ရေပက်ခံထွက်သူများဆင်တူဝတ်စုံဖြင့်ရေပက်ခံထွက်သူများမိသားစု ရေပက်ခံထွက်သူများရေပက်နေတဲ့ မန်းပျိုဖြူများသူတို့ရဲ့ ဆံပင် စတိုင်လ်ငှက်ပျောသီးကြော်သည်စပျစ်သီးနှင့် သရက်သီးသည်အပူအပင်ကင်းတဲ့ ကလေးများ။ ကျုံး၊ ရေကန်၊ ကမ်းခြေ မဟုတ်ပါ။ ပက်လိုက်သောရေများ ထွက်စရာ မရှိသောကြောင့် လမ်းပေါ်တွင် အိုင်ထွန်း၍ နေသောကြောင့် ကလေးများ ကူးခတ်ဆော့ကစားနေခြင်းဖြစ်ပါသည်။Thingyan Swimming pool 🙂နေရာကတော့ လမ်း ၈ဝ ၁၃x၁၄ ကြား♫ "I Feel Good".... ♫ဪ... သီလရှင်တွေကတော့ အားလုံးကျောခိုင်းပြီး သူတို့ခရီး သူတို့ နှင်လေပြီ။....This is my test shot for panning techniquepanning shot of a happy family on motorbike...best panning shot i had for today...
23 comments
etone
April 13, 2012 at 2:58 am
ဟွန့် …ငိုချင်တယ် … 😥
သူများပျော်လို့ မပျော်နိုင်ပဲ … မျက်စိကြီးယောင်ကိုင်းနေလို့ …သင်္ကြန် အပြင်မထွက်ပဲ တစ်နေ့လုံးလှိမ့်အိပ်တာ ….မနက်သုံးနာရီလောက်ကျတော့ .. အိပ်မရလို့ အွန်လိုင်းတက်ကြည့်ပါတယ် …. သင်္ကြန်ရဲ့ ငွေ့သက်တွေချည်းပဲ …. ။ သူများတွေကိုမနာလိုဘူး … ဟွန် ့ ….
အန်းနီးဝေး … ဓါတ်ပုံတွေအတွက် ကျေးဇူးပါနော် ….
Thel Nu Aye
April 13, 2012 at 8:02 am
သူများပျော်လို့မပျော်နိုင်အိတုန်းကြီးမျက်စိနာလို့မှိုင်။ ဟီဟိ
ကိုရင်မောင်
April 13, 2012 at 5:01 am
သူများပျော်လို့မပျော်နိုင်ရည်းစားပျောက်လို့မှိုင်(မျက်စိနာလို့မှိုင်)
အပျိုပိန်ပိန်ရေမစိမ်နဲ့အီကြာကွေ့အီကြာကွေ့
အပျို ဝဝရေမချနဲ့ပူစီပေါင်းပူစီပေါင်း…..
အယင်က…သင်္ကြန်ရောက်ယင်ကြားဘူးနေတဲ့ နောက်ပြောင်ကြည်စယ်အသံများပါ
ခုအချိန်ဘယ်လိုများနောက်ပြောင်ကြည်စယ်ကြပါလိပ်……
ကိုရင်မောင်
April 13, 2012 at 5:10 am
သင်္ကြန်ဓါတ်ပုံများတင်ပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ပြည့်မင်းလူရေ
နောက်လဲထပ်တင်ကြပါအုံး
အလွမ်းပြေကြည့်ချင်လို့ပါဗျို…….
အားကိုးပါတယ်….
htoosan
April 13, 2012 at 6:39 am
7 days facebook မှာတင်ထားတဲ့ ပုံကတော့ ဘန်ကောက် ပက်ဖုန်းနိုက်ကလပ် ရောက်သွားလား အောက်မေ့ရတယ်။ http://www.facebook.com/7daynews
သမိန်ဂီ့
April 13, 2012 at 6:55 am
ပျော်နိုင်သူတွေ ပျော်ကြတာ
ချဉ် … အဲ့လေ…
မုဒိတာ ပွားပါအိ….
😀
မျှဝေပေးတဲ့အတွက်ကျေးကျေးပါ…
ခင်တဲ့
ဂီ
memeseku
April 13, 2012 at 8:51 am
ပျော်ကြမှာပဲနော်…. သူများတွေတော့
သင်္ကြန်ဆိုတော့ သူလဲမလာတော့ဘူး.. အထီးကျန်လိုက်တာ..
ဒီအခန်းကျဉ်းလေးထဲမှာ…. နှစ်ဆန်း၁ရက်နေ့ထိနေရဦးမယ်…
ဘဝဘဝဘဝ အသက်ကြီးလာလေ ပျော်စရာတွေဆိတ်သုဉ်းလာလေပါပဲလား..
