ဒီနေ့ အွန်လိုင်းလေးတက်မိတော့ အလဲဗင်းဆိုက်က သတင်းတစ်ပုဒ်ကို ဖတ်ရတယ်။ ဒေဝေါကြီးကြောက်လို့ သတင်းစာသားကိုတော့မဖေါ်ပြတော့ပါဘူး၊ သိချင်ရင် ကိုယ်တိုင်သွားဖတ်ကြပါတော့…။ သတင်းရဲ့သဘောကတော့ ၁- အစိုးရသစ်လက်ထက်မှာ ဘဏ်တိုးနှုံးတွေ တတိယအကြိမ်လျှော့ချဘို့ ဆွေးနွေးကြတယ် ၂-ဗဟိုဘဏ်အတိုး လက်ရှိ၁၀% ကို – ၆% အထိချဘို့ (ဗဟိုဘဏ်က အခြားဘဏ်တွေကို ချေးတဲ့နှုံး) ၃-အပ်ငွေအပေါ်အတိုး လက်ရှိ၈%ကို – ၄% အထိချဘို့ ၄-မြန်မာနိုင်ငံဟာဘဏ်အတိုးနှုံးမြင့်မားတဲ့အတွက် အခြားနိုင်ငံကလူတွေက သူတို့နိုင်ငံကငွေချေးယူ-  မြန်မာနိုင်ငံမှာဘဏ်အပ်ပြီး အတိုးခြားနားချက်ကို အမြတ်ထုတ်ကြတယ်ဆိုတဲ့အကြောင်း မြန်မာနိုင်ငံထက် ဘဏ်တိုးနှုန်းနိမ့်တဲ့ နိုင်ငံကလာတဲ့ လုပ်ငန်းရှင်တွေဆိုရင် သူ့နိုင်ငံကနေ ငွေချေးပြီး မြန်မာနိုင်ငံမှာ ငွေအပ်၊ […]


                          တကယ်တော့ မနေ့ကတင်လိုက်တဲ့ပိုစ့်လေးကို ဆက်ရေးဖို့ပါဗျာ- အဲဒီပိုစ့်လေး တင်လိုက်တဲ့အကြောင်းရင်းက – 2.6.2013  ညနေမှာ မန်းဂဇက်ချစ်သူများစာပေဆုရွေးချယ်ရေး ဖတ်ရွေးအဖွဲ့ဝင်တချို့ အစည်းအဝေးလုပ်ကြပါတယ်။ အဲဒီအစည်းအဝေးက ပြောဆိုဆွေးနွေးဖြစ်တာလေးတွေ ၊ ဆက်လုပ်မယ့်အစီအစဉ်ကလေးတွေကို ရွာသူားတွေကိုပါ ချပြပြီး စိတ်ဝင်စားသူတွေက အကြံဉာဏ်ပေး ကွန်မင့်ရေးတာလေးတွေကို ပြန်သုံးသပ်ရအောင် ပိုစ့်ကလေးတပုဒ်တင်ဖို့ ကျုပ်တာဝန်ယူခဲ့ပါတယ်..။ အဲဒီမှာ ပိုစ့်ရေးမယ်လုပ်တော့ – မိဘပြည်သူများခင်ဗျား… ဆိုပြီး သတင်းကြေငြာသလိုကြီးမရေးချင်တာကြောင့် တစ်ယောက်ယောက်ကို တရင်းတနှီးပြောပြတဲ့ရေးဟန်ကလေးနဲ့ tone ကိုလျှော့ဖို့ စဉ်းစားမိပါတယ်။ ကျုပ်မှာက ပိုစ့်ထဲထည့်ရေးချင်တဲ့အခြားအကြောင်းအရာကလေးတွေကလဲ ရှိနေသေးသကိုးဗျာ….   လွန်ခဲ့တဲ့ ရက်အနည်းငယ်က daily eleven […]


