ဆင်ချင်စရာ သင်္ကြန်ချိန်ခါ

myanmarcitizenApril 10, 20121min1441

ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်ပြန်တော့မယ်။ နှစ်တွေကလဲ တရွေ့ရွေ့နဲ့ကုန်လွယ်လိုက်တာ မနှစ်က သင်္ကြန်ပြီးတာသိပ်မကြာသေးဘူးထင်မိတယ်။

သင်္ကြန်ရောက်ရင်အားလုံးပြောကြတယ် ကလေး လူကြီး အကုန်လုံးပါပဲ။ ပျော်တော့ပျော်ကြပါ ဒါပေမဲ့ သိပ်ပြီး အပျော်ကြူး မရမ်းကားကြဖို့သတိပြုစေချင်လို့ မနှစ်က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့အမြင်လေးတွေ ကိုပြောပြရင်း အားလုံးရှောင်သင့်တာရှောင်စေချင်ပါတယ်။

မနှစ်က ကျွန်တော်သမိုင်းလမ်းဆုံကနေ ၄၅ bus ပေါ်ကိုတက်လိုက်တယ်။ ထိုင်ခုံမှာထိုက်လိုက်တယ်။ ခနနေတော့ဘေးနားက မှန်တွေကွဲနေတာသတိထားမိတယ်။ ဒါနဲ့စပါယ်ယာကို ဘာဖြစ်တာလဲမေးတော့ ခရီးသည်ကရေစိုမှာကြောက်လို့မှန်ကိုအလုံပိတ်လိုက်တယ်တဲ့။ အဲ့ဒါကို ရေပက်တဲ့အဖွဲ့က မီးသတ်ပိုက်နဲ့ သမလိုက်တာ မှန်ကွဲပြီး ခရီးသယ်တွေကိုရှလို့ တစ်ယောက်ဆိုတော်တော်ထိသွားတယ်ပြောတယ်။ ကျွန်တော် တို့ဟာသိပ်ပြီးစည်းကမ်းတော့ မရှိကြဘူးထင်တယ်။ ခရီးသည် တင်ကားကိုတော့ ရည်ရွယ်ပြီးမပက်သင့်ဘူး ထင်တယ်။ ခရီးသည်ကားပေါ်က သူတွေက သူတို့လိုရာခရီးကိုသွားနေကြတာလေ ရေပက်ခံထွက်လာတာ မှမဟုတ်တာ။ ပြောသာပြောရတာပါ လိုင်းကားပေါ်မှာ ပါလာတဲ့ခရီးသည်တွေ (တစ်ချို့) ကလဲ အော်လိုက် ဟစ်လိုက်ဆိုတော့ ဟိုကလဲပစ်တော့မပေါ့။ လိုင်းကားတွေကို ရေမပက်ကြပါနဲ့ လိုင်းကားပေါ်ကလူတွေကလဲ ရေပက်ချင်လာအောင် မအော်ကြပါနဲ့။ အော်ချင်မြူးချင်ရင်တော့ အောက်ဆင်းပြီး အော်ကြမြူးကြပါ။

အတက်နေ့က ကန်တော်ကြီးထဲသွားဖြစ်တယ်။ ကားတွေတော်တော်ပိတ်နေတာနဲ့ လမ်းခြောက်ပြီး တိရိစ္ဆာန်ရုံဘက် အခြမ်း ကနေ အဝိုင်းဘက်ကို ထွက်လာတာ တစ်ဖွဲ့က ချာတိတ် ၂ ယောက် ၃ယောက်လောက် ကိုလိုက်ပြီးလက်သီးနဲ့ထိုးနေတယ်ဗျာ ဟိုကောင်လေးတွေက ခြေလျင် လျောက်ကြည့် တဲ့သူတွေဖြစ်ပုံရတယ်။ ဘာမှလဲပြန်မလုပ်ရှာပါဘူးထွက်ပဲပြေးနေတာ ဒါကို လိုက်ထိုးတယ်ဗျာ။ ဘာကနေစဖြစ် တယ်တော့မသိဘူး။ တော်တော်လေး အထိုးခံလိုက်ရတယ် ရဲလာမှပြီးသွားတယ်။
လူအများရှိတဲ့နေရာကိုလာရင်တော့သီးခံကြပါခင်ည။ ဘယ်သူ့မှသီးမခံချင်ရင်တော့ တစ်ယောက်ထဲပဲနေပေါ့။ ဘာလို့လူများတဲ့နေရာကိုလာကြလဲ။ မှုးရင်လဲမရမ်းကြပါနဲ့ မရစ်ကြပါနဲ့ သူများကိုပြသနာသွားမရှာ ကြပါနဲ့ အေးအေးဆေးဆေးနဲ့ပျော်ကြပါ။ ကျွန်တော်တို့များ မှုးလေသဘောကောင်းလေဗျား မရုံရင်တိုက်ကြည့်လိုက် 🙂

