တကယ်ပြောတာပါဗျာ…. ကျုပ်ရွာထဲတဝဲလည်လည်လုပ်နေတာသာ တော်တော်ကြာပြီး ဘယ်လိုပိုစ့်ရေးရမှန်းကို မစဉ်းစားတတ်သေးဘူး…။ အဲဒါနဲ့ပဲ ပုံစံတစ်မျိုးရေးလိုက် tag တမျိုးပေးလိုက်နဲ့ – ကျုပ်လုပ်မိသမျှ tag တွေ ပွစိတက်ပြီး ကိုယ့်ဟာကိုယ်လဲ မမှတ်မိတော့ပါဘူး….။ ပိုစ့်မရေးရပြန်တော့ ကွန်မင့်ရေးဘို့လုပ်တော့လဲ ပိုစ့်တိုင်းကို ကွန်မင့်ပေးလို့မရ..။ အဲတော့ ဘယ်လိုစာရေးရမယ်လို့ စဉ်းစားလို့မရခင် ကိုယ့်ရောဂါနဲ့ကိုယ် အာသာပြေအနေနဲ့ တစ်နေ့တစ်နေ့ အတွေ့အကြုံလေးတွေက ဆင့်ပွားတွေးမိတာလေး တစ်တို့နှစ်တို့လောက်စီကို ပဲ တစ်ပုဒ်နှစ်ပုဒ်လောက် စာဖြစ်အောင် အရင်ရေးနှင့်ပါရစေတော့ ……   ဒီနေ့မနက်လဲ  ကျုပ်အိမ်ခန်းအတွက် မီတာဆောင်မလို့ စမ်းချောင်း မီတာရုံးရှေ့မှာ သွားတန်းစီမိတယ်…။ အရင်ကတော့ ဒီအလုပ်ကို သူများကိုခို်င်းထားတာဆိုတော့ ကျုပ်အဖို့တော့ […]


                          လာပါဦး ……..   အဲလေ… ယောင်လို့ …… ဟိုဒင်း… စိတ်မရှိကြပါနဲ့ ဗျာတို့ …. ကျုပ်က အကြော်စုံလို ဗန်းထဲထည့်ရောင်းနေတာမဟုတ်ရပါဘူး….. ကွက်ရှင်ထုတ်နေတာပါ…. မေးကြည့်နေတာပါ….. ဘယ်သူ့ကိုမေးတာလဲ…ဟုတ်လား? ဘယ်သူရှိရမလဲဗျာ… ယောက်ျားလေးတွေကိုပေါ့….. မြန်မာပြည်က ယောက်ျားလေးတွေကိုပေါ့…. ဘာဖြစ်လို့လဲဆိုတော့  ကျုပ်လဲ အခုလို အဖိုးကြီးမဖြစ်ခင်က ယောက်ျားကြီးဖြစ်ဖူးပါတယ်.. အဲသည် ယောက်ျားကြီးမဖြစ်ခင်ကလဲ ယောက်ျားလေး ဖြစ်ဖူးလို့ အခုလိုဝါကျွတ်ချိန်နီးလာတိုင်း သူတကာက မထိတထိ ကလိတိတိမေးကြတာလေးတွေကို မချိသွားဖြဲနဲ့ ဆင်ဝှေ့ရန်ရှောင်ဖြေရင်း လူပျိုကြီးဘဝနဲ့ ဆယ်ဝါကျော်အောင်ဆိုခဲ့ရဖူးပါတယ်။ အဲတော့ ကိုယ်ချင်းစာတယ်ပေါ့….။ ဒါတောင်စကားအဖြစ်ပြောရတာ… ကိုယ်ချင်းစာတယ်ဆိုရအောင် ကိုယ့်အခြေအနေထက်ဆိုးတာ […]


