ဖွဲနုအချဉ်ဖောက်ရည် ပြုလုပ်ခြင်း

Wai Aung Chan MyoApril 5, 20121min2374


  • စဉ့်အိုးအလတ် (ဖွဲနု ၆ပြည်၊ ရပြည်စာဝင်) တစ်လုံးတွင် ဖွဲနု ၃ပြည် ထည့်ပါ။ ထို့နောက် အချဉ်ဖောက်ပြီးသော ဆန်ဆေးရည် (သို့မဟုတ်) ထမင်းရည်ကို အိုး၏ ၃ပုံ၂ပုံခန့် ဖြည့်ပါ။
  • အချဉ်မြန်မြန်ဖောက်ချင်လျှင် သကြား ၃ပုံ၁ပုံခန့်ရောရမည်။
  • ထို့နောက်အိုးကို အဝတ်ပါးဖြင့် အုပ်၍ စီးထားပါ။
  • အိုးကို ၁ရက် အနည်းဆုံး ၃ကြိမ်ခန့် လှုပ်လှုပ်ပေးပြီး ၂ပတ်၊ ၃ပတ်ခန့် အေး၍ အရိပ်ရ သော နေရာအောက်တွင် ထားပါ။
  • ဆေးဖြန်းနည်းမှာ အထက်ပါဆေးနည်းများကဲ့သို့ပင် ဖြစ်သည်။

4 comments

  • lulinmg

    April 5, 2012 at 12:08 pm

    ဓါတ်မြေဩဇာလားဟင်

  • Wai Aung

    April 5, 2012 at 12:50 pm

    ကျနော် ရဲ့ သဘာဝစိုက်ပျိုးနည်း ကို ရှာဖတ်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်
    အခန်းဆက်နဲ့ ရေးတာမို့လို နဲနဲ ရှုပ်သွားတာခွင့်လွှတ်ပါ။
    အပင်အတွက် အဓိက ရေးထားတာဖြစ်ပြီး လူသောက်ရင်လည်း ကျန်းမာရေးနဲ့ညီညွတ်ကြောင်း အာမခံနိုင်ပါတယ်
    ဒါပေမယ့် အဆရောဖို့တော့လိုပါမယ်။

  • Khaing Khaing

    April 5, 2012 at 1:53 pm

    ကိုဝေအောင်ရေ အချဉ်တွေသိပ်မဖောက်နဲ့နော် အချဉ်တွေပေါက်လာပြီ …… ချဉ်ပါတယ်အေ …….

    အဟီး စတာနော် ….

    • Wai Aung

      April 5, 2012 at 3:24 pm

      ရပါတယ်ဗျား
      ပျော်စရာ အချဉ်ဖောက်ဝိုင်းလေး ဖြစ်သွားတာပေ့ါ။
      ဟားဟား

Leave a Reply