Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အင် ရယ် မာ ရယ် ယာ ရယ်

ムラカミApril 3, 20122min39914

 

ပိတ်သတ်ကြီးရေ …မင်ဂါပါ….

နည်းနည်း ပေါ့ပေါ့ပါးပါး ရေးမယ် စိတ်ကူးတယ်ဗျာ …

 

တကယ်က ပရယ်ဇန်တေးရှင်း ပစ်ချ် တွေကြားက top ten lies တွေအကြောင်း

ပြန်ဖတ်မိရာက စတဲ့ အိုင်ဒီယာလေးပါ …..။

 

သည်လိုဗျ… ၁နဲ့ ၁ ပေါင်းရင် ဘယ်လောက်ရတုန်း …

လွယ်ပါတယ်.. ၂ပေါ့…

သို့သော် ၁မဟုတ်သော ၁တွေ အကြောင်း ပြောကြည့်ချင်ရဲ့ဗျာ…

 

သည်လို A ဆိုပါစို့ဗျာ .. A ဟာ AဟာA နေရင် တန်ဖိုး ၁ ရှိသတဲ့

(absolute value) B ဟာလည်း ထိုနည်းလည်းကောင်း… C ဟာလည်း ထိုနည်းလည်းကောင်း..

A ဟာ another A နဲ့ ပေါင်းတဲ့အခါ 1+1= 2 ဖြစ်လေသတည်း ဆိုပါတော့..

 

ဟုတ်ကဲ့ A ဟာ B နဲ့ ပေါင်းသောအခါမှာ 3 ရတယ် တဲ့ဗျာ …(ဒန်တန့်တန်)…

ပြောပါတယ် 1 မဟုတ်သော 1တွေပါဆို …(နားရှုပ်ပြီ ထင်ရဲ့) positive synergism ပေါ့…

တဖန် A ဟာ C နဲ့ ပေါင်းတဲ့အခါမှာ 1.5 ပဲ ရတော့ တယ် တဲ့ဗျာ … 1+ 1= 1.5 ပဲထွက်တော့တယ်..

negative synergism ဆိုပါတော့ …။

 

ပေါင်းစည်းလိုက်တဲ့အခါမှ မူလတန်ဖိုး absolute value ထက်ပိုတက်သွားပြီး …

ပိုမို အလုပ်ဖြစ်တဲ့ သဘောကို ပြောချင်တာပါ..

 

အဆိုပါ A, B, C ဆိုတဲ့ ဇာတ်ကောင် ၃ကောင် နေရာမှာ ခေါင်းစီးမှာ မိတ်ဆက်ထားတဲ့…

အင် ရယ် -မာ ရယ်-ယာ ရယ် ကို အစားထိုးကြည့်ကြည့်မယ်ဗျာ…

 

အင် ဆိုတာ အင်ဂျင်နီယာ ပေါ့ဗျာ… သူတို့ လိုတယ်ဗျ …အင်နိုဗေးရှင်းအတွက်ပါ ….

အဲ… သူတို့ချည်း စုထားလိုက်ရင် ဘာဖစ်တတ်လဲ ဆိုတော့ ..တီထွင်ဆန်းသစ်မှုပိုင်းနောက်ကို

အလိုက်လွန်ပြီး စားသုံးသူ အမှန်တကယ် လိုအပ်တဲ့ အရည်အသွေးတစုံတရာ ယုတ်လျော့နေမယ့်

ထွက်ကုန်တွေပဲ ထွက်လာတတ်တယ်လို့ အဆိုရှိတယ်…။ သုံးရအရမ်းခက် ..ဈေးအလွန်ကြီးပြီး

ဘယ်သူမှ မလိုချင်တဲ့ ပစ္စည်းမျိုးတွေ ဆိုပါတော့ … (ဖဲ့တာမဟုတ်ပါဘူးခင်ဗျား …)

တခါသား ..တီလုပ် အင်ယာ တွေ security first ဆိုတဲ့ ဆောင်ပုဒ်ကို လက်ကိုင်ထားပြီး

ကလေး တိုက်တဲ့ ဆေးတစ်မျိုးရဲ့ ဆေးပုလင်း အဖုံးဖွင့်တာ အဆင့်၁၄ဆင့် ပါတဲ့ ဆေးဗူး

တီထွင်ရောင်းချဖူးပါတယ်…။ (တချို့မိဘတွေက ဝယ်ကြတယ်..ဆေးတွေအကုန် ထုတ်ပြီး

ကလေး ကို puzzle အနေနဲ့ ပေးကစားဖို့လေ…)

သူ့ကို ကူညီထိန်းမတ်ပေးမယ့် … push, pull, support တခုခုပေးမယ့် လူတန်းစား တမျိုးလိုလာပါတယ်..

