Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ပန်း ………..

Khaing KhaingApril 10, 20124min43536

လေးပေါက်ရေ ကျေးဇူးနော် တင်ပုံလေးကို သင်ပေးလို့ ……… တော်တော်စိတ်ရှည်ရတာပဲ …. ဒါတောင်ကိုးနတ်ရှင်ကောင်းလို့တော်သေးတယ် ……… ဒီပုံတွေဘာလို့ရိုက်ဖြစ်လဲဆိုရင် တစ်နေ့တူရကင်မလာလေးကို ကိုင်ပြီး ကပ်ပီတယ်ရှေ့ကပန်းလေးတွေကိုရိုက်တော့ တူရက ကိုဂီက ပန်းလေးတွေက အနောက်ကဘက်ဂဒေါင်းဝါးအောင်ရိုင်တဲ့နည်းကိုပြောတယ်မခိုင် အဲဒါမျိုးရိုက်ကြည့်ပါလားဆိုတာနဲ့ အိမ်မှာ ပျင်းပျင်းရှိ လိုက်လျှောက်ရိုက်မိတာ ……..

ခရေပန်းလေးကို ရေဖျန်းပြီး ရိုက်ထားတာပါ အုန်းပင်ပေါ်ကိုတက်ခူးထားတာ

 

 

ကြည့်သွားရင်ကိုပဲ ကျေနပ်ပါတယ် ……..

 

နောက်မှဆက်ရိုက်ကြည့်ဦးမယ်ဗျာ …..

36 comments

  • Mလုလင်

    April 10, 2012 at 2:25 pm

    စိတ်ကူးကိုလေးစား သွားပါကြောင်း …..

  • water-melon

    April 10, 2012 at 2:26 pm

    အခြောက်မျက်စိနဲ့ခံစားသွားပါတယ်တော် 😀

  • Moe Z

    April 10, 2012 at 2:29 pm

    အားပေးသွားပါတယ်နော်
    စံပယ်ဖူးလေးတွေက ချစ်စရာကောင်းတယ် ..

  • Mလုလင်

    April 10, 2012 at 2:29 pm

    အနောက် က မဝါး ပဲ အရှေ ့က ဝါးနေတာ … auto focus system ကြောင့် ပဲနေမှာ

    • Khaing Khaing

      April 10, 2012 at 2:44 pm

      ကိုလုလင် ညီမရဲ့တစ်ချို့ပုံတွေက အရှေ့ဝါးနေတယ် အခုမှစရိုက်ခါစဆိုတော့ ကင်မလာအထာ ကိုသိပ်မသိဘူး ကင်မလာက အပေါစားပါ ပန်းပွင့်ပုံလေးကို နှိပ်လိုက်တယ် ခဏနေတော့ရိုက်တယ် ဒါပေမယ့် သဘောတရားကိုသိပ်နားမလည်ဘူး ……. ကိုယ်တိုင်ရိုက်မှ ဒါ့ပုံတစ်ပုံကောင်းထွက်ဖို့ တော်တော်စိတ်ရှည်ရတယ်ဗျာ …. အဲနေ့က နေ့ခင်း ၁၂ နာရီကတည်းကရိုက်တာ နေပူထဲ ဦးထုပ်ဆောင်းလို့ပေ့ါ …….. ဝူးပင်ပန်းလိုက်တာ …….

      ဖရဲမ ညည်းအတွက်ခရေပန်းက ညည်းပဲအကြွေပန်းကိုလိုချင်တယ်ဆို ……

      ဒါပေမယ့်သိအောင်ပြောမယ်နော် ခရေပန်းက “ခ” ပါလို့ တို့မောင်လေးခကို ဂုဏ်ပြုပြီးရိုက်ထားတာ ….. မကြွေသေးဘူး နာကိုယ်တိုင် အုန်းပင်ပေါ်တက်ခူးထားတာ …..

      မိုးစက်ရေ အားပေးတာ ကျေးကျေးနော် ……..