စော်ဘွားလေး မောင်မာန်ခ
April 13, 2012 at 9:13 am
အဲတော့ဘူတိုက်ပိတ်ခံထားရလို့လဲ…ပြောပုံကြီးက……
ဦးမင်းလူ….သားလဲအဲလိုပုံတွေရိုက်ချင်တယ်….သားမှာကင်မလာကောင်းကောင်းချိဝူး….
ဘာကင်မလာကိုင်လဲ…..ဘယ်ဂီယာတုန်းယဲ…. ရိုက်တာတွေကတော့တယ်လီကိုကောင်းကောင်း
ကစားထားတာပဲ…..ကောင်းလိုက်တာနော်….. အားကျချရာကြီး…..တူများကတော့…
ကင်မလာအစုတ်လေးနဲ့ပဲလိုက်ရိုက်ရတော့မယ်……..
pyiminlu
April 13, 2012 at 11:19 pm
ငါ့တူ မောင်မာန်ခ…မေးလို့ ဖြေရတာပေါ့ကွာ။ ဦးလေးကတော့ အားမကျစေချင်ဘူး…ဒီရောဂါက ကုရခက်တယ်။ ရောဂါရင့် ရင် ရင့်သလောက် ငွေကုန်တယ်ကွဲ့။ သုံးတာကတော့ Nikon D90, 55-200mm Nikkor Lens
ဆူး
April 13, 2012 at 9:19 am
အဲဒါကြည့်ချင်နေတာ အတော်ပဲ.. မနေ့က တနေ့ကုန် အင်တာနက် ပျက်နေလို့ ဒိနေ့မှ ရတယ်။
မနေ့က ကိစ္စ ရှိလို့ မဖြစ်မနေ အပြင်ထွက်လိုက်တာ ပူတာနဲ့ ရေနဲ့ တွေ့ပြီး ဖျားချင်သလိုလို ဖြစ်နေတာ.. ဟိဟိ.. ဥပုသ်စောင့်တာပဲ ကောင်းပါတယ်။
ကျုံးရေက ကန်ဖြစ်နေတာ တော်တော် ဆိုးတယ်နော်။ ကျုံးထဲ ပြန်ကျသွားသင့်တယ်။
မြို့ကြီးက လူတွေ ရေတော်တော် ဖြုန်တဲ့ အချိန်လို ဖြစ်နေပြီနော်။
ရန်ကုန်မှာလည်း တော်တော် ဆိုးတယ်။ ရေတွေ လမ်းပေါ်မှာ ကန် ဖြစ်နေပြီ။
ရောင်ခြည်ခ
April 13, 2012 at 10:15 am
တရားစခန်းလည်း မဝင်ဖြစ်၊ မန်းတလေးလည်း မပြန်ဖြစ်တော့ ပုံလေးတွေကြည့် အလွမ်းဖြေရတဲ့အတွက် ကျေးကျေးပါ…
AKKO
April 13, 2012 at 11:40 am
ဂေဇက်က ရွာသူရွာသားအားလုံးနဲ ့ပျော်ပျော်ကြီး သင်္ကြန်မှာ အတူတူူဆင်နွှဲလိုက်ချင်ပါရဲ ့။
သမိန်ဂီ့
April 13, 2012 at 11:58 am
ကိုယ့်ဆြာကမှ ဘေးနားမှာ ဆုံသင်းတုန် တယောက်လုံး ရှိပါသေးတယ်ချင့်…
သများတို့မှာသာ …. (ပကျွတ်… သည်ကျွန်းပေါ်…ငှက်ပျောပင် မရှိဘူးထင့်..)
🙁
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 13, 2012 at 12:09 pm
ပျော်စရာကြီးပါလားနော်။ဟင့် အိမ်ထဲပုန်းနေရတယ်။
မိသားစုလိုက် ဆင်တူဝတ်စုံဝတ်ထားတာလားဟင်
Khaing Khaing
April 13, 2012 at 3:12 pm
အိုအေ …… အားမကျပါဘူး …… အွန်း ………. ငယ်ငယ်တုန်းကပျော်ပြီးသွားပြီ ……. ဟန်ဆောင်ပြောနေ တာ ချစ်ချစ်မရှိလို့မကဲရဘူး စိတ်ထိခယက်ပါတယ် …… သင်္ကြန်ကိုတောင်မကျစေချင်ဘူး ……. အိမ်တွင်း ပုန်းကုလားမဖြစ်နေပြီ ………
မိုးချမ်းမြေ့
April 13, 2012 at 5:44 pm
ပျော်သူကပျော်…
ပျက်သူကပျက်…
ဖက်သူကဖက်…
တက်သူကတက်…
သောက်သူက သောက်…
ငေါက်သူကငေါက်…
လိုက်သူကလိုက်(ရည်းစားကိုလင်လုပ်ဖို့)
ရှိုက်သူကရှိုုက်..(ဘာလုပ်ခံရမှန်မသိ)
မိုက်သူကမိုက်…
ဆဲသူကဆဲ…
ဟဲသူကဟဲ….
