မြေဩဇာထုတ်လုပ်ရေးမှူး

Don Juan RonaldApril 7, 20125min1468
U Thein-Sein

အားလုံး မင်္ဂလာ ပါ ~~~ [em:2:]

 

****************************  snack  ********************************

U Thein Sein = Gorbachev  ဖြစ် နိုင် မ လား  ?  ဖြစ် လာ နိုင် မ လား  ?  ဖြစ် နေ ပြီ လား ?


 

 

 

 

 

 

 

 

 

 

 

 

 

ကျနော် ဓါတ်ပုံဆိုင်( Photoshop ) မ ရှိ တဲ့ အ တွက် ၊ လူ ပိန်း နည်း ( Paint ) နဲ့ ဘဲ လုပ် လိုက် ပါ တယ် ၊ သီး ခံ ပေး ကြ ပါ ။

 

 

 

 

 

 

******************************** Mine Dish **************************************

မြေဩဇာထုတ်လုပ်ရေးမှူး-ချေးပုဒုံး။

ကျနော် တို့ တရုတ်ပုံပြင် တွင် ၊ ချေးပုဒုံး ( dung beetle ) သည် အ ရင် ဘဝ စဉ် မှာ နတ်ပြည် ၌ အရာရှိကြီး ဖြစ် ခဲ့ ဘူး ပါ သည် ၊ သိကြားမင်း ၏ အ မိန့် ကို ရှောက် ပြင် လိုက် သည့် အ တွက် ၊ ချေးပုဒုံး ဘဝ သို့ ရောက် ရှိ လာ ရ ခြင်း ဖြစ် ပါ သည် ၊ ဤ အကြောင်း ကို မှီ ပြီး နဲနဲ ဖြီးဖြန်း ကြ ရ အောင် လား ~~~

ချေးပုဒုံး ပုံစံ

အနောက် သတင်း ရပ်ကွက် မှ ….Adam နဲ့ Eva တို့ စုံတွဲ သည် ၊ မ စား သင့် သော ပန်းသီး ကို ခိုး စား မိ သောကြောင့် ၊ Eden ခြံ မှ နှင် ထုတ် ခြင်း ခံ လိုက် ရ ပြီ ဟု သတင်း ထွက် ပေါ် လာ ပါ သည် ။ ၎င်း သတင်း ကို ကြားကြား ခြင်း ၊ သိကြားမင်း ကြီး သည် Adam နဲ့ Eva တို့၏ မိုက်မှား မှု ကြောင့် ၊ ကမာ္ဘ့ လူ ဦးရေ ဟာ တိုးတက်များပြား လာ နိုင် မည် ( အထူး သ ဖြင့် ကုလား ပြည် နှင့် တရုတ် ပြည် ) ၊ ထို လူဦးရေ တိုး လာ ရင် အညစ်အကျေး များများ စွန့် လာ မည် ၊ ထို ကြောင့် လေထု ညစ်ညမ်း မှု လည်း ပိုမို ဆိုးရွှား လာ မည် ၊ ၎င်း အ ချက် များ ကို ရိတ်စား မိ တော် မူ သည် ၊ ထို ကြောင့် ပြန်ကြားရေး ဝန်ကြီး ဖြစ်သည့် ဗိုလ်မှူးကြီး ပုဒုံး ကို ဆင့် ခေါ် ၍ လူ့ပြည် သို့ အမိန့် တစောင် ထုတ် ပြန် ရန် တာဝန် ပေး အပ် ပြီး စေလွှတ် လိုက် ပါ သည် ၊ အမိန့်အ ပြည့်အစုံမှာ

***  လူ သား များ သည် ထမင်း ကို၊ ၃ ရက် လျှင် တကြိမ် ငွေသား နဲ့ ပြု လုပ် ထား သော တူချောင်း နှင့် ရွှေသား ဖြင့် ပြုလုပ် ထား သော ပန်းကန် ကို သုံး ၍  စား စေ ***

