–   ပြော….   မပြောချင်တော့ဘူး… ကျုပ်မို့လို့- ပိုစ့်လေးတစ်ပုဒ် စိတ်ပါလက်ပါရေးမယ်ဆိုမှဖြင့် ဟိုက သည်က အဖျက်အဆီးများက ….  တယ်ပေါ သကိုး… ဒီကနေ့အထိ  ရေးပြီးမတင်ဖြစ်တဲ့ပိုစ့်က   တင်ဖြစ်တဲ့ပိုစ့်ထက်  နှစ်ဆတော့ အနည်းဆုံးရှိမယ်။ .. ဒီရွာ စဝင် ကတည်းက- ခပ်အူအူတစ်ယောက်က လမ်းဘေးဈေးသည်ရှင်းမယ်ဆိုလို့ အကျိုးအကြောင်းအဆိုးအကောင်းလေး ရေးမယ်ကြံမိပါတယ်- ရုတ်ရုတ်သဲသဲတွေလျှောက်လုပ်လို့  ကနဦးပိုစ့်လေး လျှောမွေး ဖြစ်သွားတယ်.. (လမ်းဘေးဈေးသည်ကတော့ ငါးဆလောက် တိုးသွားတယ်ထင်တာပဲ..) .. အရင်တပတ်က ဘာသာရေးပိုစ့်လေးတွေ ရေးမယ်လုပ်တုန်းရှိသေး ဇလုံသံတွေရော ပန်းကန်သံတွေရော…. ရှိစေတော့….  နောက်မှ ဆက်ရေးတော့မယ်.. အခုတော့ စိတ်တိုတိုနဲ့ တွေ့ကရာတစ်ခုကောက်ရေးဦးမှ…. …… လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်လောက်က ကျုပ်တို့သူငယ်ချင်းသုံးယောက် လဘက်ရည်ဆိုင်တစ်ခုမှာဆုံကြတယ်.. ထုံးစံအတိုင်း.. စားဝတ်နေရေး..  စီးပွားရေး.. ပိုက်ပိုက်ရှာရေး…. သူပုန်လူထွက်ကလဲ […]


– – နေရောင်ပြင်းပြင်းအောက်က တောအုပ်ကလေးတစ်ခုအလား…. စိန်ပန်းပွင့်ချုပ်ကြွေ နီနီလေးတွေ ဖြန့်ခင်းထားသလို ရက်ရက်စက်စက်လှပနေတဲ့ ခြေသွားလမ်းဖုံဖုံကလေးက သစ်ပင်အုပ်အုပ်တွေကြား ကွေ့ကောက်တိုးဝင်ပျောက်ဆုံးသွားသည် အဲသည်ရဲ့အဆုံး သစ်ပင်တွေကြားတစွန်းတစထွက်နေတဲ့ ခေါင်မိုးကလေးကိုမြင်ရသည် မမှား…  မမှားနိုင်ပါ .. အဲဒါ ဘီအီးဒီကင်တင်းလို့ခေါ်တဲ့ စားသောက်ဆိုင်တန်းကလေးပါပဲ.. နောင်ကို ဘယ်တော့မှမတွေ့ရတော့မယ့် သည်ခြေသွားလမ်းကလေးပေါ် ဦးပါလေရာတစ်ယောက် မနင်းရက်နင်းရက်ဖြင့် တစ်လှမ်းချင်းတိုးဝင်သွားမိသည် ပထမတွေ့ရတာက အစွန်ဆုံးက အဒေါ်ကြီးထမင်းဆိုင် ထမင်းအဝစား သုံးကျပ်ခွဲထဲနဲ့ ဘီအီးဒီ တီတီစီ ကျောင်းသူကျောင်းသားတွေ ဝမ်းဖြည့်စားသောက်နိုင်သည်။ အဲသည်ဘေးမှာတော့ တစ်ကျပ်ခွဲတန် ပုဇွန်ခွက်ကြော်သုပ်နာမည်ကြီးတဲ့ ဦးတင်ဝင်းအအေးဆိုင်ပေါ့.. အဲသည်ဆိုင်ကိုကျော်ရင် စဉ့်ပန်းအိုးထဲ ဝါးတူလေးတွေစိုက်ထားသည့် စန္ဒာစားသောက်ဆိုင်.. ဆက်သွားရင်တော့ အသုပ်ဆိုင်ကလေးတွေ့ပါပြီ။ လဘက်ချင်းသုပ်တစ်ပွဲမှာပြီး ရေနွေးအိုးအကြိမ်ကြိမ်တောင်းကာ တနေကုန်တနေခမ်းထိုင်လို့ကောင်းလှသည့် ဆိုင်ကလေးဖြစ်လေသည်။ အဲသည်ဆိုင် အတွင်းကျကျစားပွဲမှာ ငွေတောင်ဆေးပေါ့လိပ်တစ်လိပ်ကို လက်ကြားညှပ်ရင်းထိုင်နေတာကတော့ မောင်ပါလေရာခေါ် ဂျပန်ကြီးဆိုတဲ့ […]