ဘုန်းကြီးလည်း လူထွက်ကဲ…
သီလရှင်လည်း ဆံပင်တုတတ်ကဲ…
ကဲ…ဆဲ…မိုက်…ဆိုး………အမျိုးမျိုးနဲ့ သင်္ကြန်ရေ…..တို့ကတော့…
တို့ကတော့…တို့ကတော့ ဝေးဝေးကနေ..ဥပုဒ်စောင့်မယ်..မင်းကတော့
ကားတိုက်သေပါစေ…(ဆိုရင်…မကောင်းဘူးပေါ့)။ မင်းကဲလို့ ဝ ရင်…
ဘုန်းကြီးကျောင်းလည်း မင်းလေးလိုက်လာနော်…ဘုန်းကြီးဆိုးကြီးတွေ….
ပြေးထွက်လာပြီး မင်းကိုကြိုနေမယ်…(တရားဟောဖို့…ဟို့..ဟို့)
pyiminlu
April 13, 2012 at 11:25 pm
comments များ အားလုံးအတွက် ကျေးဇူးပါ။
ကိုပေါက်(မန္တလေး)
April 13, 2012 at 11:31 pm
မုိုက်သဗျာ
ကျနော်မှာရိုက်ခွင့်မကြုံသေး
ပုံကလေးတွေ အသက်ဝင်လွန်းပါ၏။
zaw min
April 14, 2012 at 1:25 am
မောင်မင်း သမန်းဂီရေ…အရှေ့ကျွန်းမှာ ဌက်ပျော်ပင်ရှိရန်မလို ဂျပွန်အရုပ်ပေါသကိုး….
zaw min
April 14, 2012 at 1:30 am
ဒီပုံတွေကိုကြည့်ပြီး လွန်ခဲ့တဲ့အနှစ်(၂၅)လောက်ကို ပြန်ရောက်သွားသလိုခံစားလိုက်ရတယ်။၁၉၈၅၊၈၆၊၈ရ အဲဒီနှစ်တွေမှာ မန္တလေးမှာပဲ သင်္ကြန်ကျခဲ့တာ…မန်းသင်္ကြန်နဲ့ဝေးခဲ့တာ နှစ်ပေါင်း(၂၀)ကျော်သွားပါပြီပေါ့လား….။
kai
April 14, 2012 at 4:47 am
“စပျစ်သီးနှင့် သရက်သီးသည် ပုံရယ်..”
“ဪ… သီလရှင်တွေကတော့ အားလုံးကျောခိုင်းပြီး သူတို့ခရီး သူတို့ နှင်လေပြီ။”…. ပုံရယ်..
ယှဉ်ကြည့်ရင်.. စိတ်မကောင်းစရာ ဖြစ်တယ်…
လုပ်အားတန်ဖိုးမထွက်လာနိုင်တဲ့.. သီလရှင် ၁၁ယောက် သကြန်တွင်း ဝမ်းစာအတွက်ကြိုးစားနေချိန်မှာ.. အရွယ်ကောင်းယောက်ျား၂ယောက်က… မပျော်နိုင်ပဲ.. ဈေးရောင်းနေရရှာတယ်…
အဲဒါ..မြန်မာပြည်…. ပုံရိပ်အစစ်ပဲ…။
ပြသနာအစစ်က..
.. အဲဒါက.. .. မြန်မာပြည်မှာ.. သဘာဝအတိုင်း.. ပုံမှန်လို့မြင်နေကြတဲ့အဖြစ်ပဲ.. 😕
အနိစ္စ.. ဒုက္ခ.. အနတ္တ…။
Ko Malt
April 14, 2012 at 7:20 pm
မန်းသင်္ကြန် ကိုလွမ်းတယ် …… မန်းတလေး က အမရပူရ ပတ္တမြားရိပ်သာ မှာစခန်း ဝင်ချင်တယ် … အင်းကြိုးစားအုံးမှပဲ .. (၁၆ ကျောင်းသားဟောင်း)
အရှုံးတွေနဲ့ ကျွန်တော်
April 14, 2012 at 8:46 pm
မန်းလေး သင်္ကြန်ကို လွမ်းမိတယ်ဗျာ ခုတော့ ကျွန်တော့်မှာ သူများတွေ ပျော်လို့ မပျော်နိုင်တဲ့ အဖြစ်
ရည်းစားမရှိလို့ မဟုတ်ပါဘူးဗျာ သင်္ကြန်ပျော်ခွင့် မရှိတဲ့နေရာကို ရောက်နေလို့ပါ