ဒေါ်အောင်ဆန်းစုကြည် ပန်ကြားချက် (Facebook မှ ရသည်)

မြစပဲရိုးApril 1, 20121min43241

ဒေါ်အောင်ဆန်းစုကြည် ကတော့ သူမရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို ပြနေပါပြီ။
ကျွန်မတို့အားလုံး ကျွန်မတို့ရဲ့ ခေါင်းဆောင်ကောင်းရဲ့ စကားကို လိုက်နာကြရအောင်လား။

အခုဘဲ ဟယ်လာရီကလင်တန် က နေပြီး တူရကီမှာ လုပ်နေတဲ့ အစည်းအဝေးပွဲမှာ  မြန်မာပြည်သူပြည်သား တွေကို ချီးကျူးစကား ပြောသွားခဲ့ပါတယ်။
တဆက်တည်း ဘဲ ဆီးရီးယား ကို မြန်မာပြည် ကို နမူနာပြပြီး အတုယုဖို့ ကိုလဲ အုပ် သွားသေးတယ်။ 😀
အာဏာရှင်စနစ် ဆိုတာ တော်လှန်လို့ ရကြောင်း ကိုပေါ့။
ကျွန်မလဲ ဒီတစ်ခါမှာတော့ သတ္တိပြခဲ့ကြတဲ့ ပြည်သူပြည်သားတွေ ကို တကယ်ဘဲ လေးစားပါတယ်။

ကျွန်မ လျှော့တွက် လိုက်မိတဲ့ ( NLD အတွက် ရပ်တည်ပေးခဲ့တဲ့) ဝန်ထမ်းတွေ နဲ့ စစ်တပ်က လူတွေ ကို ကျွန်မ နှလုံးသားထဲ ကကို ရို့ကျိုး ပြီး တောင်းပန်ပါတယ်။
တနည်း အာဏာရှင် ဆန့်ကျင်မှု ကို အတိအလင်းပြနိုင်ခဲ့တဲ့ ပွဲပါ။
မတရားမှုတွေ ကို ဆက်ပြီး ဖော်ထုတ်၊ အားနည်းသူ တွေကို အာဏာရှင်တွေ အနိုင်ကျင့်တာက အကာအကွယ် ပိုပြီးပေးနိုင်ဖို့ ပိုပြီး လုပ်ရမဲ့ အချိန်ရောက်ပါပြီ။
ဆက်ပြီး စည်းလုံးညီညွတ် ကြပါစို့။

41 comments

  • htoosan

    April 1, 2012 at 9:30 pm

    အဟိ .. ဆရာလုပ်တာတော့ မဟုတ် .. စာလုံးလေးတွေ ထပ်တိုးချင်တယ်..
    ပြည်သူ၏အောင်နိုင်မှု့သည် သိက္ခာ ရှိသော အောင်နိုင်မှုဖြစ်စေရန် အမျိုူးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်အားလုံး အထူးသတိပြုစေလိုပါသည်။ ပြည်သူများ လည်း ပါဝင်ကူညီစေလိုပါသည်လို့…….

    • Khin Latt

      April 1, 2012 at 9:50 pm

      That’s true.
      You’re absolutely right. 🙂

  • aye.kk

    April 1, 2012 at 9:38 pm

    မလတ်ရေ..
    မလတ်ရဲ ့အဆိုကိုထောက်ခံသွားပါတယ်..
    အားလုံးရဲ ့ရင်ထဲမှာတူညီနေကြတာက မျှတမှုပါဘဲ။။

  • ကြောင်ကြီး

    April 1, 2012 at 9:56 pm

    အဲဒေါ့ ကျုပ်ရှို့ဖို့ပြင်ထားတဲ့ မီးဒုတ်ကို လွှတ်ပစ်ရမှာလား…။ ပေးဇမ်းကွာ ဓာတ်ဆီပုံး.. 👿

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 1, 2012 at 10:00 pm

      ဟုတ်တယ်ဗျာ
      အောင်ပွဲခံနေပြီဟေ့ ဆိုတဲ့ပိုစ့်မှာ ကတည်းက
      ဆရာဝင်လုပ်မလို့ 😀
      ဘာဘဲဖြစ်ဖြစ် အဖွားကြီးလို သူရဲကောင်းဆန်တဲ့စိတ်ထားမျိုး
      ကျုပ်မှာလည်း ရှိပါလားလို့
      ကိုယ့်ဖင်ကိုယ်မပြီးဂုဏ်ယူတယ်ဗျာ
      ဘဲရီးဂွတ် ဘဲရီးဂွတ်
      ဘဲရီးဂွတ်တဲ့ကျုပ်ရဲ့စိတ်ဓာတ်

      • Khin Latt

        April 1, 2012 at 10:10 pm

        @ကကြောင်
        အဲဒီ မီးဒုတ်ကို နောက်လာမဲ့ မွေးနေ့ကိတ်မှာ တို့ဖို့ ဒီအတိုင်းဘဲ ကိုင်ထား။ 😀

        @ဦးရီးပု
        သိနေဒယ်လေ၊ သိနေဒယ်လေ။
        ဒါကြောင့်လဲ ဖေးဘရိတ် အဖြစ်ထားထားတာပေါ့။ 😆

    • htoosan

      April 1, 2012 at 10:56 pm

      ဦးကြောင်ရယ် .. တိဘက်က သူ လိုတော့ ကိုယ့်ကိုယ်ကို လောင်းပြီး မရှို့လိုက်ပါနဲ့။ ရုရှားမလေးတွေ ကြေးမုံလေးတွေရယ် သနားပါဦး .. ဦးကြောင်ကြီးမရှိရင် ပျင်းနေကြမှာ…

  • Khin Latt

    April 1, 2012 at 10:16 pm

    ဒီ ပန်ကြားချက် ကို ရှေ့က “ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ” Post မှာ seaman က မှတ်ချက် အနေနဲ့ ရေးထားတာ မတွေ့ဘဲတင်လိုက်မိလို့ seaman ကို တောင်းပန်ပါတယ်။

    ကျွန်မတွေ့တာက Facebook ထဲမှာ။
    တတ်နိုင်သလောက် ဖြန့်ပေးကြပါ ဆိုလို့ရယ်။ ဖြန့်သင့်တဲ့ အနှစ်သာရ ရှိတဲ့ စကားလုံး တွေမို့ရယ်ကြောင့် ဒီမှာ တင်လိုက်တာပါ။
    ဖတ်ပြီးသား ဖြစ်ခဲ့ရင်လဲ ခွင့်လွှတ်ကြပါ အရပ်ကတို့။

  • Thel Nu Aye

    April 1, 2012 at 10:17 pm

    ပုခုက္ကူမြို့ မှာ

    တပ်မ ၁၀၁ မဲရုံတွင် NLD ၆၇ဝ မဲ၊ ကြံဖွတ် ၃ဝ မဲ
    ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ကြံဖွတ် ၂၃ မဲ

    ကဲ ဘယ်သူဘာပြောချင်ကြတုန်း။ သူတို့ရဲ့ ရဲဝံ့ပြတ်သားတဲ့စိတ် နဲ့ သတိ္တ ကို ချီးကြူးဂုဏ်ပြုသင့်ပါတယ်။

    • Khin Latt

      April 1, 2012 at 10:20 pm

      မှန်လိုက်လေသဲနုရယ်။
      သူတို့လိုလူတွေ က ပိုပြီး စွန့်ရဲတာလို့ခေါ်မယ်။
      ဒေါ်အောင်ဆန်းစုကြည် ကို သူတို့လဲ ချစ်ကြောင်း ပြလိုက်တာဘဲ။
      အခုဆို အားလုံး တစ်သွေးထဲ တစ်သားထဲ ဖြစ်ကြဖို့ နီးပါပြီ။ 🙂

    • Foreign Resident

      April 2, 2012 at 4:53 am

      သေချာတာကတော့ အဲဒီတပ်က အဘ ( တပ်ရင်းမှူး ) တော့ ရွာပတ်ပြီ ။ ဟီဟိ ။
      တကယ့်သူရဲကောင်းက ( အဘ တပ်ရင်းမှူး ) ပါ ။
      သူက လွတ်လွတ်လပ်လပ် မဲပေးခွင့် ပြုခဲ့လို့ ဒီ Result ထွက်လာတာပါ ။
      သူကသာ ခွင့်မပြုရင် ရဲဘော်တွေ ဘာမှ မလုပ်နိုင် / မလုပ်ရဲ ပါဘူး ။

