ပါလေရာနှင့် ဂမ္ဘီရ လောက (၁)
ကျုပ်ရဲ့ ပေါ့ဆမေ့လျှော့တတ်တဲ့ အကျင့်ဆိုးကြောင့် ဘာမှ မမှတ်မိ/မမှတ်ထားမိ/ မှတ်ထားမိရင်လဲ ပြန်ရှာမတွေ့တော့တာနဲ့ ဘာကိုမှ ရည်ညွှန်းချက်(reference)ပေးလို့ မရတော့ပါဘူး။ အရှင်အာနန္ဒာ ကိုယ်တော်ကြီးစကားပဲ ယူသုံးရရင်
ဧဝံမေသုတံ…. ဧကံသမယံ…. ပေါ့…။
အခါတပါးမှာ-
မန်းဂေဖက်က မင်ဘာတယောက်ယောက်တင်တဲ့ ပိုစ့်တခုခုမှာ-
အကြောင်းအရာတခုခုကို အကြောင်းပြုပြီး
ကျုပ်က တခုခု ပြောလိုက်တယ်..။
(ဒီလောက်သေချာတာ ခင်ဗျားတို့တသက် မတွေ့ဖူးဘူးမဟုတ်လား 😀 😀 )
အဲဒါကို ကိုကြောင်ကြီးက ဂမ္ဘီရ နဲ့ အဓိဌာန်အကြောင်း သေသေချာချာ ချိန်ချိန်ဆဆနဲ့ ပြန်လည်ရှင်းလင်းဆွေးနွေးပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ရင် ကျုပ်ပြောနေကျပုံစံက တဖက်စွန်းကိုဆွဲပြီး မျက်စိမှိတ် ဆန့်ကျင်နေကျဆိုတော့ ကိုကြောင်ကြီးရဲ့ ဆွေးနွေးမှု့ကဲ့သို့ တုန့်ပြန်မှု့မျိုးကို မျှော်လင့်မထားပါဘူး။
သူ့ရဲ့ မှန်မှန်ကန်ကန် လေးလေးနက်နက် မျှမျှတတ ဆွေးနွေးမုှု့ကိုဖတ်ရတော့ တချိန်လုံး ပါးစပ်တလုံးနဲ့ ထင်သလိုပြောနေတဲ့ (တကယ်တော့ နောင်လဲတသက်လုံးပြောဦးမှာ) ကျုပ်အဖို့ ကိုယ်သိသလောက်လေးတော့ တစ်ခါလောက်ပြောမှ မျှတမယ်လို့ထင်ပြီး ရေထမ်းသမားမှတ်နည်းနဲ့ အကြွေးမှတ်ထားပါတယ်။ ဒီပိုစ့်က အဲဒီအကြွေးဆပ်တာပါပဲ။
အကြောင်းအရာက မကောင်းလို့ သိပ်ဖတ်မယ်လဲ မမျှော်လင့်ပါဘူး။ ကွန်မင့်လဲ မမျှော်လင့်ပါဘူး။ ဝင်ဖတ်သူများကို ကျေးဇူးတင်ကြောင်းသာ ကြိုလို့ ပြောပါရစေ။
. . . . . . . . . . .