အဲဒီရန်ပွဲကနေ ဆက်လာ အဝိုင်းနားမရောက်ခင်လောက်မှာ တစ်ဖွဲ့ကမှုးပြီး မြေခနေကြပြီ။ ကောက်မလေးတစ်ယောက်လဲပါတယ်။ ကောင်မလေးလဲ ပက်လက်ကလေး။ စကတ်တိုတို ကလေးနဲ့ အောက်က အဟောင်းသားဗျာ အောက်ခံဘောင်းဘီကိုမြင်ရတယ်။ ဘေးကလဲ လူတွေကဝိုင်းရိူးနေကြတယ် ရဲတစ်ဖွဲ့ ကသူတို့အနားမှာ လုံခြုံရေးယူပေးသလိုဖြစ်နေလို့တော်သေးတာပေါ့ဗျာ။ ညီမလေးရယ် ဘာဖြစ်လို့များ အဲ့လောက်တောင်သောက်ရတာလဲ အဲလိုသောက်မယ်ဆိုရင်လဲ ဘာလို့ စကတ်ကိုမှဝတ် လာတာလဲကွယ် တစ်ခြား ဘောင်းဘီရှည်လေးဝတ်လာမှပေါ့ လို့နားနားသွားပြီးတော့ ပြောချင်မိသား။ ဒီနှစ်သင်္ကြန်မှာ ကဲမယ့်လို့စိတ်ကူးထား အမှောက်သောကမယ်လို့ စိတ်ကူးထားရင်တော့ ဘောင်းဘီးပဲဝတ် ကြပါကွယ်။ ကျွန်တော်မကြည့်ရဲလို့ပါ J

တစ်ဆက်ထဲမှာပဲ အများသူငှာပျော်နေတဲ့နေရာမှာ အကြမ်းဖက်လုပ်ရပ် လုပ်တဲ့သူတွေကိုလဲ ပြင်းထန်စွား ကန့်ကွက် ရှုံ့ချလိုက်ပါတယ်။ မလုပ်သင့်တာကို မလုပ်ကြပါနဲ့။ သတ္တိရှိရင် တစ်ခြားကိုသွားလုပ်ပါ။ ပြည်သူတွေကိုမထိခိုက်မိစေပါနဲ့။

မန္တလေး NLD အဖွဲ့က စာထုတ်လိုက်ပါတယ်။ သင်္ကြန်မှာ NLD တံဆိပ်၊ အလံ နှင့်ရုပ်ပုံ တွေမသုံးကြဖို့။ အလွန်ကောင်းတဲ့ရည်ရွယ်ချက်လို့မြင်မိပါတယ်။

အရင်နှစ်တွေကထက် တစ်ရက်ပိုကဲခွင့်ရတဲ့ ဒီနှစ်(2012) မှာ မြန်မာပြည်သူပြည်သားများအားလုံး ရိုးရာအတာသင်္ကြန်ကို စည်းကမ်းရှိရှိ သိမ်သိမ်မွေ့မွေ့ဆင်နွဲကြပါလို့ နောက်ဆုံးဆန္ဒပြုလိုက်ပါတယ်။

 

နှစ်သစ်မှာအားလုံးပျော်ရွင်ချမ်းမြေ့ကြပြီး ကျမ်းမာ၊ ချမ်းသာကြပါစေ။

အားလုံးကို ခင်တဲ့

MC

 

 

 

One comment

  • mocho

    April 10, 2012 at 4:35 pm

    သင်္ကြန်ဆိုတာ လမ်းပေါ်မှာ စည်းကမ်းမဲ့ လုပ်ချင်တာ လုပ်လို့ရတဲ့ အချိန်တချိန် လို့ယူဆထားတဲ့ လူတွေရဲ့ စိတ်ဓါတ်ကို ပြင်ရမှာပါ။

Leave a Reply