နို့မှ အချဉ်ဖောက်ရည် ဘက်တီးရီးယား (Lactic Acid Bacteria) ပြုလုပ်ခြင်း

Wai Aung Chan MyoApril 6, 20121min1872


  • ဆန်ဆေးရည်ကို စဉ့်အိုးအလတ်ထဲသို့ တစ်ဝက်ခန့်ထဲ့ပါ။
  • ပြီးလျှင် အိုးထိပ်ဝကို အဝတ်ပါးဖြင့် အုပ်၍ စီးထားပါ။ အိုးကို အရိပ်ရ၍ အေးသောနေရာ တွင် ထားပါ။ တစ်ပတ်ခန့်ကြာလျှင် ဆန်ဆေးရည်နှင့် နွားနို့ (သို့) ဆိတ်နို့ ကို ၁ဝဆ ၁ဆရောပါ။
  • နွားနို့ကို လတ်လတ်ဆတ်ဆတ်ရရှိလျှင် ပိုကောင်းသည်။ ထို့မှသာ ဘက်တီးရီးယားများ လျင်မြန်စွာ ပေါက်ဖွားကြမည်။ နောက်ထပ် တစ်ပတ်ကြာလျှင် ပရိုတိန်း၊ အဆီဓါတ်နှင့် ကဆီဓါတ်များသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာမည်။ အဝါရောင်အရည်သည် အောက် ခြေတွင် အနည်ထိုင်ပေမည်။
  • ထိုအနည်သည် ဘက်တီးရီးယားအက်စစ်(lactic acid) ဖြစ်သည်။ အပေါ်ယံအလွှာကို ဖယ်၍ အဝါရောင်အရည်ကို ရေခဲသေတ္တာထဲတွင် သိမ်းထားလိုက်ပါ။ သကြားညိုနှင့် ဆတူရောနိုင်သည်။
  • အဟာရဓါတ်ချို့တဲ့သောအပင်များကို ဖြန်းနိုင်သည်။

2 comments

  • water-melon

    April 7, 2012 at 8:04 am

    နို့ချဉ်ဆုိုလို့လာကြည့်ပါတယ်တော်
    လူသောက်မလို့ပါဆိုမှ
    အပင်ဖြန်းခိုင်းနေတယ်
    ဟွန့် လူဆိုး

    • Wai Aung

      April 20, 2012 at 12:54 pm

      ဖရဲသီးပါ သောက်လို့ရတယ်လေ
      ဟဲ ဟဲ

Leave a Reply