ဗိုလ်မှူးကြီး ပုဒုံး သည် ၊ သိကြားမင်း ၏ အ မိန့်တော် ကို ခရီး လမ်း တ လျှောက် လုံး စဉ်းစား ခဲ့ ရာ ၊ သူ သည် တမျိုး တဖုံ ပြန်တွေး နေ သည် ။ သူ ၏ အ တွေး မှာ – လူ သား တွေ ၃ ရက် မှ ထမင်း တကြိမ် စား ရင် ၊ တောင်သူလယ် သမား တွေ အ လုပ် ပါး ပြီး ထမင်း ငတ် နိုင် သည် ၊ ရွှေ ပန်းကန် လည်း ဈေး ကြီး လွန်း သည် ၊ နောက် ပြီး ငွေ ဆို တာ လည်း လူ တွေ ကို အကျင့်စာရိတ္တ ပျက်ဆီး စေ နိုင် သည် ( ဥပမာ- တချို့ အစိုးရ သည် မိမိ တရားဝင် ထုတ် ဝေ ထား သော ငွေ စက္ကူ များ ကို မကြာခဏ တရား မ ဝင် ကျေညာ ပြီး ၊ ပြည်သူ လူထု တို့ပင်ပန်း စွာ သွေး နဲ့ ချွေး နဲ့ရှာ ထားသော ငွေ များ ကို ဓါး ပြ တိုက် လု ယူ လေ့ ရှိ သည်[em:6:] [em:6:][em:6:]) ၊ ဒီ အ မိန့် ကို နဲနဲ ပြင် လိုက် မယ် ဟု ဆုံး ဖြတ် လိုက် ပါ သည် ၊ ည တုံး က လည်း ထန်းရည် နှင့် ဂျွန်နီလမ်းလျှောက် ရော သောက် မိ ထား သည့် အရှိန် ကြောင့် ၊ မိုက်စိတ် ဝင် လာ ကာ ၊ သိကြားမင်း ၏ အမိန့် တော် ကို ပြင် လိုက် ပြီး ၊ အောက် ပါ အ တိုင်း ကျေညာ လိုက် ပါ သည်  ။

*** လူ သား များ သည် ဝါးတူ ကို သုံး ၍ ကြွေပန်းကန် ဖြင့် တ ရက် ကို ထမင်း ၃ ကြိမ် စား စေ ***

တရုတ် တွေ ဟာ ကြွေ ထည် ပေါ သည့် အတွက် ဤ အ မိန့် ကို တသွေမသိမ်း လိုက်နာ ခဲ့ ပြီး ၊ ကုလား များ ကျ တော့ ပန်းကန်ပြား ဖြင့် ထမင်း ထည့် ၍ လက် နှင့် တရက် ကို ထမင်း ၃ ကြိမ် စား ကြ ပါ လေ တော့ သည် ။

လူသား များ သည် ၃ ရက် လျှင် ထမင်း ၈ ဆ ပို စား ရ သည့် အတွက် ၊ အညစ်အကျေး လည်း ၈ ဆ ပိုမို ထုတ် လုပ် လာ ကြ ပါ သည် ၊ ထို ခေတ် ထို အခါ ၌ W C ဟု ခေါ် သော ရေလာင်းအိမ်သာ လည်း မ ဖွံ့ဖြိုး သေး သည့် အတွက် ၊ လူ သား များ သည် ကြုံ ရာ ခြုံကြိုခြုံကြား ၊ လမ်းကြိုလမ်းကြား များ တွင် လွတ်လပ် စွာ အညစ်အကျေး များ ကို စွန့် ထုတ် လေ ပါ တော့ သည် ။

များပြား လာ သော အ ညစ်ကျေး ပမာဏ ၏ အနံ့ ဆိုး သည် ကောင်းကင် ရံ နတ် ပြည် ထိ သို့ ပျှမ့်နှံ့ သွား ပြီး ၊ သိကြားမင်း သည် ကြီးစွာ အ မျက် တော် ထွက် ကာ ၊ အထူး စုံစမ်းစစ်ဆေး ရေး အဖွဲ့ကို လူ့ ပြည် သို့ စေ လွှတ် ၍ အကြောင်း စုံ ကို စုံစမ်း ခိုင်း လိုက် ပြီး ၊ ၎င်း တို့ ၏ report အ ရ ဗိုလ်မှူးကြီး ပုဒုံး ကို ပြန်ကြားရေး ဝန်ကြီး  ရာ ထူး မှ ချက် ချင်း ဖြုတ် ချ ၍ လူ ဝတ် လဲ စေ ပြီး ၊ လူ့ ပြည် ရှိ လယ်ယာ နှင့် သစ်တော ဝန်ကြီး ဌာန လက်အောက် ရှိ မြေဩဇာ ထုတ် လုပ် ရေး မှူး ရာထူး အ ဖြစ် သို့လျှော ကျ စေ ခဲ့ ပါ သည် ၊ ၎င်း ၏ အဓိက တာ ဝန် မှာ လူသား တို့ ၏ အညစ်ကျေး များ ကို မြေဩဇာ အဖြစ် သို့ ပြောင်းလဲ ပေး သော အ လုပ် ဖြစ် ပါ သည် ။

