စကြာဝဠာထဲက ကောက်ရိုးတစ်ထုံးရဲ့ သမိုင်း (၂)
အပိုင်း(၃)
ပေါင်းလိုက်.. ခွဲလိုက်.. ဆွဲစိလိုက်.. စာကိုယ်
အဲ့ဒါ
ကနဦးလူတွေက ကိုယ့်အစုလေးနဲ့ကိုယ် အစပ်တည့်သလို စုနေကြပုံရပါတယ်။
ဒါမှလဲ သားရဲတိရ စ္ဆာန်တို့ သဘာဝဘေး တို့ ရန်တွေက ကာကွယ်ခုခံလို့လဲရ
အလုပ်တာဝန်တွေ ခွဲဝေရင်း နပ်တဲ့သူတွေ သာသလိုနေလို့လဲရတာကိုး…….
အလုပ်တာဝန်ခွဲဝေရာမှာတော့ ယောက်ျားတွေက တော်တော်လည်ပါတယ်…
လည် … ဆို .. သူတို့က လူအရင်ဖြစ်တာလေ…
သဘာချင်း ဝါချင်း ဘယ်တူပါ့မလဲ….
ဟော … ဆိတ်တစ်ကောင် ကျောက်ခဲနဲ့ထုသတ်..
ပြီးတော့ မိန်းမလက်ထဲအပ်လိုက်မယ်……
မိန်းမရေ… မင်းသဘောကျသာစီမံကွာ… ကိုယ်ကတော့ မင်းစီမံသလိုနာခံပါ့မယ်…ပေါ့…..
အဲဒီမှာ မိန်းမက အုပ်ချုပ်ဦးဆောင်စီမံခန့်ခွဲတော့တာပဲ….
ဆိတ်ကို အရေခွာ သားရေကျက်ပြီးလှန်း…
အသားတစ်ချို့ကို လှီးပြီးအခြောက်လှန်း..
အသားတစ်ချို့ကို လှီးပြီး ပေးစရာကမ်းစရာတွေကို ခွဲခြမ်းစိတ်ဖြာ
အသားတစ်ချို့ကို ကင်ပြီး ပြုတ်ပြီး အိမ်သားတွေကိုကျွေး..
ပြီးတော့မှ ကိုယ်က မောမောနဲ့ အရိုးကိုက်ပေါ့…..။
အဲဒါက ကျောက်ခေတ်အလွန်လောက်ကပေါ့လေ….
အခုခေတ်မှာတော့ ယောက်ျားက လစာထုတ်လာ
ဟိုဖြတ်ဒီဖြတ် ဟိုဘတ်ဒီဘတ်လုပ်ပြီးကျန်သလောက်ကို မိန်းမလက်အပ်…
မိန်းမရေ… မင်းသဘောကျသာစီမံကွာ… ကိုယ်ကတော့ မင်းစီမံသလိုနာခံပါ့မယ်…ပေါ့…..
အဲဒီမှာ မိန်းမက အုပ်ချုပ်ဦးဆောင်စီမံခန့်ခွဲတော့တာပဲ….
တစ်ချို့ကို နှစ်လုံးကြွေးဆပ်
တစ်ချို့ကို ဖုန်းကဒ်ဝယ်
တစ်ချို့ကို ကုန်စုံဆိုင်ပို့
တစ်ချို့ကို ပေးရေးကမ်းရေး ခွဲခြမ်းစိတ်ဖြာ
လင်တော်မောင်ကို နေ့စဉ်ပေးဖို့ချန်….
ပြီးတော့မှ ကိုယ်က မောမောနဲ့ ရခိုင်မုန့်တီတစ်ပွဲစားလိုက်တာပေါ့..…။
အော်…… နံရိုး…. နံရိုး….
အဲသည် နံရိုးနဲ့ နံရိုးမူပိုင်ရှင်လိုအတွဲတွေ စုပေါင်းထားတဲ့ အဖွဲ့အစုငယ်လေးတွေချင်းလဲ…
သူတို့အလိုအလျှောက်သော်၎င်း၊
အုပ်စုကြီးက အုပ်စုငယ်တွေကို အနို်င်ကျင့်ပြီးတော့သော်၎င်း
ပေါင်းရင်းပေါင်းရင်း ပိုပိုကြီးလာကြရာက
နိုင်ငံငယ်ကလေးတွေ ဒေသအလျှောက်ဖြစ်လာကြတယ်…
အသင့်အတင့် စံနစ်ကျတဲ့ အုပ်ချုပ်မှု့ပုံစံလေးတွေလဲ ဖြစ်တည်လာကြတယ်….