 

အဲ့ဒါကတော့

မာ ဆိုတဲ့ မာကတ္တာ တွေပါ… မားကတ္တင်းသမားမို့ မားကတ္တင်းကို အတင်း စင်ပေါ်ဆွဲတင်တာမဟုတ်ပါဘူးဆြာတို့…

M.Porter က organization ဆိုတာ innovation & marketing ၂ခုပဲ ရှိတယ် လို့ ပြောသွားတာ ခုထိမှန်နေသေးလို့ပါ..

(ဟုတ်တယ်နော… production & delivery ကို outsource လုပ်ပြီး အောင်မြင်နေကြတာများ ပုံလို့.. )

 

သည်တော့ အင် ကို မာ အနေနဲ့ customer feedback တွေ survey result တွေ test distribution,

beta version promotionတွေနဲ့ …ပိုကောင်းတဲ့ ပစ္စည်း ထုတ်လုပ်ဖို့ ကူညီထောက်ပံ့နိုင်တယ်ဆိုပါတော့ …

(ဘယ်သူက အပေါ် ဘယ်သူက အောက် ကတော့ ကာလံဒေသံ မို့ မဆွေးနွေးလိုပါ…)

 

မျှတအောင် မာ တွေရဲ့ မကောင်းကွက်ကို ပြောရရင်တော့ …မာတွေချည်းပဲ ထားကြည့်ပါလား….

လေထဲတိုက်အိမ်တွေ ဆောက်လိုက်ကြမယ့်ဖြစ်ခြင်း …ကုန်လိုက်မယ့် ပိုက်ပိုက်သောက်သောက်လဲ ….

နောက်ဆုံး နားကားတဲ့အထိ ဖြုန်းတီးကြမယ့် လူတန်းစားတွေရယ်… 😀

သည်တော့ သူတို့ ချည်းပဲ ထားလို့ မရတာတော့ အမှန်… M. Porter အလိုတော်အတိုင်းပြောရရင်တော့

အင် နဲ့ မာ ကို မျှတစွာ အချိုး ချ သုံးဖို့ပေါ့ဗျာ…။

 

ခေါင်းစဉ်ပေါ်က သူငယ်ချင်း-၃ယောက်ရှိလေသည် ဇာတ်လမ်းအရ နောက်ဆုံးသော ဇာတ်ကောင် ယာ

ကတော့ လော်ယာ ပါပဲ … ဟုတ်ပါတယ် … စာဆိုရှိတယ်လေ. .ဘာတဲ့ ..သဂျီးတို့ အမေဒစ်ကင်န် မှာ

ယောက်ျားတွေ ဟာ အသက် ၄ဝကျော်လာရင် လိင်စိတ် အစား တယောက်ကိုတယောက် တရားစွဲဆိုခြင်း

ကို ခုံမင် သာယာလာတတ်ကြတယ်တဲ့… (အမေဒစ်ကင်န် မှာ ရှေ့နေတယ်ခေတ်ကောင်း..)

နောက်တာပါ ..အတည်ပြောပါ့မယ်… မိမိအကျိုးအမြတ် ထိပါးမှု ကို ကာကွယ်ခြင်း အနေနဲ့ ယာ ဆိုတဲ့

လော်ယာ တွေ အလွန်လိုအပ်ပါတယ်…။

 

အင်နိုဗိတ် လုပ်ထားတဲ့ ဟာတွေကို ကာကွယ်မှာလား .. Copyright Issues ပေါ့ဗျာ…

ဒါမှမဟုတ် brand ကို defend လုပ်မှာလား ….. ကိုယ် အသစ် plan တဲ့ business model

ဟာ စည်းမျဉ်းတွေ ဥပဒေတွေနဲ့ ဘောင်ဝင်ရဲ့လား ..(ဝါ) အသစ်ပြဌာန်းလတ္တံ့သော စည်းမျဉ်းဥပဒေတွေ