                  သည်နေ့က အတော်ကို ထူးခြားနေသည်… ပြောရလျှင် ကေတုမတီ မင်းနေပြည်ဆိုပေသိ သည်နေ့ကိုက ပုံမှန်ထက်ကို အုတ်အုတ်ကျက်ကျက်ရှုပ်ရှုပ်ထွေးထွေးဖြင့် ရုတ်ရုတ်သဲသဲဖြစ်နေသည်မှာ ဘာများအကြောင်းထူးရှိလို့ပါလိမ့်……. ဇဝေဇဝါစဉ်းစားရင်း ပါလေရာတစ်ယောက် လမ်းလျှောက်လာခဲ့သည်မှာ ရွှေနန်းတော်ရှေ့က ရင်ပြင်အနီးသို့ပင်တိုင်လေသည်။ အဲသည်မှာတော့ လူအုပ်ကြီးစုဝေးနေသည်ကိုတွေ့လိုက်ရသည်။ အထူးသဖြင့်တော့ ရာဇမတ်ကာထားသည့် ကွပ်လပ်ငယ်ထဲသို့ ဝင်ရောက်ခွင့်ရဖို့ စုတိုးနေတာဖြစ်လေသည်။ ဘာများအလကားဝေမှာမို့ပါလိမ့်နော်…။ ဘာပဲဖြစ်ဖြစ် သူများတိုးရင် ကိုယ်လိုက်တိုးမှ သူများရတဲ့အခါ ကိုယ်လဲရမှာ။ ထိုင်နေလို့တော့ဘာမှမဖြစ်နိုင်ဘူး..။ တိုးကြည့်မှ အကျိုးရှိချင်ရှိပေဦးမည်….။ သို့နှင့်ပင် စပ်စုစိတ်တဝက် လောဘစိတ်တဝက်ဖြင့် ပါလေရာတစ်ယောက် လူအုပ်ကြီးထဲဝင်တိုးမိလေတော့သတည်း..။ “ဟာ… ရောင်းရင်းကြီးကိုရင် ပါ ပါလား။ ဝမ်းသာတယ်ဗျာ ။ ဒါမှ ယောက်ျားကောင်းဗျ။ လာ… […]


Normal 0 false false false EN-US X-NONE X-NONE /* Style Definitions */ table.MsoNormalTable {mso-style-name:”Table Normal”; mso-tstyle-rowband-size:0; mso-tstyle-colband-size:0; mso-style-noshow:yes; mso-style-priority:99; mso-style-qformat:yes; mso-style-parent:””; mso-padding-alt:0in 5.4pt 0in 5.4pt; mso-para-margin-top:0in; mso-para-margin-right:0in; mso-para-margin-bottom:10.0pt; mso-para-margin-left:0in; line-height:115%; mso-pagination:widow-orphan; font-size:11.0pt; font-family:”Calibri”,”sans-serif”; mso-ascii-font-family:Calibri; mso-ascii-theme-font:minor-latin; mso-hansi-font-family:Calibri; mso-hansi-theme-font:minor-latin;} ဒီအဖိုးကြီး ဘာမဟုတ်တဲ့အကြောင်းရေးပြီး သက်သက်ဘော်ချက်တယ်လို့ထင်ရင်လဲ ထင်ကြပါ… အခုတစ်လော အစိုးရပိုင်းကလဲ တစ်ချို့နေရာတွေမှာ ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတော့.. မတော်မတဲ့လေးတွေတွေ့တဲ့အခါ ခပ်ပါးပါးလေး(မှိုချိုးမျှစ်ချိုး)ဝေဖန်စရာရှိဝေဖန်ရသလို တိုးတက်လာတဲ့ အကောင်းဖက်ပြောင်းလာတဲ့အချက်ကလေးတွေလဲ ရှာကြံချီးကျူးချင်လို့ပါဗျို့…။   ဆိုတော့ကာ …. ခင်ဗျားတို့ကျုပ်တို့တစ်တွေ တစ်ယောက်နဲ့တစ်ယောက် […]