  • အရင့်ရောင်

    April 10, 2012 at 2:32 pm

    ပန်းကလေးများပွင့်တော့မည်
    ဖူးတံဝင့်လို့ချီ
    ပွင့်တော့မှာပေါ့နော်

  • sugar sugar

    April 10, 2012 at 2:33 pm

    အားပေးသွားပါတယ်၊စိတ်ကူးကောင်းပါတယ်။

  • Rose Minn

    April 10, 2012 at 2:46 pm

    photo shop နောက်ခံတင်လို့ကောင်းမယ့်ပုံတွေ ပဲ။ ယူမယ်နော် ယူမယ်နော် မပေးပေး။ ပေး ပေး ပေးပေး။ ဟိ ဟိ။ အော် စနတ်ရှော့ တစ်ယောက်တိုးပြန်ပါပေါ့လေး တော်။

    • Khaing Khaing

      April 10, 2012 at 3:08 pm

      မရို့စ် ယူစေဗျာ ယူစေ …. လေးပေါက်ပုံတွေလဲ ဒီလိုပဲ ယူပြီ တင်ထားတာပဲမှတ်လား လူဇိုးမကြီး……. ဦးနှောက်ကိုမရှိဘူး အလကားနေဒေါင်းနေတယ် နာဆီလာတောင်းပါလား ခခယယ လေး …….. နာ့စက်ကနေ ဆွဲယူပေ့ါအေ ……

  • sugar sugar

    April 10, 2012 at 2:48 pm

    ငုဝါပန်း နဲ့ ခရေပန်းကို သဘောကျတယ်

  • သမိန်ဂီ့

    April 10, 2012 at 2:49 pm

    trigger ကို half-way down နှိပ်ထားပြီး
    ချိန်ရင် ဖိုးကပ်စ် ပြတ်ပါတယ်ဗျာ…
    အားပေးသွားပါတယ်ဗျ

    😀

  • Khaing Khaing

    April 10, 2012 at 3:01 pm

    အရင့်ရောင်ရေ မနက်ပိုင်းမှာ ပွင့်နေတဲ့ စံပါယ်ပန်းတွေကို ခူးပြီးဘုရားတင်လိုက်ကြတယ်လေ ဒါကြောင့် အဖူးလေးတွေပဲကျန်တော့တာ ……….

    သကြား သကြားလားမသိဘူးနော် ရူးဂါးဆိုတော့ ……. ငုဝါပန်းက အခုမနက်ရုံးလာခါနီးမှရိုက်လာတာ … ခရေကတော့ အဟိ မျောက်လုပ်ပြီး ခူး ပြီးတော့ရိုက်ထားတာ …..

    ကိုဂီရေ ဒီငတုံးမက ကင်မလာကိုကိုင်ပြီး သေချာဒီလိုဒီအချိန်မှာ ခလုတ်နှိပ်ဆိုမှရတာဗျ ဒါပေမယ့်ကိုဂီပြောတာရော ကိုလုလင်ပြောတာရောမှတ်ထားပါတယ် ဦးဇင်းတူရ လူပြန်ထွက်မှ သေချာ ပြခိုင်းမယ် …..

    အဟိမီးက လျှပ်တပြတ်တော့ကျွမ်းတယ်နော် ကိုဂီရန်ကုန်လာရင်သာသတိထား …. ရွာသားတွေနဲ့ ကဲနေပုံကို အမိအရကိုရိုက်ထားမှာ … တစ်ခြားရွာသားတွေရဲ့ပုံတွေတောင် မီးမှာချိတယ် မကျေနပ်ရင် ဖေ့ဘုတ်မှာတင်မယ်လို့ …. ခြောက်လန့်ထားတယ် အညှာကိုင်ထားတာ အဟိ …….

  • အကြီးကြီးမှ တကယ့် အကြီးကြီး လန့်လန့်စရာ။
    သေးသေးလေးလုပ်ပါဟယ်။
    ဒီလိုအကြီးကြီးရိုက်ရင် ညည်းကင်မရာထဲ ငါမဆန့်လောက်ဘူးနော်။

    • Khaing Khaing

      April 11, 2012 at 1:06 pm

      လေးပေါက်ကြီး ကိုဖက်ကတ်တောင် မီးကဆန့်အောင်ရိုက်နိုင်တာ လေးပေါက်ကြီးကိုလဲ ရိုက်ပေးမယ် ဆန့်စေရမယ် မပူနဲ့နော် ….. လေးပေါက် ရန်ကုန်လာရင် Welcome နော် သတ်သတ်ကိုပြုစုဦးမှာ ………. မရို့စ်ကတော့ မနက်ကမြစ်ကြီးနားလစ်ပြီ မီးကို ၁၉ ရက်နေ့ မန်းကိုတက်လာဖို့ခေါ်ထားတယ် မီးကတော့ ချစ်ချစ်ပြန်လာမှပဲလာတော့မယ် ….

