလုံးမှ လျှပ်စစ်မီးတိုးမြှင့်ပေးရန် စီစဉ်နေခြင်းဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “အခုလက်ရှိပေးနေတဲ့ ဂက်စ်ပိုက်လိုင်းက ပေါက်နေလို့ မီးအားက ပုံမှန်မပေးနိုင်တာ။ အခုပိုက်လိုင်းအသစ်နဲ့ပေးဖို့ကို စီစဉ်ပြီးသွားပြီး ဓာတ်ငွေ့လွှတ်ဖို့ပဲ ကျန်တော့တယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။ ယခုနှစ်နွေရာသီတွင် လျှပ်စစ်မီးပေးမှု လျော့နည်းသွားရခြင်းမှာ ရေအားလျှပ်စစ်ဖြင့် ဓာတ်အားထုတ်လုပ်မှုသည် အပူရှိန်ကြောင့် ရေနည်းသွား၍ ဓာတ်အားပေးမှု နည်းခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။ ၎င်းက ၂၄လက်မပိုက်လိုင်းကို မုတ္တမကမ်းလွန် ရတနာဓာတ်ငွေ့မြေမှ ဖျာပုံခရိုင် ဒေါ်ငြိမ်းကျေးရွာရှိ ပိုက်လိုင်းဗဟိုစခန်းမှတစ်ဆင့် ရန်ကုန်မြို့ရှိ အင်းစိန်၊ ရွာမ၊ သာကေတ၊ အလုံ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်သော တာဘိုင်ဓာတ်အားပေး စက်ရုံများသို့ သွယ်တန်းပြီးစီးခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဇွန်၅ရက်၌ ဖော်ပြထားသည်။ ၂၄လက်ဓာတ်ငွေ့ပိုက်လိုင်းမှ ရန်ကုန်မြို့တွင်းပေး ဓာတ်ငွေ့လိုင်းများသာမက သဘာဝဓာတ်ငွေ့သုံး စက်ရုံများနှင့် စက်မှုဇုန်ရှိ ပုဂ္ဂလိကစက်ရုံများသို့လည်း ဖြန့်ဖြူးပေးဝေမည် ဖြစ်သည်။ ထို့အပြင် တောင်ကြီးခရိုင်ရှိ ပင်းပက်သံမဏိစက်ရုံ၊ သာစည်မြို့နယ်၊ ပြည်ညောင်ဒေသရှိ ဘိလပ်မြေ စက်ရုံများ၊ နေပြည်တော်ရှိ(တောင်ဖီလာ၊ ရေနီ၊ မင်းတုန်း) အမှတ်(၁)စက်မှုဝန်ကြီးဌာန ဘိလပ်မြေစက်ရုံများနှင့် အခြားစက်ရုံများကိုပါ ဖြန့်ဖြူးမည်ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ပါရှိသည်။ ၎င်းပိုက်လိုင်းကို စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ ဆောင်ရွက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂၇၅သန်းခန့်နှင့် ပြည်တွင်းသုံးငွေ ကျပ်သန်းပေါင်း ၄၁၁၁သန်းကုန်ကျခဲ့ပြီး တည်ဆောက်ချိန် ၁၅လသာကြာခဲ့ကြောင်း သိရသည်။ စက်မှုဇုန်များကို မေလမှစတင်ကာ လျှပ်စစ်မီးပေးဝေမှု ရပ်နားထားပြီး ရပ်ကွက်များကို မီးပိုပေးရန်ကြိုးစားခဲ့သော်လည်း ရက်ပိုင်းသာရပြီး ဇွန်လဆန်းပိုင်းမှစတင်၍ ပုံမှန်နေ့စဉ် ၆နာရီသာ အလှည့်ကျရကြောင်း လျှပ်စစ်မီးအားမှာလည်း ပုံမှန်မရှိဘဲ ဗို့အားအများဆုံး ၁၈၀ဝန်းကျင်သာရကြောင်း ကမာရွတ်မြို့နယ် ဘူတာရုံလမ်းတွင် နေထိုင်သူတစ်ဦးက ရှင်းပြသည်။

Credit: သိမ့်သိမ့်စိုး၊ ပြည်သိမ်း (7Day News Journal)

တကယ်မီးလာတာဖြစ်ပါစေ

8 comments

  • htethtet

    June 11, 2010 at 4:36 am

    တကယ်ပဲနော်
    ပျော်လိုက်တာ

  • ghost

    June 11, 2010 at 5:47 am

    ဇွန်လ မိုးရွာရင် လျှက်စစ်မီး မပြတ်တာ အလာကားရတဲရေအားကြောင့်ပါ ဒါပေမဲ့ အစိုးရက တခြား ကုန်ကြစရိတ်တွေ ပြလာပြီဆိုတော့? မိတာခတွေတက်နိုင်ပါ၏။

  • Unnamed

    June 11, 2010 at 5:50 am

    တခြားမြို့တွေမှာရော မီးပိုရမယ်ဆိုတဲ့ အိပ်မက်လေးတွေ မကြားကြဘူးလားဗျ။

  • zuugyi

    June 11, 2010 at 6:40 am

    ယုံ… ပုံ လာလာပြောတိုင်း.. ယုံ…

  • Righter

    June 11, 2010 at 8:36 am

    သဘာဓာတ်ငွေ့ ဘယ်လောက်ပေါပေါ မီးကတော့? သဘောပေါက်တယ်နော် သဘောပေါက်ပါတယ် ဟဲဟဲ

  • wailynnoo

    June 11, 2010 at 8:42 am

    ပိုမလာရင်နေပါ။ ပုံမှန်အတိုင်းလာရင်တော်ပါပြီ။

  • rat

    June 11, 2010 at 3:38 pm

    ပြောတာလဲမင်းပါပဲကွယ် ။ ။ ။ ။ ။ ။

  • Scott

    July 27, 2010 at 6:34 pm

    မယုံရေးချမယုံပါ…လျှပ်စစ်အဖွဲ့စကား ကို ချီးစားပြောတောင် ချီးကြိုက်လို့စားတာပဲလို့ထင်တယ်…

Leave a Reply