– ခရီးအစ…………………….. စိတ်ထဲ မရိုးမရွ ခုလုခုလုနဲ့…. ပြောချင်လိုက်တာနော်  … ပြောချင်လိုက်တာ… ဒါပေသိ အခုတလော ဘယ်သူနဲ့မှ စကားပြောဘို့က မကြုံ.. ကိုချောနဲ့ကလဲ တစ်လောကမှ စိတ်တိုင်းကျမှာ လေပစ်ထားတာ.. ကိုမိုက်နဲ့ကလဲ တကူးတက မတွေ့ဖြစ်.. အခြားငယ်ပေါင်း ကြီးပေါင်းများနဲ့လဲ မိုးတစိမ့်စိမ့်မို့ ချိန်းဟဲ့ ဆုံဟဲ့မလုပ်ဖြစ်.. လုပ်ဖြစ်သည်ပဲထား… သူတို့စိတ်ဝင်စားတာက တမျိုး ကိုယ်ပြောချင်တာကတဘာသာ.. … ဒီလို့နဲ့စဉ်းစားရင်း လူငယ်တစ်ယောက်ကို သတိရမိသည် သူ့ခမျာ ဗုဒ္ဓဘာသာလဲဖြစ်ချင် ဗုဒ္ဓဘာသာထဲက အကြောင်းတွေကိုလဲ တစ်ခုမှ အစာမကြေ.. သူနဲ့ ပြောဖြစ်လိုက်မှဖြင့် တစ်စိတ်က တစ်အိတ်- လျှောမွေးကို ဗာရာဏသီချဲ့ပြီး ဩကာသတပုဒ်ကို လဘက်ရည်ဆိုင် ခြောက်ခါထိုင်လောက်ရှင်းယူရသည်။ သူနဲ့ပြောချင်ရင်တော့ သူ့ကိုခေါ်လို့ ချိန်းလို့ မရ… သူ့ဆီသွားရမည်……. ဟုတ်သည်.. သူ့ဆီရောက်ဖို့ […]


–           ပိုစ့်မတင်တာကြာလွန့်လွန်လွန်းလို့ ဘယ်လိုတင်ရမှန်းတောင် ခပ်မေ့မေ့… မနည်း ပြန်သင်ယူရတယ်… … … ကျုပ်တို့ပြည်သူတွေရွေးတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေက ပြည်သူ့ကိုယ်စား  သမ္မတလောင်းကို ရွေးပေးလိုက်တာအပေါ်မှာ အင်မတန်အားရကျေနပ်မိတယ်.. (အဲဒါမျိုး ကိုယ့်သက်တမ်း ငါးဆယ်စွန်းစွန်းမှာ အခုမှ စကြုံရတာ..) အဲဒါ.. ပီတိလေး ဖြစ်မယ်မှမကြံသေး – မလိုတမာ သတင်းဌာနတွေက နာမ်နှိမ်ပြီးခေါ်ကြရေးကြကြောင်း ကြားရတော့ တော်တော်စိတ်ကသိကအောက်ဖြစ်မိတယ်.. ဒီထဲက တစ်ခုက-  အရင်ဒရိုင်ဘာလုပ်ဖူးသူ  လို့ ဆိုတော့ ဘယ့်နှယ် … ဒီလူကြီး ဘယ်တုန်းက ဒရိုင်ဘာလုပ်လိုက်ပါလိမ့်မလဲ  လို့တောင် ခေါင်းခြောက်မိသေး… ပြီးတော့မှ- ဒေါ်စုကားကို မောင်းဖူးတာကို ဆိုလိုတာကိုး… … အော်…လောကကြီးနှယ်… ဟိုးအရင်  သူ့အမေလင်တစ်ယောက်တုန်းက  အဘကြီးကလေးထိန်းဖူးတာကျတော့ ကလေးထိန်းဟောင်းလို့ […]