  • sugar sugar

    April 10, 2012 at 4:28 pm

    ကြောက်စရာပဲ ရန်ကုန်မလာရဲတော့ဘူး ကြောက်တယ်။ဟုတ်ကဲ့ သကြားပါခင်ဗျ။မန္တလေးသကြားပေါ့

  • kyeemite

    April 10, 2012 at 4:47 pm

    မိခိုင်..တယ်လဲကြိုးစားထားပါလား..
    ရွာ့ဒါ့ပုံဆြာတွေငိုကုန်မယ်နော်..

  • char too lan

    April 10, 2012 at 5:25 pm

    နှင်းဆီ စပယ် နဲ့ ဇီဇဝါကိုကြည့်ရတာ အနံ့တောင်ရ သလိုလို ဖစ်တွားဒယ် 😀

    • Khaing Khaing

      April 11, 2012 at 1:11 pm

      မန္တလေးက သကြားရေ လာပါ ….. မကြောကပ်ပါနဲ့နော် ….. မိုးပေါ်ကသကြားမဟုတ်ဘူးနော် ….

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 10, 2012 at 7:05 pm

    အလိုလေးနှမတော်ခိုင်……အပြွတ်ဆိုတဲ့အတိုင်းအဝါရောင်ပန်းပွင့်တွေအပြွတ်လိုက်ကြီးကိုရိုက်ထားတာပဲ…
    မောင်တော်လေးကြိုက်ပါ့ကွယ်…ဒီတစ်ခါမစိမ်းဘူးဝါပေးမယ်….
    အိမ်းလက်ရာလေးကောင်းလေစွကောင်းလေစွ……..ရင်သပ်ရှုမောစရာမျက်စိပသာဒကျပေစွ…….
    😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀 😀
    😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆 😆
    😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉 😉
    ဆက်ကြိုးစားပါနှမတော်…..

    • Khaing Khaing

      April 11, 2012 at 1:20 pm

      မောင်တော်ရှမ်းစော်ဘွားလေးခ နှမတော်က မောင်တော်လေးအတွက် `ခ´ ရေပန်းကိုရိုက်ပေး တာပဗုရား …….. အဟိ အခုလို ချီးမွှမ်းထောပနာပြုတာ ကျေးဇူးကြီးမြတ်လှကြောင်းပါဖုရား ….

  • Khin Latt

    April 10, 2012 at 7:26 pm

    ခိုင်ခိုင်ရေ
    ခရေပန်း လေးတွေကို မြေပေါ်မှာဘဲ ကြွေနေတာ မြင်ဘူးတယ်။
    အခုလို မကြွေခင် ပန်းလေး အပင်ပေါ်မှာ ရှိနေတုန်း ရိုက်ထားတဲ့ အိုင်ဒီယာ က အတော်ကောင်းတယ်။
    ရေထဲမှာ ချထားတဲ့ ပန်းလေးတွေ ကို ရိုက်နေသူ ရဲ့ အရိပ်တွေ့မလားလို့ ရေထဲ မှာ ရှာကြည့်ခဲ့တယ်။
    အဲဒီပုံလေး ကိုလဲ ကြိုက်တယ်။ 🙂