နဲ့အညီ ကိုယ့် မော်ဒယ်တွေကို လိုက် ပြုပြင်ပြောင်းလဲဖို့လား… တခုခုပေါ့ …

ဘာပဲဖြစ်ဖြစ် ယာ တွေ လိုကို လိုပါတယ်ဗျာ…

(ယာတွေချည်းပဲ ထားမယ်ဆိုရင်တော့ ဘာဖြစ်မလဲ မသိလို့ မရေးတော့ဝူးနော်…)

 

သည်တော့ ဇာတ်ပေါင်းရင် ရေရှည်မှာ အောင်မြင်ချင်တဲ့ ပရုတ်လုံးတွေ အတွက် အင်နိုဗိတ် မလုပ်

မားကတ္တင်းအတွက် ငွေမသုံး ဥပဒေအကျိုးဆောင်ဟေ့ လို့ ဆိုလိုက်ရင် အမှုအပေါက် ဖြစ်တဲ့အချိန်ကလွဲရင်

လမ်းတွေ့ နှုတ်ဆက်ရုံလောက်သာ လုပ်နေတဲ့ အကျင့်ဟောင်းတွေကို ပယ်ခဲ့သင့်ပြီ လို့ထင်ပါကြောင်း…

 

စီးပွားနယ်ပယ်ကို လိုက်လို့ …အင် တွေများမှာလား မာတွေ များမှာလား ယာ တွေများမှာလား ကတော့

သီးခြား မပြောလိုပါ … များချင်ရာများပါ… သို့သော် ကျန် အမယ် ၂မျိုး ကိုလည်း မပါ မဖြစ် ပါဝင်အောင်

ဖွဲ့စည်းစေလိုပါကြောင်း …. အနည်းဆုံးတော့ multiple-perspective means multiple ways to success

ဖြစ်ပါကြောင်း…။ အများစုဟာ အနည်းစု ကို နားလည်ပေးသင့်ကြောင်း …အမြင်မတူတာတွေ ကို လက်ခံ

ဆွေးနွေးသင့်ပါကြောင်း… ဘောလုံးအသင်းတွေ ကြွေးကျော်လေ့ရှိသလို အသင်းရဲ့ အထက်မှာ ဘယ်သူမှမရှိတာ

ခံယူချက် အဖြစ် ကိုင်စွဲသင့်ပါကြောင်း…

 

 

သည်စာ စုရဲ့ နောက်ဆုံးအနေနဲ့ ..Diversify the Team ဆိုတာလေးနဲ့ အဆုံးသတ်ချင်ပါကြောင်း…

အသင်းအဖွဲ့ တခုရဲ့ မတူညီသော ရပ်တည်မှု(ဝါ) အမြင်ရှိသူများအကြောင်းပါ…..(proefssionalism နဲ့ပါ

တွဲပြီး ရေးကြည့်ပါ့မယ်..)

အသင်းအဖွဲ့ ဆိုရာဝယ်… ဒါမျိုး လူ ၆မျိုး ရှိသင့်ပါတယ်တဲ့ …

 

Advocate

သူဟာ စားသုံးသူနဲ့ နီးစပ်တဲ့ လူစားမျိုးပါ… ထုတ်ကုန်ပစ္စည်း ကို believe and follow ပါ… ။

ကိုယ်တိုင်ပင်လျင် internal fan အဖြစ် ရပ်တည်တတ်သူပါ…။ စားသုံးသူအတွက်လည်း believer’s champion

အနေနဲ့ အဖွဲ့စည်းအတွင်း ရှိသူပါ…။ ထင်သာမြင်သာ ရှိတာကတော့ ပန်းသီးက နာမည်ကျော် အင်ဂျင်နီယာများပါပဲ…

 

 

Skeptic

သူကတော့ innovation တွေဘက်က ပရိုပါ…။ အကောင်းဘက် ကရော အဆိုးဘက်ကပါ ရှုမြင်တတ်တဲ့

သံသယသမား ဖြစ်ပါတယ်…. ။ အသင်းအဖွဲ့အတွက် သည်လိုလူလည်း အရေးကြီးပါတယ်… ဘာလို့လဲဆို

better product, better product အတွက်သည်လိုလူ အမှန်တကယ် လိုအပ်လှပါတယ်…။ အဲ့ … skeptic ဆိုတာ

cynic နဲ့ မမှားပါနဲ့ဦးနော… skeptic doubts, a cynic knows လို့ အကြမ်းဖျင်း မှတ်နိုင်ပါကြောင်း…