      ချစ်စွာသောရွာသူားတို့ရေ ….. တကယ်တော့ ဒီစာလေးက ကိုထူးဆန်းရဲ့ “မန်းဂဇက် ချစ်သူများစာပေဆု ၂၀၁၂ ဩဂုတ်လ နှင့် ကူညီကြပါဦး”  ပိုစ့်မှာ ကွန်မင့်အဖြစ် ရေးဖို့ပါဗျာ။ ဒါပေမယ့် ကျွန်တော့်ထုံးစံအတိုင်း အချိန်ဆွဲနှောင့်နှေးနေတာ ရေးမယ်ကြံခါမှ ပိုစ့်ဘယ်ရောက်သွားမှန်းမသိလို့ တော်တော်လိုက်ရှာရပါတော့တယ်။ အဲဒါကြောင့် အခုမှ ကွန်မင့်ထရေးလဲ စာဖတ်သူတွေသိပ်မတွေ့မှာစိုးတာနဲ့ ပိုစ့်အဖြစ်ပဲ တင်လိုက်ရပါတယ်။ ကျွန်တော်တို့ မန်းဂဇက်ချစ်သူများအကြိုက် စာမူဖတ်ရွေးအဖွဲ့လေးဟာ ဒီဩဂုတ်လမှာ နှစ်လမြောက် နှစ်ကြိမ်မြောက် အကြိုက်ဆုံးစာမူတွေကို ရွေးချယ်ခဲ့ပြီးပါပြီ။ စာမူဖတ်ရွေးအဖွဲ့ဝင်တွေဟာ ပတ်ဝန်းကျင်မတူ၊ အကြိုက်မတူ၊ ခံစားချက်မတူ ကြတာမို့ တဦးစီက ရွေးချယ်ခဲ့တဲ့စာမူတွေဟာလဲ ဟိုလိုလဲကောင်း  ဒီလိုလဲကောင်း တဲ့  သူတရသစုံ စာမူတွေပဲဖြစ်နေတာကို ပဏာမ အရွေးခံစာမူစာရင်းကို ကြည့်လို့ သိနိုင်ကြပါတယ်။ လူပေါ်ကြည့်မရွေးပဲ စာပေါ်သာကြည့်ရွေးခဲ့ကြတာလဲ […]


            ကျွန်တော်တို့ ဝတ္ထုတပုဒ်ဖြစ်စေ စာတပုဒ်ဖြစ်စေ ဖတ်ကြသောအခါ တစ်ခါတစ်ရံ ဖတ်ပြီးခဲ့သော စာမျက်နှာများကို ပြန်လှန်ဖတ်ရှု့တတ်ပါသည်။ ထိုသို့ဖတ်ရှု့ခြင်းဖြင့် ရှေ့ကဖေါ်ပြခဲ့သော အကြောင်းအရာများနှင့် နောက်ပိုင်းတွင်ဖတ်ရှု့ရသောအကြောင်းအရာများ ဆက်စပ်မိပြီးလျှင် ရှေ့နောက်ညီ အမြီးအမောက်တည့်သော စာတပုဒ်အဖြစ် ပို၍အရသာရှိလာတတ်ပါသည်။ သို့ရာတွင် ဘဝ၏စာမျက်နှာများကို နောက်ကြောင်းပြန်ဖတ်ရာတွင်မူ တမျိုးတဖုံ ဖြစ်သွားတတ်ပါသည်။ ရှေ့နောက်မညီညွတ်သည်ကိုတွေ့ရသည့်အခါ အရသာပျက်သွားတတ်ပါသည်။ ထိုသို့ဖြစ်ခဲ့လျှင်လဲ မည်သို့မျှမတတ်နိုင်တော့ပါ..။ ရှေ့က ရေးခဲ့သည်များရော  နောက်မှ ရေးခဲ့သည်များပါ ကိုယ်တိုင်ရေးခဲ့ခြင်းဖြစ်ပါသည်..။ ရေးခဲ့ပြီးသားလဲ ဖြစ်နေပါတော့သည်..။ လွန်ခဲ့သည့် နှစ်ပေါင်းနှစ်ဆယ်ကျော်ခန့်က ကျွန်တော်သည် တက္ကသိုလ်မှ ထွက်လာသည်မှာမကြာသေးသော၊ လူ့လောကဝန်းကျင်ထဲသို့ တိုးဝင်လှမ်းလျှောက်ကာစ အပျံသင်ငှက်တကောင်ပမာဖြစ်ပါသည်..။ တနေ့သောအခါတွင် လူကြုံထည့်ပေးလိုက်သည့် ပစ္စည်းအထုပ်တစ်ထုပ်ကိုလက်တွင်ဆွဲလျှက် ပစ္စည်းရှင်ညွှန်းဆိုလိုက်သည့် လိပ်စာကိုရှာနေပါသည်..။ ထိုအခိုက်တွင် ဆယ့်လေးငါးနှစ်အရွယ် မိန်းမငယ်လေးတယောက်ကိုတွေ့သဖြင့် […]