လူ့သမိုင်းက အဲသည်အဆင့်အထိ တိုးတက်လာတော့ ဘာလုပ်ကြတယ်ထင်သလဲ….
အချင်းချင်း (လူအချင်းချင်း) သမ ကြတယ်။
စစ်တိုက်ကြတယ် ဆိုပါစို့…။
စစ်တိုက်တော့ နိုင်တဲ့နိုင်ငံက ရှုံးတဲ့နိုင်ငံကို သိမ်းပိုက်တယ်….။
အဟတ်..ဟတ်..ဟတ်…
ကိုယ်နဲ့ အဝေးကြီးက ရေမြေတောတောင်တွေရှိရာကို စစ်ချီတိုက်ခိုက်ပြီး
မသေလို့ ကိုယ်နိုင်တဲ့အခါ
အဲဒါကို ကိုယ်ပိုင်တဲ့မြေဖြစ်သွားပြီလို့ ထင်ပြီး ကိုယ့်အိမ်ကိုယ်ပြန်တာများ……..
အော်… သမိုင်းတစ်လေ၊ျှာက်က ဘုရင်ရူးတွေနှယ်…..
အဲသလို နိုင်ငံတစ်ခုက နိုင်ငံတစ်ခုကိုစစ်တိုက်ရင်း မတူတဲ့ဒေသကနိုင်ငံတွေ ပေါင်းသွားတဲ့အခါ
နိုင်ငံနှစ်ခု သုံးခု လေးငါးခြောက်ခုက နေ နိုင်ငံတစ်ခုထဲဖြစ်သွားသလို
မတူတဲ့ဒေသအသီးသီးမှာနေထိုင်တဲ့
အသွင်အပြင်အပြောအဆို အနည်းငယ်စီခြားနားတဲ့ လူအုပ်စုအသီးသီးဟာလဲ တစ်နိုင်ငံထဲသားတွေဖြစ်သွားကြတော့တယ်။
တော်တော်ခေတ်စားတဲ့ အသုံးအနှုံးတစ်ခုအတိုင်းဆို
ဘာတဲ့- တိုင်းရင်းသား တွေပေါ့ … ဟုတ်စ ….
အဲဒါ … သူတို့ကိုယ်သူတို့ သူများနဲ့မတူကြဘူးထင်လို့ ကိုယ့်နာမည်ကိုယ်တပ်ထားတယ်
လူ မျိုး ……… တဲ့
ဘာလူမျိုး….. ညာလူမျိုး…… တဲ့
ပြောမယ်ဆိုရင်တော့ အများကိုမှ တကယ့်အများကြီးပါ….
သိပ်မပြောဘူးဆိုပြန်တော့ တစ်ခွန်းစာပဲ ရှိပါတယ်……
လူလူချင်း မတူဘူးလို့ ခွဲရာက လူတွေသေ၊ စစ်တွေဖြစ်၊ ဒုက္ခတွေပင်လယ်ဝေပြီး အကျိုးမဲ့တွေဖြစ်ကြတယ်။
အဲဒါတွေပဲ ယနေ့အထိ ထပ်တလဲလဲဖြစ်နေတာကို လူ့သမိုင်းလို့ ခေါ်တယ်….။
တကယ်တော့ ပြီးခဲ့တဲ့ နှစ်ဆယ်ရာစုအကုန်အထိ ဖြစ်ခဲ့သမျှက
လူ့သမိုင်းဆိုတာ လူ့ ဒုက္ခ သမိုင်းပါ….။
လူတွေ ကိုယ့်ဒုက္ခကိုယ်ရှာတဲ့ သမိုင်းပါ………….။
……………………………………………………………………………………
ပြောရင်းနဲ့ ခံတွင်းချဉ်လာပြန်ပြီ…
ဆေးလိပ်လေးတစ်လိပ်လောက် သောက်ပါရစေဦးနော…..