 

Visionary

အမြှော်အမြင် သမားများ ဖြစ်ပါတယ်… ပန်းတိုင်ဟာ ဘယ်မှာ ရှိတယ် … advocate ရဲ့ believers တွေ

ဘာလိုတယ် ဆိုတာ အတိအကျ သိတဲ့လူစားမျိုးပါ…။ ဒေတာကိုင်ထားတဲ့ မာကတ္တာ တွေ ဟာ ဒါမျိုး လူတန်းစားတွေ

ဖြစ်နေတတ်ပါတယ်…။ သို့သော် သူတို့ဟာ နေ့စဉ် လုပ်ငန်းဆောင်တာ များကိုတော့ အကောင်းဆုံး စီမံခန့်ခွဲနိုင်သူတွေ

ဟုတ်ချင်မှ ဟုတ်ကြမပေါ့လေ…

 

Adult

ဒါကတော့ လော်ယာတွေ ရဲ့ ပုံမှန် role ဖြစ်နေတတ်ပါတယ်….။ စည်းကမ်း ကျနတဲ့ ဘောင်ဝင်တဲ့

အန ္တရာယ် ကင်းတဲ့  လမ်းကြောင်းအတိုင်း lead လုပ်ပေးတတ်ကြပါတယ်..။ innovation နဲ့ marketing ကို

အထက်အောက် ဘေးဘယ်ညာ မကျန် စောင့်ကျပ် စစ်ဆေး ပေးတတ်လို့ အရေးပါတဲ့ လူတန်းစား တစ်ရပ်ပါ…

 

Evangelist

ဒါ က မာကတ္တာတွေရဲ့ role ဖြစ်ပါတယ်..။ selling dreams ပါ… visionary သည် ကန့်လန်ကာနောက်

ကွယ်မှ မာကတ္တာများ ဖြစ်ပြီး Evangelist သည် showmanship ဖြစ်ပါတယ်…။

 

Rainmaker

ဒါကတော့ close the deal လို့ အော်နိုင်တဲ့ ..ရောင်းချတင်ပို့နိုင်တဲ့ လူစား ကိုဆိုလိုပါတယ်.. sales

လို့တော့ ကင်ပွန်းမတက်လိုပါ…. b-2-b မှာနဲ့ တခြား organization အချင်းချင်းကြားက rainmaker တွေဟာ

သက်ဆိုင်ရာ field မှာ ကျွမ်းကျင်ကြသူ အတွေ့အကြုံ ရင့်ကျက်ကြတဲ့ pro တွေဖြစ်တတ်ကြလို့ပါပဲ….

 

 

စာကြွင်း..

ဒါ့ပုံကိစ္စ သဂျီး စတစ်ကီ ချီးမြှင့်ထားတဲ့ ပိုစ့်နဲ့ ပါတ်သတ်ပြီး ဒါလေး ရေးဖြစ်သွားတယ်ဗျာ..

ကျနော် မလုပ်နိုင်(မလုပ်ဖြစ်)သေးတဲ့ ကူးချအိုင်ဒီယာ တခုအတွက် …

လုပ်မယ့်လူများ ရှိမယ်ဆိုရင် တစုံတရာ အထောက်အကူ ဖြစ်ပါစေ ဆိုတဲ့အတွေးနဲ့…ဆိုပါတော့ဗျာ

 

တော်သေးဘီ

ခင်တဲ့

ဂီ

14 comments

  • ချစ်ရင်ထူးနှစ်

    April 3, 2012 at 10:50 am

    1+1=1
    A ခန်းထဲက ကျောင်းသားနဲ့ B ခန်းထဲက ကျောင်းသားတွေကို C ခန်းထဲ ပေါင်းထည့်လိုက်တော့ တစ်ခန်းထဲ ဖြစ်သွားတာပေါ့ ..