            မြန်မာစကားပုံလေးတွေဟာ အတော်သဘာဝ ကျတာပါဗျာ..။ အခုလဲ ဒီလဆန်းပိုင်းမှာ ကျောင်းသားမိဘတွေ ယောက်ယက်ခတ်နေတာကိုကြည့်ပြီး စကားပုံလေးတစ်ခု ခေါင်းထဲရောက်လာမိတယ်။ “ပညာရွှေအိုး  လူမခိုး”…တဲ့…. ကြည့်….  ခိုင်းနှိုင်းပုံကလေး သင်း.. လိုက်တာများ… ပညာကို  ရွှေအိုးနဲ့ ကို နှိုင်းပစ်လိုက်တာ…။ ဟုတ်ပါ့… မြန်မာပြည်မှာတော့ ပညာဆိုတာတကယ့်ကို ရွှေ နဲ့တူတာပါ…။ အရမ်းဈေးကြီးပြီး အမြဲတမ်း ဈေးတက်နေတာကိုး။ အဲ… အဲ… ကျုပ်ပြောတဲ့ပညာ ဆိုတာက  ဒီကနေ့ ကျောင်းသားမိဘတွေ အမြဲခေါင်းခဲနေရတဲ့ ကျောင်းပညာရေးကိုပြောတာပါ။ အခုလို သင်္ကြန်အပြီး မေလကလေး ဆန်းပြီဆိုတာနဲ့ ကျောင်းသားမိဘတွေခမျာ ကျောင်းအပ်ဖို့၊ ကျူရှင်အပ်ဖို့၊ ဂိုက်ရှာဖို့ ၊ ကျောင်းကားစုံစမ်းဖို့ …  ဆိုပြီး ရှုတ်ရှက်ကိုခတ်နေတာ။ ပါလေရာတို့ခေတ်နဲ့များ […]


                          သင်္ကြန်တော့ ရောက်ပြန်ပြီ… ဆိုတော့ကာ….   ဒီအချိန်မျိုးဆိုမှဖြင့် ကျုပ်လို အဘိုးကြီးများ တယ်…အထီးကျန်သကိုး…….. အိမ်ရှိလူအပေါင်းက  ဆိုင်ရာဆိုင်ရာကိစ္စတွေအသီးသီးနဲ့- သင်္ကြန်တွင်းအတွက် စားရေးသောက်ရေး ပြင်သူကပြင်… အခြောက်အခြမ်း မုန့်ပဲစားဖွယ်  ရှာဝယ်သူကဝယ်…. လည်ဖို့ပတ်ဖို့ ချိန်းကြ… ဆိုကြ… ဝယ်ကြ… ခြမ်းကြ…. အဲဒီအချိန်မျိုးမှာ ရေနွေးတစ်အိုးနဲ့ ချောင်ထိုးခံရတာကတော့ လူကြီးတွေပဲဖြစ်ပါတယ်။ ဒီလူကြီးတွေကလဲ အားကျမခံ ဘုန်းကြီးကျောင်းသွားဖို့ ဥပုသ်စောင့်ဖို့ ရိပ်သာဝင်ဖို့ လှူရေးတန်းရေးလုပ်ဖို့ စသည်…. စသည်….ဖြင့်  ကိုယ့်ထွက်ပေါက် ကိုယ်ရှာကြရတာပေါ့……။ ခက်တာက ကျုပ်ကလဲ ကြီးမလိမ္မာ ဆိုတော့.. အဲဒါတွေလုပ်ဖို့  ပျင်းတယ်ဗျ… ဒီတော့… ဒီလုပ်လုပ်မယ်ဗျာ….. […]


                        ငယ်ငယ်က ကြားဖူးတာလေး တစ်ခုရှိတယ်..။ ဘိုးတော်ဘုရားလို့ခေါ်တဲ့ ဘုရင်အပါးမှာ စကားအရာလိမ္မာတဲ့ အမတ်တစ်ဦးရှိသတဲ့…. အာဏာရှင်ဘုရင်ခေတ်ဆိုတော့ စကားတစ်ခွန်းမှားရင် ခေါင်းပြတ်သွားနိုင်တာကလား.. ဒါ့ကြောင့် စကားမမှားရအောင် ဆိုလိုရင်းအဓိပ္ပါယ်ကို ဥပမာဥပမေယျတွေနဲ့ ဖွက်ပြီးပြောရတယ်… အဲဒါ အဖွက်ကောင်းလွန်းတော့ သူဘာပြောတယ်ဆိုတာ ဘယ်သူမှမသိပဲဖြစ်ဖြစ်နေလို့ ငယ်ငယ်ကတည်းကရင်းနှီးလာတဲ့ မိဖုရားကြီးက ခေါ်ဆုံးမသတဲ့. “ ဟဲ့…ငကျော်ရွေး… ပြောစရာရှိတာကို လူသိစေချင်ရင် သိအောင်ပြောဟဲ့… မသိစေချင်ရင် နင့်ဟာနင်အောင့်ထား….. စကားပေါတယ်ထင်လို့ နင့် လူမလေးစားရင် နင့်အရှင်တွေပါ မျက်နှာပျက်ရသဟဲ့… ”  …ဆိုပဲ အင်း….  ကြားဖူးတာလေးပါ…   ဘာနဲ့စကားအစချီရမှန်းမသိလို့ ဘာမှမဆိုင်တာနဲ့ အစချီကြည့်တာပါ.. တကယ်ပြောချင်တာက  […]