မထင်ထားဘူး… အဲဒီနေရာမျိုးမှာ အင်တာဗျူးဖြေရလိမ့်မယ်လို့ တကယ့်ကို ထင်မထားပါဘူး… ဇတ်လမ်းစတာက အဲ့ဒီကောင် ရဲဘော်ဟောင်း ပေါ့..။ တနေ့က – ကျုပ်ကလဲ စမ်းချောင်း ဗဟိုလမ်းမှာရောက်နေတုန်း ဒီကောင်က ဖုန်းဆက်ပြီး ပန်းဟေဝန်  ကိုခေါ်တယ်။ ပန်းဟေဝန်ဆိုတာက ဟံသာဝတီလမ်းပေါ် ကားပွဲစားတန်းထွက်ပေါက်နားက လဘက်ရည်ဆိုင်ပါ။ ဒီကောင့်မလဲ  နိုင်ငံတော်ရဲ့စီးပွားရေးမူဝါဒတွေကိုယုံမိလို့  သူ့စည်းစိမ်လေး ခပ်ကြီးကြီးပဲ့သွားပြီးကတည်းက “ကားမျော-မိန်းမပိုက်ဆံနဲ့လိုက်” ရင်း  ဆင်ကြံကြံ  ကျားချောင်းချောင်း နေလိုက်တာ တနေ့တနေ့  ကားဝိုင်းနားကကို မခွာဘူး…။ အခုလဲ သူ့ကားတရားကိုမနာချင်တာနဲ့  ဟိုဟိုသည်သည်စကားလမ်းလွှဲရင်း မန်းဂေဇက်အကြောင်းရောက်သွားမိတယ်..။ မန်းဂေဇက်အကြောင်းပြောမိမှတော့ လောလောဆယ်လုပ်နေတဲ့ မန်းဂေဇက်ချစ်သူများစာပေဆု အကြောင်းလဲ ပြောဖြစ်တော့တာပေါ့…။ အဲဒီမှာတင် ဒီကောင်တစခန်းထတော့တာပဲ………..   “ အေးကွာ.. ပါလေရာ ရယ်..။ ဒီလိုမှန်းသိရင် ငါလဲ ဆောင်းပါးလေးဘာလေး ရေးပါရဲ့….. ” […]


          ဝါဆိုထမင်းပိုစ့်မှာ တန်းလန်းကြီးထားပြီး ထွက်သွားရတဲ့အတွက် စာဖတ်သူများကိုတောင်းပန်ပါတယ်ဗျာ….။ ကျုပ်မလဲ အိုကြီးအိုမအချိန်အထိကို ပရိယေသန ဝမ်းရေးကိစ္စတွေနဲ့ နပန်းလုံးနေရတုန်းမို့ပါ…။ အခုမှ ရေးထားတာလေးဆက်ရေးမယ်လုပ်တော့ အရှိန်မရတော့ပါဘူး။ ဒါကြောင့်မို့ ဝါဆိုထမင်းကျွေး(လှူ)တဲ့ ဓလေ့လေး ဖြစ်ပေါ်လာပုံနဲ့၊ ကျူပ်တို့မိသားစုအလှူလေးကိုပဲပြောပါရစေ..။ ကျုပ်တို့မြို့မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ခြောက်ဆယ်ကျော်လောက်တုန်းက အနီးဝန်းကျင် မြို့ပေါ်ကျေးရွာ ဒကာဒကာမတို့ အထူးကြည်ညိုတဲ့ တောရဆောက်တည်သီတင်းသုံးနေထိုင်တဲ့ ဆရာတော်ကြီးတပါး ရှိခဲ့ပါတယ်။ အဲဒီဆရာတော်ကြီးဟာ ၁၉၅ဝ ခုနှစ်ဝန်းကျင် ပြည်တွင်းစစ်မီးတောက်လောင်တဲ့အခါကျတော့ မြို့ပေါ်ကခွာပြီးတိမ်းရှောင်ရင်း ခပ်လှမ်းလှမ်းက ရွာကြီးတရွာမှာ သီတင်းသုံးပါတယ်။ ရွာသူရွာသားတွေကလဲ ဆရာတော်ကြီးရဲ့အနေအထိုင် တရားဓမ္မတွေကြောင့် အထူးကြည်ညိုကြပါတယ်။ နောင်နှစ်နဲနဲကြာလို့ ဆရာတော်ကြီး မြို့ပေါ်ပြန်ကြွလာတဲ့အခါ နှစ်စဉ်ဝါဆိုလပြည့်နေ့ရောက်တိုင်း သူသီတင်းသုံးခဲ့ရာရွာက ဒကာဒကာမတွေက ပန်းတွေ၊သင်္ကန်းတွေ၊လှူဖွယ်တွေနဲ့ ဆရာတော်ကြီးကို လာဖူးကြပါတယ်။ ဘုရားမှာ ဝါဆိုပန်းကပ်၊ […]


      ဒီလို ဝါဆိုလပြည့်နေ့ရောက်ပြီဆိုမှဖြင့် ကျုပ်ရဲ့ရောဂါတခုက ဝါဆိုထမင်းလေးစားချင်တာ၊ ဝါဆိုထမင်းလေးကို တမ်းတမ်းတတနဲ့ကို လွမ်းမိတာပါ….. ဝါဆိုထမင်းဆိုတာကတော့ ကျုပ်ရဲ့ဇာတိမြို့ငယ်လေးမှာ ဝါဆိုလပြည့်နေ့တိုင်း စတုဒိသာအဖြစ် ဘုန်းကြီးကျောင်းတွေမှာ လှူတဲ့ကျွေးတဲ့ ထမင်းဆိုပါတော့…။ အဲလိုစာတစောင်ပေတဖွဲ့-ဖွဲ့ပြီးလွမ်းရလောက်အောင် ဘယ်လောက်ကောင်းကောင်း ဘယ်လိုခမ်းခမ်းနားနားကျွေးတဲ့ အလှူမျိုးပါလိမ့်လို့တော့ မထင်လိုက်လေနဲ့- ဝါဆိုထမင်းဆိုတာ အခြေခံအားဖြင့် ပန်းကန်ထဲ ထမင်းထည့်၊ ချဉ်ပေါင်ဟင်းရည်ကိုဆမ်းပြီး၊ မျှင်ငပိထောင်းတဖဲ့လောက် ပန်းကန်ပေါ်တင်ပေးလိုက်တဲ့ ထမင်းပွဲမျိုးပါဗျာ… တချို့ကျောင်းတွေမှာတော့ အလှူရှင်က တတ်နိုင်လို့ဖြစ်ဖြစ် နာမည်လေးမသိမသာလိုချင်လို့ဖြစ်ဖြစ် ဓညင်းသီးပြုတ်တို့စရာလေးတော့ ထည့်ပေးတတ်ပါတယ်။ အဲဒါ ဌာန်ကုန်ပါပဲ…။ နောက်ထပ်ဘာဟင်း ဘာဟင်းချို ဘာအဖက်အစွက် ဘာအချိုပွဲ ဘာဖျော်ရည်မှ မပါတော့ပါဘူး..။ စားရတဲ့ပုံကိုရောပြောပြရဦးမလား… ဘုန်းကြီးကျောင်းထဲ ဖိနပ်ချွတ်ဝင်၊ အဲဒီဖိနပ်ကို မပျောက်အောင် ခါးကြားထိုး၊ (နောက်ပိုင်းတော့ ကြွပ်ကြွပ်အိတ်လေးတွေနဲ့ထည့်ပြီး ကိုယ်နဲ့မကွာဆောင်ပါတယ်၊ မဆောင်ရင်ကျိန်းသေပျောက်ပါတယ်)၊ ထမင်းကျွေးတဲ့ဆွမ်းစားဆောင်/ဓမ္မာရုံ/တနေရာရာကိုသွားပြီး […]


