ပျော်ရွှင်ဖွယ်ဟာသ

တစ်ခါကပေါ့ကွာ..ရွာတစ်ရွာ သူကြီးသမီး မငွေတုတ်ဆိုတဲ့ အပျိုကြီးနဲ့ မောင်ပန်းထွေးဆိုတဲ့ လူပျိုကြီးရှိသတဲ့။

သူတို့တတွေ ရည်စားစကားပြောကြတာတွေကတော့ ထုံစံပေါလေ…။

အဲဒါတွေကို အသာထား

တစ်နေ့မှာပေါ့…လူပျိုကြီးကိုပန်းထွေးကို မငွေတုတ်က “ခိုးရာတော့ မလိုက်ပါရစေနဲ့၊ ရှင် ကျွန်မကိုချစ်ရင် နောက်

သုံးရက်မြောက်လာခဲ့ပါ၊ ကျွန်မအခန်းလဲ ရှင်သိသားပဲ၊ ကျွန်မစောင့်နေပါ့မယ်၊ ဪ…သတိပေးရဦးမယ်၊

ရှင်လာရင်လေ ခြေသံမကြားအောင် လာနော်၊ ကျွန်မအိမ်ကခွေကြီးက ဆိုးတယ်၊ ခွေးဟောင်လို့ ဖေဖေ မေမေ

နိုးရင် ဒုက္ခ” လို့ ပြောလိုက်တယ်။

“ဒါဖြင့် ဘယ်လိုလာရမလဲ”လို့ ပန်းထွေးရဲ့အမေးကို “အိုဒါတော့ လွယ်ပါတယ်ရှင်၊ ရှင်လာတော့ ကျွန်မအခန်းနား

ရောက်ရင် ပဲလှော်ကျွတ်ကျွတ်ကလေးတစ်လုံးသာ ဝါးလိုက်ပါ ကျွန်မတံခါဖွင့်လိုက်ပါမယ်” လို့

မငွေတုတ်ကဖြေပါတယ်။

လူပျိုကြီးနဲ့ အပျိုကြီး သူတို့ချိန်းချက်ပုံက တိမ်းကွက်မရှိအောင် စီစဉ်ကြတာပေါ့။ ဒီလိုနဲ့ ချိန်းတဲ့ရက်အရောက်

ပန်းထွေးတစ်ယောက် ပဲလှော်အစိတ်သားထုတ်ကို ခါးပိုက်ထဲပိုက်ပြီး မငွေတုတ်ရှိရာအလာ ခရီးတဝက်မှာ

မိုးမင်းက အငြိုးပြင်းပြင်းနှင့် အတင်းရွာလေတော့ ပန်းထွေးပါလာတဲ့ ပဲလှော်အကုန်စိုကုန်တော့တာပေါ့။

“သေလိုက်ပါတော့မိုးရယ် ဒီနေ့မှ ရွာရသလား နေ့တွေအများကြီး ရွာစရာရှားလိုက်တာ စသဖြင့် ပါးစပ်က

ဗျစ်တောက်ဗျစ်တောက်နဲ့ ချိန်းတဲ့ဆီရောက်သွားပါတယ်၊ လူလဲမိုးစိုထားလို့ ခိုက်ခိုက်တုန်နေသတဲ့..၊

အဲ…ချိန်းတဲ့ဆီရောက်တယ်ဆိုရင်ပဲ လုပ်ငန်းစပါတော့တယ်။ ခါးပိုက်ထဲပါလာတဲ့ ပဲလှော်ကို တစ်လုံးချင်းအသံ

ထွက်အောင် ဝါးလိုက်ပေမယ့် ပဲစေ့က မိုးမိထားလို့ အိခနဲ့ဆို ကြေသွားပြန် မျိုချလိုက်၊ နောက်တစ်စေ့ ဝါးလိုက်

အိခဲနဲ့…. မျိုချလိုက်နဲ့ ဝါးတိုင်း မျိုချရတော့ ဝမ်းတစ်ဗိုက်လုံး ပွပြီး တချွတ်မျှ မမည်တော့..။

ဒါပေမယ့် ကံကောင်းချင်တော့ ပဲအဆုံးမှာ ခဲတစ်လုံးကိုက်မိလို့ တောက် ဆိုတဲ့အသံနဲ့အတူ ချောက် ဆိုတံခါဖွင့်

ပေးသတဲ့..၊ တံခါးလဲဖွင့်ပေးရော ပန်းထွေးလဲ အခန်းတွင်း တလှမ်းချင်းဝင်သွား..၊ အခန်းတွင်းရောက်လို့ စကားက

မစရသေးခင် ဓာတ်သွားချင်လာပါတော့တယ်။

ဓာတ်သွားချင်တော့ “မငွေတုတ်ရယ် စကားတော့ပြောတာပေါ့၊ ကျွန်တော်ဓာတ်သွားချင်တယ်” လို့ ပန်းထွေးက

