Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

စကြာဝဠာထဲက ကောက်ရိုးတစ်ထုံးရဲ့ သမိုင်း (၃)

 

 

 

 

 

 

 

 

 

 

အပိုင်း(၄)

အလှမ်းဝေးသေးတဲ့ဒုက္ခနိဂုံး (သို့မဟုတ်) လူ့သမိုင်းသစ်နိဒါန်း

 

 

ဒါပေသိ-

လူအားလုံးတော့

လူသားအားလုံးတော့

ခွဲဟဲ့ ခြမ်းဟဲ့ ကိုက်ဟဲ့  ဖဲ့ဟဲ့  နဲ့   …………..

ကျောက်ခေတ်လွန်စရိုက်ထဲမှာ တဝဲလည်လည်ရှိနေတာတော့  မဟုတ်ကြပါဘူး….

လူတွေထဲက

တစ်နည်းနည်းနဲ့အသာစီးရပြီး

တစ်နည်းနည်းနဲ့ စောပြီး သက်တောင့်သက်သာဖြစ်လာတဲ့ လူတစ်ချို့ဟာ

(အဲ… ချမ်းသာလာတာလို့လဲ ပြောချင်ပြောပေါ့)

လူလူချင်းခွဲခြားရတာကို အပြစ်မြင်ဖို့  အချိန်ရလာပါတယ်

အဲဒီတော့ အပြစ်မြင်လာပါတယ်။

အပြစ်မြင်လာတော့ လူလူချင်း မခွဲခြားဖို့ စတင် ကြိုးစားလာပါတယ်။

လူတွေအချင်းချင်းမှမဟုတ်-

ဒေသချင်း  နိုင်ငံချင်း  ခွဲခြားတဲ့အခါ ကိုယ့်နိုင်ငံအကျိုးစီးပွားကိုစောင့်ရှောက်ရဖို့က စလို့

အစစအရာရာ အပ်ိုအလုပ်ရှုပ် အကျိုးမဲ့ ပင်ပန်းတာကို နားလည်လာပါတယ်။

ဒါကြောင့် ဒေသချင်း နိုင်ငံချင်းလဲ အကျိုးစီးပွားကစပြီး တစ်စတစ်စ ပေါင်းစည်းကြည့်ဖို့

ခြေလှမ်းသစ်တွေ စ လာကြပါတယ်။

အကောင်းဆုံး နမူနာကတော့ ဥရောပယူနီယံ  ပါပဲ…။

တကယ်ပေါင်းစည်းဖို့ကတော့

နောက်ထပ် ခြေလှမ်းရာထောင် လိုပါသေးတယ်…

ဒါပေမယ့်-

မိုင်တစ်ထောင်ခရီးဆိုတာသူကြီးကားဓါတ်ဆီဖြည့်ရာက စတာပါ

အဲလေ- 

မိုင်တစ်ထောင်ခရီးဆိုတာ  ခြေတစ်လှမ်းက  စတာပါ..

ဒီအဖြူကောင်တွေ ကျုပ်တို့ရှေ့ ဘယ်လောက်ရောက်နေသလဲဆိုရင်

လူဖြစ်ရဲ့သားနဲ့ လူလိုမတွေးတော့ဘူး

လူထက်သာအောင် တွေးခေါ် ခံယူတတ်သွားကြပြီ……..။

 

 

ခင်ဗျားတို့ စဉ်းစားကြည့်ဗျာ….

တကယ်လို့များ……

တကယ်လို့များ………………..

တကယ်လို့များ…………………………………..

တစ်နေ့နေ့မှာ  နိုင်ငံအားလုံးပေါင်းစည်းသွားကြပြီး

ကမ္ဘာကြီးတစ်ခုလုံး  တစ်နိုင်ငံထဲအဖြစ်ကို ရောက်သွားခဲ့တယ် ဆိုပါစို့…..။

အဲဒီအခါမှာ  စစ်တပ်  မလိုတော့ဘူး

စစ်တပ်  မရှိတော့ဘူး….

စစ်စားရိတ်  မရှိတော့ဘူး….

