ဒီးဒုုတ်အမှတ်တရပုံရိပ်များ……………

















“ရေတံခွန်စမ်းက အမှတ်တရပုံရိပ်လေးတွေ”
ဒီးဒုတ်ရေတံခွန်ကို အသွားလမ်းရောအပြန်လမ်းရော ရိုက်စရာနှက်စရာတွေကအတော်ပေါပါတယ်။
ကိုသော့နဲ့ကိုလတ်တို့ကရှေ့ကသွား။
ကျနော်နဲ့ဖရဲမက ဒီလမ်းကို အခုမှရောက်ဘူးတော့ ဟိုနားရိုက်ဒီနားရိုက်
ရိုက်လို့မကုန်နိုင်အောင်။
နောက် လမ်းတစ်နေရာမှာတော့သူတို့က ရပ်စောင့်။
ရိုက်ကြနှက်ကြနဲ့ပြီးတော့အတူဆက်သွားကြ။
ခဏနေတော့ မီးလောင်နေတဲ့ ကွင်းပြင်လေးရောက်တော့ဖရဲနဲ့ကျနော်တို့က တစ်ခါရပ်။
ဒုဋ္ဌဝတီမြစ်အကွေ့လေးရောက်တော့ တစ်ခါရပ်။
သရက်ပင်အောက်က အိမ်လေးမြင်တော့တစ်ခါရပ်။
ရပ်ရင်းသွားရင်းနဲ့ ရေဆိပ်ရောက်တော့တစ်ခါဆုံကြပါတယ်။
နောက်ရေဆိပ်မှာရိုက်ပြီးတော့ လမ်းကထမင်းဆိုင်မှာတစ်ခါနား။
ပြီးတော့ဆက်သွား။
လမ်းမှာ မတူသောအတွေးတွေနဲ့ ကိုယ်ဘာသာကိုယ်ရိုက်ကြနှက်ကြ။
ပျော်စရာ။
အခုတော့ ပုံတွေပြန်စစ်ပြီးတဲ့အခါ အမှတ်တရပုံရိပ်လေးတွေရလာတာကိုတင်ပေးလိုက်ပါတယ်။
မလှပေမယ့် ဆင်ခြင်စရာ သနားစရာ ပြုံးစရာလေးတွေလို့စိတ်ထဲမှာခံစား သွားခဲ့ရင်တော်ပါပြီနော်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။
(2-4-2012)
22 comments
ကိုပေါက်(မန္တလေး)
April 5, 2012 at 9:39 am
ဒါကတော့ ဒီးဒုတ်သွားသမျှထဲက အမှတ်တရလေးတွေပေါ့။
နက်ဖြန်ကျရင် အချင်းချင်းလက်ဆော့ထားတဲ့ပုံတွေတက်လာမယ်။
Diamond Key
April 5, 2012 at 10:45 am
မနက်ဖြန်မှာ တားတားတို့ ပုံတွေအောက်က တက်သစ်စ မင်းသားသစ်ကလေးတွေ လို့ မရေးနဲ့နှော် ဦးပေါက်။ 😀 တက်နေတဲ့ မင်းတားကြီး ကိုယ်တိုင် ရိုက်သည် လို့ပဲရေး
ဆူး
April 5, 2012 at 5:50 pm
ဦးလေး ဘယ်ကို တက်တာလဲ.. 😀
kyeemite
April 5, 2012 at 11:09 am
တဖြောင်း ဖြောင်းရိုက်နေတဲ့
တုတ်သိုင်းသမား ရိုက်ချက်တွေ အားပေးသွားပါတယ်..
kyeemite
April 5, 2012 at 11:56 am
ဒါနဲ့ဇကားအတင်းစပ်…တက်သစ်စ မင်းသားသစ်ကလေးဖြဲသီးလားဗျ..