  • Moe Z

    April 3, 2012 at 1:30 pm

    “When two men in Business always agree, one of them is unnecessary” တဲ့
    အသင်းအဖွဲ့တစ်ခုအတွက် မတူတဲ့အမြင်ကတော်တော်ရေးကြီးတယ်နော်
    ဒါကြောင့် သဂျီးကလူတိုင်းကို မတူတဲ့အမြင်နဲ့တွေးလို့ပြောတာ :mrgreen:

    အဲဒီ ၆မျိုးအပြင် တစ်ခြားအမျိုးအစားကျန်သေးလားဟင်
    ဘယ်ထဲမှမပါလို့ 😆

    • ဖားသက်ပြင်း

      April 3, 2012 at 2:13 pm

      မတူတဲ့အမြင်… .ဟုတ်ပါ့…
      မတူတဲ့ အမြင် မြင်လွန်းလို့ …
      အော်ဂနိုက်ဇေးရှင်းချာ့ထ်ထဲမှာ တကောင်တည်း
      ဘေးထုတ်ထားခံရတယ်…. ဟီး…
      (မှတ်ပလား ဆို မှတ်သေးဝူး…)

      တကယ်တော့ ဒီလိုရှိတယ် မောင်လေးမိုးဂုတ်ရဲ့…

      ဟော့ဆက်စ် လား ဘာလားတော့ မသိဘူး .. ကြားဖူးတာလေး …
      သဂျီးတို့ အမေဒစ်ကင်န် တွေများ ပိန်းတာပြောပါတယ်..
      အာကာသယာဉ်ကြီးဒွေ ဆောက်ပီး အာကာသထဲ သွားကြတဲ့ခေတ်ဦးမှာတဲ့..
      အာကာသယာဉ်မှူးတွေ အာကာသထဲ မှတ်တမ်းရေးတဲ့ဘောပင်တွေ မှင်မလိုက်လို့
      တိုင်ပတ်သတဲ့ …

      မင်မလိုက်ဆို ကမာ္ဘမြေဆွဲအား မရှိတော့ မင်က အောက်ကို မကျနိုင်ဖြစ်တာပေါ့…
      သည်တော့ ကမာ္ဘမြေဆွဲအား မလိုဘဲ ရေးလိုက်တာနဲ့ မင်ထွက်စေမယ့် ဘောပင်မျိုး
      ကို စမ်းသပ်တီထွင်ရာမှာ ဒေါ်လာ ထောင်ချီကုန်ပြီး အောင်မြင်သွားပါသတဲ့ကွယ်…
      အဲ့ဒါ ကမာ္ဘ့မြောက်ခြမ်းက အရက်သမားတွေကတော့ တပြားမှ မကုန်ဘဲ ဒီပြဿနာကို
      ကျော်လွှားနိုင်ခဲ့ပါတယ် … အဲ့ဒါကတော့ လေယာဉ်မှူးတွေကို ဘောပင် မပေးဘဲ ခဲတံ
      ပေးလိုက်တာ ပါတဲ့ကွယ်….
      ဒါဟာ လက်ထွယ် သင့်ကိန်းပါပဲ … သဂျီးပြောပြောနေကျ မတူတဲ့အတွေးနဲ့ မန့်တယ်
      ဆိုတာမျိုးပေါ့ ….။ လက်ထွယ်သင့်ကိန်း ကို စခဲ့တာတော့ ဆြာဂျီး
      အက်ဒွပ် ဒဘိုးနိုး ဆိုတဲ့ ဘိုးတော်ဂျီးပါ …. ဦးထုပ်၆လုံး စဉ်းစားနည်း လည်း ဒီ ဘိုးတော်ဂျီး
      ပါပဲ ..
      လက်ထွယ်သင့်ကိန်း က နေ ဘာထွက်လာသလဲဆို …ထိပ်ဆုံး မထော်မနန်း တွေထွက်လာရဲ့
      အဲ့သည့် မထော်မနန်းတွေကို ထော်ထော်နန်းနန်းတွေဖြစ်အောင် လုပ်ဖို့က ခက်တာ…။