 

အဲဒီအခါမှာ လူတစ်ဦးချင်းရဲ့ အကျိုးစီးပွားနဲ့ လူများစုရဲ့အကျိုးစီးပွား တွေကို

ညှိနှိုင်းဆောင်ရွက်ရမယ့် ဆီလျှော်တဲ့ အုပ်ချုပ်စီမံမှု့မျိုးပဲလိုတော့တယ်…။

လူသားတွေရဲ့ အကြီးဆုံးဘေးရန်ဖြစ်တဲ့ လူလူချင်း ဒုက္ခပေးတဲ့ဘေးရန်က ကင်းဝေးပြီး

လူအသစ်(အတွေးအခေါ်အသစ်ရှိတဲ့လူ)တွေရဲ့  လူ့သမိုင်းသစ်ကို

လှလှပပ အေးအေးချမ်းချမ်း ဖြတ်သန်းရေးဆွဲဖို့ပဲရှိတော့တယ်….။

 

အဲ့ဒါ …………

တကယ်ရော  ဖြစ်နိုင်ပါ့မလား …. လို့  မေးလာရင်………….

ဖြစ်နိုင်တာပေါ့……….

လူ့သမိုင်းဟာ ရပ်တန့်မနေပဲ တိုးတက်နေတာမှန်ရင် ဖြစ်ကိုဖြစ်နိုင်တာပေါ့…………

တစ်နေ့………….

သိပ်ကြာတဲ့  အနာဂတ် တစ်နေ့မှာ

လူတွေအားလုံး အသိပညာအတွေးအခေါ်တွေတိုးတက်ပြည့်စုံပြီး အတူတကွ ပေါင်းစည်းညီညွတ်တာမျိုးမဟုတ်ပဲ…

(မဟုတ်ပဲ….)

လူညံ့တွေ မျိုးတုန်းကုန်ပြီး  လူတော်တွေချည်းကျန်တဲ့နည်းနဲ့ …….

အဲသလို သေချာပေါက်ဖြစ်လာနိုင်တာပေါ့….

နောင်နှစ်ပေါင်း

ငါးရာ    တစ်ထောင်  လောက် အကြာမှာပေါ့လေ…..

 

နေပါဦး…

လူသားတွေ ဒီလောက် ဖဲ့ရွဲ့နေတာ….

ကမ္ဘာကြီးကရော အဲသလောက်ကြာအောင် ခံပါ့မလား…….

အဲဒါကတော့  သိပ်မသေချာပါ….

 

ပိုပြီးမသေချာတာကတော့ 

အဲဒီအချိန်အထိ လူသားမျိုးနွယ် ကျန်ရှိနေပါဦးမလား  ဆိုတာပါပဲ…..

 

အဲဒီအချိန်မှာ ဦးပါလေရာဆိုသူကတော့ လူ့လောကမှာမရှိတော့တာကြာလေပြီ…….

နတ်ပြည်ခြောက်ထပ်ထဲက

ငါးလွှာမြောက်

နိမ္မာနရတိ   လို့ခေါ်တဲ့ …………

ကိုယ်ဖြစ်ချင်တာတွေကို စိတ်ကူးပေါက်သလိုလျှောက်ဖန်ဆင်းပြီး ကိုယ့်အတွေးနဲ့ကိုယ်ငြိမ့်နေရတဲ့………..

Android Game တွေ နဲ့ ခပ်ဆင်ဆင်  နတ်ဘုံနတ်နန်းတစ်ခုမှာ….

နတ်သက်အရ နှစ်ရက် တစ်မနက်ခင်းလောက် ရှိနေပါပြီ…

ပြီးတော့ နန်းခင်ဇေယျာနဲ့တထပ်ထဲတူတဲ့ နတ်မော်ဒယ်ချောချောလေးတွေကို

ကိုယ်ဝါသနာပါတဲ့အတိုင်း…

အဲ…   အဲ… 

အင်္ဂလိပ်စာကျူရှင်ပေးနေလောက်ပါပြီ….။

 

ဘာ…….