                    မင်္ဂလာပါဗျာ… ကနဦး ဝန်ခံရမှာက အဲဒီခေါင်းစဉ်စာသားက သတင်းစာဆရာကြီးအောင်ဗလ(ကြေးမုံဦးသောင်း)ရဲ့ ဆောင်းပါးစီးရီးခေါင်းစဉ်ကို မှီငြမ်း:၊ကိုးကား၊အတုယူ၊စုတုပြု ထားတာပါခင်ဗျ..။ အဲဒါကတော့ ကိုယ့်ကိုယ်ကိုမို့ သက်သက်သာသာ လှတပတ လေးပြောရတာပါ။ ဒီနေရာမှာ သူများကိုသာ ပြောရမယ်ဆိုရင်တော့ လက်ညှိုးကြီးငေါက်ငေါက်ထိုးပြီး အာလုပ်သံကြီးနဲ့- ဟဲ့…..  အဲဒါ နင်ခိုးချထားတာလေ၊ သူများဦးနှောက်ဖေါက်စားတာ၊ သူများတွင်းဝင်အောင်းတာ၊ သူများရဲ့ဟုန်းဟုန်းတောက်ကျော်ကြားပြီးသား ထရိတ်မတ်ခ်စာသားတွေက်ို နှစ်ပေါင်းသုံးဆယ်လောက်ဆိုမေ့လောက်ပါပြီဆိုပြီး စကောလောက်မှဇောက်မနက်တဲ့အကြံနဲ့ မျက်နှာပြောင်တိုက် မူပိုင်ခွင့်ချိုးဖေါက်တာ..၊ ဘလာ… ဘလာ… ဘလာ…  ဆိုပြီး အားပါးတရ၊ပယ်ပယ်နယ်နယ် နှိပ်ကွပ်ခြေမှုန်းမိမှာပါ…။ အဲဒါပါခင်ဗျာ…… “သူများ”  လို့မြင်တဲ့အခါ နဲ့ “ကိုယ့်”  လို့မြင်တဲ့အခါ ရင်ထဲကထွက်ပေါ်ပြီး နှုတ်ဖျား(ကလောင်ဖျား)က စီးကျလာတဲ့ စကားတွေဟာ […]


      သတင်းမှားတွေကို  သတင်းမှန်နဲ့  ချေဖျက်ကြပါ…..။ သတင်းကို  သတင်းအတိုင်းသာ  တင်ပြီး  သတင်းအတိုင်းသာ  ဖတ်ရှု့သိမှတ်သုံးသပ်ကြစေချင်ပါတယ်….။   စိတ်အေးအေးထားပြီး တကွက်နှစ်ကွက်လောက် ကျော်ကြည့်ရင်  သွေးထိုးမှု့တွေ  လှုံ့ဆော်မှု့တွေကို  တွေ့ရပါမယ်။   ဒါနိုင်ငံရေးကိစ္စမဟုတ်ပါဘူး…  နိုင်ငံရေးကိစ္စအဖြစ်မခံကြပါနဲ့…. ဒါ ဘာသာရေးကိစ္စမဟုတ်ပါဘူး…  ဘာသာရေးကိစ္စ အဖြစ်မခံကြပါနဲ့….   ဒါဟာ  ရာဇဝတ်မှု့ပါ ဒါဟာ  ဆူပူသောင်းကျန်းမှု့ပါ ဒါဟာ  သတ်ဖြတ်ဖျက်ဆီးမှု့ပါ ဒါဟာ  ဘာသာရေးမှ-လူမျိုးရေး  >  လူမျိုးရေးမှ-ဘာသာရေး   အဆင့်ဆင့်နွယ်ပြီး  ကြီးထွားအောင်လုပ်နေတဲ့  ဖြစ်စဉ်တခုသာဖြစ်ပါတယ်။ ဒါဟာ  အခု  လူမျိုးရေး  အဆင့်  ရောက်နေပါပြီ…။ ဒီမီးတောက်ကို   ဒီမှာငြိမ်းကြပါ…။   ဂေဇက်ထဲက  ညီအကို တူ၊တူမတွေကို  မေတ္တာရပ်ခံချင်ပါတယ်။ ဆဲဆိုတာလေးတွေ  နဲနဲ  ထိန်းပေးကြပါ…။ လူမျိုးရေး  […]