          ………………………………………………. …………………………………………………. “အဲသည်ကျိန်စာက မောင်ဇော်မှ မဟုတ်ဘူး ကိုသိန်းအောင်ရေ….။ ကျွန်တော်တို့ နိုင်ငံက လူတွေ အထူးသဖြင့် ဆင်းရဲသားတွေမှာ သင့်လေ့ရှိတဲ့ ကျိန်စာမျိုးဗျ…။ ကျိန်စာရဲ့ အမည်က အသုံးလွဲ ကျိန်စာ လို့ခေါ်ပါသဗျာ…။” “အော်…. ဟုတ်ပါပြီ ။ ခင်ဗျားဆိုချင်တာက ခင်ဗျားချေးပေးတဲ့ငွေတွေကို မောင်ဇော်က အလွဲသုံးစားလုပ်ပစ်တယ် ဆိုတာပေါ့…..” “မဟုတ်ဘူးဗျ…..။ အလွဲသုံးစား မဟုတ်ပါဘူး….။ အသုံးလွဲ တာပါ…..” “အတူတူပါပဲ ကိုထွန်းမြင့်ရယ်…။” “မတူပါဘူး ကိုသိန်းအောင်ရေ…။ ကျွန်တော်ဆိုချင်တာက ငွေကို ကောင်းကောင်းမွန်မွန် သုံးတော့သုံးပါရဲ့ … လွဲမှားတဲ့နေရာမှာ သုံးတာကို ဆိုလိုတာပါ…။” “ငွေကို ကောင်းကောင်းမွန်မွန်သုံးမှဖြင့် လွဲမှားတယ်လို့ ဆိုနိုင်ဦးမလားဗျ..” “ဆိုနိုင်တာပေါ့ဗျာ….။ ငွေဆိုတာ ကောင်းကောင်းမွန်မွန်ရည်ရွယ်ပြီးသုံးမယ်ဆိုတိုင်းလဲ […]


              မောင်ဇော်နှင့် စကားပြောဆိုပြီး၍ တည်းခိုအိမ်သို့ပြန်ရောက်သောအခါ ကျွန်ုပ်တို့ စောင့်နေသော မိတ်ဆွေလဲ ရောက်နှင့်နေသည်ကိုတွေ့ရလေသည်။ ထိုအချိန်မှစ၍ ကျွန်ုပ်တို့သည် လုပ်ကိုင်စရာရှိသည်များကိုစီစဉ်ခြင်း၊ တွေ့ဆုံရမည့်သူများကို ခေါ်ယူ၍၎င်း သွားရောက်၍၎င်း တွေ့ဆုံခြင်း၊ ဝယ်ယူစရာ ရောင်းချစရာ လွှဲပြောင်းစရာများကို စီမံခြင်း၊ စာရင်းမှတ်သားရေးသွင်းခြင်း စသည်တို့ကို အပတ်တကုတ် ဝိုင်းလုပ်ကိုင်ကြလေရာ တစ်နေ့ခင်း ၊ တစ်ညနေ နှင့်နောက်နေ့ တစ်မနက်ခင်း ခန့်အတွင်း လုပ်ဖွယ်ကိုင်ဖွယ်များကို အကုန်အစင် လုပ်ကိုင်ပြီးကြလေသည်။ ညနေအချိန်တွင် တစ်နာရီကားမောင်းစာအကွာအဝေးတွင်ရှိသော ပဲခူးမြို့မှ အခြားမိတ်ဆွေများနှင့် တွေ့ဆုံညစာစားသုံးရန် စီစဉ်ထားလေရာ ကျွန်ုပ်မှာ တစ်နေ့ခင်းစာမျှ အချိန်အားရရှိလေသဖြင့် ကိုထွန်းမြင့်ထံ သွားရောက်တွေ့ဆုံ လည်ပတ်ရန် အဆင်ပြေသွားလေတော့၏။ နေ့လည်စာစားပြီးသည်နှင့်တပြိုင်နက် ကျွန်ုပ်မိတ်ဆွေ၏ ကားလေးကို ကိုယ်တိုင်မောင်းနှင်လျှက် […]


                    (ကျွန်ုပ်သည် ဤစာစုကလေးကို ရေးသားရန် လွန်စွာတွန့်ဆုတ်နေမိပါသည်။ မရေးတော့ရန် ၊ မေ့ပျောက်ပစ်ရန်ပင် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။ သို့ရာတွင် ဤအဖြစ်အပျက်ကို မေ့ပျောက်နိုင်ခြင်းမရှိပဲ ကျွန်ုပ်၏ စိတ်တွင်းတစ်နေရာတွင် ကိန်းအောင်းလျှက်ရှိနေခဲ့ပြီး မကြာခဏဆိုသလို သတိရလျှက်ရှိနေရာ ကျွန်ုပ်၏ နေ့စဉ်လုပ်ငန်းဆောင်တာများကိုပင် ထိခိုက်လာနေပေတော့သည်။ ထို့ကြောင့် ဤစာစုကလေးကို ချရေးလိုက်ပါတော့မည်။ အဖြစ်မှန်ကို အမည်များသာပြောင်း၍ ရေးထားသော ဤစာစုကလေးသည် ကာယကံရှင်တို့မှအပ အခြားမည်သူ့ကိုမျှ တိုက်ရိုက်မရည်ရွယ်သော်လည်း အမှန်အားဖြင့် လူသားများစွာကိုပင် ရည်ရွယ်ရာရောက်နေနိုင်ပါသည်။ ဤပိုစ့်ကိုဖတ်၍ စိတ်အနှောက်အယှက် ဖြစ်ရသူများရှိပါက ကျွန်ုပ်အားခွင့်လွှတ်ကြရန် တောင်းပန်အပ်ပါသည်။) . . . . . တစ်နေ့ …… . […]


သူ ခြေလှမ်းကျဲကျဲနဲ့ မှန်မှန်ဖြတ်လျှောက်သွားတဲ့ ကမ်းခြေတစ်လျှောက် မှာ နေဆာလှုံနေတဲ့ မိန်းမပျိုလေးတွေ ခေါင်းထောင်ကြည့် လှမ်းမျှော်ကြည့် ငေးမောကြည့်ရစ်ကြမှာကို သိနေလျှက်နဲ့ ဘာကိုမှ ဂရုမစိုက်ပဲ ရှေ့ကိုပဲကြည့်ပြီး ဆက်လျှောက်သွားဖြစ်သည်။ အဲဒါတောင်မှ ရှေ့  ခပ်လှမ်းလှမ်းက ရွှေဝါရောင်ဆံပင်နဲ့မိန်းမချောလေး ဖြတ်ကနဲလှမ်းကြည့်လိုက်တာကို မြင်ဖြစ်အောင်မြင်မိလိုက်သေးသည်။   သူမအနီး နှစ်လှမ်းအကွာလောက်အရောက်မှာတော့ သူမက ရုတ်တရက် ထ ရပ်ပြီး လှည့်အထွက် ပန်းရောင်ကာဗာနဲ့ဖုန်းကလေး ကျ ကျန်ရစ်သည်။ သူက ခြေလှမ်းကျဲကျဲဖြင့် သွားနေရင်းမှ ဖုန်းကလေးကို ကောက်ကာ တဆက်တည်း ရှေ့ကိုလှမ်း၍ သူမရဲ့လက်ကလေးကို လှမ်းဆွဲရပ်တန့်စေလိုက်သည်။ “နောက်ဆို ဒီလို ဖုန်းကလေးတွေကို ခဏခဏ တမင်လွှတ်မချနဲ့နော်..။ ဒါက အိုင်ဖုန်းမို့လို့…..။ ဟွာဝေးသာဆိုရင် မော်ဒယ်ချိန်းလိုက်ရပြီ…. ” နဲနဲလေးမှ ရှက်ကိုးရှက်ကန်းဖြစ်မသွားတဲ့သူမက ရယ်ကျဲကျဲ ညုတုတုလေးပြုံးရင်း […]