ပြောတော့ မငွေတုတ်က “ရှင်ဟာ ခက်တာပဲ စကားမှ တစ်ခွန်းမှ မပြောရသေးဘူး…..၊ ဓာတ်သွားချင်လဲ အိမ်သာ

ကလဲ အပြင်မှာ အဝေးကြီးရှင်..၊ ဒီတော့ ရှင်အိမ်သာသွားနေရင် ကြာတော့မယ်၊ အိမ်သာမသွားဘဲ ကျွန်မတို့

အိမ်ဝင်းခြံက ခြံတိုင်နုတ်ပြီး ဓာတ်သွားပါ၊ ဓာတ်သွားပီး ခြံတိုင်းပြန်စိုက်ခဲ့” လို့ စေတနာနဲ့မှာပါတယ်။

ပန်းထွေးလဲ ခြံတိုင်လေးနုတ်၊ အဲ… ခြံတိုင်နုတ်လိုက်တယ်ဆိုရင်ဘဲ မိုးရေတွေက တွင်းထဲဝင်သွားတာပေါ့

အဲဒီတွင်းထဲ ပဲလှော်စားပြီး ပွနေတဲ့ ဓာတ်တွေ သွားချလိုက်ပါတော့သတဲ့။ ဓာတ်တွေနဲ့ ရေတွေနဲ့ရောတဲ့အချိန်

ရည်းစားနဲ့တွေ့ချင်ဇောနဲ့ အိမ်ဝင်းခြံတိုင်ကြီး ပြန်စိုက်လိုက်တော့ ဖြန်းဆို မစင်တွေမျက်နှာ အကုန်စင်ပါလေရော့။

ပန်းထွေးလဲ မစင်တွေ ပေပွပြီး နေမရလို့ မငွေတုတ် အခန်းထဲ သွားပြီး မငွေတုတ်ရေ ကျွန်တော်တော့ ခက်ပြီ၊

မစင်တွေပေကုန်ပြီ လို့ပြောလိုက်ရာ မငွေတုတ်က “ဪ…ရှင်နဲ့တော့ ဒုက္ခပဲ အမေတို့နိုးရင်တော့ ကိုယ်ကျိုးနည်း

တော့မယ်၊ ကဲ ကဲ ဟိုနားမှာ ရေအိုးရှိတယ် သွားပြီးဆေးချေ” လို့ခိုင်းလိုက်တော့

လက်ညှိုးရေအိုးရှိရာဘက် ခပ်သုတ်သုတ်ကလေးသွားပြီး ဒါကတော့ ရေအိုးနှင့်တူရဲ့လို့ ကတ္တရာစေပုံးကြီးကို

ကော်လို့ မျက်နှာသစ်လိုက်ပြန်ပါလေရော့…။ ကတ္တရာစေးလဲ မျက်နှာပေါ်ရောက်ကရော မျက်တောင်မွေး မျက်ခုံး

မွေးပါအကုန်ကပ်ပြီး မနေတတ်မထိုင်တတ်ရှိနေတာပေါ့။ မစင်အပေါ်ကတ္တရာစေဖုံးလို့ လုံးလုံးမနေတတ် မထိုင်

တတ်ရှိတော့ မငွေတုတ်ဆီ ပြန်ပြေးရပြန်တယ်လေ။

မငွေတုတ်က “လုပ်ပြန်ပြီရှင်၊ မြွေပူရာကင်းမှောင့် ရှင့်ကြောင့်ကျွန်မတစ်ညလုံး အိပ်ရေးပျက်ရ၊ သွားသွား ဟိုဘက်

အခန်းဒေါင့် တစ်နေရာမှာ ဆီအိုးရှိတယ်၊ ကတ္တရာစေး ဆီနဲ့ထိရင်ပြောင်မယ်”လို့ ခိုင်းလိုက်ပြန်တယ်။ ပန်းထွေး

လည်း ပြေးရပြန်တာပေါ့ကွယ်။ အခန်းတွင်းရောက်လို့ ဆီအိုးအဝကျဉ်းကျဉ်းလေးကို လက်နှစ်ဖက်နှင့် စုံနှိုက်လိုက်

ရာ လက်နှစ်ဖက်စလုံး နှုတ်မရဘဲဖြစ်နေပြန်တယ်။ ပန်းထွေးလဲ ဒီတစ်ခါ ဟိုပြန်သွားရင် မငွေတုတ်အဆူခံရတော့

မယ်လို့ ကြံပြီးပြန်မသွားဘဲ လက်စွပ်နေတဲ့ဆီအိုးကြီး ခွဲဖို့ မှောင်ကြီးမဲမဲတွေ့ရတဲ့ ယောက္ခမအိမ်နေတာကို တုံးကြီး

မှတ်ပြီး လက်စွပ်နေတဲ့ အိုးကြီးနဲ့ ယောက္ခမကြီးခေါင်းကို ခွမ်း ဆိုရိုက်ခွက်လိုက်ပြန်သတဲ့..။