      ဥပဒေသ။ မတူတဲ့အတွေးနဲ့ ရေးတယ်ဆိုတာ လွယ်ပါတယ် ထော်ဖို့နန်းဖို့ ခက်တာပါ..သဂျီး

      ဥပမာပေးရရင် ကားတွေ တိုက်ကြသတဲ့ …
      သည်တော့ ကားတွေ မတိုက်အောင် ဘယ်လိုလုပ်မလဲပေါ့… ။
      ကားဘီးတွေကို ၄ထောင့်လုပ်မယ် တဲ့ ..(မထော်မနန်း) ဒါဆို အပါတ်ရေ
      ရေတွက်လို့ရပြီး နောက် ဘယ်နှပါတ် လည်ရင် တိုက်ပီ ဆိုတာ သိနိုင်သတဲ့ ….။
      အဲ့သည့် မထော်မနန်း အတိုင်း လိုက်ပီး စဉ်းစားကြည့်လိုက်တော့ (ခွစ်တစ်ကယ်လ်သင့်ကိန်း)
      ဖြစ်သွားဘီနော… ။ ဟ… လေးဒေါင့်ဆို ဘယ်မောင်းလို့ရမလဲ ..အဝိုင်းမှမောင်းရမှာပေါ့..
      အဝိုင်းကော အပါတ် အရေအတွက် မသိနိုင်ဘူးလား …။ စက်ဝိုင်း၏ အဝန်း ဆိုတာ ရှိတယ်
      လေ … အဲ့သည့် ပိုင်ဒီ ဆိုလား ပိုင်အာရ်စကွဲ ဆိုလား နဲ့ တွက်ထုတ်လို့ရတာပဲ …
      ???!!! (အဲ့သည့်မှာ မှ ထော်ထော်နန်းနန်း ဖြစ်သွားတာ …)

      သည်တော့ အနှီ အတွေးစ ကနေ ယနေ့ခေတ် ကားတွေ တစီးနဲ့ တစီးနီးလာရင် နံရံနဲ့
      နီးလာရင် အချက်ပေးသံမြည်တဲ့စနစ်တွေ ဆင်ဆာစနစ်တွေ အော်တို ဘရိတ်အုတ်တဲ့ စနစ်တွေ
      မွေးဖွားလာပါသတဲ့ …။
      သည်တော့ လက်ထွယ်သင့်ကိန်း မှာ မြှုပ်ကွက်ကလေး က(မထော်မနန်း to ထော်ထော်နန်းနန်း)
      ခွစ်တစ်ကယ်သင့်ကိန်း ဆိုတာပါပဲ …..။

      အနောက်တိုင်းက ဆြာတွေကို သိပ်မကြိုက်တာ ..ခွစ်တစ်ကယ်သင့်ကိန်း လို့ပြောလိုက်တာနဲ့
      ဆိုကရေးတီး ပလေတို ပြေးပြေးမြင်တော့တာပဲ …. ပြေးမြင်တာ အရေးမကြီးဘူး …သည်ဘဲတွေက
      ဗုဒ္ဓရဲ့ အဘိဓမ္မာ နဲ့ ကာလာမသုတ် ကိုပါ အဝိဇ္ဇာ အတုံးအခဲ ပလေတို နဲ့ တတန်းထဲ ထားပီး
      ခွစ်တစ်ကယ် သင့်ကိန်း ဘရန်းတပ် တော့တာဘဲ ….

      အချုပ်ဆိုရရင် …သူတို့ ထွင်တဲ့ FiLCHeRS တို့ဘာတို့ မသုံးဘဲ …ရုရှားတွေရဲ့ ဖဲအချပ်၄ဝ နဲ့
      ခွစ်တစ်ကယ်သင့်ကိန်း ကို ကြုံမှပဲ လက်ဆောင်ပေးလိုက်ချင်ရဲ့ဗျာ..

    • ဖားသက်ပြင်း

      April 3, 2012 at 2:34 pm

      တခြားအမျိုးအစား ရှိသေးရဲ့…
      bozo တဲ့…. အာဟိ…
      😀
      ဒက်ဂလောက် ဒက်ဂလောက်….

      • Moe Z

        April 3, 2012 at 3:04 pm

        ကိုယ့်ကိုကိုယ်ပြန်ပြောနေတာလားဟင်
        Böse ဆိုရင်တော့ evil တဲ့ 😀

  • Foreign Resident

    April 3, 2012 at 2:19 pm

    1 + 1 = 3 ( Synergy )

    သင်္ချာ တော်သူ တစ်ယောက် နှင့် သင်္ချာ တော်သူ နောက် တစ်ယောက် ပေါင်းလျှင်
    သင်္ချာ တော်သူ နှစ်ယောက် ( 1 + 1 = 2 ) သာဖြစ်လာသော်လည်း ။

