လောကကို နုတ်ဆက်ချိန်-( ပုံရိပ်ကလေးများ )

“လောကကိုနုတ်ဆက်ချိန်”
သွားလေသူ ခင်မောင်တိုးကတော့
“နေဝင်ညကိုကူးဖြတ်ပြီးမှ ရောင်နီသာတဲ့နေ့သစ်ကိုရောက်မယ်………………”လို့ဆိုခဲ့ပြီး
ဟင်္သာတထွန်းရင်ကတော့
“နေညိုချိန် တိမ်တောက်တဲ့အခါ” လို့ ဆိုပြန်ပါတယ်။
နေမင်းကြီးက ဂြိုဟ်ပြာ ကမ္ဘာမြေကြီး ကိုခွဲခါနီးအချိန်တိုင်းမှာ
အင်မတန်မှ ခမ်းနားလှပတဲ့ အရောင်တွေဖြန့်ဝေပေးသလို
ရုပ်ဆိုးသူတောင်မှလှတယ်လို့ထင်ရလောက်အောင် အရောင်အသွေးစုံတဲ့
ဆည်းဆာညနေခင်းများနဲု့နုတ်ဆက်လေ့ရှိပါတယ်။
ကျနော်ကလဲ ဒီညနေခင်းလေးများကိုနှစ်သက်မက်မောတဲ့အတွက်
အမြဲတမ်းလိုလို လက်ဆော့မိပါတယ်။
ကဲ ညနေခင်းလေးတွေလှတယ်ဆိုတာ ဟုတ်မဟုတ် ကြည့်လိုက်ကြရအောင်
ကိုပေါက်ရဲ့စနက်ရှော့မဟုတ်တဲ့လက်ဆော့
13-10-13



