တသွေးတည်း

zaw winApril 9, 20121min1441

ဒို့တတွေဟာ တသွေးတည်းမို့
အရောင်တွေမကွဲပြားပါ
နှစ် ၆ဝကျော် အချင်းချင်းဖြစ်ကြ
အခြေအနေ အယူအဆကြောင့်ပါ
တူတာတွေကို ပေါင်းစည်းလို့
မတူတာတွေ ဖြေးဖြေးညှိပါ
မျိုးဆက်သစ်တွေ ကောင်းစားဖို့
ဒို့တတွေ အနစ်နာခံကြမှာ
ဒို့နိုင်ငံ စံပြဖြစ်ဖို့
ကမ္ဘာ့အလယ် လက်တွေ့ပြပါ
တချောင်းချင်းပေါင်းစည်းလို့
လက်သီးဆုပ်ခါ တသွေးတည်းပါ။

မင်းသုတ
8:30 AM
7.4.2012

One comment

  • a me

    April 9, 2012 at 12:27 pm

    ဟုတ်ကဲ့ပါ ဖြစ်သင့်နေတာ ကြာပါပြီ အခုမှ မဟုတ်ပါဘူး ဒါပေမယ် ဆိုးတာက လောဘတွေ ကြိးပြီး
    သူများပြောတာတွေ နာယောင်နေတော့ တော်တော် မကောင်းဘူး

Leave a Reply