                    အပိုင်း(၄) အလှမ်းဝေးသေးတဲ့ဒုက္ခနိဂုံး (သို့မဟုတ်) လူ့သမိုင်းသစ်နိဒါန်း     ဒါပေသိ- လူအားလုံးတော့ လူသားအားလုံးတော့ ခွဲဟဲ့ ခြမ်းဟဲ့ ကိုက်ဟဲ့  ဖဲ့ဟဲ့  နဲ့   ………….. ကျောက်ခေတ်လွန်စရိုက်ထဲမှာ တဝဲလည်လည်ရှိနေတာတော့  မဟုတ်ကြပါဘူး…. လူတွေထဲက တစ်နည်းနည်းနဲ့အသာစီးရပြီး တစ်နည်းနည်းနဲ့ စောပြီး သက်တောင့်သက်သာဖြစ်လာတဲ့ လူတစ်ချို့ဟာ (အဲ… ချမ်းသာလာတာလို့လဲ ပြောချင်ပြောပေါ့) လူလူချင်းခွဲခြားရတာကို အပြစ်မြင်ဖို့  အချိန်ရလာပါတယ် အဲဒီတော့ အပြစ်မြင်လာပါတယ်။ အပြစ်မြင်လာတော့ လူလူချင်း မခွဲခြားဖို့ စတင် ကြိုးစားလာပါတယ်။ လူတွေအချင်းချင်းမှမဟုတ်- ဒေသချင်း  နိုင်ငံချင်း  ခွဲခြားတဲ့အခါ ကိုယ့်နိုင်ငံအကျိုးစီးပွားကိုစောင့်ရှောက်ရဖို့က စလို့ အစစအရာရာ အပ်ိုအလုပ်ရှုပ် […]


                        အပိုင်း(၃) ပေါင်းလိုက်.. ခွဲလိုက်.. ဆွဲစိလိုက်..  စာကိုယ်   အဲ့ဒါ ကနဦးလူတွေက ကိုယ့်အစုလေးနဲ့ကိုယ် အစပ်တည့်သလို စုနေကြပုံရပါတယ်။ ဒါမှလဲ သားရဲတိရ စ္ဆာန်တို့ သဘာဝဘေး တို့ ရန်တွေက ကာကွယ်ခုခံလို့လဲရ အလုပ်တာဝန်တွေ ခွဲဝေရင်း နပ်တဲ့သူတွေ သာသလိုနေလို့လဲရတာကိုး…….   အလုပ်တာဝန်ခွဲဝေရာမှာတော့  ယောက်ျားတွေက  တော်တော်လည်ပါတယ်… လည်  … ဆို  .. သူတို့က လူအရင်ဖြစ်တာလေ… သဘာချင်း ဝါချင်း ဘယ်တူပါ့မလဲ….   ဟော … ဆိတ်တစ်ကောင် ကျောက်ခဲနဲ့ထုသတ်.. ပြီးတော့ မိန်းမလက်ထဲအပ်လိုက်မယ်…… မိန်းမရေ… […]


                  အပိုင်း(၁) မရေမရာနိဒါန်း   လူ ……..   အဲ့ဒီ လူအမည်ရှိ သတ္တဝါတွေ ဘယ်လို စဖြစ်လာတယ်ဆိုတာကိုတော့ အမျိုးမျိုးကြားဖူးပါသည်။ အဲဒီထဲက တစ်မျိုးကတော့ – ဘုရားသခင်က လူကို ဖန်ဆင်းသည်  (အနောက်တိုင်းက အိုမာခိုင်ရမ်ဆိုလား လူ့ခွစာ ကဗျာဆရာတစ်ဦးကတော့ ဘုရားသခင်ကို လူကဖန်ဆင်းသည်ဟု ဆိုပါသည်။ ဒီလူ မီးရှို့သတ်မခံရတာ ကံကောင်း…) အဲ … ကိစ္စမရှိပါ ။ ဘယ်သူက ဘယ်သူ့ကိုဖန်ဆင်းသည်ဖြစ်စေ…… ဒါမှမဟုတ် တစ်ယောက်တလှည့် အပြန်အလှန်ဖန်ဆင်းကြသည်ပဲဖြစ်စေ……. ……………………………………………………………… နောက်တစ်မျိုးကတော့ လူဆိုတာ ကောင်းကင်ပေါ်က သတ္တဝါကြီးတွေ သူတို့ကံအလျှောက်  ကမ္ဘာပေါ်ကျလာတာက စ သတဲ့…။ […]