တယ်ပလီတဲ့တိမ်


ညိုရောင်ဆိုင်း
လွမ်းတိုင်းဆင်
ရေပြင်လှိုင်း


11 comments
TNA
October 13, 2013 at 2:12 pm
တိမ်ခရေဇီလေးပေါက်ရေ။ လေးပေါက်တိမ်ပုံတွေကြည့်ကြည့်ပြီးတကယ်ကိုတမျိုးတမျိုးခံစားရတယ်။
ကျေးကျေးပါ။ ပုံလေးတွေယူသွားတယ်နော်လေးပေါက်
surmi
October 13, 2013 at 3:13 pm
လှလိုက်တဲ့တိမ်တွေ…
ဓာတ်ပုံတစ်ပုံအတွက် ဘယ်လောက်အချိန်ပေးခဲ့ရမယ်ဆိုတာ မှန်းကြည့်မိပါတယ်
ကျနော်ဆို ဒီလောက်စိတ်ရှည်မှာမဟုတ်ဘူး ။
alinsett
October 13, 2013 at 3:59 pm
ဟုတ်ပါ့
လှလိုက်တဲ့ တိမ်တွေ
ကျွန်တော်တော့
တိမ်တေေွ မြင်ရင်
ငှက်တစ်ကောင်လို
ဝဲခနဲ ပျံချင်လာတယ်
သိမ်းငှက်ကြီးလိုပေါ့
ဦးဦးပါလေရာ
October 13, 2013 at 4:18 pm
ကိုပေါက်က ကင်မရာနဲ့ ပန်းချီဆွဲတာ …။
အခုပုံတွေဆိုရင် ဓါတ်ပုံလိုခံစားလို့မရဘူး…
ဘရာဗိုပါ ကိုပေါက်ရေ..
ကိုပေါက်(မန္တလေး)
October 13, 2013 at 4:40 pm
တိမ်တွေရဲ့သဘောကိုက အမြဲရွှေ့လျားနေတဲ့ မတည်ငြိမ်တဲ့ အရာတွေဖြစ်ပါတယ်။
ခဏလေးအတွင်းမှာ ဘဲ ပြောင်းသွားတတ်ပါတယ်။.
ဒီတိမ်တွေရဘို့ အချိန်ပေးရတာကတော့အမှန်ပါဘဲ။
လွင်ပြင်ကျယ်မယ် မြက်ခင်းစိမ်းရှိမယ် ဒါမှမဟုတ်ရေပြင်ကျယ်ရှိမယ်ဆိုတိမ်ကပိုလှနေတတ်ပါတယ်။
အဲတော့ ပထမဆုံး အဲဒီနေရာရောက်အောင်သွားရပါတယ်။
မန်းလေးကတော့ ဆိုင်ကယ်လေးတစ်စီးရှိရှင် ကြိုက်တဲ့နေရာသွားလို့ရပါတယ်.
ဒါပေမယ့် ကျနော်ကတော့ ကံကောင်းထောက်မှစွာရတယ်လို့ ခံယူပါတယ်။
ကျနော်မှာ ရွာထဲကို သုံးလလောက်ပုံမတင်လိုက်တော့
တင်စရာပုံတွေအများကြီးရှိပါတယ်။
စိတ်ရှည်လက်ရှည် သာ ကော်နက်ရှင်ကို အံတုပေတော့နော်.။
KZ
October 13, 2013 at 6:09 pm
နေညိုချိန် တိမ်တောက်တဲ့ခါ ရွာလမ်းနဘေးမှာ စာဥတို့ သူငယ်ချင်းတို့တွေ ရေခပ်ဆင်းကြတာ။
ဒီအချိန်ပေါ့နော်။
😀
ကျော်စွာခေါင်
October 13, 2013 at 9:02 pm
ကိုပေါက်
အရမ်းကို ကောင်းတဲ့ အနုပညာလက်ရာတွေပါ..
၄… ၆…၇.. ကိုတော့ အကြိုက်ဆုံးဘဲ..
စကားမစပ်.. တိမ်ပလီနွေနှောင်း သီချင်း တအားကြိုက်တာဗျ…
နောက်နှစ် ဒီဇင်္ဘာ မန်းမှာ ဆုံကြတာပေါ့…
ကိုပေါက်(မန္တလေး)
October 13, 2013 at 10:32 pm
တိမ်ပလီနွေနှောင်း သုံးပုဒ်မှာ စန္ဒယားမောင်လှအေး တီးတာ ပိုကြိုက်ပါသည်
kyeemite
October 14, 2013 at 3:32 pm
ကိုပေါက်နဲ့ မိုးတိမ်
နေဝင်တဲ့ အချိန်
အလှတွေ အားပြိုင်ထား
ရိုက်တာ အမိစား။
ကိုပေါက်ရေ…ဘယ်လိုပြောရမှန်းမသိလို့ ကဗျာလေးရေးလိုက်တယ်ဗျာ.. 🙂
Mr. MarGa
October 14, 2013 at 4:12 pm
ဟို ဦးပါ ပြောသလိုပဲ ပြောလိုက်မယ်ဗျာ
လေးပေါက်က ကင်မရာနဲ့ ပန်းချီဆွဲတာပါ။
ပုံကို ကြည့်ပြီးတော့ ခံစားချက်လေးတွေ ဖြစ်သွားတယ်ဗျ
ကိုပေါက်(မန္တလေး)
October 14, 2013 at 4:16 pm
ကိုမိုက်
အခုရက်ပိုင်းစာရေးဘို့စိတ်မပါ။
ရေးဖြစ်တဲ့ ခင်မောင်တိုးအမှတ်တရသီချင်း ဆောင်းပါးကလဲ
သီချင်းတွေပါနေတော့ ဒီဆိုက်မှာမတင်ချင်ဘူး။
နောက်တစ်ချက် ဝေဖန်လေကန်ရေးလဲမရေးချင်ဘူး
ဝတ္တုရေးဘို့ဘဲ စိတ်ထဲမှာရှိနေတယ်
အဲတော့ ဓါတ်ပုံဘဲ တင်ဖြစ်ပါတယ်