              “….အေးကွာ…. မင်းနဲ့လဲ မတွေ့တာတောင်ကြာပြီ ” “ ငါလဲ သတိရပါတယ်..။ ဒီဖက်မရောက်ဖြစ်လို့ ….. ” “ မင်းကျန်းမာရေးတော့ကောင်းတယ်မဟုတ်လား..။ အလုပ်အကိုင်တွေရော…   ဘယ်လိုလဲ…. ” “ အလုပ်တွေကလဲ မကောင်းလှပါဘူးကွာ။ အရေးထဲ ပြဿနာတွေက များသေး…..” “ ဘာပြဿနာဖြစ်လို့လဲ….” “ မပြောချင်ပါဘူးကွာ..။ တစ်နေ့က  ငါဟိုဖက်ရွာကို ဖြတ်သွားတုန်း မဏ္ဍပ်တခုရှေ့ရောက်တော့ အထဲမှာဝရုန်းသုန်းကားဖြစ်နေတာ….” “ ဘာတွေဖြစ်နေလို့လဲ…” “ လူတစ်ယောက်က သွေးအိုင်ထဲလဲနေတယ်ကွာ…။ နောက်တယောက်က ဒူးတုပ်ပြီးတောင်းပန်နေတယ်..။ အဲဒါကိုတောင် ဓါးကိုင်ထားတဲ့တယောက်က သွေးတစက်စက်ကျနေတဲ့ဓါးကြီးကိုမြှောက်ပြီး ခုတ်မယ်တကဲကဲလုပ်နေတယ်..။ ဘေးမှာလဲ လူတွေအများကြီးခပ်လှမ်းလှမ်းကဝိုင်းကြည့်နေကြတာ..။ ဘာမှလဲ ဝင်မလုပ်ကြဘူး…။” “ လူတွေကလဲ ခက်တာပဲကွာ..။ […]


            သိုင်းသိုင်းဝိုင်းဝိုင်းလေးရေးချင်ပေမယ့် ရှုပ်ထွေးသွားမှာစိုးလို့ လိုရင်းလောက်ပဲ အတိုချုပ်ပြီး ကြေငြာပါရစေ…။ ပြောဖို့ ဖြေဖို့ ဖြည့်ဖို့  လိုအပ်တာတွေကိုတော့ ကွန်မင့်လေးတွေနဲ့ပဲ ပြောပါရစေ….။ ဥက္ကဌ မပဒုမ္မာကိုယ်စား အသိပေးကြေငြာခြင်းဖြစ်ပါကြောင်း….။     နှစ်သစ်ရဲ့ မှတ်တိုင်သစ် ၂၀၁၃ နှစ်သစ်ရဲ့အစမှာပဲ မန်းဂဇက်ရွာကြီးရဲ့မှတ်တိုင်သစ်တခု စိုက်ထူပါတော့မည်…..။ မန္တလေးဂဇက်အဖွဲ့ဝင်များဆုံစည်းပွဲ နှင့် မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲ  မကြာမီ ကျင်းပပါတော့မည်…။ ရွာထဲမှာ အနေကြာသည်နှင့်အမျှ ရွာသူားတွေ စာချင်း ခင်မင်ရင်းနှီးမှု့ရင့်သန်လာသည့်နောက် လူချင်းလဲ  ပျော်ပျော်ပါးပါး  တွေ့ဆုံကြ   မိတ်ဖွဲ့ကြ  ဆက်ဆံရေးသစ်တွေထူထောင်ကြရအောင်နော်……….     ဘယ်သူတွေ တွေ့ဆုံကြမှာလဲ အားလုံး… အားလုံး…. တက်ရောက်နိုင်သမျှ  မန်းဂဇက်ရွာကြီးရဲ့ အဖွဲ့ဝင်(Member) အားလုံး…     […]