ကျုပ်ရဲ့ဆရာရင်း ဘုန်းတော်ကြီးတပါးဟာ ဗေဒင်ဆရာတွေ၊ နတ်ကတော်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ဝိဇ္ဇာတွေ၊ အင်းအိုင် ခါးလှည့် လက်ဖွဲ့မန္တရားတွေ ဂါထာမန္တန်တွေကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ရှုတ်ချ ဟောပြောလေ့ရှိတဲ့ ဓမ္မကထိကတပါးပါ။ (အခုပျံလွန်တော်မူတာကြာပါပြီ)။
တချိန်မှာ ကျုပ်ဟာ သူ့အနီးမှာ ဝတ်ကြီးဝတ်ငယ်ပြုရင်း သူ့ပစ္စည်းတွေကို နေရာချသိမ်းဆည်းပေးနေခဲ့ပါတယ်။ အဲဒီတုန်း သူ့ပစ္စည်းတွေထဲမှာ ဓါတ်လုံးကောင်းကောင်းတခု (ကျုပ်က ဓါတ်လုံးနဲ့မစိမ်းပါဘူး။ကောင်းရင်ကောင်းမှန်းသိပါတယ်။) တွေ့ရတယ်။ ကျုပ်အဖို့ ရုတ်တရက်အံ့ဩသွားတယ်။ ဆရာတော် အမြဲရှုတ်ချဆန့်ကျင်နေတဲ့ပစ္စည်းတခုကို ကောင်းကောင်းသိမ်းထားတယ်ဆိုတော့ စိတ်ထဲလဲ ရှုတ်ထွေးသွားတယ်။ ဒီတော့ မနေတတ်မထိုင်တတ်နဲ့ ဆရာတော်ကို မေးလျှောက်တယ်ပေါ့….။
အတိုချုပ်ပြီးပြောရရင် –
“ဒါတွေ” ဟာ စစ်မှန်အကျိုးရှိတာတွေလဲ ရှိသလောက်ရှိပေမယ့် မစစ်မှန် အကျိုးမရှိတဲ့ အတုအယောင်တွေကပဲ အဆမတန်များလို့ ယုံကြည်လိုက်စားသူတွေအဖို့ အကျိုးမဲ့အလိမ်ခံရဘို့သာ များတယ်ဆိုတဲ့အချက်..။
“ဒါတွေ” ဟာ ပစ္စုပ္ပန်နဲ့ အများဆုံး နောက်တစ်ဘဝ လောက်သာအကျိုးရှိမှာမို့၊-
သံသရာအကျိုးအတွက် တနည်းအားဖြင့် သံသရာမှာလဲ ကောင်းကောင်းကျင်လည်ပြီး သံသရာကလွတ်ကြောင်းလဲဖြစ်တဲ့ ဗုဒ္ဓတရားတော်နဲ့ယှဉ်ရင်- ပဲလှော်နဲ့ပတ္တမြားလောက် တန်ဘိုးချင်းကွာလို့ သာသနာထွန်းကားဆဲကာလမှာ အဲဒါတွေဆီအာရုံမရောက် လဲမစားသင့်ဘူးဆိုတဲ့အချက်….။
“ဒါတွေ” ဟာ ဗုဒ္ဓသာသနာပြုတယ်အမည်ခံပြီး တကယ်တော့ သူတို့သာသနာ (သူတို့ကိစ္စ/သူတို့အဆုံးအမ/သူတို့ကျင့်စဉ်) ကိုသာပြုနေကြတာမို့ “ဒါတွေ”ကြောင့် မရင့်ကျက်သေးတဲ့ ဗုဒ္ဓဘာသာဝင်တွေ အထင်မှား လမ်းကြောင်းလွဲကုန်ရင် ဗုဒ္ဓသာသနာကို ဖျက်ရာတောင်ကျနိုင်သေးတယ် ဆိုတဲ့ အချက်…..
တွေကို ကျုပ်လဲ ပိုမိုသဘောပေါက်လာခဲ့ပါတယ်။
(ကျုပ်ရဲ့ ဆရာတော်ကိုလဲ ကောင်းကောင်းကြီး သဘောပေါက်နားလည် သွားပါတယ်။)
တခုတော့ရှိတယ်-
အခုပြောခဲ့တာတွေကြောင့်တော့
“ဒါတွေ” လို့ ခြုံပြီးပြောထားတဲ့ ဂမ္ဘီရဆိုင်ရာ အကြောင်းအရာတွေ ၊ ကျင့်စဉ်တွေ၊ အဓိဌာန်တွေ၊ အင်းအိုင် ခါးလှည့် လက်ဖွဲ့မန္တရားတွေ ဂါထာမန္တန်တွေဟာ –
မရှိဘူးဘို့ မဆိုပါဘူး။ ရှိပါတယ်။
မမှန်ဘူးလို့လဲမဆိုပါဘူး။ သူ့ဟာသူ မှန်လဲမှန် အကျိုးလဲ အထိုက်အလျှောက်ရှိပါတယ်။
….ဆိုတာ ဝန်ခံပြောဆိုရင်း အဲဒါတွေနဲ့ ထိတွေ့နီးစပ်ခဲ့သမျှ အတွေ့အကြုံလေးတွေကို နဲနဲ(နဲနဲ)ပြောပြချင်တာက…..