မြန်မာပြည်………

ဟုတ်လား…………

အဲ့ဒါကတော့  ဘုရားဟောလဲရှိသားမဟုတ်လား…

သဗ္ဗေသတ္တာ ကမ္မသကာ  ……တဲ့

 

ရမ်းသမ်းဘာသာပြန်ချက်= သတ္တဝါတွေ ကိုယ်သောက်သလောက် ကိုယ်မူးကြလတံ့….

 

ဘိုင့်လဘိုင်……

 

 

ဦးဦးပါလေရာ

24 comments

  • Ko chogyi

    October 14, 2013 at 8:39 am

    စောစောစီးစီး ဦးပါရဲ့ဒသနတွေကြားမှာ
    မူးသွားပြီဗျာ။

    • ဦးဦးပါလေရာ

      October 15, 2013 at 12:14 am

      ပိုစ့်ထဲက ဘုရားဟောစကားကို အနက်ပေးထားတာကိုတောင် နဲနဲပြန်ပြင်ရမလိုဖြစ်နေပြီ

      :mrgreen:

  • kyeemite

    October 14, 2013 at 11:47 am

    နတ်ပြည်ခြောက်ထပ်ထဲက
    ငါးလွှာမြောက်..မှာ ကျုပ်ကိုရောမတွေ့ဘူးလား ဦးပါရ..ဟိဟိ 😀

    လူအသစ်(အတွေးအခေါ်အသစ်ရှိတဲ့လူ)တွေ တိုင်ပြည်မှာများလာအောင်တော့
    တစ်နည်းနည်းနဲ့ တပိုင်တနိုင် ကြိုးစားသွားကြမယ်ဆိုရင်တော့….
    “သိပ်ကြာတဲ့ အနာဂတ် တစ်နေ့မှာ”
    အစား “သိပ်မကြာတဲ့ အနာဂတ် တစ်နေ့ မှာ” ဖြစ်လာမှာပေါ့ဗျာ 🙁

    • ဦးဦးပါလေရာ

      October 15, 2013 at 12:16 am

      လက်မလည်လို့ပါ ကိုမိုက်ရယ် ..

      ဟို ….

      ကျူရှင်ပြနေရတာ လက်မလည်လို့ ….

      😀

  • Mr. MarGa

    October 14, 2013 at 2:23 pm

    ဦးပါက ငါးထပ်မြောက်ကို ရောက်နေချိန်မှာ
    ကျွန်တော်ကတော့
    တာဝတိံသာမှာ
    နတ်ရေးနတ်ရာတွေနဲ့ ရှုပ်နေဦးမှာပေါ့လေ :kwi:

    • ဦးဦးပါလေရာ

      October 15, 2013 at 12:21 am

      ်မိဖုရားတစ်ပါးတောင် တော်တော်နားပူတာကလား မောင်ရင်ရဲ့ ..

      သိကြားမင်းဆိုတာ နတ်မိဖုရားကြီးလေးပါးနဲ့ ဆိုတော့

      တာဝတိ ံသာက မတက်မချင်း မောင်ရင့်နား ဂွမ်းဆို့ထားပေတော့ ..

      😀

      • Mr. MarGa

        October 15, 2013 at 12:06 pm

        ဂွမ်းဆို့လို့ မနိုင်ရင်လည်း ဦးပါတို့ဆီ တက်လာရုံပေါ့ဗျာ :mrgreen:

  • ကထူးဆန်း

    October 14, 2013 at 3:53 pm

    ဒို့ လဲလိုက်မယ်
    ချန်မထားနဲ့
    ဦးပါ သွားတော့ ပျင်းလှတယ် ..
    ဟိ ဟိ… မိုးစက်လို လှသူ….သူကြီးနေတဲ့ နိုင်ငံက ကုလားမလေးလို ဘောလဝုဒ် ကတတ်သူလေးတွေ လိုမျိုးလဲ ရှိမှာပေါ့နော်..

    • ဦးဦးပါလေရာ

      October 15, 2013 at 12:31 am

      အဲဒါကြောင့် ..

      ကျုပ်က အစကတည်းက ကိုယ်ကြိုက်တတ်တာလေးတွေ စိတ်ကြိုက်ဖန်ဆင်းလို့ရတဲ့ နတ်ပြည်ကို ရွေးထားတာ ကထူးဆန်းရဲ့…

      စိတ်ထဲတောင့်တတာလေးတွေ ချက်ချင်း ကိုယ့်ရှေ့ပေါ်လာတယ် … ဆိုလား..