    • Khaing Khaing

      April 11, 2012 at 1:33 pm

      အရီးလတ် အားပေးတာကျေးဇူးပါနော် ……… အရီးလတ်တို့ရဲ့စိတ်ဓာတ်နဲ့ ဖော်ရွှေပုံကို အမြဲလေးစားမိပါတယ် …….. အခုလို သမီးတို့အပေါ်မှာ ဝေဖန်အကြံပေးတာ ဝမ်းသာဂုဏ်ယူမိပါတယ် ……… ရေထဲမှာရိုက်တဲ့ပုံမှာ ရိုက်နေတုန်းသမီးအရိပ်ကိုတွေ့လိုက်တယ် မပါအောင်သတိထားရိုက်ဖြစ်လိုက်တယ် အရီးလတ်ရေ …….. အမှန်အတိုင်းပြောရရင် ကိုယ့်ရုပ်ကမလှတော့ မဖေါ်ချင်ဘူးလေ သူများတွေမြင်အောင် အဟိ အရီးလတ်လောက် သမီးကမလှပါဘူးဗျာ ……. စိတ်ဓာတ်ပိုင်းမှာရောပေ့ါ ………

      ခင်မင်ရင်းနှီးစွာဖြင့်
      Khaing Khaing

  • ရွာစားကျော်

    April 10, 2012 at 8:25 pm

    ရွာထဲမှာ ဓါတ်ပုံဆရာမ တစ်ယောက်တိုးလာပြီပေါ့ဗျား
    အားပေးသွားပါကြောင်း

  • FattyCat

    April 11, 2012 at 12:41 am

    ဓာတ်ပုံဆရာမဖြစ်သွားသောအခိုင်ရေ-
    ဓာတ်ပုံအကြောင်းကို နားမလည်သေးပေမယ့် ညီမလေးလက်ရာက အစ်ကို့ထက်သာလွန်သောကြောင့်
    အမြဲအားပေးနေပါတယ်နော်…

    ခင်တဲ့-
    ကြောင်ဝတုတ်

  • mocho

    April 11, 2012 at 10:49 am

    တကယ့် ဆြာကြီး အကွက်တွေပါပဲလား ခိုင်ခိုင်ရေ။ အမကတော့ တပုံလုံး ဝါးအောင် ရိုက်တတ်တယ်ဗျို့။

  • Khaing Khaing

    April 11, 2012 at 1:39 pm

    ကိုရွာစားကျော်ရေ ဆရာမဆိုတာတော့မသုံးပါနဲ့ရှင် အပလာမပါ …….. အားပေးတာကျေးဇူးပါနော် …..

    ကိုဖက်ရေ …. ညီမနဲ့မတန်တဲ့စကားတွေကို မပြောပါနဲ့ ….. လူဆိုတာသူ့နေရာနဲ့သူ တော်တာရှိပါတယ် ကိုဖက်က ညီမထက်ပိုတော်ပါတယ် စိတ်ဓာတ်ပိုင်းမှာရော ပညာပိုင်းမှာရောပါ ….

    မမမိုချို …….. သူများနဲ့မတူအောင်ရိုက်နိုင်တာလည်း ဆရာကြီးပါပဲ ……….

    အားလုံးကိုကျေးဇူးတင်ပါတယ်
    Khaing Khaing

  • Khaing Khaing

    April 11, 2012 at 2:40 pm

    လေးပေါက် တုတ်ကောက်ကို မီးမကြောက် ဆေးတံကြီးနဲ့ခေါက် ဒေါက်…… ဒေါက်…… အဟီး ကန်တော့နော်လေးပေါက် နောက်တာ ……….

  • TTNU

    April 11, 2012 at 3:48 pm

    နောက်ဆုံးပုံလေးအကြိုက်ဆုံးပါပဲ။
    ငါးပိရည်နဲ့ အတို့အမြုပ်စားချင်လာပြီ။

    ပန်းတွေထဲမှာခရေပန်းလေးပုံက သိပ်ကဗျာဆန်တယ်။

    • Khaing Khaing

      April 11, 2012 at 10:20 pm

      Teacher နုရေ ……….. စားချင်ရင် တပည့်မလေးရဲ့ခြံနောက်မှာရှိပါတယ် ……. အခုလိုတီချယ် အားပေးတာ ကျေးဇူးပါရှင် … နောက်ကျောင်းတက်ရင် တီချယ်အတွက် ပန်းခူးလာပေးဦးမယ်…