    သင်္ချာ တော်သူ တစ်ယောက် နှင့် သမိုင်း တော်သူ တစ်ယောက် ပေါင်းလျှင်
    သင်္ချာ တော်သူ နှစ်ယောက် ထက် ပိုပြည့်စုံသော ၊
    သင်္ချာ ကော သမိုင်း ပါ တော်သော Community တစ်ခု ပေါ်ပေါက်လာခြင်း ။

    • ဖားသက်ပြင်း

      April 4, 2012 at 12:09 pm

      အဘကတော့ အဘပါပဲမို့ …
      ပြောချင်တာလေးကို ဒက်ကနဲ မြင်သွားပါကြောင်း…

      ဟုတ်ပါတယ်ဗျ …. မတူညီမှုများရဲ့ ပေါင်းစည်း တန်ဖိုးဟာ
      အလွန်လိုအပ်ပါတယ်…အစက ဟာမိုနီဇမ် ဘက်ကရေးချင်တာ..
      ဟိုက်ဘရစ် တွေအကြောင်း … ဘစ်ဇနက် တခုနဲ့ တခုကြားက
      ဆက်စပ် ဆက်ခ်တာတွေအကြောင်း … လူမျိုးရေး စီးပွားရေးနဲ့ဇမ် အကြောင်းဘက်
      ဘက်သိပ်ရောက်သွားမှာစိုးလို့ …ခုလို တင်းမ်ဝါ့ခ် ဘက်ကလှည့်ရေးရပါကြောင်း..

      ခင်တဲ့
      ဂီ

  • pooch

    April 3, 2012 at 3:50 pm

    1+1 = 1 ဖြစ်တဲ့အကြောင်းကို

    စသိခဲ့ဖူးတဲ့ ဥပမာလေးက မိုးစက် တစက်နဲ့ မိုးစက် တစ်စက်ပေါင်းလိုက်တာ ရေစက် အကြီးကြီး ဖြစ်သွားတာတဲ့။ 😀

    ဖားတစ်ကောင် + မကောင်းဆိုးဝါး = မာကတ်တာ

    နောက် အသက်ပြင်းတဲ့ ဖားတစ်ကောင်ရယ် မကောင်းဆိုးဝါးတစ်ယောက်ရယ် ပေါင်းလိုက်ရင် လူမဟုတ်ဖားမဟုတ် ခုန်ဆွခုန်ဆွသွားတတ်တဲ့ မကောင်းဆိုးဝါး မာကတ်တာ တစ်ကောင် ရပါတယ်။

    အဲ့လို မကောင်းဆိုးဝါးကို ခိုင်းစားဖို့ဆိုရင် သိပ်တော်တဲ့ အီတာလျံတိုက်စစ်မှူး တစ်ယောက်လို တင်စားပြီး ညာစားကာ ဦးနှောက်ဖောက်စားလို့ရပါတယ်။ :mrgreen:

    • ဖားသက်ပြင်း

      April 4, 2012 at 12:06 pm

      တိန်…
      ဆော်ပဟ….

      ဆော်ပါ ဆော်ပါ….
      အလကားစတာ ကိုကိုပု ရ..

      ဆော်လို့ အားရရင်
      သများ အဲ့ထဲမှာ မြှုပ်ရေးထားတဲ့
      အချက်ကလေးတွေကို တူးဆွမယ်ဆိုရင်ဖြင့်
      အတော်ကလေး အကျိုးများမယ်ထင်ပါကြောင်း…

      (ပြန်လည် အုံးစား သွားပါသည်)

