ထို့ကြောင့် ကျွန်တော်သူကြီးကို မုန်းမိပါသည်။ (၂)

အာဂApril 10, 20121min117935

“ဒီမှာ ခင်ဗျားကို….ဟာဗျာ ရှင်းရှင်း ပြောရရင် ခင်ဗျား မျက်နှာကို အခုလိုရေနဲတောင် မဟုတ်ဘူး အက်စစ်နဲ့ပက်ချင် တာဗျ.။”

“ဘာဖြစ်လို့လဲ”

“ဘာဖြစ်ရမှာလဲဗျ။ ကျွန်တော့်ဘဝ တစ်လျောက် လုံးခင်ဗျားကိုမုန်းခဲ့တာဗျ။”

သူကြီးက သူ့နေကာမျက်မှန်ကို ပင့်တင်လိုက်ရင်း သူကို ဘဝတစ်လျောက်လုံးမုန်းတယ်ဆိုတဲ့ လူငယ်တစ်ယောက် ရှိတဲ့အပေါ် အံဩမှင်သက်မိပြီး ထူးဆန်းသောမျက်လုံးများဖြင့်။

“ဘာလို့မုန်းရတာလဲကွာ။ငါဘာလုပ်ခဲ့မိလို့လဲ”

သူကြီးရဲ့ စကားများက ကျွန်တော့်အတွက် အတိတ်ကိုပြန်လည်တွေးတောမိပြီး နာကြည်းသလိုလိုခံစား ရလာသည်။ထို့အတူ ကျွန်တော့်ခံစားချက်များလည်း ပြန်လည်ပေါက်ကွဲလွင့်စင်ကုန်၏။

“ဟာ …..ဘာလို့မုန်းရတာလဲ ဟုတ်လား၊ ခင်ဗျား…..ခင်ဗျား… ဗျာ။” “ တောက် ခင်ဗျားပေးမဲ့ ငွေတစ်သိန်း…”
“အေးလေ အခုဆိုရင် ဘီယာ တစ်ဗူး ဖိုးလောက်ပဲတန်ဖိုး ရှိတဲ့ငွေအတွက် ကျွန်တော့် အမေ နွယ်ပင်နဲ့ အဖေ အာဂ တို့ မစားနိုင်မသောက်နိုင် ကျွန်တော့်ကိုလည်း ဂရုမစိုက်နိုင်ပဲ ခင်ဗျားကြီးရဲ့ ဂေဇက် ထဲမှာရေးရင်း ဘာမှမရဘဲ သေသွားကြပြီလေ။”

“မသေခင်တောင် ပြောသွားသေးတယ်။”

“သားရယ်တဲ့ အမေတို့ အဖေတို့ သေရင် မင်းဆက်ရေး ဖို့ အမေတို့Accountနဲ့ Password ကိုပေးခဲ့မယ်တဲ့။ တစ်သိန်းပြည့်ဖို့ကလည်း သိပ်မလိုတော့ပါဘူးတဲ့။ ဒါသားအတွက်ပေးတဲ့ အဖေတို့အမေတို့ အမွေပဲတဲ့ဗျာ။”

“သားမှ တစ်သိန်းမရရင်လည်း မင်းရဲ့ သားသမီး ၊ငါ့မြေးအတွက်ပေါ့ လို့ပြောသွားရှာသေးရဲ့ အခုတော့ကျွန်တော့် မိဘ နှစ်ပါးလုံးမရှိတော့ဘူးဗျ။”

“ကျွန်တော့်အမွေကလည်းဘယ်ဆီ မှာမှန်းမသိ။ ခင်ဗျားဆီကရမယ့် ငွေကလည်း အခု တန်ဖိုးမရှိတော့ဘူးဆို တော့
ခင်ဗျားကို မုန်းမိတာပေါ့ဗျ။ ”
“ဘာပဲဖြစ်ဖြစ် အခုချိန်မှာ ဘီယာ ဖိုးလောက်ပဲရှိတဲ့ ပိုက်ဆံအတွက် နဲ့ အသေရေးပြီး ကွယ်လွန်သွားတဲ့ မိဘ နှစ်ပါးအတွက် ခင်ဗျားကို မုန်းတာဗျ။ ရှင်းပြီလား။”