      အတန်းထဲမှာ အညံဆုံးတပည့်မလေး
      Khaing Khaing

  • pooch

    April 11, 2012 at 4:17 pm

    ၁၂ ပုံမြောက် ရေထဲက ပန်းပေါင်းစုံအလှကို အ ကြိုက်ဆုံးပါ။ ပန်းတွေကို ရိုက်ထားတဲ့ အိုင်ဒီယာလေးက နှစ်လိုဖွယ်ကောင်းပါတယ်။ အဲ့ဒီပုံလေး ရှယ်သွားပါတယ်။
    ခွင့်ပြုမယ်ထင်လို့ အဲ့ဒီပုံလေးကို profile pic မှာ ယူသုံးလိုက်ပါတယ်။

    ရွာထဲကို စိတ်ရှင်းရှင်းနဲ့ ပြန်လာနိုင်တဲ့အတွက်လည်း ကြိုဆိုပါတယ်။

    ဒါနဲ့ ပုံတွေ ကို အဲ့လိုလေး တပုံနဲ့ တပုံ ဆက်မနေစေချင်ရင် တပုံတင်ပြီးတိုင်း enter လေး ခေါက်ပြီး တင်လို့ရပါတယ်။ ပုံအောက်မှာ စာပေါ်ချင်ရင် caption မှာရေးလို့ရပါတယ်။

    ဓာတ်ပုံရိုက်ရာမှာ လက်ဆ ရှိသူတယောက်လို့ မှန်းမိပါတယ်။ နောက်လည်း အတွေးလှတဲ့ ပုံတွေ များများ တင်နိုင်ပါစေ။

    • Khaing Khaing

      April 11, 2012 at 10:33 pm

      Poochရေ အခုလိုသင်ပြပေးတာကျေးကျေးပါ ………. သမီးပုံလေးကို ယူသုံးလို့ ရင်ထဲမှာ အတိုင်းမသိဝမ်းသာပါတယ် …. ရေထဲမှာရိုက်တဲ့ပုံတွေရှိသေးတယ် ဒါပေမယ့် တင်ဖို့အချိန်မရှိ တော့လို့ ညီမတင်တာတွေကို ကြိုက်သလိုသုံးခွင့်ရှိပါတယ် ……..

      ခင်မင်စွာဖြင့်
      Khaing Khaing

  • manawphyulay

    April 11, 2012 at 4:42 pm

    ပန်းလေးတွေကို ရေထဲမှာ ချပြီး ရိုက်ထားတာ အိုင်ဒီယာအတော်ကောင်းတယ်။ ရိုက်ချက်လေးတွေလည်း ကောင်းတယ်။ အင်း ရွာထဲမှာ အဲ မန်းလေးမှာဆိုရင် ပိုပြည့်စုံမယ်ထင်တယ်။ ဓာတ်ပုံဆရာကြီးတွေ အတော်ပေါလာပြီနော် တစ်ခါလောက် လာသင်ဖို့စိတ်ကူးထားတယ်။ ပန်းခရေ နန်းလယ်မှာမတင့်တယ်ပေမယ့် မနောစိတ်ထဲမှာတော့ ချမ်းမြေ့မှုကို ဖြစ်စေတယ်။

    • Khaing Khaing

      April 11, 2012 at 10:35 pm

      မမ မနောဖြူတို့လိုလူတွေအားပေးတာ အရမ်းဝမ်းသားပါတယ် …….. ညီမရဲ့ပန်းလေးကို မမရဲ့ ဆံနွယ်တွေမှာပန်ပေးချင်တာဗျ …………

  • htet way

    April 11, 2012 at 5:03 pm

    ကျွမ်းမြိုက်ဆူ အလွမ်းတွေနဲ့
    ပန်းကြိုက်သူလွမ်းနေတတ်အောင်…..
    ပန်းတွေကိုကြည့်ရှု့ ခံစားသွားပါတယ်။

  • Khaing Khaing

    April 11, 2012 at 10:37 pm

    ကိုထက်ရေ ………. လွမ်းနေသူကို ပန်းတွေနဲ့ ရင်ပူအောင်ထပ်လုပ်မိတယ်ဗျာ …… အလွမ်းတွေသာရနေ တယ်ဆို ပန်းတွေကို ညီမက ကိုထက်ကိုထပ်ပေးချင်တယ် ………

    ကိုထက် မတတ်တခေါက်နဲ့ ရေးတာမှားတာရှိရင်ခွင့်လွှတ်နော်

Leave a Reply