နှလုံးသားနှင့် ပျိုးသည့်ပန်း အစဉ်လန်းပါစေ…………….

ကာရံOctober 13, 20131min2125

မြစ်၏မာယာ လှည့်ဖျားသည့်သဘော

ကွေ့ကောက်ဆန်တက် လှည့်ဖျားမှုပေါ်

သာယာသည့်စိတ် အေးချမ်းမှုသည်

ခဏတာသဘော သက်ရောက်သော်လည်း

သူ၏မာယာ တုနှိုင်းမမှီ

ပင်ကိုစိတ်က နက်လှသည်……..

မာယာတစ်သိန်း မိန်းမလှကြွယ်

အမုန်းသခင် တိုးချင်ပါလည်း

အချစ်လှည့်ဖျား မှော်ကစားလင့်

ငါတို့အသည်း ကျောက်သားသို့သွင်

မင်းဖန်ဆင်းသမျှ ယိုင်မသွားဘူး

သိစေချင်သည်

မာယာသဘော မေတ္တနှောလည်း

အချစ်စစ်မည် အေးချမ်းသည့်သွင်

အမုန်းကိုပယ် အကြင်နာပြု

ရင်မှာထုစစ်

ငါတို့လက်သည် ပန်းပျိုးသည်သို့ …………

                                    ပိတောက်မိုး

5 comments

  • alinsett

    October 13, 2013 at 5:22 pm

    မကြီးစိုးးရေ

    ကဗျာလေးတွေ လာပြန်ရေးနေလို ့ဝမ်းသာပါတယ်ကွယ်။

    ကိုယ့်အကြိုက် ကဗျာ အမျိုးအစား မဟုတ်ပေမဲ့
    ကဗျာမှန်သမျှကို ချစ်မြတ်တွယ်တာ
    ခံစားချင်သူမို ့ ဖတ်ရှုခံစား
    အတွေးများထဲမှာ ပုံရိပ်
    မြင်ကြည့်သွားပါတယ်

    ချစ်သော
    ဆက်ဆက်

    ************

    ဒါနဲ့
    ကျုပ်တော့
    ဟန်းဆက်နဲ့( ကဗျာ ) ပိုစ့်တင်ရင်
    category ရွေးးမယ့် နေရာမှာ
    poetry ကို ရှာမတွေ ့( မရှိ)ဘူး ။

  • padauk moe

    October 13, 2013 at 7:41 pm

    ဘယ်ကဗျာ အမျိုးအစားမျိုးကြိုက်လဲ ပြောလေ
    တင်ပေးပါ့မယ် သူသူရယ်

    • alinsett

      October 13, 2013 at 9:03 pm

      ကျွန်တော်ကြိုက်တဲ့ကဗျာ အမျိုးအစားက……
      ဒန်တန်တန်…..

      :kwi:

  • ကျော်စွာခေါင်

    October 14, 2013 at 12:01 am

    ပိတောက်မိုးက ကဗျာတော်တော် ချစ်ပုံရတယ်နော်
    ကဗျာလေးတွေ ဖတ်ရင်း အားပေးနေပါတယ်..။
    ဆရာမောင်စိန်ဝင်း (ပုတီးကုန်း ) ရဲ ့ ကဗျာလေးတွေ များများဖတ်ပေးပါလား..။

    ရင်မှာ ထုစစ်…မှာ
    ဆစ် ဖြစ်သင့်တယ် ထင်တယ်.. ဟို..ပန်းပု ထုဆစ် တာတို ့ဘာတို ့သဘောမျိုးလေ..
    ရင်မှာ ထုဆစ်…ပေါ့။

  • padauk moe

    October 14, 2013 at 6:43 pm

    ဟုတ်ကဲ့ အခုလိုတင်ပြပေးတာကျေးဇူးတင်ပါတယ် တစ်ခါတစ်လေ မရေးဖြစ်တော့ စာလုံးပေါင်းလဲ အတော်လေးမှားတယ်ဗျာ

Leave a Reply