                        (အထူးမေတ္တာရပ်ခံချက် (၁) ဤပိုစ့်သည် sexual orientation အကြောင်း ဖြစ်ပါသောကြောင့် မြန်မာ့မျက်စေ့/နား တို့ဖြင့် ကြားရဖတ်ရရိုင်းသည့် အသုံးအနှုံးများပါဝင်မည်ဖြစ်ပါသဖြင့် သည်းခံကြပါရန် တောင်းပန်ပါသည်။ အဆိုပါ အသုံးအနှုံးများကို ရှောင်၍၊ ဖေါ့၍၊ သွယ်ဝိုက်၍ ရေးလျှင် တိကျရှင်းလင်းသော အဓိပ္ပါယ် မရနိုင်သောကြောင့် ထည့်သွင်းရေးသားရပါကြောင်း။ အထူးမေတ္တာရပ်ခံချက် (၂) လောလောဆယ် အင်တာနက်သုံးရ အင်မတန်ခက်နေပါသောကြောင့်၊ ဤပိုစ့်ကို ဝင်ရောက်ဆွေးနွေး မှတ်ချက်ပေးသည်များရှိပါလျှင် ၊ အချိန်မီ ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိပါက၊ အပြည့်အစုံ ပြန်လည်ဆွေးနွေးနိုင်ခြင်းမရှိပါက ၊ နားလည်ခွင့်လွှတ်ပေးကြပါရန် ပန်ကြားအပ်ပါကြောင်း။)       ဆိုတော့ […]


                    အင်မတန်ရေးချင်လွန်း ပြောချင်လွန်းတဲ့အကြောင်းလေးနဲနဲကြောင့် ဒီစာစုလေးကို ရေးမိပါတယ်။ ဒီစာမရေးမီမှာ သရဏဂုံသုံးပါးနဲ့တစ်ကွ ငါးပါးသီလကိုဆောက်တည်ပြီးမှ စိတ်ကို တည်ငြိမ်သန့်စင်အောင် ကြိုးစားပြီးမှ ရေးပါတယ်…။ ဒါတွေရေးလို့ ဘာမှမထူးမှန်းသိပေမယ့် ကိုယ်လုပ်စရာကို လုပ်တဲ့သဘောပါပဲ။   အမျိုးစောင့်ဥပဒေ အဲဒါနဲ့ပတ်သက်ရင် တကယ်တော့ ကျုပ်အဖို့ ကြိုက်တော့မကြိုက်ပေမယ့် သိပ်အသဲအသန်ကြီးမဟုတ်ပါဘူး..။ အဲဒါကြီးက ခေတ်နဲ့မဆီလျှော်ဘူး။ လူ့အခွင့်အရေးကို ဖိနှိပ်ချုပ်ချယ်ရာရောက်တယ်။ ဒီတိုင်းပြည်နဲ့လဲ မသင့်လျှော်ဘူး။ အဲဒါလောက်ပါပဲ…။ (တကယ်တော့ အဲဒီဥပဒေမရှိလဲ ကျုပ်သမီးကို ဖြစ်နိုင်ရင်တော့ ဗုဒ္ဓဘာသာဝင်နဲ့သာ အိမ်ထောင်ပြုစေချင်တာပါ။ သူ့အကျိုးအတွက်ပါ။) ပြဿနာက ၁။ အဲဒါကြီးကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံတာ ၂။ အဲဒါကြီးကို ဘုန်းကြီးတွေက ဦးဆောင်လုပ်တာ […]