(ဆက်ပါမည်)
–
13 comments
သမိန်ဂီ့
April 13, 2012 at 10:53 am
ဘယ်သူ့ကို ဦးတည်ပီးရေးသလဲ သိသလိုလိုပဲဗျို့ …
😀
ခုလောက်ဆို နှုတ်ခမ်းမွေးသပ်ပြီး စဉ်းစားခန်းဝင်နေလောက်ပီထင့် ..
အားပေးသွားပါတယ်ဗျာ..
အာ ဟိ. .ဒက်ဂလောက်
ရောင်ခြည်ခ
April 13, 2012 at 11:07 am
ပါလေရာနှင့် ဂမ္ဘီရ လောက (၁) ကိုဆက်လက်စောင့်မျှော်နေပါမည်…
မောင်သန်းထွဋ်ဦး /အတိသဉ္ဖာ နာဂရချစ်သူ
April 13, 2012 at 12:31 pm
ကောင်းခန်းရောက်ပါမှ။ဆက်ပါအုံး——
မျှော်လျှက်ပါ
kai
April 13, 2012 at 2:27 pm
အဒီဓါတ်လုံးလေးဘယ်မှာလည်းဟင်င်…
ယူလာတာမဟုတ်ဖူး..။ 🙂
FattyCat
April 13, 2012 at 3:51 pm
အင်း…..ပရော်ဖက်ဆာဒေါက်တာပါလေရာရေ-
ဆက်ဖတ်ဖို့ မျှော်နေပါတယ်နော်….
ခင်တဲ့-
ကြောင်ဝတုတ်
htet way
April 13, 2012 at 8:59 pm
ဦးဦးရေ ဂမ္ဘီရ အကြောင်းဆိုတော့……
ဆက်ရန်ရှိရင် ဆက်ပါလေဗျ။
etone
April 13, 2012 at 10:12 pm
ဦးဦးရေ … ဗေဒင်တွေယတြာတွေကို မယုံတတ်ပေမယ့် … ဂမီ္ဘရအကြောင်းတေ့ာ စိတ်ဝင်စားပါတယ် … ။
အရင်ကတော့ … နက္ခတရောင်ခြည် မဂ္ဂဇင်းကို လစဉ်ထုတ်ဝယ်ဖတ်ဖြစ်တယ် … နောက်ပိုင်းအလုပ်ဝင်တာနဲ့ …. အဲ့လိုင်းဘက် မလှည့်နိုင်တော့ဘူး …. ဂမီ္ဘရနဲ ့ပတ်သတ်လို့ စိတ်ဝင်စားတာက သူက ကျင့်စဉ်အနေနဲ့လည်း ရှိတာကြောင့်ပါပဲ …. ။ ဆက်ရန်ကိုစောင့်ဖတ်ပါဦးမယ် …
နှစ်သစ်မှာ ပျော်ရွှင်ပါစေနော် 🙂
ဦးဦးပါလေရာ
April 14, 2012 at 9:38 am
etone နဲ့တကွ ရွာသူရွာသားများအားလုံး ပျော်ရွှင်ချမ်းမြေ့ပါစေဗျာ… 🙂
ဝင်ဖတ်ဖြစ်ကြမယ်လဲ မထင်ထားမိဘူး။ တကယ်တော့ ဒီတော့ပစ်က သိပ်မကောင်းတာမို့ အွန်လိုင်းမှာ လူသိပ်မရှိတဲ့ သင်္ကြန်ရက်မှာ တင်လိုက်တာပါ။
ပြောမယ်ဆို အများကြီးပြောနိုင်ပေမယ့် ကိုယ်ကိုယ်တိုင်က အားမပေးတဲ့ တော့ပစ်မို့ နောက် ၂ ပိုင်းပဲ ရေးတော့မှာပါဗျာ။
ကြောင်ကြီး
April 14, 2012 at 10:49 am
အိုက်လို မတင်းနဲ့လေ ဆရာကြီးရဲ့… ဒါမျိုး များများ ဖတ်ချင်ပါတယ်။ သူများပြောထက် ကိုယ်တွေ့ဆိုရင် ပိုပြီးစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဦးပါလေရာပြောသလိုပဲ ၉၉.၉၉ ရာခိုင်နှုန်းက အင်တွေများပါတယ်။ သာသနာပွင့်လင်းတဲ့ကာလမှာ အကျိုးထက် အပြစ်ပိုတာ မသိသာပေမဲ့ သာသနာ ညှိုးနွမ်းကျဆင်းချိန်မှာတော့ လမ်းလွဲစရာပါပဲ။ ပဋိဝေဒ ၊ ပဋိပတ္တိ၊ ပရိယတ္တိရယ်လို့ တဆင့်ပြီးတဆင့် သာသနာကွယ်ချိန်မှာ အဲဒီအနောက်ကိုပဲ ပုံလိုက်ကြတော့မှာကိုး။ အခုချိန် လောကုတ္တရာလမ်း အသွယ်သွယ် ရှိနေလို့ တဖက်သက် မဖြစ်သေးတာပါ။ တချိန် သာသနာ ကွယ်ခါနီးမှာ အခြားဘာသာတွေပဲ လုံးဝလွှမ်းမိုးသွားမှာလား၊ အခုဂန္ဓာရီလိုင်းတွေကပဲ ဖုံးအုပ်သွားမှာလား အစွန်းနှစ်ခုထဲက တခုခုဖြစ်ပါလိမ့်မယ်။
ဦးဦးပါလေရာ
April 14, 2012 at 4:53 pm
တကယ်တော့ဗျာ…
ဒီဂန္ဓာရီ လိုင်းတွေဟာ သမထ ဝိပဿနာ လမ်းကြောင်းအတိုင်း တိုက်ရိုက်ဝင်ပြီး နိဗ္ဗာန်အကျိုး မဟုတ်လို့သာ ကျုပ်တို့လို ကျုပ်ဆရာတော်တို့လို လူတွေက ဆန့်ကျင်ပြောဆိုနေတာပါ။
လုံးလုံးအကျိုးမရှိတာတော့ မဟုတ်ပါဘူး..။
အနဲဆုံး အဲဒီလမ်းစဉ်တွေကို နဲနဲဖြစ်ဖြစ် လုပ်မယ်ဆိုရင်တောင် သီလတော့ အရင်စောင့်ရပါတယ်။
ပုတီးစိတ်တာ သမာဓိလဲ အထိုက်အလျှောက် (ဈာန်အနီးမဟုတ်လို့သာ အထိုက်အလျှောက်လို့ပြောတာ၊ နည်းတော့မနည်းဘူး) ဖြစ်ပါတယ်။
ဒါနကုသိုလ်တွေလဲဖြစ်ပါတယ်။
စိတ်ထား စာရိတ္တတွေလဲ ကောင်းလာနိုင်ပါတယ်။
အဓိဌာန်တွေလုပ်ရင်း စိတ်ဓါတ်ကြီးမြင့်ခိုင်မာလာမှာတော့ မလွဲပဲ။
ပြီးတော့ အဓိဌာန်အောင်တဲ့အထိလုပ်နိုင်ရင်တော့ ဘောနပ်စ် ရမယ်လေ။
မအောင်လဲ ဘာမှမဖြစ်ပါဘူး။ လုပ်နိုင်သလောက်အပေါ်မှာ အကျိုးရှိတာပါပဲ…။
အင်း… သူ့လိုင်းနဲ့သူပေါ့နော…။
ကြောင်ကြီး
April 14, 2012 at 6:54 pm
မှန်ပါဒယ် ဆရာရေ… သူတို့လည်း သူနည်းသူတို့ဟန်နဲ့ စွမ်းပါတယ်။ ဘုရားဟောနဲ့ ကိုက်ညီတဲ့ သီလ သမာဓိ ဆိုတဲ့ အခြေခံတရားတွေနဲ့ ညီညွှတ်တဲ့ လိုက်နာစောင့်ထိန်းမှုမျိုးလည်း ရှိပါတယ်။ ဝေဖန်သူတွေမှာ ပထမတမျိုးက သာသနာတော်ရှေ့ရေး မျှော်တွေးလို့ အသိပေးတားမြစ်သူတွေ (အဲဒီအထဲမှာလည်း အကျင့်စရဏ သို့မဟုတ် ပညာနဲ့တကယ်သိပြီး လက်မခံပယ်ချသူတွေနဲ့ သညာအသိ စာအသိနဲ့ တယူသန်ပယ်ချသူဆိုပြီး အစားစားရှိသေးတယ်) ဒုတိယတမျိုးကတော့ ရုပ်ဝါဒီသမား ပစ်စုတ်ပမ်သမား ဆိုသူ ငါ့စကားနွားရ သမားများပါ။ သူတို့အထဲမှာလည်း မိုးမမြင်လေမမြင် တယူသန်များနဲ့ ဟုတ်နိုးနိုး ဆွဲဆောင်သိမ်းသွင်းခံရသူများ ရှိပါတယ်။ ဟုတ်နိုးနိုးသမားတွေကတော့ ချွတ်ရလွယ်ဒယ်… တချိန်ချိန်မှာ ဖြစ်ရပ်အလှည့်အပြောင်းတခုခု တွေ့လိုက်ရရင်ဖြစ်စေ၊ ဂမ္ဘီရ အစွမ်းသတ္တိတွေ့ကြုံဖူးရင်ဖြစ်စေ ကျွတ်သွားတတ်တယ်။ တယူသန်သမားတွေကတော့ မျက်လုံးစုံမှိတ် ငြင်းဂျဒါပဲ..။ ဒီနေရာမှာ သိဖို့က မှန်တယ် မမှန်တယ် မြတ်တယ် မမြတ်တယ် ပြောနေတာထက် ရှိတယ် မရှိတယ် ဆိုတာပါ။ လိမ်ညာဟန်ဆောင်မှု အများဂျီးဆိုတာ လူတိုင်းလက်ခံပါလိမ့်မယ်။ ဘာနဲ့ ဥပမာပေးချင်လဲဆိုတော့ ဘုန်းကြီးတချို့ တရားမရှိတာနဲ့ (ကမ်းကုန်ပြောကြည့်ဗျာ အများစု တရားမစောင့်တာနဲ့) ရတနာသုံးပါးကို နှိမ့်ချပြောဆိုတာ လူတန်းစားညှိတာနဲ့ သွားတူနေဒယ် (နှိုင်းတော့ မနှိုင်းကောင်းဘူး) ဒီလိုပဲ ဝိဇ္ဇာ ဂမ္ဘီရလိုင်းဆိုတာလည်း ရှိတယ်။ သူတို့ အကျင့်စရဏသည် ဝေဖန်နေသူ အများစုထက် အပုံကြီးသာတယ်။ အဲဒီလို ပြောပြန်တော့ ပညာနဲသူများက တရားလက်လွတ် ချဉ်းကပ်ကြပြန်ရော။ တဖက်မှာကြည့်ရင်လည်း လောကီတန်ခိုးဆိုတာ သီလစောင့်မှ မဟုတ်ဘူး။ အကြားအမြင်ဆိုတာ အများသိသလို ပုတီးစိပ် သမထကျင့်မှ မဟုတ်ဘူး။ အရက်သောက် မိန်းမရှုပ်ပြီး လုပ်လို့ဖြစ်နဲ့ အခြားမိစာ္ဆသမာဓိနည်းတွေ၊ အစီအရင်တွေလည်း ရှိတယ်။
အကျပ်အတည်းနဲ့ ကြုံလာတဲ့အခါ ဆူလွယ်နပ်လွယ် အားကိုးလို့ရတာ ဝိဇ္ဇာဂန္ဓာရီ သမားတွေနဲ့ လောကီအစီအရင်တွေပဲရှိတယ်။ သီလစောင့် ဘုရားတရားမြဲ စိတ်ကောင်းထားဆိုတာ ကိုယ်တိုင်ရုန်းထွက်ရတဲ့ လူစွမ်းကောင်းနည်းတွေ၊ လူအများ မလုပ်နိုင်ဘူး။ (ခေတ်ဆိုတာ ပြောင်းနေတယ်၊ ဘုန်းကံကြီးသူများခေတ်မှာ ရခဲ့ပေမဲ့ ယနေ့လို ဆုပ်ကပ်ခေတ်မှာ ရနိုင်ခဲတယ်) အကြံပေးချင်တာ လောကီနည်းနိဿယများသည် လုပ်ကောင်းပါတယ်။ ရွေးတတ်ဖို့တော့လိုမယ်…လောဘနောက်သိပ်လိုက်သွားရင် ဘုရားကို ရုပ်တုကွယ်ဆိုသလို ဖြစ်တတ်တယ်။ အဓိဌာန်ကျင့်စဉ်ရွေးတဲ့အခါ လမ်းမချော်အောင်ရွေးပါ။ ဥပမာ – ဥုံအရဟံဆိုတာထက် ကျမ်းဂန်လာနဲ့ညီညွတ်တဲ့ သောဘဂဝါအိတိပိအရဟံဆိုတဲ့ ပုတီးစိပ်နည်းက ပိုမကောင်းလား…။
ကြောင်လေး
April 18, 2012 at 10:14 pm
ပို့်စ်တစ်ခုမှာ ဦးဦးပါ သင်္ကြန်တွင်း ဂမ္ဘီရရေးနေတယ်ဆိုတာတွေ့လိုက်လို့ပြန်ရှာပြီး ၁ ကနေ ၄ အထိဖတ်လိုက်တယ်၊ အဲဒီဇာတ်လမ်းက ကျနောပို့စ်က စတာဖြစ်မယ်၊ ဘုရားစေတီ သုံးလေးဆူကိုနေ့ချင်းရောက်အောင်ဖူးနိုင်တာ ရှေးက ကျင့်စဉ်တွေကိုပေါက်မြောက်အောင်ကျင့်နိုင်တဲ့သူတွေဖြစ်နိုင်တယ်လို့ ကျနော်ရေးခဲ့တာ၊
သဂျီးက ဘုရားတောင် သိပ်ဝေးဝေးလံလံမသွားနိုင်ခဲ့ဘူးဆိုတဲ့ သဘောပြောခဲ့တယ် အဲဒီကစတာ။
ဦးဦးပါရဲ့ဆရာတော်ပြောတဲ့ သဘောထားလေးကိုကြိုက်တယ်ဗျို့၊
အတုအယောင်တွေများတယ်ဆိုတာကို…..
ဦးဦးပါလေရာ
April 18, 2012 at 11:27 pm
ဟုတ်ပါ့ ကိုကြောင်လေးရေ
ကျုပ်က မှတ်တော့မှတ်ထားတယ်..
အဲဒီမှတ်ထားတာက ပျောက်သွားလို့ဗျ…. 😀