ဦးဦးပါလေရာ
13 comments
alinsett
October 13, 2013 at 4:28 pm
ဆိုတော့
ဗုဒ္ဓတရားတော်အတိုင်း
ဒုက္ခသစ္စာပေါ့နော်
နောက်တစ်ပိုင်းကို
ဆာလောင်လွန်းလို ့
ပြေးပြီး ကြိုဖတ်လိုက်ရ ကောင်းမလား
သစ္စာဖောက်သလို မဖြစ်ဘူးဆိုရင်တော့
အဟိအဟိ
သွားချောင်းလိုက်ဦးမှ
🙂
kai
October 13, 2013 at 5:08 pm
မြန်မာစကားပုံတလွဲတွေများ.. ဘာတဲ့.. ကိုယ်ကကျူးကိုယ့်ဒူးတောင်မယုံရ… တဲ့..
ဆိုတော့.. အဲလိုကိုယ့်တကိုယ်ထဲ.. မယုံသူတွေကို.. ရှေ့နောက်ဘေးညာဘယ်ဘဝတွေထပ်ခွဲပေးလိုက်တော့… ကိုယ့်တကိုယ်ထဲတင်.. ချာလပါတ်လည်ပြီး.. ဘယ်သူ့အတွက်ဘာလုပ်လို့.. ဘာကိုင်ရမှန်းမသိ… ဖြစ်ကုန်သပေါ့…
ဟိုကဟာ..ဒီလွဲချ.. ဒီကဟာဟိုလွဲချနဲ့..လွဲချစနစ်ကြီးထဲ.. အသာလေး..ကပ်ပြီး..
ဟေ့.. နိဗ္ဗာန်ဆိုတာ.. ဘာမှမရှိ/ရှိ.. ဆိုပြီး.. ထပ်လည်း အဆင့်တင်ပေးလိုက်တဲ့အခါမယ်… .. … ပညတ်ရယ်… ပရမတ်ရယ်နဲ့..အမည်လေးတွေကပ်ရှုပ်ကုန်ပြီး…
ဒန်တန်တန်..
… ချာလပါတ်ထဲ.. တို့ထားတဲ့..ဂျင်ထိပ်ကထုံးထင်ပြီး.. မူးနေကြသတည်းပေါ့…
ဒဿနိကထဲ.. မူးနေတဲ့ကြားထဲ.. အမျိုးဘာသာသာသနာ.. အသံနက်နဲ့ကောက်အော်စေလိုက်တဲ့အခါ…
လေးသချေင်္ကမ္ဘာတသိန်းဂဏန်းတတ်… ကမ္ဘာ့အကောင်းဆုံးဘာသာသာသနာမန်းတင်လိုက်တဲ့အခါ…
အဲဒါ.. မြန်မာ..
ဦးကြောင်ကြီး
October 14, 2013 at 8:03 am
ဟုတ်တယ် မာမွတ်ခိုမ် သဂျီးမင်း.. သမီးဒေါ်လေးနဲ့ကြောင်ကြီး လူလူဂျင်း တူတူဗဲ.. အသက်တွေ အဆင့်အတန်းတွေ ဘာညာတွေ ထပ်ခွဲမနေနဲ့ဒေါ့… သဂျီးနဲ့ အနော်လည်း တူတူဗဲ.. ယောက္ခဖ အခေါ်ဗူး.. သီတင်းကျွတ်လည်း လာဦးတိုက်မည် မထင်နဲ့.. သာမီးဒေါ်လေးနဲ့ ကမာ္ဘပတ် လျောက်လည်မှာ… သဂျီးမသေဂင် အမွေတောင်းခိုင်းပီးဒေါ့…
KZ
October 13, 2013 at 5:41 pm
ဟိုလေ။
ကြိုက်တဲ့သူကို တင်းပုတ်နဲ့ ထုပြီး ဂူထဲ ခေါ်တဲ့ အလေ့အထရော ဘယ်တုန်းက ပျောက်သွားတုန်း ရေးပေးပါ ဦးပါ။
:chit:
😀
ဦးဦးပါလေရာ
October 17, 2013 at 8:19 am
အဲ့ဒီ
ကြိုက်တဲ့သူကို တင်းပုတ်နဲ့ ထုပြီး ဂူထဲ ခေါ်တဲ့ အလေ့အထ က
ကျုပ်တို့ သူကြီး အရင်ဘဝတွေကို ပြန်မှတ်မိတဲ့ ဇာတိဿရဉာဏ်လို့