water-melon
April 5, 2012 at 5:33 pm
ဟဲ့တောင်မရဲ့
နာက သူထက်ချောတယ်ဟဲ့
နှိုင်းစရာရှားလို့
သတ်သေချင်စိတ်တောင်ပေါက်သွားပြီ 😆
ဆူး
April 5, 2012 at 5:53 pm
သတ်သေတော့မလို့လား ဖြဲမ.. ငယ်ပါသေးတယ်အေ.. ဖြေးဖြေးပေါ့။
MaMa
April 5, 2012 at 11:22 pm
ဖြဲသီးရေ-
ကျောင်းတုန်းက သူငယ်ချင်းတစ်ယောက်ကို
ရုပ်ကလည်း ဆိုး၊ လက်ရေးကလည်း ဆိုးလွန်းလို့ အီးတီ လို့ ခေါ်ကြတယ်။
(ရွာထဲက အီးတီမဟုတ်ပါ။)
နောက်သူငယ်ချင်းတစ်ယောက်က….
နင်တို့အဲလိုခေါ်ရင် တကယ့်အီးတီတွေက သူတို့ကို ဒီလောက်ရုပ်ဆိုးတဲ့သူနဲ့ တူတယ်လို့ ပြောရမလားဆိုပြီး စိတ်ဆိုးလိမ့်မယ်လို့ ပြောတယ်။ 😆
ကိုပေါက်(မန္တလေး)
April 5, 2012 at 12:22 pm
ဖြဲသီးကြည့်ချင်ရင်နက်ဖြန်ကြည့် ဒါက မင်းသားအစစ်
မနည်းတောင်းပန်ပြီးရိုက်လာရတာပါ။
ဗိုက်ကလေး
April 5, 2012 at 12:24 pm
ဖျဲဦး
ရေထဲ ဘာလုပ်နေတာတုန်းဟ
အင်္ကျ ီလဲ မဝတ်ဘူး..အအေးပတ်ဦးမယ်..
water-melon
April 5, 2012 at 5:35 pm
အမလေး သများကို ကုလားမဲနဲ့လာနှိုင်းနေတယ်
စိတ်ညစ်လိုက်တာတော်
ဦးစပေါက် ချင့် နက်ဖြန်သများပုံလန်းလန်းလေးတင်ပေးပါနော် 😛
Mon Kit
April 5, 2012 at 1:07 pm
အင်း…. မွန်ကစ်ကတော့ နောက်ဆုံးက စိမ်းစိုနေတဲ့ သစ်ပင်နဲ့ တဲအိမ်လေးဘဲ ကြိုက်တွားဘီ…..
နွေ နေပူပူ နေ့လည်ခင်းမှာ အေးအေးဆေးဆေး နားချင်စရာလေး…….
ကိုပေါက်(မန္တလေး)
April 5, 2012 at 1:32 pm
ရေထဲကလူက ဖြဲမဟုတ်ဘူး။
ြဲဖဲက ဖြူ၏။
Khaing Khaing
April 5, 2012 at 2:04 pm
လေးပေါက် ရေထဲက မီးသွေးတုံးလေးကို ဘူလဲ ခလုတ်တွေသိပ်မနှိပ်နဲ့လို မိုင်းမိလိမ့်မယ် တက်သစ်စမင်းသားသစ်ဆိုတာ ကိုစိန်သော့လေးလား သူဖြစ်သလိုလိုဘာလိုလိုနဲ့မန့်ထားသေးတယ် … ဘယ်ကားဘယ်ကြော်ငြာမှာလဲဟင် တစ်ခါမှမတွေ့ဖူးဘူး …….. အော်သိပြီ သိပြီ ဆေးလိပ်သောက်ခြင်း သည်ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်ဆိုတဲ့အထဲမှာ သူ့ခေါင်းကြီးကိုတွေ့လိုက်တယ် …. မီးမီးတို့အတွက် သင်္ဘောသီးတွေလား …… အဟိဝါးရချည်သေးရဲ့ ……..