ယောက္ခကြီးကလဲ “အမလေး သေပါပြီ မျက်နှာမဲကြီးနဲ့ သရဲသဘက်ကြီးက ခွတ်ကနဲနေအောင် ကျွန်မခေါင်းကို

ရိုက်တယ်..” ဆိုပြီးအော်ပါလေရော့။

ပန်းထွေးလဲ မငွေတုတ်အခန်းတန်းပြေးပြီး “မငွေတုတ်ရေ…ဒီတစ်ခါတော့ ရာဇဝတ်အိုး ဒုတ်နဲ့ထိုးမိပြီ၊

ကဲဘယ့်နှယ်လုပ်မလဲ” ပြောပြီး မတတ်နိုင်ပေါင် အိမ်အပေါ်ထပ်က သင်္ဘောကြမ်းတင်ထားတဲ့ အပေါ်တက်ပြီး

အထက်မှာတင်ထားတဲ့ လဲတောင်းထဲ ဝင်နေလိုက်ပြန်တယ်။ မျက်နှာက ကတ္တရာစေးနဲ့ လဲတွေနဲ့ လုံးထွေးနေတာပေါ့

တွေးသာကြည့်ကြပါတော့ အရပ်ကတို့ရေ…။

မနက်ရောက်တော့ အိမ်အန္တရာယ်ကင်းအောင်ဆိုပြီး သုဿာန်ကျောင်းက ဘုန်းကြီးရှစ်ပါး ပရိတ်ကမ္မဝါ နာဖို့ ပင့်

လိုက်ကြပါတယ်။ သူကြီးအိမ် ဘုန်းကြီးများရောက်ရင်ဘဲ ကမ္မဝါဖတ်ဖို့ ပြင်ဆင်ကြတာပေါ့၊ သင်္ဘောကြမ်းစင်ပေါ်

က ပန်းထွေးကလဲ သူကြီးအိမ်ဆိုတော့ ပရိတ်ကမ္မဝါရွတ်အပြီး သေနတ်ကြီးများထောင်ဖောက်လိုက်ရင် ငါ့များမှန်

လေမလားလို့ သံသယမျက်လုံးနဲ့ ကမ္မဝါဖတ်တဲ့ ဘုန်းကြီးရှစ်ပါးကို ချောင်းကြည့်နေသတဲ့။

ဘုန်းကြီးများက “သုဏာတု မေ” လို့လဲဆိုရော ဝုန်းဆို အပေါ်ကပန်းထွေး လဲတွေနဲ့ပွပြီး ဘုန်းကြီးတွေကြားထဲ

ပြုတ်ကျလိုက်တော့ ဘုန်းကြီးရှစ်ပါး ယပ်တောင်ပစ်ပြီး ပြေးကြလေသတဲ့။

အဲဒါကိုပဲ ယပ်ပစ်ရှစ်ပါးလို့ ဆိုကြသတဲ့ကွယ်….

အဟဲ ………ရပ်ပစ်ရှစ်ပါးနဲ့တော့ မလွဲလိုက်ပါနဲ့နော်…

6 comments

  • sugar sugar

    April 10, 2012 at 4:39 pm

    ပဲကြီးလှော် စားရမှာ တောင် အင်

  • ပိုင် ပိုင်

    April 10, 2012 at 4:45 pm

    မိုးမိပြီးရေချိုသွားလို့ပါ။ဒါမို့ဆို တစ်စိနဲ့ ok လောက်ပါတယ်။

  • sugar sugar

    April 10, 2012 at 4:46 pm

    အင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

  • ဗိုက်ကလေး

    April 10, 2012 at 4:51 pm

    ရာဇဝတ်အိုး ဒုတ်နဲ ့ထိုးတဲ့အပြင် ယပ်တောင်ပစ်ပြီးပြေးအောင်ပါလုပ်တာပဲ..
    မောင်မင်း..
    ရာဇဝတ်မှုမြောက်တယ်..ဒဏ်ငွေတစ်ထောင်ဆောင်စေ

  • cobra

    April 10, 2012 at 5:04 pm

    တော်ေတော်ဆိုးတဲ့လူပျိုကြီးရဲ့အဖြစ်ပဲ
    ပါးစပ်ထဲရောက်ခါနီးမှပြုတ်ကျသွားတာပဲ။

  • dalearalnear dalearalnear

    April 10, 2012 at 9:47 pm

    ပဲလှော်တစ်စေ့ကို ထောင်ဒဏ် တစ်နှစ် ပြီးတော့ ဓာတ်သွားတာက ထောင်ဒဏ်တစ်နှစ် ပေါင်းထောင်တစ်သက်လွတ်ရက်မရှိစေရ ဒီရုံးတော်မှ အမိန့်ချမှတ်လိုက်သည်
    ပုံ
    သူကြီးယောက်ဖ သူငယ်ချင်းရဲ့သူငယ်ချင်း

Leave a Reply