သူကြီးဆိုသူအပေါ် ကျွန်တော့် ခံစားချက် ရင်ဖွင့်သံများ ပြောကြားရင်း နှင့်ပင် မျက်ရည်များ ကျလာမိ၏။ အကယ်၍ ကျွန်တော့်မျက်ရည်တစ်စက်သည် သူကြီးမင်းပေးသော ပှိုင့် တစ်ထောင်ဖြစ်မည်ဆိုပါက……။
သန်းတစ်ရာမျှသော ပိုက်ဆံဖြင့် မိဘများအတါက် အလှူအတန်းပြုလုပ်ပေးကောင်း ပေးနိုင်ပါလိမ့်မည်။

ထို့ကြောင့် ကျွန်တော်သူကြီးကို မုန်းမိပါသည်။

35 comments

  • Moe Z

    April 10, 2012 at 3:57 pm

    ဘရာဗို ဘရားသားအာဂ!
    ၂ ပုဒ်ပေါင်းပြီးမန့်လိုက်တယ်နော် :mrgreen:

    ဪ ဒဂျီးမင်းကြန်းမာဘာဇေလို့ ဆုတောင်းပေးလိုက်ဦးနော်
    တော်ကြာ ဂျူနီယာအာဂလေး တစ်သိန်းမရလိုက်မှာစိုးလို့ 😆

  • water-melon

    April 10, 2012 at 3:59 pm

    ဟီး
    အနော်လည်း တသိန်းပြည့်အောင်
    အိမ်က သားလေး ဘေဘီဖရဲကိုမှာထားရမယ်
    အော် ဘဝ ဘဝ တစ်သိန်းပြည့်မဲ့ရက်ကို လက်ချိုးစောင့်နေမယ် 😀

  • ဗိုက်ကလေး

    April 10, 2012 at 4:04 pm

    အင်းလေ..
    ကျုပ်လဲ သားကျော် ငဗိုက်ခလေးကို ပတ်စဝေါ့ ပေးပြီး တစ်သိန်းပြည့်အောင် ဆက်ရေးပါလို ့အမွေပေးရမဲ့ကိန်းဆိုက်နေပြီ
    အဲဒီသဂျီးလာမှ ဂယ်ကို အက်စစ်နဲ ့ပက်ဦးမယ်.
    😀

  • kai

    April 10, 2012 at 4:07 pm

    “ခင်ဗျား Las Vegas မှာ မက်စီကန် မ တွေ၊ ကပ္ပလီ မနဲ့ သုံးဖြန်း ပျော်ပါးခဲ့တာတွေကို ခင်ဗျား မိန်းမကို ပြန်ပြောရမလား။”

    တဲ့..
    ဗေးဂက်စ်မှာ.. အဖြူမတွေဒီလောက်ပေါတာကို.. မက်စီကန်မ တွေ၊ ကပ္ပလီမတွေလုပ်တဲ့အတွက်…
    စိတ်ဆိုးမိပါသည်…။ 😕

    မှတ်ထား..
    မက်စီကန်မကို.. လက်တီနာ(Latina)တွေလို့ခေါ်တယ်..
    သူတို့က.. ဘိုင်ဝမ်းဂက်ဝမ်းဖရီးလို့ခေါ်ကြတယ်..
    တယောက်ယူရင်.. နောက်တယောက်(ညီအမ)က..အိမ်လိုက်လာတယ်…

    ကပ္ပလီမကတော့ ပြောမနေနဲ့..
    အသုံးအဖြုန်းကြီးတယ်..
    အဲ.အဲ.. အကုန်ကြီးတယ်..။ :mrgreen:

    • Moe Z

      April 10, 2012 at 4:28 pm

      မဟုတ်သေးပါဘူး ခုနကကြည့်တော့ သူ့ကွန်မန့်က
      စိတ်ဆိုးမိပါသည်…။ 😕 ဒီမှာဆုံးတယ်
      အခုကျတော့ထပ်တိုးသွားပြန်ပြီ အင်းပေါ့လေ သဂျီးက သဂျီးကိုး ..