တွဲ ဖက် တာဝန် အ ဖြစ် နှောက်ချေး (နွားချေး) များ ကို ပါ မြေဩဇာ ဖြစ် အောင် လုပ် ပေး ရ ပါ သည်    ( လူ တွေ ထမင်း များများ စား တော့ ၊ စပါး များများ စိုက် ရ သည် ၊ စပါး များများ စိုက် တော့ နွား များများ သုံး ရသည် ၊နွား များများ မွေး တော့ နှောက်ချေး များများ ထွက် သည် )။

အလုပ်ကြိုးစားလုပ်နေသော ချေးပုဒုံး

ကျနော် တို့ တရုတ် များ ၏ ဗန်းစကား တွင် ရွံရှာ ဖို့ကောင်း သော အရာ ရှိ များ ကို ဗိုလ်ပုဒုံး ဟု တင် စား ခေါ်ဆို ပြီး ၊ အဓိပ္ပါယ် ကတော့ ရာထူး ရှိ ပြီး ချေး စား တဲ့ ကောင် ။

ကျနော် တို့ ဗမာ ကျောင်း နေ တုံး က လဲ ၊ ဥပမာ – တခြား နယ် မှ ပြောင်း လာ တဲ့ အရာရှိ သားသမီး များ အတန်း ထဲ ရောက် လာ ရင် ၊ ကျောင်း သားအ ချင်းချင်း ပြော လေ့ ရှိ တာ က

“ ဒီ ကောင့် အဖေ က အကောင် ထဲ က ဆို ? ”

“ အကောင် တော့ အကောင် ဘဲ ကွာ ၊ ဘာ အကောင် တော့ မသိ ဘူး ကွ ! ”

 

နောက် ၊ ကျနော် တို့ မဆလ ခေတ် မှာ နိုင်ငံတော်  ခေါင်းဆောင်ကြီး များ ကို အ များ ပြည် သူ တွေ က No.1 , No.2  ဟု ခေါ် ဆို လေ့ ရှိ သည် ။

ဥပမာ- ဆို ရိုး တ ခု က အဲဂလို ရှိ တယ်

နံပါတ်ဝမ်းကြီးက-မယားပြီးမယားတဲ့ ( တရားဝင်မယား ၅ ယောက် ယူဘူးသည်)[em:28:]

နံပါတ်တူးကြီးက-စကားပြီးစကားတဲ့ ( အစည်းဝေးဘဲခွလုပ်နေတာ၊တခြားဘာမှမလုပ်တတ်ဘူး)[em:28:]

နံပါတ်သုံးကြီးက-စပါးပြီးစပါးတဲ့( ကိုယ်မကျွမ်းကျင်တဲ့လယ်ကွက်တွေချည်းလိုက်စစ်ဆေးနေတာ)[em:28:]

ရာထူး အ ရ အကြီး ဆုံး နှင့် ဒုတိယ အကြီး ဆုံး ဆို သည် မှာ မှန်သော် လည်း ဘဲ ၊ လူ့ အညစ်အကျေး ဖြစ် တဲ့ ကျင်ကြီး ကျင်ငယ် ကို လည်း No.1 , No.2  ဟု ခေါ် ဆို နေ သည် လည်း  ရှိ သေး သည်  ။ အချမ်းသာ ဆုံး နိုင်ငံ မှ အ ဆင်းရဲ ဆုံး နိုင် ငံ သို့ ဖြစ် သွားအောင် ဦးဆောင် နိုင် ခဲ့ သည် မှာ ၎င်း အခေါ်အဝေါ် နှင့် အလွန် သင့်တော် ပြီး ၊ မျက်နှာ တော့ တော် တော် ထူ ပုံ ရှိ ပါ လိမ့် မည်[em:6:] [em:6:] [em:6:]

အဲ ဒီ တော့ ပြည် သူတွေ က သူ တို့ ကို အညစ်အကျေး ဟု ခေါ် လို့ ပြည်ကြီး ပျက်သွားတာလား ???

သို့မဟုတ် သူ တို့ ကိုယ် ၌ အညစ်အကျေး ဖြစ် နေ လို့ ပြည်ကြီး ပျက်သွားတာလား ???

