စိန်ဘုရားမြဘုရား (ရွေကျီးမြင်-မန္တလေး)

1 ဘုရားပိဋကတ်တော်တိုက်ထဲကို အရှေ့ဘက်နေဝင်ဝင်ခြင်းဖူးမြင်ရတာပါ
2 တောင်ဘက်ကနေဖူမြင်ရတာပါ
3မြောက်ဘက်က ဖူးမြင်ရတာပါ
4 စိန်ဘုရား မြဘုရား နောက်မှာတော့ ရွှေသားစစ်စစ်ဘုရားတစ်ဆူ

 

5 ပယင်းဘုရား
6 ရှေ့တည့်တည့်မှမြင်ကွင်း
6 ဘယ်ဘက်အစွန်က ဖူးမြင်နေရတာက အညာသီဟတော ဘုရား
7 ခါတိုင်းဆိုဒီဘုရားတွေက အတွင်းတော်ထဲမှာထည့်ထားတာပါ
8အညာသီဟတောဘုရားကို ဘယ်ဘက်ခြမ်းမှနေ၍ဖူးတော့မြင်ရတဲ့ ထူးခြားတဲ့ပုံသဏ္ဍာန်

 

9 မီးရောင်စုံနဲ့ပူဇော်ထားတာလေ

 

 

10 ရှေ့တည့်တည့်မှဖူးမြင်

           “စိန်ဘုရားမြဘုရား(မန္တလေးရွှေကျီးမြင်)”

 

မန္တလေးမြို့ရဲ့ အထင်ကရဘုရားတွေထဲမှာ24လမ်း 82လမ်းဒေါင့် ပြည်ကြီးကျက်သရေ

ရပ်ကွက်မှာရှိနေတဲ့ ရွှေကျီးမြင်ဘုရားကလဲတစ်ဆူအပါအဝင်ဖြစ်ပါတယ်။

ကျနော်တို့ကတော့ ဒီဘုရားကို ရွှေကျီးမြင့် ဘုရားလို့ဘဲနုတ်ကျိုးနေကြပါတယ်။

ဒီဘုရားအကြောင်းကိုတော့ မန်းလေးဂေဇက်မှာကျွန်တော်တစ်ခါတင်ဘူးပါတယ်။

http://www.google.com/url?sa=t&rct=j&q=&esrc=s&source=web&cd=1&ved=0CCQQFjAA&url=http%3A%2F%2Fmyanmargazette.net%2F57087%2Farts-humanities%2Fburmese-myanmar-asian-culture-mythology-folklore&ei=9gOBT7fLNo65iAeA0fS3BA&usg=AFQjCNErMAS4hD2PV83Yl9T9_ApSrhMdbg&sig2=ATJRk2wcRpoOyNgx_eEjJg

ဒီလင့်လေးနဲ့ပေါ့။

မင်းရှင်စောရဲ့ရွှေကျီးမြင်ဆိုတဲ့အမည်နဲ့ပါ။

ဒီရက်ပိုင်းရောက်တော့ဘုရားအတွင်းတော်ကို ပြင်ဆင်နေပါတယ်။

ဒါကြောင့် ယခင်အတွင်းထဲမှာသာ အပူဇော်ခံထားတဲ့ဆင်းတုတော်တွေကို

ယာယီကျောင်းဆောင်မှာအပူဇော်ခံစေပါတယ်။

အရင်က ဘုရားပွဲတော်ရက်၊ဝါဝင်ဝါထွက်နဲ့မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာသာ

အနီးကပ်ဖူးမြင်ရတဲ့ စိန်ဘုရားမြဘုရားကို အနီးကပ်ဖူးမြင်ခွင့်ရရှိပါတယ်။

ဒါကြောင့်မျှဝေပေးလိုက်ပါတယ်။

 

 

ကိုပေါက်ရဲ့လက်ဆောင်

(8-4-2012)

 

5 comments

  • water-melon

    April 9, 2012 at 9:41 am

    လေးပေါက်ရေ
    မရောက်ဘူးသေးဘူးဗျ
    မနက်စောစောစီးစီးမှာ ဦးချကန်တော့လိုက်ပါတယ်ဗျာ

  • TTNU

    April 9, 2012 at 10:36 am

    ကိုပေါက်ရေ…
    ဖရဲ နေရာဦးသွားလို့ ပါဆိုနေ။

    မာမီတရာစခန်းဝင်ကျ ဘုရား၊ ဖူးနေကျဘုရားတွေဖြစ်နေပေမဲ့
    ကိုပေါက်ရဲ ့ သဒ္ဓါတရားကြောင့် သိပ်ကိုသပ္ပါယ်နေပါတော့တယ်။
    ကျေးဇူးပါကွယ်။
    ကြီးသောအထောက်အပံ့ ဖြစ်ပါစေ။

  • Thit Sar Lin

    April 9, 2012 at 4:25 pm

    လေးပေါက်ရေ..အရမ်းသပ္ပါယ်ဖို့ ကောင်းပါတယ်..
    တခါမှတော့ မရောက်ဖူးသေးပါဘူး………လေးပေါက်ရိုက်ချက်တွေကြည့်ပြီး သွားတောင်သွားချင်လာပြီ..
    စကားမစပ်..မိဖြဲမ..ပါးစပ်ကနေဘာတွေမှုတ်နေတာလဲ….တန်တွေး စင်လို့မေးကြည့်တာပါ…

  • water-melon

    April 9, 2012 at 5:14 pm

    ညည်း အစေ့ကန်းနေတာလား
    ဘာမှုတ်နေတယ်ဆိုတာ
    အေးဆေးနေနော်

Leave a Reply