      • သမိန်ဂီ့

        April 10, 2012 at 4:34 pm

        ကျုပ်လည်း အဲ့ဒါ ပြောမယ်ပြောမယ်နဲ့ မပြောဖြစ်တာ…
        သဂျီးတို့ မန့်ရင် ၁ခါနဲ့ ပီးရိုး မရှိ…
        မနေ့ကပဲ … ကျုပ်ပိုစ့်မှာ … အစက အတို
        နောက် အရှည်ဖြစ်သွားပြီး ကြွက်ကြောင်ကျား မကျန် ပစ်မယ် တွေ
        ဘာတွေပါလာတာ …

        အော်.. သဂျီးကိုး …

        😀

        စကားအတင်းစပ် …
        သဂျီးရေ …. ဖရင်းန်ဒလိ ဆေဲးညော်ရီတာ လေးတွေ ဆီ
        လာချင်သားဗျာ ….

        အာဟိ…

  • FattyCat

    April 10, 2012 at 4:08 pm

    အော်…ကုန်ဈေးနှုန်းတက်ပေမယ့်…ပွိုင့်ဖိုးလေးတွေမတိုးတော့လဲ ခက်ပေသားပဲကိုး….

  • ဆူး

    April 10, 2012 at 4:15 pm

    တော်လိုက်တဲ့ မောင်အာဂ.. ဘယ်လိုများလဲလို့ ဖတ်ရင်းနဲ့
    မေမေ နွယ်ပင် နဲ့ ဖေဖေ အာဂ တို့ရဲ့ သားသား ဖြစ်နေတယ်။

    ဆူး တော့ တူတွေ တူမ တွေကိုပဲ အမွေပေးခဲ့တော့မယ်။

  • laypai

    April 10, 2012 at 4:16 pm

    ကျနော် မန့် ထားတာ ပျောက်သွားတယ်။ ပထမဦးဆုံး မန့် ထားတာနော်။

  • cobra

    April 10, 2012 at 4:22 pm

    တစ်သိန်းကို မျှော်ကိုးပီးရေးရရင်ဖြင့်
    ရေးလိုက်တဲ ့ပို့စ်တိုင်းရန်ဖြစ်နေရလို့မရေးဖြစ်တာလည်းကြာနေပီဖြစ်ကြောင်း….
    ကျွန်တေ်ာရေးတဲ့ပို့စ်တွေကဘယ်သူ့ကိုသွားသွားထိနေလဲမသိဘူး
    အမြဲတမ်းရန်ဖြစ်ရတယ်
    အဲဒါကြောင့်မရေးတော့တာ။

  • kyeemite

    April 10, 2012 at 4:37 pm

    ဂွတ်လိုက်တာအာဂသားလေးရာ..
    ကျုပ်ကိုလဲအခု အိမ်သာနက်ဘိုးကုန်လို့ဆိုပီး
    မဒမ်မိုက်ကနှင်ချနေဘီ..သူအကြော်ရောင်း
    ကျွေးတာလည်းထိုင်စားနေသေး အရည်မရ အဖတ်မရ
    စာတွေရေးနေလို့တဲ့လေ..ကျုပ်ကလဲပြောပစ်လိုက်တယ်..
    သဂျီးဆီကတစ်သိန်း ရရင်မင်းကိုမပေးဘူးလို့…
    သူကပြန်ပြောတယ်…အိမ်သာနက်သုံးခ ၁ဝသိန်းကုန်တောင်
    တော့ငွေတစ်သိန်းမပြည့်ဘူးတဲ့..ဒွတ်ခ..