      နန်းကြီးသုပ် တို့ ရွှေရင်အေး တို့ …..

      :mrgreen:

  • TNA

    October 14, 2013 at 8:22 pm

    ဦးပါတို့ ရွာသားတွေနတ်ပြည်သွားရင်တော့ဟုတ်ပါဘီ ရွာသူတွေကကောဟင် 😥

    • ဦးဦးပါလေရာ

      October 15, 2013 at 12:40 am

      အာ ….. ဟုတ်သားပဲ ….
      ရွာသူတွေအတွက် ရွေးပေးဖို့မေ့နေတယ် ….

      စဉ်းစားကြည့်သလောက် – ရွာသူတွေအတွက်က တုသီတာ နတ်ပြည်ဆို မဆိုးလောက်ဘူး
      လေးလွှာထဲဆိုတော့ ဓါတ်လှေခါးမီးပျက်လဲ တက်ရတာ သိပ်မမောလောက်ဘူး …

      အဲဒီမှာက ပြင်ဦးလွင်က ရုက္ခဗေဒဥယာဉ်ထဲ ပွဲကောက်ရေတံခွန်ရောက်နေသလို သိပ်သာယာ ဆိုပဲ ..
      အစားအစာတွေကလဲ ဆီဒိုးနား ပင်လယ်စာဘူဖေးလို ရေလည် ဂွတ်ရှယ် သတဲ့ ….
      တစ်ခုပဲ ….
      facebook သုံးလို့ရပုံမပေါ်ဘူး …..

      :'(

      :mrgreen:

  • black chaw

    October 15, 2013 at 9:42 am

    ကိုပါကြီးပို့စ် ဖတ်နေရင်း…
    ဘယ်သူပြောခဲ့တယ်လို့ မသိတော့တဲ့…
    စကားလေးတစ်ခွန်း သွားသတိရမိပါတယ်…။

    လူတစ်ယောက် ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူး
    ဘယ်သွားနေလဲ ဆိုတာကသာ အရေးကြီးတယ်

    တဲ့…။
    အခု ကိုပါကြီးပို့စ်မှာလည်း…
    လာမယ့် နှစ်ပေါင်း ငါးရာ…တစ်ထောင်လောက်အကြာမှာ…
    ဖြစ်လာနိုင်တဲ့…
    လူသားတွေ နဲ့ ကမ္ဘာကြီးရဲ့ အလားအလာကို…
    ခပ်သောသောလေး ခန့်မှန်းတွက်ချက်ပြသွားတာကို ဖတ်ရင်း…
    လူဘယ်ကစဖြစ်လာသလဲ ဆိုတဲ့ အချက်ထက်…
    လူတွေ ဘယ်ကို ဦးတည်နေတယ်ဆိုတဲ့အချက်ကသာ…
    ပိုအရေးကြီးတယ် ဆိုတာလေး တွေးမိပါတယ်…။
    ဆိုတော့…
    နောက်လာမယ့် နှစ်ပေါင်း ငါးရာ…တစ်ထောင်မှာ
    ဖြစ်နေပျက်နေမယ့် ခုက္ခတွေကို မကြုံတွေ့ချင်ရင်တော့
    လုပ်ရမှာက တစ်ခုတည်းရှိပါတယ်ဗျာ…။
    နိဗ္ဗာန် ရောက်ရင် အဲဒါတွေ အားလုံး ကိုယ်နဲ့ မဆိုင်…။
    :mrgreen:
    ချစ်ခင်လေးစားတဲ့…
    ဘလက်ချော…။

    • ဦးဦးပါလေရာ

      October 17, 2013 at 12:57 pm

      ကို​ချောလို့မ​ပြော​ရဘူး … ကျုပ်​ခပ်​ကွယ်​ကွယ်​​လေးထည်​့ထားတာကို ချက်​ချင်​းတန်​းမြင်​​တော့တာပဲ….