    အော်… ဦးပါလေရာတို့များ.. ကိုယ့်အသက်မှ ကိုယ်အားမနာ.. ပိုစ့်လေးတင် ကွန်မင့်လေးရေးပြီဆိုမှဖြင့် ဟိုလိုစောင်းရတာနဲ့…  ဒီလိုချိတ်ရတာနဲ့… သရော်တဲ့စာနဲ့…  ကော်တဲ့စာနဲ့… အသက်ကြီးပြီး  အချိန်က သိပ်မစီးချင်တာ…။ ဒါပေသိ ပတ်ဝန်းကျင်က တော်ရှာပါတယ်။ အရိပ်တကြည့်ကြည့်နဲ့  အလိုက်သိကြပါပေတယ်..။   အခုလဲကြည့်လေ- ဟိုနားကဆူ…  ဒီနားကပွက်… စာတွေများ .. ဖတ်ရဲစရာမရှိ…. ဓါတ်ပုံတွေလဲ  ကြည့်ရဲစရာမရှိ…. ခက်တာက  ဒီအဖိုးကြီးက  စပ်စပ်စုစုရယ်.. ချွတ်ကနဲကြားတိုင်း  နဖူးကြီးလက်အုပ်ပြီး  ဟိုမော့မော့ ဒီမော့မော့လုပ်တတ်တယ်..။ ပြီးတော့မှ  – ဘုရား ဘုရား..တို့။  ဒုက္ခပါပဲ..တို့ ။ မကြည့်ရဲစရာတွေ..တို့  လုပ်တတ်တာ..။ ဒါဖြင့်  မကြည့်ပဲနေပါလား ဆိုတော့လဲမနေနိုင်..။ စိတ်လှူပ်ရှားစရာတွေနည်းအောင်  အပြင်မထွက်စေချင်လို့  သားသမီးတွေက  ခရုလင့် အင်တာနက်လေးဝယ်ပေးမိတာကို  စူဠလိပ်ရေထဲလွှတ်သလို.. တနေ့တနေ့  မော်နီတာကြီးကိုစိုက်စိုက်ပြီး  […]


      ဒီမနက် ဆိုက်ထဲဝင်တော့ ကိုထူးဆန်း (ကိုထူးစံ) ရဲ့ ပိုစ့်ကိုဖတ်ရပါတယ်…။ ယာဉ်မောင်းတစ်ဦး၏ ဆန္ဒ အားရပါးရဖတ်ပြီး  အားရပါးရ မန့်မယ်လဲလုပ်ရော  ကွန်မင့်အောဖ့် ပါတဲ့…။ ရပါတယ်…  ရပါတယ်…   သူများကို ပြောချင်လာအောင်လုပ်ပြီးမှ ပါးစပ်ပိတ်ခိုင်းထားတာ  ဝဋ်လည်မှာပါ…။   ဒါပေသိ    ကျုပ်ကလူတမျိုး..။ တခုခုလုပ်ချင်လာပြီဆိုရင်  စိတ်ထဲ ကျလိကျလိနဲ့  နေလို့မရတတ်ဘူး…။ အဲဒါနဲ့ပဲ  ဒီပိုစ့်ကလေးဖြစ်ရပါတယ်အရပ်ကတို့…..။   ရန်ကုန်မှာတော့ ကားတွေက စည်းကမ်းမရှိဘူး…။ ပြီးတော့  ဆိုက်ကားတွေလဲ စည်းကမ်းမရှိဘူး…။ ပြီးတော့ တွန်းလှည်းတွေလဲ စည်းကမ်းမရှိဘူး…။ ပြီးတော့  လူတွေလဲ စည်းကမ်းမရှိပါဘူး…။ ရပ်ကွက်ထဲ လမ်းပေါ်မှာ ရပ်ကွက်သားတွေအစားကျွေး မွေးထားတဲ့  ခွေးလေခွေးလွင့်တွေလဲ စည်းကမ်းမရှိပါဘူး..။ စမ်းချောင်းကတော့ အဆိုးဆုံး။ ဆောင်းတွင်းမနက်စောစောများ လမ်းလျှောက်ရင် စမ်းချောင်းသားဆို […]