  • မွန်မွန်

    April 10, 2012 at 4:37 pm

    အဟီး..မိုက်တယ်ဟ..
    နာလည်း ဘယ်တူ့ကို အမွေပေးခဲ့ရမလဲ…

  • MaMa

    April 10, 2012 at 4:54 pm

    အာဂလူသားရဲ့ မိမွေဖမွေတွေကတော့ သူမတူအောင် ထူးခြားလှပါပေတယ်။ 😎
    ဒါထက် စကားစပ်လို့ ပြောရရင် ….
    အရင်တခါ သစ်ပင်အောက်ဖွက်ထားတဲ့ သားအာဂအတွက် အမွေအရက်ပုလင်းတွေတော့ သမဂ္ဂဖွဲ့လို့ သောက်တဲ့အထဲ ပါသွားပြီလား မသိ။ 😆

    • ဆူး

      April 10, 2012 at 6:03 pm

      ဖွက်ထားတဲ့ ပုလင်းတွေ ရုက္ခစိုး လက်စာ မိသွားနိုင်တယ်။

    • R Ga

      April 13, 2012 at 8:20 pm

      တီတီ မမ သား နောက်လာနောက်သားတွေအတွက် ဖွက်ထား တာတွေ ကို သမဂ္ဂ ထူထောင် တဲ့ နေ့က ရဲဘော် တွေယူသောက်တာနဲ့ ကုန်သွားပြီ…။ အကြမ်းဖျင်းအားဖြင့် သိန်း ၃ထောင်ဖိုး လောက်ရှိမယ်ထင်တယ်။

  • char too lan

    April 10, 2012 at 6:02 pm

    အော်… ဘူများလဲလို့
    နာ့မိတ်ဆွေဂျီးဒွေရဲ့ သားကိုးးးး 🙂

  • အာဂ မင်းတို့က အမွေပေးစရာကလေးကျန်ခဲ့တယ်။
    ငါကတော့ မွေးစားထားရတော့မယ်ထင်တာဘဲ။
    လာခဲ့ ကလေးမလေးတွေ
    သင့်တော်တဲ့တစ်ယောက် ကိုပေါက် မွေးစားမည်။

    • Thel Nu Aye

      April 10, 2012 at 7:54 pm

      မွေးစားမှာလား၊ မွေးပြီးခိုင်းစားရင်တော့ မိစိန်ပေါက်ရှိတယ်။ မိဖရဲရှိတယ်။ အဲတောင်မတွေနဲနဲတော့မလွယ်ဘူးရယ်။

    • R Ga

      April 13, 2012 at 8:16 pm

      လေးပေါက် က တကယ်ပြောတာလား ကျွန်တော် ကလေးမွေးရင် လေးပေါက် ဆီကို ပို့လိုက်မှာနော် ။ ကျွန်တော်က ကလေးမွေးရင် ဝဋ်လည်မှာ စိုးလို့ အခုထိမယူသေးတာ။
      လေး ပေါက်သာ မွေးစားမယ်ဆိုရင် ကျွန်တော် မွေးမယ်။

  • ရွာစားကျော်

    April 10, 2012 at 6:54 pm

    နံပါတ် ၁ မှာ ကျနော့်သားရေးတာလို့ ကိုအာဂ ပြန်မန့်တာ ဘာပါလိမ့်ပေါ့
    ခုတော့သဘောပေါက်သွားဘီဗျို့ ဟီး ဟီး..
    ပြီးခဲ့တဲ့ စနေကပဲ ကျနော်လည်း ဂေဇတ်ဝင်ပီး မွှေနေတုန်း မိန်းမက ဈေးလိုက်ပို့ခိုင်းတာ သွားမနေနဲ့ ပြောလိုက်မိတာ တနေ့လုံး စကားမပြောတော့ဘူးဗျာ..
    အင်း တသိန်း တသိန်း…

  • Khin Latt

    April 10, 2012 at 8:23 pm

    တွေးလဲတွေးတတ်ပါပေ့။
    ရေးလဲရေးတတ်ပါပေ့ တော်။
    သူကြီးတောက်ခေါက်သံ ကတော့ ပွဲအကျဆုံး စကားလုံးဘဲ။