        ဒီရက်မတိုင်ခင်ကတည်းက လူပြောတော့များနေတာ… ၁၂.၁၂.၂၀၁၂      တနည်းအားဖြင့်  ဝမ်းတူးဝမ်းတူးဝမ်းတူး… တခုခုတော့ထူးမည်ဆိုတာ… ကမ္ဘာပျက်မည်ဆိုရအောင်ကလဲ  အရိပ်အငွေ့တောင်မသန်း…. ဘေးဒုက္ခတွေလဲ မကြားရ…. မနက်ကတည်းက ထူးခြားသတင်းကိုတမျှော်မျှော်နဲ့ နေ့လည် တစ်နာရီထိုးလေသည်…။ အချိန်လဲ လွန်ပြီ၊ နေ့လည်စာလဲ စားပြီးပြီ ၊ သုံးလိပ်မြောက်စီးကရက်လဲသောက်ပြီးပြီ… ကမ္ဘာလဲမပျက်၊ ငလျှင်လဲမလှုပ်၊ သွေးလဲမတိုး ၊ ခေါင်းလဲမကိုက် ထရစ်ပယ်ဝမ်းတူးကြီးကို ကျော်ခဲ့ပြီအထင်…… ဖုံးမည်သံကြားလို့ ကောက်ကြည့်လိုက်တော့ ရဲဘော်ရဲဘက်မိတ်ဆွေကြီး… ထူးခြားတဲ့နေ့မှာ ထူးထူးခြားခြား ဖုံးဆက်လေသည်မို့ ဝမ်းသာအားရကောက်အကိုင်….. သတင်းထူးတခုကို ကောက်ကာငင်ကာပြောလာပါသည်…။ ညီငယ်လို ခင်မင်သူတယောက်  ကားအက်ဆီးဒင့်ဖြစ်သည့်သတင်း…. ညီဆိုပေမယ့်  ကိုယ့်သားအရွယ်လောက်ရှိတာပါ… ကိုယ့်ဒူးကိုယ်ချွန် ကိုယ့်အားကိုယ်ကိုးပြီး ဘဝခရီးကိုလျှောက်လှမ်းနေသူကလေး… မျက်စိထဲ ပြာကနဲဖြစ်သွားပြီး လက်ဆွဲအိတ်ကလေးကောက်ဆွဲကာ ဆေးရုံလိုက်ရတော့သည်..။ လမ်းမှာစဉ်းစားမိတာကတော့  ဘယ်ကားတိုက်သွားသလဲပဲ တိုက်တဲ့သူရောမိရဲ့လား၊  […]


