Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တစ်မျက်နှာဝတ္ထု (၁)

 

 

 

 

 

 

 

“….အေးကွာ…. မင်းနဲ့လဲ မတွေ့တာတောင်ကြာပြီ ”

“ ငါလဲ သတိရပါတယ်..။ ဒီဖက်မရောက်ဖြစ်လို့ ….. ”

“ မင်းကျန်းမာရေးတော့ကောင်းတယ်မဟုတ်လား..။ အလုပ်အကိုင်တွေရော…   ဘယ်လိုလဲ…. ”

“ အလုပ်တွေကလဲ မကောင်းလှပါဘူးကွာ။ အရေးထဲ ပြဿနာတွေက များသေး…..”

“ ဘာပြဿနာဖြစ်လို့လဲ….”

“ မပြောချင်ပါဘူးကွာ..။ တစ်နေ့က  ငါဟိုဖက်ရွာကို ဖြတ်သွားတုန်း မဏ္ဍပ်တခုရှေ့ရောက်တော့ အထဲမှာဝရုန်းသုန်းကားဖြစ်နေတာ….”

“ ဘာတွေဖြစ်နေလို့လဲ…”

“ လူတစ်ယောက်က သွေးအိုင်ထဲလဲနေတယ်ကွာ…။ နောက်တယောက်က ဒူးတုပ်ပြီးတောင်းပန်နေတယ်..။ အဲဒါကိုတောင် ဓါးကိုင်ထားတဲ့တယောက်က သွေးတစက်စက်ကျနေတဲ့ဓါးကြီးကိုမြှောက်ပြီး ခုတ်မယ်တကဲကဲလုပ်နေတယ်..။ ဘေးမှာလဲ လူတွေအများကြီးခပ်လှမ်းလှမ်းကဝိုင်းကြည့်နေကြတာ..။ ဘာမှလဲ ဝင်မလုပ်ကြဘူး…။”

“ လူတွေကလဲ ခက်တာပဲကွာ..။ အဲဒီတော့ ဘာဆက်ဖြစ်လဲ…”

“ ဘာဖြစ်ရမလဲ..။ ငါလဲ အနားမှာ ထမ်းပိုးတချောင်းတွေ့တာနဲ့ လှမ်းဆွဲပြီး- ဓါးကိုင်ထားတဲ့လက်ကို ပိတ်ရိုက်ပစ်တာ…. ”

“အော်………. အဲဒီတော့….”

“ အဲဒီတော့ ရုံးရောက်ပြီး လျော်ကြေးပေးတောင်းပန်လိုက်ရတာပေါ့….”

“ ဟင်  …  ဘာလို့လျော်ကြေးပေးတောင်းပန်ရမှာလဲ…..”

“ သူတို့က..  သူတို့က..  ဇတ် က   နေတာ  ….  တဲ့…..”

 

. . . . . . . . . . . . . . . . .

စာလဲရေးချင်- ဘာရေးရမှန်းလဲမသိလို့ လျှောက်ရေးတာပါဗျာ…

ဖတ်တဲ့သူတွေအားနာလို့  တိုတိုပဲ  ရေးလိုက်ပါတယ်…

 

သဗ္ဗေသတ္တာ ကမ္မသကာ

ဦးဦးပါလေရာ

(၁၈.၁.၂၀၁၃)

 

 

 

 

 

 

32 comments

  • ဦးကြောင်ကြီး

    January 18, 2013 at 10:57 am

    လူဇွမ်းဂေါင်း
    အူပန်းဖောင်း
    ဂူစမ်းချောင်း
    ဖူနှမ်းထောင်း
    မြူသွမ်းပေါင်း
    ကူလှမ်းတောင်း
    ခြူရွှမ်းသောင်း
    ဝူတန်းကျောင်း..။

  • Mon Kit

    January 18, 2013 at 11:30 am

    ဟီ ဟိ….. ဦးဦးပါလေရာ ရယ်… ဖတ်နေရင်း ဂယ်မှတ်လို့….
    ဦးပါ ရဲ့ ကိုယ်တွေ့ အဖြစ်လားဟင်????
    :hee:

    • ဦးဦးပါလေရာ

      January 18, 2013 at 11:21 pm

      တကယ့်လူကို တကယ့်ဒုတ်ကြီးနဲ့ရိုက်တာတော့မဟုတ်ဘူးပေါ့ သမီးရယ်…
      ဦးပါလိုပဲ လူတော်တော်များများ လွဲတတ်ပါတယ်…

      :hee:

  • မင်းနန္ဓာ

    January 18, 2013 at 12:47 pm

    လူဆိုးကြီး
    အဟုတ်မှတ်လို့
    ခေါင်စဉ်ကိုမေ့သွားတယ်ဗျို့.. 🙂

    • ဦးဦးပါလေရာ

      January 18, 2013 at 11:23 pm

      ဆိုင်းဆရာရဲ့-
      အဲဒါ ဖတ်တဲ့သူရဲ့အပြစ်..

      အစကတည်းက စဉ်းစားပါလားလို့
      ဒီအဖိုးကြီး ဝတ္ထုရေးတတ်ပါ့မလား.. ဆိုတာ

      :harr:

  • marblecommet

    January 18, 2013 at 1:07 pm

    ဪ……..
    အူးပါက တူညား အနုပညာ
    ဒုတ်နဲ့သွားထိုး (ဟုတ်ပေါင်)
    ထမ်းပိုးနဲ့ သွားရိုက်တာကိုးဗျ
    လျှော်ကြေးလောက်နဲ့ ပြီးသွားတာ
    ကံကောင်း …
    တော်ကြာ…
    အနုပညာ နှောင့်ယှက်ကြေး တွေ ဘာတွေ
    ဆို အူးပါ ဂါ သွားမယ်….ဟိ….
    …………
    လေးစားတဲ့……
    လှဖေသတ်တာ ကံမရွာ….
    မောင်ကမ်း….

  • ကြည်ဆောင်း

    January 18, 2013 at 1:32 pm

    ဇတ်ဘဲကက … တကယ်ဘဲဖြစ်ဖြစ် …
    ဝင်ရိုက်ရဲတဲ့ သတ္တိကိုတော့ချီးကျုးမိပါရဲ့..
    ဒီခေတ်ထဲ မတရားတာတွေ့ရင် ကူညီဖို့ထက်ရှောင်တဲ့သူများနေလို့…

    • ဦးဦးပါလေရာ

      January 18, 2013 at 11:15 pm

      ထမ်းပိုးကြီးနဲ့ ကိုယ်ထိလက်ရောက် မဟုတ်တောင်
      တခြားနည်းနဲ့ ရိုက်ဖူးပါသဗျာ..
      အဲ…
      လျော်လဲ ဖွတ်ဖွတ်ကြေအောင်လျော်ဘူးပါကြောင်း….

  • nozomi

    January 18, 2013 at 5:10 pm

    ဝင်ရိုက်ရဲတဲ့ ဦးပါ ရဲ့ သတ္တိတော့ ချီးကျူးတယ်
    လမ်းသလားနေတဲ့ ဟို လူကြီးလဲ ခြေငြိမ်သွားပြီး လ္ဘက်ရည်ဆိုင် ပြန်ဖွင့်အောင် တစ်ချက်လောက် ရိုက်ပေးပါဦး

    • ဦးဦးပါလေရာ

      January 18, 2013 at 11:13 pm

      ်အဲဒီလူကြီး ခြေငြိမ်သွားအောင်လုပ်ဖို့တော့ မလွယ်တော့ဘူး.. ကိုနိုရဲ့..
      ဘာတဲ့..
      ဘာကို အတောင်တပ်ပေးလိုက်သလို .. ဆိုလား…

      :harr:

  • မောင်ပေ

    January 18, 2013 at 7:28 pm

    ဦးပါ ရဲ ့သည်ပိုစ့်ကတော့ … ကျုပ်တို ့တွေနဲ ့သိပ်မစိမ်းလှဘူး ထင်ပါရဲ ့ဗျာ

  • အရီးခင်လတ်

    January 18, 2013 at 8:07 pm

    ကိုပါ
    မိုက်တယ်ဗျို့။
    (၂) ၊ (၃) တွေ ဆက်မျှော်နေပါတယ်။
    ဒါထက် ဇာတ် နော်၊ “ာ” ကျန်နေတယ်။
    ဟောဒီမှာ မမ ရေ့။ 😆

    • ဦးဦးပါလေရာ

      January 18, 2013 at 11:07 pm

      သတိထားပါတယ်ဆိုမှနော်…
      🙂
      မနက်က မျက်မှန်မပါပဲ လက်ပတော့ဆွဲထွက်လာမိလို့ အဲဒီပုရွက်ဆိတ်လောက်စာလေးတွေကို မနည်းရိုက်ထားရတာ မခင်လတ်ရဲ့…
      ညှာတာစေလိုပါကြောင်း…
      😀

  • Mr. MarGa

    January 18, 2013 at 8:48 pm

    တစ်မျက်နှာဝတ္ထု
    ဆက်ရေးပါဗျို့
    တစ်ကွက်ပါ တစ်ခန်းရပ် ဇာတ်လမ်းပေါ့ နော :mrgreen:

    • ဦးဦးပါလေရာ

      January 18, 2013 at 10:18 pm

      ဟုတ်ပါဘူးဗျာ..
      ကျုပ်က ဝတ္ထုမရေးတတ်ပါဘူး..
      တစ်လ ပိုစ့်တပုဒ်ရေးမယ်လို့ ကိုတာသတ်မှတ်ထားလို့ စိတ်ထဲပေါ်တာကောက်ရေးလိုက်တာ..
      :harr:

  • ” သဗ္ဗေသတ္တာ ကမ္မသကာ
    ဦးဦးပါလေရာ ”

    ကာရံ တဂယ် လိုက်ဒယ် … :mrgreen:
    ဦးဦး ဆိုဒါ ဖြုတ်လိုက်ရင် ပိုတောင် ကောင်းတွားအုံးမယ် ….

    ဟိုထဲက ဟာဂို ဖတ်ပြီး
    ကူညီမယ် ဆိုရင်တောင်မှ
    စူးစမ်းပြီးမှ ကူညီသင့်တယ်လို့ မှတ်တွားဒယ်ဂျာ …

    • ဦးဦးပါလေရာ

      January 18, 2013 at 10:16 pm

      ကူ တာတော့ ကောင်းပေမယ့်…
      ထူ တာတော့ မကောင်းလှဘူး အံစာရေ..
      :harr:

      • အဟီးးး
        စကားစပ်တုန်း ထူးဘာဘူးးး
        တစ်ခုလောက် ဝန်ခံလိုက်အုံးမယ် …
        မကောင်းမှန်း သိဘေမယ့် …
        ကျုပ်က ထူထူ အပြင် အအ ပါ ကပ်ပါလာတဲ့ လူဂျ …
        ကိုယ်ဂသာ သိပီးသား ပုစ္ဆာကို ခပ်တည်တည်နဲ့ သူညားဂို မေးချင်ဒါ …
        သူညားဂ မေးပီဆို တွားရောဘဲ ….
        မကောင်းဘူး ဆိုဘေမယ့် …
        အဖြစ်က အဲ့လို … အဲ့လို .. ဖစ်နေဒါ … အဟီးး :mrgreen:

  • နေဝန်းနီ

    January 18, 2013 at 9:25 pm

    တစ်မျက်နှာမပြည့်ဘူး ပွိုင့်လျှော့ရမယ်….။ သူကြီးရေ…. စာကြောင်းလေးနဲနဲလေးရေးလာပြီး သူ့ကိုယ်သူတစ်မျက်နှာဝတ္ထုတဲ့ ………။ စာလုံးရေစစ်ပါဗျု့ိ…။
    ကိုကိုပါ ချစ်လို့ကြည်စားတာနော် ….ရန်မများရဘူး ဒါပဲ ကောင်းပါတယ် ဆက်ရေးပါ…..။

    • ဦးဦးပါလေရာ

      January 18, 2013 at 10:12 pm

      ကိုနေရေ-
      နေပြည်တော်ကလာရမှာမို့ မတိုက်တွန်းချင်ပေမယ့်
      မန်ဘာတွေတွေ့ဆုံပွဲကို ကိုနေရောက်ခဲ့ရင် သိပ်ကောင်းမှာပဲလို့ စိတ်ထဲဖြစ်မိတယ်။
      ပွင့်ပွင့်လင်းလင်းပြောရရင် – ကျုပ်က ကိုနေတို့ရေးတာတွေဖတ်ပြီး ဒီရွာထဲရောက်လာတာပါ။
      အလားတူပဲ ကိုအောင်ပုကိုလဲ (မဖြစ်နိုင်မှန်းသိပေမယ့်) လာစေချင်မိတာပဲ…။