Ma Ei
April 5, 2012 at 3:28 pm
မီးသွေးဖုတ်ကြတာနဲ့ တောမီးလောင်တာနဲ့
နောင်ဆိုတောတွေမရှိတော့ဘဲ လွင်တီးပြင် တောင်ကတုံးတွေဖြစ်တော့မှာ…
ကိုပေါက်တို့ ခုရိုက်ထားတဲ့ပုံတွေ မှတ်တမ်းအဖြစ် ကြည့်နေရတော့မယ်…
ကိုပေါက်(မန္တလေး)
April 5, 2012 at 4:06 pm
မပူပါနှင့်
တောင်ကတုံးကိုယောင်ထုံးပေးမယ့်သူတွေ မြင်မယ်လို့ထင်ပါ၏။
kai
April 5, 2012 at 4:19 pm
အဲဒီမင်းသားသစ်လေးလက်ထဲ.. ဆေးလိပ်တွေ့တယ်ဟုတ်…
အဲဒီဆေးလိပ်က…. အဲလိုတောမီးလောင်တာရဲ့.. အဓိကလက်သည်ပဲ..။
ယူအက်စ်မှာတော့.. တောထဲဆေးလိပ်သောက်လို့ကတော့.. မချောင်ပါဘူး..။
နေရှင်နယ်ဖေါရက်စ်တွေဆို.. အရေးယူခံရမှာပါ..။
( အခုမင်းသားလေး..အပြစ်ပြောတာမဟုတ်.. အချက်အလက်ကို.. ဆွဲပြောလိုရင်း ဖြစ်ကြောင်း.. ) 😆
ကိုပေါက်(မန္တလေး)
April 5, 2012 at 4:31 pm
သိပ်မှန်တာပေါ့ ကိုခို်င်ရေ
တယ်လဲမြင်တတ်တဲ့လူ။
အဲလိုလူမျိုးရှာနေတာ ဒီက………………………….
ကိုပေါက်(မန္တလေး)
April 5, 2012 at 7:14 pm
ဆူးရေ ဘယ်မှတက်တာလဲဆိုတာ နက်ဖြန်ကြည့်ပါ။
ရွာထဲက မင်းသားများပုံတွေတက်လာပါမည်။
Khin Latt
April 5, 2012 at 8:46 pm
ဟိုး အရင် ကျောင်းပိတ်တာနဲ့ အဖွားဆီ ကို အပြေးသွားခဲ့တာ ဒီလို ရှုခင်း လေးတွေကို မြတ်နိုး လွန်းလို့ပါ။ အတိတ်ကို လွမ်းပါ၏။ 🙁
ကျေးဇူးပါ ကပေါက် ရေ့။
နံပါတ် ၁၄၊ ၁ဝ နဲ့ ၃ ကို အနှစ်ခြိုက် ဆုံးပါဘဲ။
အဲဒီ သရက်ပင်အောက်က တဲလေးမှာ လူတွေ တကယ်နေတာလား။
ခရီးသွားတွေ အတွက် ဆောက်ပေးထားတာလား။ 🙄
ကိုပေါက်(မန္တလေး)
April 5, 2012 at 10:46 pm
သူတို့ ယာလာထွန်တဲ့သူတွေခဏတဖြုတ်နားဘို့ဆောက်ထားတာဖြစ်နိုင်ပါတယ်.
ကိုလတ်ရေ အဲဒီနေ့ကတော့ ဆိုင်ကယ်စီးနေရင်းနဲ့ကို စိတ်ထဲမှာကြည်နူးစိတ်တွေ
တလိပ်လိပ်တက်နေတာရယ်။
သာယာလွန်းလို့ပါဗျာ။
အဲတော့လဲပြန်မျှဝေပေးတာပေါ့။
ဒီလောက်ရိုက်လာတာတောင်ရိုက်ချင်တဲ့နေရာတွေကျန်သေးတယ်။
ထပ်သွားအုံးမှာ လှတာလေးတွေရှိသေးတယ်။
marblecommet
April 6, 2012 at 4:13 am
ရေထေးက လူဂ
ဖျဲသီးဂိုး
သိသွားဘာဘီ
သိသွားဘာဘီ….