သူလုပ်ခဲ့တာ သူပြန်ပြောတာ ဖြစ်လိမ့်မယ်…
:harr:
TNA
October 13, 2013 at 5:45 pm
မှတ်သားထိုက်တာတွေမို့ မှတ်သားလေ့လာသွားပါတယ်ဦးပါ။ ဆက်လက်စောင့်မျှော်နေဘာမည်
padonmar
October 14, 2013 at 12:08 am
ဒီတပိုင်းမှာသိလိုက်တာတော့
ယောကျင်္ားတွေဟာ ရှေးရှေးကတည်းက ဘတ်လာပြီး
မိန်းမတွေဟာ ရှေးရှေးကတည်းက အရိုးပဲကိုက်လာရတယ်တဲ့။
အော်မေ့ပဲကောင်းတယ်။
ဦးဦးပါလေရာ
October 17, 2013 at 8:20 am
အော် အမ ကလဲ…
တကယ့် ကီး က
အဲဒါကို သူတို့ဘာသာ ကျေနပ်ကြတယ်လေ…
ကျော်စွာခေါင်
October 14, 2013 at 12:10 am
ဟောဒီ ကမာ္ဘမြေကို လူသားတွေ အပိုင်စား ရလိုက်တာ
မျောက်… အုန်းသီးရတာထက် အဆ ၁၀ဝ ပိုဆိုးတယ်..။
မျောက် တကာ့ မျောက်ထဲ…
မြန်မာပြည်က မျောက်က သောက်ချိုးမပြေဆုံးဘဲ.. ။ ဒချိ ဒချိ..
အနော်လဲ ညန်မာပြည်က မျောက်ပါ…။ ကီးဘုတ်ပေါ်ထိ တက်ဆော့တတ်တာ..။ ဒချိဒချိ…….
kyeemite
October 14, 2013 at 10:04 am
ဦးပါရေ…ဒီနေရာလေးက တိုက်ဆိုင်နေလို့ သဘောကျသဗျာ.. 😀
အဲဒီမှာ မိန်းမက အုပ်ချုပ်ဦးဆောင်စီမံခန့်ခွဲတော့တာပဲ….
တစ်ချို့ကို နှစ်လုံးကြွေးဆပ်
တစ်ချို့ကို ဖုန်းကဒ်ဝယ်
တစ်ချို့ကို ကုန်စုံဆိုင်ပို့
တစ်ချို့ကို ပေးရေးကမ်းရေး ခွဲခြမ်းစိတ်ဖြာ
…ဒီလိုနဲ့ပဲ
လင်တော်မောင်ကို နေ့စဉ်ပေးဖို့တောင် မကျန်ပါဘူးဗျာ
😀
ဦးဦးပါလေရာ
October 17, 2013 at 8:24 am
ကိုမိုက်ရဲ့..
(ရွာသူတွေမကြားအောင် တိုးတိုး ကပ်ပြောရရင်)
မိန်းမ ဆိုတာ သိပ်စီမံချင်တာ..
အဲဒါလေးသိထားပြီး သူတို့ကို လွှတ်ပေးထားလိုက်ရင်
ကိုယ့်ယောက်ျားကိုတောင် မေ့ချင်မေ့နေတာ
အဲ… ယောက်ျားတွေကလဲ အမေ့ခံချင်ကြတာလေ..
:harr:
Mr. MarGa
October 14, 2013 at 2:32 pm
တကယ်တော့
ကွဲလိုက် ခွဲလိုက်
ပေါင်းလိုက် ဖျက်လိုက်
ပူးတုံ ခွာတုံ ဖြစ်နေတာကို လူ့သမိုင်းလို့ ခေါ်ပါကြောင်း
Ma Ma
October 15, 2013 at 4:16 pm
ဒီပိုစ့်ကို တတိယမျက်လုံးနဲ့ ဖတ်ပြီး တွေးမိတာက…….
မဒမ်ပါလေရာကို လေချိုသွေးတဲ့ စာပဲဖြစ်ရမယ်။
ကြည့်ရတာ ဦးပါ ဘာအပြစ်တွေ ကြိတ်လုပ်ထားတယ် မသိ….. :loll: