ဒီတပိုင်းမှာတော့ ကြားဖူးမှတ်ဘူးတာလေးတချို့ကို  ဗဟုသုတအဖြစ် ပုံပြောသလို  ပြောပြမှာပါ။ အပျင်းပြေပုံပြင်လို့ သဘောထားပြီး  ဖတ်ကြည့်ပါ။ ပြီးတော့ မေ့ပစ်ပါလို့  တိုက်တွန်းပါတယ်။   ဂန္ဓာရီလောကမှာ အကြမ်းအားဖြင့် ဝိဇ္ဇာပညာ လေးမျိုး ခွဲခြားနိုင်ပါတယ်။ ဒီမှာသတိထားရမှာက လူတယောက်ထဲပင်လျှင် ဝိဇ္ဇာပညာတမျိုးမက နှစ်မျိုး၊ သုံးမျိုး၊ လေးမျိုးလုံး  တတ်ကျွမ်းနိုင်ပါတယ်။ ပညာကိုသာခွဲတာပါ။ လူကို ခွဲတာမဟုတ်ပါဘူး။ ဝိဇ္ဇာတပါးဟာဖြင့် ဘာဝိဇ္ဇာလို့ လဲ သတ်မှတ်ခွဲခြားဘို့ မလွယ်ပါဘူး။ အဲဒီလေးမျိုးအနက် အမြင့်ဆုံးက ပြဒါး ဝိဇ္ဇာလို့ ဆိုပါတယ်။ သံသေ ပြဒါးသေအောင် ဓါတ်သတ္ထုတွေကို အမျိုးမျိုးရောလိုက် ပေါင်းလိုက် နှုတ်လိုက် နဲ့ မီးဖြင့်ပြုပြင် Heat treat လုပ်ရင်း တဆင့်ထက်တဆင့် အစွမ်းရှိလာတာပါ။ အဲသလိုရှုပ်အောင်မပြောပဲ လွယ်အောင်ပြောရင်တော့ ဖိုထိုးတာပါ။ […]


    ဒီအပိုင်းမှာတော့  ကျုပ်ကြုံဘူးတဲ့  “မထူးဆန်းသောထူးဆန်းမှု့တွေ”  ထဲက တခုနှစ်ခုလောက် ပြောပြမှာပါ။ လူတွေဟာများသောအားဖြင့်- ထူးဆန်းတာတခုကိုကြုံတွေ့ရရင်  အံ့ဩသွားတတ်တယ်။ ထူးဆန်းတာ လေးငါးခုလောက်ကြုံတွေ့ရရင်တော့ စိတ်ဝင်စားသွားတတ်တယ်။ ထူးဆန်းတာ ဆယ့်လေးငါးခုမက ကြုံတွေ့ရရင်တော့ တခါတည်း “ပါ” သွားတတ်ကြပါတယ်။ ကျုပ်အဖို့ “ပါ” မသွားဖြစ်တာက ရတနာသုံးပါးနဲ့ ဆရာသမားများကျေးဇူးကြောင့်ပါပဲ…။   ကျုပ်အတွေ့အကြုံတွေထဲက တခုကတော့ အချိန်မတိုင်မီပြန်ရောက်တာပါ။ တစ်ခါက လူကြီးတယောက်ဟာ အဲဒီခေတ်အနေနဲ့ အနဲဆုံး ရှစ်နာရီကြာမယ့် (တကယ်တော့ဒါ့ထက်အများကြီးပိုကြာနိုင်တဲ့) အသွားအပြန်ခရီးတခုကို လေးနာရီလောက်နဲ့ သွားပြီးပြန်လာပါတယ်။ ခရီးဆုံးကိုရောက်ခဲ့တယ်ဆိုတဲ့ အထောက်အထားနဲ့တကွပေါ့။ ဒီမှာပြောချင်တာက အဲဒီခရီးကို တမင်သွားပြတာမဟုတ်ပါဘူး။ သူသွားစရာရှိတာသွားပြီး ပြန်လာတာပါ။ ကျုပ်ကတော့ ဘေးကကြည့်ပြီး သတိပြုမိတာပါ။ အဲဒါမျိုး သုံးလေးကြိမ်မက ကြုံဘူးပါတယ်။ အဲဒီတုန်းကတော့ အံ့ဩစရာတခုအဖြစ် မေ့မေ့ ပျောက်ပျောက်ပါပဲ။ […]


    အဓိဌာန်နဲ့ ကျုပ် စ ပတ်သက်ခဲ့တာက အသက်ခုနှစ်နှစ် အရွယ်လောက်ကတည်းက  ဆိုရင် ယုံကြပါ့မလားမသိ။ အဲဒီအရွယ်မှာ  ဝိဇ္ဖာဂိုဏ်းတခုရဲ့ အရေးပါသူတဦးက  ပင့်ဆောင်လာတဲ့  စမ ဘုရားဆိုတာကို စပြီး မြင်ဘူးပါတယ်။ အဲဒီဘုရားရှေ့မှာ ကန်တော့ပြီး အဓိဌာန်ပြုပြီး အာရုံပြုရတယ်လို့ ဆိုပါတယ်။ ကျုပ်ကိုလဲ ကန်တော့ခိုင်းပြီး အာရုံပြုခိုင်းပါတယ်။ အာရုံပြုတယ်ဆိုတာ ဘာလဲ ဘယ်လိုလုပ်ရတာလဲလို့ ကျုပ်ကပြန်မေးတော့ – အာရုံပြုတယ်ဆိုတာ  တရားမှတ်တာမျိုးလို့ တယောက်ယောက်က ဝင်ဖြေပါတယ်။ အဲဒါဆိုရင်တော့ ရပါပြီ။ ကျုပ်ဟာ အဲဒီအရွယ်ကတည်းက တရားမှတ်တယ်ဆိုတာ မျက်စေ့မှိတ်ပြီး နှာသီးဖျားကို စောင့်ကြည့် တာလို့ နားလည်ပါတယ်။ အဓိဌာန်ကို ဘယ်လိုပြုရမလဲလို့မေးတော့ ဖြစ်ချင်တာကို စိတ်ထဲဆုတောင်းလိုက်လို့ တယောက်ယောက်ကပြောပါတယ်။ အဲဒါနဲ့ပဲ နှစ်တန်းကျောင်းသားဖြစ်တဲ့ကျုပ်ဟာ အဓိဌာန်မဟုတ်တဲ့ (မြင်စရာရှိတာမြင်ရပါစေလို့စိတ်ထဲထားတဲ့)နည်းနဲ့ အဓိဌာန်ပြုပြီး  […]


      ကျုပ်ရဲ့ ပေါ့ဆမေ့လျှော့တတ်တဲ့ အကျင့်ဆိုးကြောင့် ဘာမှ မမှတ်မိ/မမှတ်ထားမိ/ မှတ်ထားမိရင်လဲ ပြန်ရှာမတွေ့တော့တာနဲ့  ဘာကိုမှ ရည်ညွှန်းချက်(reference)ပေးလို့ မရတော့ပါဘူး။ အရှင်အာနန္ဒာ ကိုယ်တော်ကြီးစကားပဲ ယူသုံးရရင် ဧဝံမေသုတံ…. ဧကံသမယံ….  ပေါ့…။ အခါတပါးမှာ- မန်းဂေဖက်က မင်ဘာတယောက်ယောက်တင်တဲ့ ပိုစ့်တခုခုမှာ- အကြောင်းအရာတခုခုကို အကြောင်းပြုပြီး ကျုပ်က တခုခု ပြောလိုက်တယ်..။ (ဒီလောက်သေချာတာ  ခင်ဗျားတို့တသက် မတွေ့ဖူးဘူးမဟုတ်လား 😀 😀  ) အဲဒါကို ကိုကြောင်ကြီးက ဂမ္ဘီရ နဲ့ အဓိဌာန်အကြောင်း သေသေချာချာ ချိန်ချိန်ဆဆနဲ့ ပြန်လည်ရှင်းလင်းဆွေးနွေးပါတယ်။ ဒီကိစ္စတွေနဲ့ပတ်သက်ရင် ကျုပ်ပြောနေကျပုံစံက တဖက်စွန်းကိုဆွဲပြီး မျက်စိမှိတ် ဆန့်ကျင်နေကျဆိုတော့ ကိုကြောင်ကြီးရဲ့ ဆွေးနွေးမှု့ကဲ့သို့ တုန့်ပြန်မှု့မျိုးကို  မျှော်လင့်မထားပါဘူး။ သူ့ရဲ့ မှန်မှန်ကန်ကန် လေးလေးနက်နက် မျှမျှတတ […]


      အရင်ပြောခဲ့တာကတော့ ကျုပ်အနီးက လူတချို့ရဲ့ သင်္ကြန်ဘတ်ဂျက်ပေါ့လေ.. ဒါဖြင့်  ကျုပ်ကရော ….   ကျုပ်ဆိုတဲ့ ဦးပါလေရာဆိုသူဟာ   အလုပ်သမားလဲဟုတ် အလုပ်ရှင်လဲဟုတ်၊ တကယ်တော့ အဲဒီနှစ်မျိုးလုံးလဲ သိပ်တော့မဟုတ်တဲ့  စကောစကဘဝမျိုး။ ကိုယ်တစိတ်တပိုင်းထည့်ဝင်ထားတဲ့ လုပ်ငန်းစုလေးထဲက  ပေါက်စနလုပ်ငန်းလေးတခုကို  လစာယူပြီးစီမံနေရတာ..။ အဲဒီပေါက်စနလုပ်ငန်းပိစိလေးကလဲ  ဖုတ်လှိုက်ဖုတ်လှိုက်နဲ့  ချောင်းဆိုးသွေးပါနေတာ  လေးငါးနှစ်ရှိပြီ။  ကျုပ်အစီအမံကောင်းလို့ပဲလား  အသုံးစားရိတ်တွေ  အစွမ်းကုန်ချွေတာနိုင်လွန်းလို့ပဲလားတော့မသိ – ပြုတ်တော့လဲမပြုတ်သေး..။ လုံးပါးပါးလိုက်လာတာကတော့ ရေသည်ပြဇတ်ထဲက ဦးပုညစကားငှားပြောရရင်  “ဖြုတ်မျက်လုံးလောက်… သေးလို့ပင်ပျောက်..” ဆိုတဲ့အရွယ်ရောက်နေပြီ။ ကိုင်း… ကိုင်း … ထားပါတော့  ။ ကြွားရတာ အရသာမရှိလိုက်တာ..။ လိုရင်းပြောရရင်  ပိုက်ဆံ အမြတ်အစွန်း အပိုအလျှံ လုံးဝနီးပါး မထွက်တဲ့လုပ်ငန်း  ဆိုပါတော့…။ ဒီတော့  ဒီလုပ်ငန်းကလေးအသက်အလျှင်မီအောင်ဆိုရင်  လဆန်းကတည်းက  […]


    တနေ့က ကွန်မင့်ရေးရင်း သူများကို “စိတ်ကူးယဉ်ပြီးရေးတယ်.. ဘာ..ညာ..”  ..ဆိုပြီးပြောဆိုထားမိတော့ ဒီပိုစ့်မှာတော့ (သတင်းမဟုတ်ပေမယ့်) စိတ်ကူးယဉ်တာမပါပဲ အချက်အလက်မှန်တွေကိုပဲ ရေးပါ့မယ်။   သင်္ကြန်နားနီးပြီဆိုမှဖြင့်  ဘယ်သွားကြမယ်….  ဘာလုပ်ကြမယ်… စသည်စသည် ကြံစည်စိတ်ကူးပြင်ဆင်မှု့တွေရဲ့နောက်မှာ ထည့်တွက်စရာ၊ လျာထားစရာ၊ ပြင်ဆင်ထားစရာတခု ရှိပါတယ်။ အဲဒါကတော့ သင်္ကြန်မှာသုံးမယ့် အသုံးစားရိတ်ပေါ့…။ ချမ်းသာသူတွေ၊ တတ်နိုင်သူတွေ၊ ပိုလျှံသူတွေ အတွက်တော့ အဲဒါကအရေးကြီးဘူး..။ ခေါင်းထဲထည့်စရာမလိုဘူးလို့ ပြောချင်ရင်တော့ပြောပေါ့လေ။ ကျုပ်ကတော့ ကိုယ်တိုင်လဲ ရရစားစား ရိုးရိုးပုံမှန်တန်းကမို့ – ကျုပ်လိုလူတန်းစားဝန်းကျင်ကလူတွေကိုပဲ အကြောင်းပြုပြီး ရေးမှာပါ။ ဒီပိုစ့်က ရည်ညွှန်းတာက ရရစားစား ရိုးရိုးပုံမှန်တန်းက လူတွေအတွက်သာ ဖြစ်ပါတယ်လို့ စကားဦးသန်းထားပါရစေ..။   သင်္ကြန်မှာအများဆုံးစိတ်ကူးမိကြတာက  ဒီပိတ်ရက်ရှည်ကြီးမှာ  ခရီးထွက်မလား.. ပေါ့…။ စိတ်ကူးသူတွေရဲ့ ရှစ်ဆယ်ရာနှုံးလောက်က […]


      ပြောရရင် ကောင်းကောင်းမအိပ်ရတာ ဘယ်လောက်ကြာပြီမသိ… မတ်လကုန်တဲ့နေ့မှာ  လကုန်ရက်မို့  အချေးအငှားထွက်ရတာနှင့် နေ့ခင်းဘက်ခဏတဖြုတ်မှေးနေကျဟာကို တမှေးမှမမှေးလိုက်ရ။ ညဘက်ရောက်ပြန်တော့ မနက်ဖန်ရွေးကောက်ပွဲမို့  ဘယ်လိုဘယ်ပုံဖြစ်ကြမည်ကို စိတ်ထဲပုံဖေါ်မှန်းဆရင်း တော်ရုံနဲ့အိပ်မပျော်။ မနက်လင်းအားကြီး တရေးနိုးတော့ ဒီအချိန် မဲရုံတွေ ပြင်ဆင်နေမှာပဲလို့ အတွေးတချက်ဝင်သည်နှင့် ပြန်အိပ်မရတော့။ ဒီလိုနဲ့ မနေ့က တနေကုန် ရွေးကောက်ပွဲသတင်းနားစွင့်လိုက် ဟိုဟိုသည်သည်ဖုံးဆက် မေးပြောလုပ်လိုက်နှင့် ဂဏှာမငြိမ်။ ပါလေရာတယောက် တနေ့အတွင်း လဘက်ရည်ဆိုင် လေးခါထွက်ထိုင်ကာ မဲမီးလှုံလေသည်။ ဒီလိုနှင့် ညဖက်ရောက်လေပြီ။ ရွေးကောက်ပွဲမင်္ဂလာသတင်းတို့လည်း တဖွဲဖွဲရောက်လာလေကုန်ပြီ။ ပျော်စရာကောင်းလိုက်တာနော်။ မင်္ဂလာရှိလိုက်တာနော်။ ဂုဏ်ယူစရာကောင်းလိုက်တာနော်…။ ဒီတသက် မကြုံရတော့ပါဘူးဟု စိတ်ဒုံးဒုံးချထားမိသော လူ့အခွင့်အရေးပြည့်ဝသည့် ဒီမိုကရေစီရောင်နီကား သန်းလို့လာချေပြီ။ ပါလေရာတယောက်ကား အပျော်ကြီးပျော်ကာ တယောက်တည်းအူမြူးလျှက် မြောက်အုန်းသီးရသကဲ့သို့ ဆောင့်ကြွားကြွားဖြစ်နေသည်မှာ ညဉ့်နက်လို့နက်မှန်းမသိ..။ မျက်ဝါးထင်ထင်မြင်ရတော့မည့် […]