 

စိတ် ဆင်းရဲ တာ တွေ ချည်း ပြောနေ လည်း ပို ပြီး စိတ် ဆင်း ရဲ ပါ တယ် ၊ ဟာ သ ဆီ သို ့ သွား ကြ ပါ စို့ ။

 

****************************** Side dish ******************************

လူကြီး များ အတွက် ဟာသ ~~~ [em:17:] [em:17:] [em:17:]

( လူကြီး များ ဟု ဆို ရာ ၌ ၊ အ များ ပြည်သူ အား အနိုင် ကျင့် နေ သော အရာရှိကြိး များ ကို ခေါ်ဆို ချင်း မ ဟုတ် ဘဲ ၊ Adult ကို ရည်ရွယ် ပါ သည် )

လူ့ အ ခွင့် အ ရေး ကို လေး စား ခြင်း အား ဖြင့် ၊ မျှမျှ တတ ရှိ စေ ရန် ၊ တ ခါ တ ရံ Gay များ အ ကြောင်း လည်း ပါ အောင် ရေး ပေး ဖို့ သင့် သည် ဟု ယူ ဆ မိ ပါ သည် ။

၁၈ နှစ် မ ပြည့် သေး သူ များ ၊ အမျိုးသမီး များ နှင့် Gay မနှစ်သက် သူ များ မ ဖတ် ကြ ပါ ရန် တောင်း ပန် အပ် ပါ သည် ။

အန်တီသာနှိုက်ကြည့်လိုက်ပါတော့။

အန်တီ ဒေါ်ဝင်းရွှေ သည် ဗိုလ်တထောင် မြို့နယ် တွင် နေ ထိုင် ပြီး ၊ ယနေ့ သူ ၏ သားမက် မောင်ကျော်အောင် နှင့် သမီး မမွှေးမွှေး တို့ အိမ် ကို လာ လှည် မည် ဖြစ် ၍ ၊ သားမက် အ ကြိုက် ဆုံး ဟင်း ဖြစ် တဲ့ ပီကင်း ဘဲကင် ကို ဒေါ်ဝင်းရွှေ က ကိုယ် တိုင် ချက် ကျွေး မည် ။

ဒေါ်ဝင်းရွှေ သည် ကျောက်တံတား မြို့ နယ် ရှိ ဗိုလ်ကလေး ဈေး တွင်း ဦးဟုတ်စိန် ဘဲသားဆိုင် ထံ ဘဲ ကောင် လုံး ဝယ် ရန် လာခဲ့သည် ။

ဆိုင် ရှေ့ ရောက် တော့ ဆိုင် ထဲ  “ ကိုဟုတ်စိန် ! ကိုဟုတ်စိန် ! ”  လို့လှမ်း ပြီး ခေါ် လိုက် သည် ။

ဆိုင် တွင်း မှ မောင် ဝေဖြိုး ဆို သော ကောင် လေး တ ယောက် ထွက် လာ ပြီး “ ဟုတ် ကဲ့ ရှင့် ၊ အန်ကယ် ဟုတ်စိန် ရွာ ပြန် အ လှူ သွား လုပ် နေ ပါ တယ် ၊ အန်တီ့ ကို ကျမ ဘာ လုပ် ပေး စေ ချင် ပါ သ လဲ ? ”

“ ပဲခူး က လာ တဲ့ ဘဲ တ ကောင် ရွေးပေး စမ်း ပါ ၊ ကလေး ရေ ”

“ အန်တီ က လည်း ဒီ လောက် များ တဲ့ ဘဲ တွေ ထဲ ၊ ဘယ် အ ကောင် က ပဲခူး က လည်း ဆို တာ ကျမ ဘယ် သိ မှာ လည်း ၊ ပြီး တော့ အား လုံး ဆင် တူ အသေ ကောင် ကြီးတွေ ”

“ ဒါ ကြောင့် အန်တီ က ကိုဟုတ်စိန် ကို ရှာ တာ ပေါ့ ၊ သူ ရှိ ရင် ရွေး တတ် တယ် ၊ ကဲ ပါ အေ ~~~ ၊ အန်တီ ကိုယ် တိုင် ရွေး လိုက် တော့ မယ် ၊ ဘဲ ဖင် ကို နှိုက် ကြည့် လိုက် ရင် ဘယ် အ ရပ် က နေ လာ တာ ဆို သိ တယ် ဟဲ့ ၊ သား က တ ကောင် ချင်း လှမ်း ပေး လိုက် ၊ အန်တီ နှိုက် ပြီး ရွေး လိုက် မယ် ”

ဒါ နဲ့ မောင်ဝေဖြိုး သည်  The customer is the first , customers are always right ဆို သော ဆောင် ပုဒ် အ ရ စိတ်ရှည် လက်ရှည် ဖြင့် ဘဲသေ တ ကောင် ပြီး  တ ကောင် ဒေါ် ဝင်းရွှေ အား လှမ်း ပေး နေ လေ တော့ သည် ။