    ကျုပ်လဲ ရွာဝင်ကထဲက ထမင်းဟင်း ကောင်းကောင်း မချက်နိုင်တာ ကြာပေါ့။
    😆

    ကဲ သူကြီးရေ – သူကြီးလဲ ကြွေးစာရင်း လက်ဆင့်ကမ်း အမွေ ပေးဖို့ မမေ့လေနဲ့။

  • surmi

    April 10, 2012 at 11:53 pm

    ဟုတ်ပဗျာ ….သဂျီးနဲ.မန်းဂေဇက်အောင်မြင်လေ ၊ ကျုပ်တို.က အိမ်မှာ နောင်ဂျိန်ပလေးရလေဘဲ …
    ဒါပေမဲ.လဲ ရွာထဲမှာဘဲ ဝဲလယ် ဝဲလယ် ပါဘဲဗျာ …..။

  • FattyCat

    April 11, 2012 at 12:47 am

    ည ၁၂နာရီကျော်နေပြီ…
    တစ်မိနစ်ကို (၄)ကျပ်နှုန်းဖြင့် ဂေဇက်ကို တက်ဖတ်နေသည်… မပြတ်နိုင်သောသံယောဇဉ်ပါတကား…
    ဘယ်သူတွေမန့်ပါလိမ့်ဦးမည်နည်း…
    ဘယ်သူတွေ ငြင်းပါလိမ့်ဦးမည်နည်း…
    ဘယ်သူတွေ ဓာတ်ပုံရိုက်ပါလိမ့်ဦးမည်နည်း…
    ဘယ်သူတွေ ပိုစ့်အသစ်တင်လိမ့်ဦးမည်နည်း…
    သဂျီးဆီက တစ်ဆယ်ရဖို့ တစ်နာရီကြာချင်ကြာသွားပေလိမ့်မည်…
    ကိုယ့်ဘက်က အရင်ဆုံး ၇၂ကျပ် ပေးလိုက်ရသည်…
    တစ်ဆယ်ယူပြီး ၇၂ကျပ်ပေးသွားသည်…

    ခင်တဲ့-
    ကြောင်ဝတုတ်

    • etone

      April 11, 2012 at 8:30 pm

      အဟိဟိ အတူတူပဲ… သင်္ကြန်ရက် ရုံးပိတ်လို့ အင်တာနက်ဖရီသုံးမရတော့တာမို့ …. လက်ပကျွတ်လေးမ အင်တာနက်ဆိုင် ၊ ဖုန်းဆိုင် တကာလှည့်ပြီး .. တမိနစ်လေးကျပ်နှုန်းနဲ့ သုံးဖို့ ဗျာများခဲ့ရသေးတယ် … 😆

      သံယောဇဉ်များ …. သက်ရှိတွေအပေါ်တင်မကပဲ ..သက်မဲ့တွေအပေါ်မှာလည်း ဖြစ်တတ်ကြတာပဲကိုးလို့.. ယုံကြည်သွားပါပြီ …

  • chityimhtoo

    April 11, 2012 at 4:59 pm

    တဂျီးများ ပွိုင့်သွားမျှော်နေသေးတယ်…ဒီတဂျီးကမျက်နှာကြီးရာဟင်းဖတ်ပါ။ရာထူးဂုဏ်ရှိန်ကြီးတဲ့ လူဆိုနီရာကနေတောင်စိမ်းသွားသေးဒယ်..ကိုယ်တွေ့ကိုယ်တွေ့…:P

  • Khaing Khaing

    April 11, 2012 at 8:46 pm

    အော် နွယ်ဘင်နဲ့ဂ တောင်ဘာလိုလိုနဲ့ဆုံးတာ နှစ်ပတ်လည်ရှာပေ့ါ သူ့သားလေးကတော့ လောကအလယ်မှာ မျက်စိသူငယ်နားသူငယ်နဲ့ ကျန်ခဲ့ရှာသား နာ့တမီးလေးနဲ့ပေးစားလိုက်မှ ဒါမှ နာ့ရဲ့အမွေနဲ့ တူတို့ရမယ့်အမွေတွေနဲ့ပေါင်းပြီး နာ့တမီးလေး ကောင်းစားမှာ ခေတ်တွေကပြောင်းလာပြီ ဆိုတော့ နောက်ဆို မြန်မာငွေ တစ်သိန်းက အမေရိကန် ဒေါ်လာ တစ်သိန်းနဲ့ညီရင်ညီနေမှာ ……… ကောင်းတယ်ဂရေ တော်တော်ရီရတယ်ဟေ့ ……..