      ခင်တဲ့
      ဂီ

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 3, 2012 at 9:49 pm

    (ယာတွေချည်းပဲ ထားမယ်ဆိုရင်တော့ ဘာဖြစ်မလဲ မသိလို့ မရေးတော့ဝူးနော်…)
    ဂီဂီရေ…ယာတွေချည်းထားရင်ဘာဖြစ်မလဲသိချင်လား….
    ဟာသတစ်ပုဒ်ရှိတယ် ဆရာအန်ထော်နီရေးထားတာ…….
    ခေါင်းစဉ်ကလေးက.. “ဘယ်သူ့ကြောင့်ထင်သလဲ”တဲ့…
    ဆရာဝန်တစ်ယောက်၊ အင်ဂျင်နီယာတစ်ယောက်နဲ့ရှေ့နေတစ်ယောက်တို့ နေ့လယ်စာအတူစားကြရင်း
    သူတို့အလုပ်အကိုင်တွေအနက် ဘယ်သူ့အလုပ်က ရှေးအကျဆုံးလဲဆိုတဲ့အကြောင်းအရာကို ဆွေးနွေးငြင်း
    ခုံနေကြတယ်….
    ဆရာဝန်ကပြောတယ်… “ သမာကျမ်းစာအရ အေးဝကိုအာဒမ်ရဲ့နံရိုးတစ်ချောင်းထုတ်ပြီးမှဖန်တီးပေးခဲ့
    တာလို့ဆိုတယ်။ဒီတော့ခွဲစိတ်ဆရာဝန်တစ်ယောက်ရဲ့အခန်းကဏ္ဍပါလာပြီဆိုတာထင်ရှားတာပေါ့”
    အင်ဂျင်နီယာကပြောတယ်….“ဒါပေမဲ့သမာကျမ်းစာမှာပဲ ဒီလိုရေးထားတယ်ဗျာ။ ကမာ္ဘလောကကြီးကိုဖရိုဖရဲ
    အခြေအနေမှာ ဖန်တီးယူထားရတယ်တဲ့။ ဆိုတော့ကမာ္ဘမြေကြီးရဲ့ဒီဇိုင်းပုံစံရေးဆွဲဖို့ တစ်ယောက်ယောက်
    တော့လိုပြီပေါ့ဗျာ….. အင်ဂျင်နီယာတစ်ယောက်တော့ခေါ်ရမှာပေါ့”
    “ဒါလည်းဖြစ်နိုင်ပါတယ်” ရှေ့နေကပြောတယ်။ “ဒါပေမယ့်ကမာ္ဘကြီးမဖန်ဆင်းရခင်က ဖရိုဖရဲအခြေအနေ
    ကိုကော ဘယ်သူဖန်တီးခဲ့တယ်လို့များ ခင်ဗျားတို့ထင်သလဲ”တဲ့….ဂီဂီရေ….အဲတော့ယာတွေပေါင်းသာ
    ထားလိုက်ရင် ကမာ္ဘကြီးတစ်ခုလုံးဖရိုဖရဲဖြစ်နိုင်တယ်လို့မှတ်လိုက်ပေ့ါဗျာ….
    အားလားလား…… ကိုယ့်ပေါင်ကိုယ်ပြန်လှန်ထောင်းလိုက်တာနာလိုက်တဲ့ဖြစ်ခြင်း….. @! ^ !@ 🙁

    • ဖားသက်ပြင်း

      April 4, 2012 at 12:11 pm

      ကိုယ့်ဆြာ ရှမ်းပြည်သားတောင်ပိုင်းရေ…

      ရွှေပြည်ကြီးလည်း မကြာခင် မီးမလောင်မယ့် လျှာ၂ချောင်း ရွှေခေတ်
      (မာကတ္တာ & လော်ယာ)ကိုရောက်အံ့ထင်ရဲ့..

      အဲ့သည့်အချိန်မှ …ဘစ်ဇနက် ဒူးကြတာပေါ့ဗျာ…

      😀

  • blackchaw

    April 5, 2012 at 2:22 pm

    Teamwork ကောင်းရင် ၁ + ၁ = ၃ ကနေ
    ၁ + ၁ + ၁ = ၅ လည်း ဖြစ်နိုင်တယ်လို့တော့
    ဖတ်ဘူးတာပဲဗျာ။
    လေ့လာမှတ်သားသွားပါတယ်ဗျို့။ 😀

  • kyeemite

    April 6, 2012 at 10:26 am

    သဘောကျတယ်ကိုဂီရေ…
    ကုတ်ချောင်းချောင်းနဲ့မှတ်သားသွားပါဂျောင်း..

  • kyeemite

    April 6, 2012 at 10:56 am

    ကုတ်ချောင်းချောင်းနဲ့ပြန်ဝင်လာပီး တစ်ခုလောက်မေးချင်ပါဂျောင်း..
    ခုရွှေပြည်ကြီးမှာခေတ်စားနေတဲ့..“ပွဲစား” ဆိုတာကော
    ဘယ်ထဲအကြုံးဝင်လဲသိချင်ပါဂျောင်း..
    ခင်တဲ့..

Leave a Reply