      မှန်​ပါတယ်​ ကို​ချော​ရေ
      လူရဲ့အစ….
      သမိုင်​းရဲ့ အစ….
      လူမျိုး​တွေရဲ့ အစ…
      နိုင်​ငံ​တွေ နယ်​နိမိတ်​​တွေရဲ့ အစ
      ပြီး​တော့…. မုန်​းတီး မှု့ နာကျည်​းမှု့ ​တွေရဲ့အစ​တွေဟါ
      မ​သေမချာ မထင်​မရှားနဲ့ အငြင်​းပွားစရာ​တွေ အပြည်​့နဲ့ပါ……
      ပြီး​တော့… အဲဒါ​တွေအတွက်​လဲ ကျုပ်​တို့ ဘာမှ ြြပြင်​ဆင် ​ပြောင်​းလဲ ဖိ့
      မလုပ်​နိုင်​​တော့ပါဘူး….
      ကျုပ်​တို့လုပ်​နိုင်​တာက
      ကျုပ်​တို့လက်​ထဲမှာရှိတာက
      အနာဂတ်​ ပါ….
      ကျုပ်​တို့ဘယ်​​လောက်​​တော်​တယ်​ သို့မဟုတ်​ ဘယ်​​လောက်​မိုက်​မဲတယ်​ဆိုတာကို
      အနာဂတ်​က သက်​​သေခံမှာပါ…..​

  • Ma Ma

    October 15, 2013 at 4:26 pm

    အဲဒီလို အများစိတ်ဝင်စားအောင်ပေ့ါပေါ့ပါးပါး ပြောသွားတာ သဘောကျတယ်။
    နောက်တစ်ခုက စာလုံးသေးရင် ဖတ်ဖို့ သိပ်စိတ်မဝင်စားချင် ဖြစ်လေ့ရှိတာကို….
    ဒီလောက်ကြီးတဲ့ စာလုံးတွေနဲ့ ရှင်းရှင်းလင်းလင်းရေးထားလို့ ဖတ်ရတာ သွက်လှပါတယ်။
    စာလုံးကြီးအောင် ဘိုလိုလုပ်ထားတယ်မသိ.. 🙂

    • ဦးဦးပါလေရာ

      October 17, 2013 at 4:09 pm

      အဲဒီစာလုံးကြီးတွေက ဘယ်လိုကဘယ်လိုဖြစ်သွားမှန်းမသိဘူး မမ ရဲ့ …

      ကြည့်ရတာ သူကြီးဆိုက် ကယောင်ခြောက်ခြား ဖြစ်နေတာဖြစ်မယ်….

  • padonmar

    October 15, 2013 at 9:19 pm

    ဟားဟား..ဘယ်ရမလဲ။
    အပျိုကြီးတွေဆိုတာ ဗြဟ္မာ့ပြည်ကလာတာတဲ့။
    ကိုယ့်နေရာကိုယ်ပြန်သွားမယ်။
    ဦးပါတို့ ဦးမိုက်တို့နေတဲ့ နိမ္မာနရတိထက်လည်းမြင့်တယ်။
    တဂျားရဲ့ တာဝတိံသာထက်လည်းမြင့်တယ်။
    ကျားမဂေးလက်စဘီယံလည်းမရှိတဲ့။
    အဲဒီအခါကျရင် ဈာန်ပီတိနဲ့ပဲနေမှာမို့လို့ ထမင်းဆိုင်လည်းဖွင့်စရာမလို။
    ကိုးနတ်ရှင်မရှိလို့
    ခဏခဏ လှည့်ပတ်ချောင်းရတဲ့ ဂဇက်ကိုလည်း သံယောဇဉ်ဖြတ် ခပ်စိမ်းစိမ်းနေပလိုက်မယ်။

    • kai

      October 15, 2013 at 10:55 pm

      အပါယ် ၄-ပါး, ကပ် ၃-ပါး, ရပ်ပြစ် ၈-ပါး, ရန်သူမျိုး ၅-ပါး, … :mrgreen:

      • ဦးဦးပါလေရာ

        October 17, 2013 at 4:17 pm

        ရန်သူမျိုးက ငါးပါးအနက်က သုံးမျိုးက တစ်မျိုးထဲအဖြစ်ပေါင်းသွားလို့
        အခု ရန်သူမျိုးသုံးပါးပဲကျန်တော့ သတဲ့ ….
        -ခေတ်ကို မျက်ခြေမပြတ်ပါနဲ့ သူကြီး …………..