              ဝါကျွတ်ပြီဆိုမှဖြင့် မင်္ဂလာဆောင်ဖိတ်စာတွေက တဖွဲဖွဲရောက်လို့လာသည်……..။ အရင်တုန်းကတော့  ဖိတ်စာတွေ ဒီလောက်များလာရင် ညည်းတွားချင်မိသည်…. ခွန်နှစ်ရက်သားသမီးတွေ ဆောင်နိုင်လွန်းလှချည့်လား…လို့ မျက်စောင်းထိုးမိသည်…။ အဲသည်တုန်းကတော့ ကိုယ်ကလဲ မအား…၊ ငွေကြေးကလဲမပြည့်စုံမလောက်ငှ၊ လူ မှု့ရေးတွေကလဲ နေ့စဉ်လိုလို…. အခုတော့ အဲဒါတွေကျော်လွန်သွားခဲ့ပြီ….. အသက်ကရလာသလို၊ ကျင်လည်ရာလူမှု့အသိုင်းအဝိုင်းတွေဆီက ဖဲကျဉ်ဖြစ်လာတော့ အတော်လေးအထီးကျန်သလိုဖြစ်နေပါပြီ..။ လူထဲသွားချင်လွန်းလို့   ကိုယ့်ကိုအဖက်လုပ်ခေါ်ပြောတာခံချင်လွန်းလို့  တနေ့တနေ့ အလှူ၊မင်္ဂလာဆောင်တွေကိုသာမျှော်မိသည်..။ အခုရာသီလို် မင်္ဂလာဆောင်ဖိတ်စာလေးများလှိုင်လှိုင်ရတဲ့အခါမတော့ ဦးပါလေရာတို့ ပီတိဖြစ်လို့မဆုံး……. ဒီနေ့လဲ  မင်္ဂလာဆောင်တပွဲသွားဖို့ အဝတ်အစားသန့်သန့်လေးဝတ်ပြီး အိမ်ကဆင်းလေသည်…… ကားပါကင်ခက်မယ့်နေရာမို့ တက္ကစီပဲစီးမည်။ အခုနောက်ပိုင်းတော့ တက္ကစီကားသစ်သန့်သန့်လေးတွေကလဲ လက်ညှိုးထိုးမလွဲအောင် များလှသည်မဟုတ်လား…။ ဒီလိုအတွေးနဲ့ စမ်းချောင်းတိုက်ခန်းပေါ်ကဆင်းပြီး ကြွကြွရွရွလေး လမ်းမအလည်ကခပ်ဖွဖွလျှောက်ကာ လမ်းထိပ်သို့အသွား….. “ ဗြန်း……………. […]


                  ကျွန်တော်တို့ မန်းဂဇက်ချစ်သူများ စာပေဆု ဖတ်ရွေးအဖွဲ့ကြီးအတွက် အရေးအကြီးဆုံးမူဝါဒတစ်ခုရှိပါတယ်.. အဲဒါကတော့  လွယ်လွယ်ကူကူ နဲ့ ပေါ့ပေါ့ပါးပါး ဖြစ်ဖို့  ….ပါပဲ။ အဲဒါအင်မတန်အရေးကြီးပါတယ်။  ဘာကြောင့်လဲဆိုတော့ မလွယ်ရင်  မပေါ့ပါးရင်  ဖတ်ရွေးအဖွဲ့ သက်တမ်းရှည်မှာမဟုတ်လို့ပါပဲ..။   ဖတ်ရွေးအဖွဲ့ကြီး လေးလတာ ခရီးပေါက်ပြီးချိန်မတော့ ကျွန်တော်လဲ  အခြေအနေကို နဲနဲသဘောပေါက်စပြုလာပါတယ်…။ ဖတ်ရွေးရတာ ပင်လဲ ပင်ပန်း  တာဝန်လဲကြီး လို့ ဒီအတိုင်းဆို သက်တမ်းမှရှည်ပါ့မလားလို့လဲ စဉ်းစားမိလာတယ်။ တကယ်တော့ အစကတည်းက ကိုဘလက်ချောက စဉ်းစားမိပြီးသား သူ့အိုင်ဒီယာကိုလဲ ချပေးပြီးသားပါ… ဒီအိုင်ဒီယာအပေါ်မှာ ကိုဘလက်ချောကို ရာနှုံးပြည့်ခရက်ဒစ်ပေးရပါမယ်။ ကျွန်တော်က စာစီပေးတာလောက် သာသာပါပဲ…။ အဲဒီ ကိုဘလက်ချောရဲ့ […]


အခုပဲ တီဗွီက  အိုဘားမားရဲ့မိန့်ခွန်းကို  Live နားထောင်နေတာ သူ့အသံကို စကားပြန်ရဲ့အသံကလွှမ်းနေလို့ ဘာတလုံးမှကောင်းကောင်းနားထောင်မရဘူး အဲဒီအခန်းထဲနားထောင်သူတွေ အင်္ဂလိပ်လိုနားမလည်မှာစိုးလို့လားမသိ နားမလည်ဘူးလို့များ ထင်နေလားမသိ   ကိုယ်ချင်းစာတယ်ထင်တယ်  :harr:   (အသံလွှင့်တော့မှ ရောထည့်တာဆိုရင်တော့ ဆောရီးပါ။ ဒါတောင်သူ့အသံသတ်သတ် ဘာသာပြန်ပြီးသားသတ်သတ် လွှင့်သင့်တယ်)