      တမျက်နှာမပြည့်တာကိုတော့ နောက်ပိုစ့်မှာ အကြွေးဆပ်မယ်…
      အတိုင်အတောမထူကြေး….
      :harr:

  • Mလုလင်

    January 18, 2013 at 10:50 pm

    အဲ့လို မျိုး ခဏခဏ လျှောက်ရေးဖို့ တောင်းဆို ပါရစေ .. ဗျို ့ ….။

    • ဦးဦးပါလေရာ

      January 18, 2013 at 11:33 pm

      ကိုပေါက်ရေ
      လျော်.. ဆိုလို့ ငယ်ငယ်တုန်းက အဖြစ်လေးသတိရတယ်။ ကားမောင်းတတ်ခါစကပေါ့..။
      အဲဒါ ရှိသမျှပိုက်ဆံ အိတ်ထဲထည့်ပြီး ကားမောင်းတာ။ တခုခုဖြစ်ရင်လျော်ရအောင်လေ..။
      လက်ထဲ ပိုက်ဆံလက်ကျန်နည်းနေပြီဆိုရင် ကားသိပ်မမောင်းတော့ဘူး…

      အခုလဲ စက်သတ်ထားမှထင်တယ်ဗျာ…

      :harr:

  • Foreign Resident

    January 19, 2013 at 6:14 am

    အများတကာလို ဘေးက အေးအေး ရပ်ကြည့် နေတတ်တဲ့ စိတ်မှ ၊
    မထားတတ်တာကိုး ။ ခံ ပေါ့ ။

    ကိုယ့်ဖာသာကိုယ်လည်း ပြန်စဉ်းကြည့်မိတယ် ။
    ၁ ။ ဘေးက အေးအေး ဇာတ်ပွဲ ရပ်ကြည့် နေတဲ့သူလား ။
    ၂ ။ မနေနိုင်ပဲ ဝင်ရိုက်တဲ့သူလား ။
    ၃ ။ သူတို့ကပဲ ဟန်ဆောင် / သရုပ်ဆောင် ကောင်းတာလားလို့ ။

  • uncle gyi

    January 19, 2013 at 7:54 am

    တမျက်နှာအတွေးတအုပ်
    ရေးထုတ်လိုက်ပါတဲ့ကိုပါ
    တိုတိုနဲ့လိုရင်းဖတ်သူရဲ့ရင်တွင်း
    မှန်အောင်ပစ်နိုင်ပါရဲ့
    အပြင်လောကမှာ
    ဇာတ်လိုက်ကျော်ကြီးလို
    မဆင်မချင်ဝင်မရှုပ်ကြနဲ့လို့သတိပေးနေသလို
    အတွေးပါရေးပါနောင်လည်း

  • Nyein Nyein

    January 19, 2013 at 5:04 pm

    ဦးဦးပါလေရာရေ………….. လျော်ကြေးပေးလိုက်ရတယ်ဆိုတော့ စိတ်ထဲမှာ “ဘာ”ဆိုပြီးဖြစ်သွားသေးတယ်။:evil: ပြီးတော့မှ ဇာတ်ကတာဆိုတော့ ရယ်လိုက်ရတယ်။ :mrgreen: သူများကိစ္စကို သေချာမသိသေးဘဲ ဝင်မပါသင့်ဘူးလို့ ပြောပြနေတယ်ဆိုပြီး မှတ်သားသွားပါတယ်…….

  • kokothandar

    January 19, 2013 at 5:27 pm

    စိတ်ဝင်စားအောင် ရေးတတ်ပါပေတယ် တစ်ကယ်ဆို ကျွန်တော်လဲဇတ်ဝင်ခန်းအတွက် လေ့ကျင့်တာပါလို့ ပြောကြည့်ရမှာ

Leave a Reply