        😀

  • padonmar

    October 15, 2013 at 9:43 pm

    ငယ်ငယ်က ဖတ်တဲ့ စာတွေထဲ အမေရိကန်အကြားအမြင်ဆရာမ ဂျင်းက
    ၁၉၆၂ ဖေဖော်ဝါရီလ၅ရက် မွေးတဲ့ ကလေးက တကမာ္ဘလုံးအုပ်စိုးမယ်ဆိုတော့
    ငါများဖြစ်နေမလားလို့ စိတ်ကူးတွေယဉ်ခဲ့တာ။
    ရက်ကတော့လွဲနေတယ်လေ။
    နည်းနည်းတော့ မှားချင်လည်းမှားမှာပေါ့လို့ ဟဲဟဲ။
    ခုတော့ သိပါပြီ။smile 🙂 🙂 🙂 lol

    • ဦးဦးပါလေရာ

      October 17, 2013 at 4:23 pm

      အနာဂတ်ဟောကိန်းတွေက ဘာကို ပြသလဲဆိုတော့
      လူတွေရဲ့မသိစိတ်ထဲမှာ ဖုံးကွယ် ပုန်းကွယ်နေတဲ့ အာသီသ ဆန္ဒ ကို ပြသတဲ့ အမရေ…

      တကယ်တော့ လူတွေရဲ့ စိတ်ထဲက (သူတို့ကို်ယ်တိုင်တောင်မသိတဲ့) အာသီသ က
      လူအားလုံးကို တစိတ်တဝမ်း တညီတည်း အုပ်စိုးစီမံမယ့် အုပ်ချုပ်မှု့ပုံစံတစ်ခုကို ပါ…။
      လူသားတွေအားလုံးရဲ့ အစွဲအလမ်းများကင်းလွတ်ရာ မသိစိတ်ရဲ့ တစ်ဒေါင့်တစ်နေရာမှာ
      အားလုံး တစ်ပြေးညီ အတူတကွ လက်တွဲနေထိုင်ချင်စိတ်ရှိနေတယ်လို့ ကျွန်တော်တော့ ယုံကြည်ထားပါတယ်..။

  • alinsett

    October 16, 2013 at 11:43 am

    သတ္တဝါတွေ
    ကိုယ်မူးနိုင်သလောက်သာ သောက်သင့်ကြသည်

    အဟိ

    🙂

    ———

    ဂဇက်ထဲ ဝင်ရခက် နေလို ့ အခုမှ
    ဝင်လာနိုင်တယ်ဗျို့

    • ဦးဦးပါလေရာ

      October 17, 2013 at 4:25 pm

      သတ္တဝါတွေ ကိုယ်သောက်သင့်သလောက်ကို
      မမူးခင် သတိရကြသင့်သည်

      :mrgreen:

  • Swal Taw Ywet

    October 17, 2013 at 3:37 pm

    ဦးဦးပါလေရာရေ။
    ကျနော်တော့ ဝေးဝေးမတွေးနိုင်သေးဘူးဗျို့။
    ဦးပါရဲ့ နောက်ထပ် ၁လ ဆက်လက်ရှင်သန်နိုင်ရေး ကိုဘဲ မဲနေရသေးတာမို့ပါ။
    လူကိုမစောင့်တဲ့အရာတွေ၊ အချိန်နှင့် ဒီရေ အပြင် အိမ်လခ ကပါ ထပ်တိုးပါလာနေသကိုးးးးး
    With respect,
    Swal Taw Ywet.

    • ဦးဦးပါလေရာ

      October 17, 2013 at 4:28 pm

      ကိုစွယ်တော်ရွက်ရေ
      အဲဒီ အိမ်လခ ပေါ့ … ခေါင်းစားနေရတာ…
      ကျွန်တော်လဲ မကြာခင် အခန်းတခန်းရှာငှားရဦးမှာ ….
      😥

Leave a Reply