      အဘ သူငယ်ချင်း တပ်မှူး တစ်ယောက် ပြောခဲ့တဲ့ စကားကို သတိရမိပါတယ် ။
      ” သူငယ်ချင်း ရာ ၊ ငါ သမိုင်း ရဲ့ တရားခံ မဖြစ်ချင်ဘူးကွာ ” တဲ့ ။

      အဲလို တပ်ရင်းမှူး မျိုးတွေ နေမှာပေါ့ ။
      ချီးကျူး မိပါတယ်ကွယ် ။ ဘေးမသီ ရန်မခ ပါစေနှင့်ကွယ် ။

      • Thel Nu Aye

        April 2, 2012 at 7:06 am

        မှန်ပါတယ် အဘရေ့။ တပ်ရင်းမှူး သူ့ကိုလဲအဓိကဂုဏ်ပြုပေးရမှာပေါ့။ သူကခွင့်ပြုခဲ့လို့ပေါ့နော့အဘရေ။ ပျော်စရာကြီး။ ကျွန်မပြောခဲ့တဲ့ တချိန်ကတပ်မတော်ကို ပြန်ပိုင်ဆိုင်နိုင်ဖို့ နီးပြီနဲ့တူတာပဲနော်။ ပျော်ပါ၏ ပျော်ပါ၏

    • Foreign Resident

      April 2, 2012 at 4:58 am

      သိပ်မကြာခင်မှာ အကြမ်းတမ်းဆုံး ရှေ့တန်း နေရာတွေကို ၊
      ( ဥပမာ ကချင် KIA ) အပို့ခံရတဲ့ တပ်စာရင်းမှာ ၊
      အဲဒီတပ်တွေရဲ့ နာမည်ကို အဘ မမြင်ရက်ပါဘူးကွယ် ။
      ဒါပေမယ့်လည်း —– ဟင်းးးးးးးးးး ။

      • kai

        April 2, 2012 at 9:13 am

        NLD နိုင်တဲ့.. တပ်နယ်က အရာရှိစစ်သားတွေကို.. ယူအက်စ်ပညာတော်သင်လာနိုင်ဖို့.. ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံပေးနိုင်ပါလိမ့်မယ်..
        အဲလိူပြောလို့.. ခေတ်သစ်ကိုလိုနီ..ဘာညာ ထမလုပ်ကြနဲ့ဦးနော…
        ဒေါ်အောင်ဆန်းစုကြည်ဟာ.. အနောက်နိုင်ငံတွေတင်မက.. ကမ္ဘာတန်းမှာ.. ဩဇာရှိလို့ပါ…။
        အင်မတန်အောင်မြင်တဲ့.. ကမ္ဘာတန်း နိုင်ငံရေးသမားတယောက်ပါ..။

        အောက်ခြေတပ်သားတွေကတော့.. ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်မှာ.. ပထမအသုတ်ထဲ.. ပါအောင်… NLD စပွန်စာလုပ်ခိုင်းပေါ့… :mrgreen:

        အနည်းဆုံးတော့..ထိုင်းနဲ့စင်္ကာပူတို့ပါတွဲလုပ်တဲ့.. ယူအက်စ်စစ်တပ်ရဲ့.. ကော့ဘရာစစ်ဆင်ရေးထဲ.. ပါနိုင်အောင်ပေါ့…။

    • Foreign Resident

      April 2, 2012 at 5:04 am

      တကယ့် တကယ်က
      တပ်ထဲက စစ်သား မယားတွေ ဝတ်ရတဲ့ ထမိန်ဟာ ရိလွန်းလို့
      ကြက်သွန်ခွန် ထက်တောင်ပါးပြီး အဖာ တရာ နှင့်ပါကွယ် ။
      တော်ပါပြီ ။ အဘ ဆက်မပြောရက်တော့ပါဘူး ။