  • ကြောင်ကြီး

    April 12, 2012 at 8:25 am

    မုန်းမိ
    တုံးပိ
    နုန်းချိ
    ရှုံး၏..
    ကုန်းကြည့်
    အဆုံးထိ
    ပြုံးစိ
    မရုန်းဘိ..။

  • မြစပဲရိုး

    June 18, 2015 at 8:29 pm

    . ဒေါ်အောင်ဆန်းစုကြည် နိုင်ရင် ပွိုင့် တွေ နဲနဲ တိုးပေးပါနော် သူကြီးမင်း။
    တစ်သိန်းသို့ ထဲ က ၁ဝ ယောက်လုံး ကို နာမည်တွေ မြန်မြန်ပျောက်သွား အောင် ဘောနပ်စ် ပွိုင့် လေးများ ပေးဖို့ စိတ်ကူးမရှိ ဘူးလား သူကြီးမင်း။ lol:-)))
    . ပေးပါလားလို့စ်။
    ဒါမှ နောက်ထပ် ၁ဝယောက် အတွက် မိုတီဗေးရှင်း ပိုရှိလာမယ်။

    အခုတောင် ချစ်သောမမ ထိပ်ဆုံးရောက်နေပြီ။
    . ဝေဝေ ရေ – မြန်မြန် သွားကွယ်။ ကျော်ချင်ဝူး။ 😉

  • Ma Ma

    June 18, 2015 at 10:43 pm

    ခုရက်ထဲ ပွိုင့်တွေအတက်မြန်နေလို့တောင် အံ့ဩနေတာ။
    ဘာပဲဖြစ်ဖြစ် ဂဂ လိုတော့ သဂျီးမုန်းကြောင်း ရေးလို့မဖြစ်တော့ဘူး။ :k:
    အာဂရဲ့ပိုစ့်လေးတွေကလည်း တမူထူးလို့ စာမရေးတော့တဲ့ ဂဂနဲ့ ဘင်ဘင်တို့ မောင်နှံကို သတိရမိသေးတော့တယ်။

  • aye.kk

    June 18, 2015 at 11:42 pm

    သူကြီးချစ်ဆေး၊စပါယ်ရှယ်ရေး၊
    ဟာသအားဆေး၊တူမောင်ကျွေး၊ဖတ်သူစားရေး၊ရွာ့အရေး……………….။။။

  • Mike

    June 19, 2015 at 10:54 am

    .ကတောက်စ်…နာ့ကိုတစ်ယောက်ကေ ျာ်သွားပြန်ပီ“တော့(စ)က်”
    .Khin Latt (81196 Kyats )
    .kyeemite (80551 Kyats )…..နာလည်း ဘေဘီမိုက်တို့ကိုပဲ အမွေပေးခဲ့ရပေတော့မယ် :))

  • Ma Ei

    June 19, 2015 at 1:32 pm

    ဒီစာလေးတွေဖတ်ပြီး ဂဂ နဲ့ နွယ်ပင်တို့ကို စာလေးတွေပြန်ရေးစေချင်မိတယ်…

  • padonmar

    June 19, 2015 at 9:49 pm

    အေးတော့၊ဒို့လည်း ဒီသဂျီးကို မုန်းပါဘိ။အမွေပေးစရာကလည်း မရှိ။မီးဒုတ်မီးဒုတ် ရှို့ရှို့။

  • Alinsett @ Maung Thura

    June 20, 2015 at 8:52 am

    အနော်လည်း အခု ပြည့်တော့မလိုလို မပြည့်တော့ဘူးလိုလို ဖြစ်နေတဲ့ ပွိုင့် ၁ သိန်း ပြည့်ဖို့…
    မရေးနိုင်တော့တဲ့အခါ….
    .ဖွေးဖွေးနဲ့ အနော်တို့ ပေါင်းဖက်ပြီးမွေးလာမယ့် သားသားမီးမီးတွေကို တာဝန် ဆက်ပေးရအုန်းတော့မှာပဲ

    :k:

Leave a Reply