ဒေါ်ဝင်းရွှေ က လည်း တ ကောင် နှိုက် တိုင်း ပါးစပ် က နေ

“ ဒါ က တွံတေး က ”

“ ဒါ က ဝါးခယ်မ က ”

“ ဒါ က မြောင်းမြ က”

“ ဒါ က ကျောက်တန်း က ” ့စ သ ဖြင့် ၊ မောင်ဝေဖြိုး သည် လည်း မျက် ခြေ မ ပြတ် ကြည့် နေ ပြီး အန်တီ တချက် နှိုက် တိုင်း စိတ် တချက် လှုပ်ရှားပြီး တံထွေး တ ချက် မြို လိုက် ရ ပါ သည် ။

နောက် ဆုံး ပဲခူး မှ လာ သော ဘဲ ကို ရ အောင် ရွေး ယူ လိုက် ပါ သည် ၊ အန် တီ ၏ အ စွမ်း ကို ကြည့် ပြီး ၊ မောင်ဝေဖြိုး သည် “ အန်တီ အရင် က ဘဲ သတ် တာ လား ? ”

အန်တီ ဒေါ်ဝင်းရွှေ က “ အေး ပေါ့ ၊ အန်တီ က ဟို ၁၉၆၂ ခုနှစ် ဇူလိုင်လ ရ ရက် နေ့ က စ ပြီး သတ် ခဲ့ တာ ဟို တ လော မှ အ နား ယူ လိုက် တာ ”

ဆက် လက် ပြီး ဒေါ်ဝင်းရွှေ က “ သား က သဘော ကောင်း ပြီး ၊ ယျဉ် လည်း ယျဉ်ကျေး တယ် ၊

သား ဇာတိ က ဘယ် က လဲ ” ဟု မေး လိုက် ရာ ။

မောင်ဝေဖြိုး သည် လျှပ်တပျက် ၊ ချက်ချင်း ဒေါ်ဝင်းရွှေ ကို ကျော ပေး ပြီး ၊ ဖင် လေး ကို ကော့ ကာ “ အန်တီ သာ နှိုက် ကြည့် လိုက် ပါ တော့ ” ဟူ သ တည်း ~~~~

 

နောက် အ ပါတ် မှ ဆက် ခဲ့ တော့ မယ် ။

 

အား လုံး ရွှင် လန်း ချမ်း မြေ့ ကျ ပါ စေ ~~~

ကျေး ဇူး တင် ပါ သည် ~~~[em:2:] [em:2:] [em:2:]

8 comments

  • ဦးဦးပါလေရာ

    April 7, 2012 at 5:19 pm

    ကိုရော်နယ် အစုံသုပ်တာ တဖြေးဖြေး တော်တော်အစပ်တည့်လာပြီ..။ 😀 😀

    • ဗိုက်ကလေး

      April 7, 2012 at 5:33 pm

      ဦးပါသာ နှိုက်ကြည့်ပါတော့ 😆

      • ဦးဦးပါလေရာ

        April 7, 2012 at 10:16 pm

        နင့်ကို ကိုယ်စားလှယ်လွှဲတယ်… 😀
        ရုတ်သိမ်းခွင့်မရှိသော အထူးကိုယ်စားလှယ်လွှဲစာနဲ့ကို လွှဲလိုက်ပြီ ဗိုက်ကလေးရေ…:D

  • water-melon

    April 7, 2012 at 6:20 pm

    အန်တီသာနှိုက်ကြည့်လိုက်ပါတော့ ဆိုတာနဲ့ခပ်ဆင်ဆင်လေးဖတ်ဘူးပါကြောင်း

    ဘယ်သူဇာတိက အလွတ်ပြောပြရမလဲ
    အစမ်းသပ်ခံသူများလာပါ 😀

  • windtalker

    April 7, 2012 at 7:39 pm

    ကျောချမ်းစရာကြီးပါလားဗျာ ။ မာမီပု နဲ ့ဥဒုံ နဲ ့တော့ တွေ ့တော့မှာဘဲ ။ ဟင်း…

  • alinsett

    April 7, 2012 at 7:40 pm

    ဖတ်ရှု..သွားပါကြောင်း….မောင်းတီး ခဲ ့လေတော့…သတည်း…။
    သာ..ဓု..သာ..ဓု.. အဲလေ.။ယောင်ကုန်ပြီ ။ အဟိ ။

  • ကြောင်ကြီး

    April 7, 2012 at 10:56 pm

    နှိုက်မယ်ဗျာ လူရွေးပြီးဒေါ့….။

    • water-melon

      April 8, 2012 at 11:28 am

      ဥကြောင် သများနှိုက်ပေးရမလား 😀

Leave a Reply