      မီးအကြောင်းကတော့  လူတကာပြောလို့  စုံတကာစေ့နေပါပြီ..။ ဒါကြောင့်  ဘယ်နားကဝင်ပါရကောင်းမလဲလို့  အကွက်ခြောင်းနေတဲ့  ဦးပါလေရာတယောက်  အသာလေးဘေးကပ်နေပါ့မယ်..။ ဒါပေသိ- မီးအကြောင်းမပြောရရင်လဲ မီးလူကြီးတွေအကြောင်းတော့  နဲနဲပြောပါရစေ..။ သတင်းတွေထဲမှာဖတ်ရတာ  မီးလူကြီးတွေက  မီးအပြည့်မပေးနိုင်တာကို  တောင်းပန်သတဲ့  မေတ္တာရပ်ခံသတဲ့  ဖြောင့်ဖျသတဲ့  ဖယောင်းတိုင်လေးတွေ  ကိုယ့်အိမ်ကိုယ်ထွန်းဘို့  အကြံပေးသတဲ့…။ ကျုပ်လဲမီးလူကြီးတယောက် ခါတော်မီဖြစ်လိုက်ရရင်ကောင်းမှာ… အဲတာဆို  ကျုပ်က  ဖယောင်းတိုင်လေးတွေကုန်ရင်  ကညင်ဆီလေးတွေ  ဆက်ထွန်းဘို့ ကညင်ဆီလေးတွေကုန်ရင်  ကြက်ဆူဆီလေးတွေ  ဆက်ထွန်းဘို့  အကြံတွေကို ပေးပစ်လိုက်ဦးမှာ..။   ကို်င်း… ကိုင်း…  စိတ်ကူးယဉ်တာရပ်တော့ ပါလေရာ…။ မင်းကိုလဲ  ဘယ်သူမှ မီးလူကြီးမခန့်ပါဘူး..။ အဲဒီတော့  ဒီလောက်တောင် ဆရာလုပ်ချင်မှဖြင့်  ပြည်သူကိုတော့ ဆရာလုပ်ဘို့ မစဉ်းစားနဲ့တော့.. အဲဒီ  မီးလူကြီးတွေကိုသာ  အာသာပြေအောင် ဆရာလုပ်ပေတော့…..။ ဒန်တန့်တန်……. […]


      သိပ်ချစ်ရတဲ့  ချစ်သူရယ်…. လွတ်လပ်တဲ့ပျော်ရွှင်မှု့လေးတွေအတွက် နှစ်နှစ်ခြိုက်ခြိုက်       မင်းပြုံးလိုက်တဲ့အခါ တစုံတခု  မွေးဖွားလာလိမ့်မယ်လို့ မင်းသိခဲ့မှာမဟုတ်ပါဘူး…။ ဒါကြောင့်လဲ ကိုယ့်ရင်ထဲက နိုးကြားလာတဲ့အချစ်တွေကို မင်းသတိမပြုမိနိုင်ခဲ့တာပဲ ထင်ပါရဲ့ ……။။   အေးမြတဲ့ လေညှင်းငယ်ရယ်…. နွေဦးရဲ့လက်ဆောင်မွန်အဖြစ် ဖြေးညှင်းသာယာ    မင်းတိုက်ခတ်လာတဲ့အခါ တစုံတခုလိုအပ်နေသေးတယ်လို့ မင်းသိခဲ့မှာ မဟုတ်ပါဘူး…။ ဒါကြောင့်လဲ ကိုယ့်နှလုံးသားရဲ့တောင့်တမှု့တွေကို မင်းမေ့လျော့နေခဲ့တာပဲ  ထင်ပါရဲ့ ….။။   ဝေးကွာခဲ့တဲ့  ရက်စွဲလေးတွေရယ်…. တိတ်တခိုးကြည်နူးခဲ့ဘူးတဲ့ရင်ခုန်သံတွေကို မင်းချန်ရစ်ထုတ်ပယ်လိုက်တဲ့အခါ တစုံတခု အစားထိုးဝင်ရောက်လာလိမ့်မယ်လို့ မင်းသိခဲ့မှာ  မဟုတ်ပါဘူး….။ ဒါကြောင့်လဲ ကြေကွဲစွာအထီးကျန်ခဲ့သူကိုယ့်အတွက် တမ်းတမ်းတတ  လွမ်းနေရတဲ့အချိန်တွေကို မင်း…  စေစားနေတော့တာပဲ   ထင်ပါရဲ့ …..။။   (April, 1985)