    • koaung

      April 2, 2012 at 4:59 pm

      လူဂျီးလူတောင်း တွေဘယ်လိုစည်းရုံးစည်းရုံး နောက်ဆုံးတော့ မှတပါးအခြားမရှိပြီလို့ စစ်တပ်ကဆုံးဖြတ်သွားတာပါ

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 10:20 pm

    အရီးတို့ဘက်တော့မသိဘူးအရီးရေ….ကျွန်တော်တို့ဆီမှာတော့အောင်စေတန်ခိုးဆထက်တိုးဖို့အောင်မိုးလေး
    တစ်စက်စက်ရွာနေတယ်…….. အိပ်ရေးပျက်ခံပြီးစိတ်ပူရတာ….အိပ်ရေးပျက်ခံရကျိုးနပ်သွားပြီ။

    • Khin Latt

      April 1, 2012 at 10:23 pm

      လူတွေ အတွက် အပူငြိမ်းတော့မဲ့ နမိတ်ပေါ့။
      ဒီညတော့ အိပ်ရေးဝဝ အိပ်ပေတော့ မောင်ရှမ်းရေ။ 🙂

  • padonmar

    April 1, 2012 at 11:02 pm

    မလတ်ရေ
    အမ ဒီနေ့ ကိုယ့် ဇာတိမြို့ကို ပြန်ပါတယ်။မနက်ကသွား ညနေပြန်ပေါ့။
    တပျော်တပါးကြီး မဲပေးနေကြပါတယ်။၈ဝကျော် အဖွားကြီးတွေတောင် မပေးလိုက်ရမှာစိုးလို့ လူတွဲတွေနဲ့ ကိုယ်တိုင်လာထည့်ကြတယ်။
    ညနေ ၄နာရျီမှာ NLD ရုံးရှေ့ အောင်ပွဲခံဖို့ ပြင်ဆင်နေပါပြီ။
    ပျော်လည်းပျော်ကြမှာပေါ့။
    သူကြီးမနေ့က မန့်ထားတဲ့ ဗိုလ်ချုပ်မိန့်ခွန်းထဲက ပန်းတိုင် မရောက်ခင် တက်မထောင်တတ်ကြတယ်ဆိုတာလေး သတိရတာနဲ့ ဘော်ဘော်တွေကိုတောင် တက်မထောင်နေပြီလားလို့ နောက်ခဲ့မိသေးတယ်။
    ညနေ ၅နာရီက ပြန်လာတာ ရန်ကုန်ကို အခုည ၁ဝ နာရီမှပဲရောက် MG အပြေးဖွင် ့ပျော်စရာသတင်းကြည့်ပေါ့။
    ဒေါ်စု ပန်ကြားချက် ဖတ်ရတော့ ပိုပိုလေးစားမိပါတယ်။
    ကဲ အိပ်ပြီ။
    GOOD GOOD GOOD NIGHT!!!!!!!!!

  • thar ag

    April 1, 2012 at 11:18 pm

    အမေစု ကတော့ သူ့ ရဲ့ သဘော ထားလေးကို ပြသလိုက်ပြီလေ တို့တွေ လဲ လိုက်နာ ကျရအောင်

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    April 1, 2012 at 11:39 pm

    သိပ်တန်ဖိုးရှိတယ်ဗျာ
    အလွန်အရေးကြီးတယ်
    မြင်တယ် ကြားတယ် ထိတွေ့တယ်
    ဒီအကြောင်းတွေမှာ
    သက်စိုင်တဲ့အကြောင်းမှာ သိပြီဗျ
    ကဲ
    သိပြီဗျာ
    မှားတယ် မှန်တယ် ဆုံးဖြတ်ရမှာ
    မေမေစုကြည်ပြောတာ ကို ကြားတာက ပထမ
    မေမေစုကြည်ပြောတဲ့ အသံကိုကြားပြီး ဘာပြောတာလည်းဆိုတာကို မှန်၏ / မှား၏
    ဆုံးဖြတ်ရမှာက ဒုတိယ
    ကဲဗျာ
    တုံ့ပြန်ပါပြီခင်ဗျ
    မှန်ပါတယ်လို့
    ( တစ်ခါတစ်လေတော့လည်း အမှန်က အမှားဖြစ်တတ်သေးတယ် 😀 )

  • kyeemite

    April 2, 2012 at 8:41 am

    အရီးခင်လတ်ရေ..သတင်းကောင်းလေးမျှဝေတဲ့အတွက်ကျေးဇူးပါ..
    ခေါင်းဆောင်ကောင်းတစ်ဦးရဲ့စိတ်ဓါတ်ကို ပြသလိုက်တာပါဘဲ..
    နောက်ဆုံးရသတင်း(အစိုးရမှအတည်မပြုရသေး)ကိုဒီမှာရေးခွင့်ပြုပါ..
    NLD ၏အတည်ပြုပြီး အနိုင်ရမြို့နယ်စာရင်း
    ၁။ ဝါးခယ်မ ဧရာဝတီတိုင်း
    ၂။ မြန်အောင် ဧရာဝတီတိုင်း
    ၃။ မအူပင် ဧရာဝတီတိုင်း
    ၄။မြောင်းမြ ဧရာဝတီတိုင်း
    ၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
    ၆။ ရေကြည် ဧရာဝတီတိုင်း
    ၇။ ပခုက္ကူ မကွေးတိုင်း
    ၈။ ရေစကြို မကွေးတိုင်း
    ၉။ မကွေး မကွေးတိုင်း
    ၁ဝ ။ မြိုင် မကွေးတိုင်း
    ၁၁။ ပွင့်ဖြူ မကွေးတိုင်း
    ၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
    ၁၃။ တံတားဦး မန္တလေးတိုင်း
    ၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
    ၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
    ၁၆။ မထီ္တလာ မန္တလေးတိုင်း
    ၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
    ၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
    ၁၉။ တောင်ငူ ပဲခူးတိုင်း
    ၂၀။ ထန်းတပင် ပဲခူးတိုင်း
    ၂၁။ လက်ပံတန်း ပဲခူးတိုင်း
    ၂၂။ ကဝ ပဲခူးတိုင်း
    ၂၃။ ကော့မှူး ရန်ကုန်တိုင်း
    ၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
    ၂၅။ လှည်းကူး ရန်ကုန်တိုင်း
    ၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
    ၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
    ၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
    ၂၉။ ပုလဲ စစ်ကိုင်းတိုင်း
    ၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
    ၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
    (အမျိုးသားလွှတ်တော်)
    ၃၂။ ကျွန်းစု တနင်္သာရီတိုင်း
    ၃၃။ လောင်းလုံ တနင်္သာရီတိုင်း
    ၃၄။ ပုသိမ် ဧရာဝတီတိုင်း
    ၃၅။ တောင်တွင်းကြီး မကွေးတိုင်း
    ၃၆။ နွားထိုးကြီး မန္တလေးတိုင်း
    ၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
    ၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
    ၃၉။ မော်လမြိုင် မွန်ပြည်နယ်
    ၄၀။ သုံးခွ ရန်ကုန်တိုင်း
    ၄၁။ လားရှိုး ရှမ်းပြည်နယ်

    D-Wave
    သစ်ထူးလွင် 4/02/2012 02:38:00 AM

  • mg mg

    April 2, 2012 at 8:50 am

    “ပုခုက္ကူမြို့ မှာ
    တပ်မ ၁၀၁ မဲရုံတွင် NLD ၆၇ဝ မဲ၊ ကြံဖွတ် ၃ဝ မဲ
    ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ကြံဖွတ် ၂၃ မဲ”

    ဒီတစ်ခုနဲ့ဘဲ ဟုတ်၏မဟုတ်၏ အတည်မပြုနိုင်သေးပေမယ့် “ဖယောင်း”ကိစ္စကို ခွင့်လွှတ်လိုက်ပါတယ်။

  • Shwe Tike Soe

    April 2, 2012 at 8:50 am

    အားရဝမ်းသာစရာ သတင်းတွေကြားရတော့ ဒီနေ.မနက် အိပ်ရာထ ရတာ အရမ်းကိုတက်ကြွလန်းဆန်းနေတာပဲဗျာ..
    ကျွန်တော်တို.အတွက် ရောင်ခြည် သန်းလာနေပါပြီ……..

  • mocho

    April 2, 2012 at 9:11 am

    တပ်နယ် တွေလို၊ နေပြည်တော် လို နေရာနေရာတွေမှာ ပါ အောင်ပွဲ ခံနိုင် ခဲ့တဲ့အတွက် အတိုင်း မသိဝမ်းသာမိတယ်။ အဲဒီကပြည်သူတွေ (ဝန်ထမ်းတွေ) ကို ဖိအားတွေ ကြားထဲက ကိုယ်ပိုင် ဆန္ဒကို ဖေါ် ပြခဲ့တဲ့အတွက် ကျေးဇူး တင်ပါတယ်။ အားလုံးလဲ အမေစု ပြောတဲ့စကားကို အလေးအနက် လိုက်နာဖို့ လိုပါတယ်။

  • Onyx

    April 2, 2012 at 9:30 am

    နှစ်သစ် ရောက်တော့မဲ့ အချိန်မှာ မင်္ဂလာ ရှိတဲ့ သတင်းကြားရတာ ကောင်းလိုက်တာ။
    ဒီနှစ် နှစ်သစ်မှာတော့ မင်္ဂလာရှိစွာနဲ့ MG ရွာသူား အပေါင်းရော မြန်မာ တိုင်းရင်းသားများပါ
    ပျော်နိုင်ပါစေ လို့ ကြိုတင် ဆုတောင်းပါတယ်ဗျာ

  • maungmoenyo

    April 2, 2012 at 9:54 am

    များစွာသော ဝေါဟာရခေတ်သစ်များဖြင့် မြန်ပြည်တလွှား ဝင့်ကြွားချိန် နောက်ထပ်တိုး ဝေါဟာရသစ်တခု = “သိက္ခာရှိသော အောင်နိုင်မှု”
    လေးစားမိပါတယ် ဒေါ်အောင်ဆန်စုကြည်။
    ခေတ်အဆက်ဆက် လူထု၏ရင်ထဲနှလုံးထဲ ပဲ့တင်ထပ်မျှ စွဲထင်ကျန်စေတဲ့ သူမရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်း ရဲ့ များစွာသော ဝေါဟာရများကို နောက်ဆက်တွဲ တိုးပေးစေတဲ့ သူမရဲ့ လေးစားလောက်သော အဆိုအမိန့်များ….။

  • ဗိုက်ကလေး

    April 2, 2012 at 12:16 pm

    ဟုတ်ဒယ်ဗျာ
    အိမ်ရှေ ့မှာ
    ကြံ့
    သနားတယ်
    ဆိုပြီး ဆိုင်းဘုတ်ချိတ်ပြီး ဖဲ့ထားတာ ကျုပ်ဖြင့် ဖွတ်တွေကို အားနာမိပါရဲ့
    ဟုတ်တယ်လေ
    သူရို ့ခမျာ ဒန်ပေါက်ကျွေးတစ်နေ ့သုံးထောင်ပေး ငါးသောင်းချီးထားရတာ ခုတော့..ကွိ..ကွိ.
    ခမျာတို ့ရှာ ဘယ်စိတ်ကောင်းပါ့မလဲနော်..
    ညှာညှာတာတာဖဲ့ကြပါကွယ်

    • ဗိုက်ကလေး

      April 2, 2012 at 12:18 pm

      စောက်ရူးလား
      မင်းတို ့ကို သနားညှာတာစာနာထောက်ထားငဲ့ညှာလှည့်ကြည့်ပေးတဲ့ကောင်တွေမိုလို ့လခွီးမိုလို ့ညှာရမှာလားကွ

      • Khin Latt

        April 2, 2012 at 5:15 pm

        ဗိုက်ကလေးတော့ ဗိုက်ခေါက် လိမ်ဆွဲ ခံချင်ပြီလား။ 😀

  • Moe Z

    April 2, 2012 at 1:25 pm

    အရီးလတ်ရေ ဝမ်းသာလွန်းလို့မျက်ရည်ကျဖူးပြီ

  • kokothandar

    April 2, 2012 at 2:58 pm

    အောင်သောင်းတို့။မောင်သောင်းတို့။ကြော်ဆန်းတို့။စိုးသိန်းတို့။လမ်းတစ်ချမ်းခင်းအောင်သိန်းလင်းတို့အပေါ်
    အောင်ပွဲမခံဖို့ပန်ကြားလိုက်တာ အံ့မခန်းပါဘဲ။ သူတို့သာနိူင်အောင်လုပ်လို့ရရင် ဒီလိုမျိုးပြောမှာမဟုတ်ဖူး
    အသိညဏ်ကြွယ်ပညာတတ်တစ်ယောက်ရဲ့ ခံယူမှုက ဘယ်စကားနဲ့မှဖေါ်ပြမရနိူင်တဲ့ကြီးမြတ်ခြင်းပါဘဲ။

  • maykha

    April 2, 2012 at 4:12 pm

    I am very happy. အမေစုထာဝရကျန်းမာချမ်းသာပါစေ…… ဝမ်းသာပီတိ မျက်ရည်ကျမိ ပါတယ်…

  • ဇွဲမာန်အောင်

    April 2, 2012 at 4:21 pm

    ပြည့်သောအိုးသည် ဘောင်ဘင်မခတ်ပါ……………..
    အရမ်းဝမ်းသာပါတယ အမေစုရေ…………….

  • alinsett

    April 2, 2012 at 5:53 pm

    မြန်မာပြည်…ဒီ ထက်မက..ပိုကောင်းလာ ပါစေ…။
    ပိုပြီင်္း ထမင်းဝတဲ ့တိုင်းပြည် တစ်ခု အမြန်ဆုံး ဖြစ်လာပါစေ…. လို ့ ဆုတောင်းနေမိတယ် ။

    အခု ချိန်ဟာ.. အားလုံးရင် ခုန်နေရတဲ ့အချိန်လေးပါ ။

    သတင်းပေး..ဖော်ပြချက်လေး အတွက် ကျေးဇူးပါ …အရိးလတ်ရေ…

  • Don Juan Ronald

    April 2, 2012 at 8:33 pm

    ဒီ လို မျှ တ တဲ့ ယှဉ် ပြိုင် မှု မျိုး ရှေ့ အ ဆက် မ ပြတ် ရှိ သွား မယ် ဆို ရင် ပြည် သူ တ ရပ် လုံး ရဲ့ မင်္ဂလာ တ ပါး ပါ ။

    အ ပြန် အ လှန် လေး စား ချင်း လည်း အ လွန် အရေး ကြီး ပြီး မရှိ မ ဖြစ် သော စိတ် ဓါတ် တ ပါး ပါ ။

    • ဂျက်ကီချီးပေ

      April 2, 2012 at 9:37 pm

      ကောင်းတယ်ဗျာ
      သိပ်ကောင်းတယ်
      ဒီအကြောင်းတွေကို ပိုစ့်တစ်ခု အနေနှင့်ရေးဗျာ
      ခင်ဗျားဟာ လူတော်တစ်ယောက်ပါ

  • zaw min

    April 3, 2012 at 1:18 am

    ခေါင်းဆောင်လုပ်တဲ့သူတွေဟာ ယုံကြည်တဲ့ကိစ္စကို တိုင်းသူပြည်သားတွေကိုပြောရဲရမယ်။ရှင်းပြနိုင်ရမယ်။
    အသက်စွန့်သင့်တဲ့နေရာမယ် စွန့်ရဲရမယ်။ ပရိယာယ်သုံးတဲ့ နေရမယ် သုံးရမယ်။အချိန်အခါလိုက်ပြီး လုပ်ရပါမယ်။
    (ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းများမှ)။

  • snow white

    April 3, 2012 at 12:41 pm

    အမေစု ရှေ့ဆက်မယ့်လမ်း ကို နောက်ကနေပြည်သူပြည်သားလည်း တထပ်တည်းဖြစ်ပါစေ အမေစုလည်းကျန်းမာပါစေနော် ခုချိန်ကြံ့ခိုင်ရေးလည်းရှက်လည်းရှက် ညစ်လည်းညစ်နိုင်တယ်နော် သူများပျော်လို့သူတို့မပျော်နိုင်ဘူးလေ
    သူတို့ကျွေးတာစားထားတော့ သူတို့ကိုမဲပေးတဲ့သူတွေလည်း ငါတို့တော့မှာပြီးလို့ ထင်နေလောက်ပြီနော်

Leave a Reply