မမှားနိုင်တဲ့ ရန်ကုန်ဟိုတယ်

ကထူးဆန္းApril 14, 20122min1595

ဒီဟိုတယ် တွေမှာထားလို့ ညစ်ပါတ်တယ် ဆိုတဲ့ အပြော ခံရဖို့ လမ်း သိပ်မရှိပါဘူး ။ သူ့ဈေးနဲ့ သူ နိုင်ငံခြားသားများကိုထားပျော်တဲ့ လက်ရှိနိုင်ငံခြားသားများ တည်းခိုတဲ့ ဟိုတယ်တွေကို ဖော်ပြပေးသွားပါ့မယ်။ ဒီတစ်ခါတော့ Trip Advisor မှ ကောက်နုတ်မဖော်ပြတော့ဘဲ ကျွန်တော် သိသလောက် ဟိုတယ်များ ပါ။

1. East Hotel

East Hotel
Tel: + 95 9 73135311, 73135299
Fax: + 95 1 371358
Email addresses: reservation@east.com.mm, thantzin@east.com.mm,
theingi@east.com.mm, hoteleastyangon@gmail.com
Website: www.east.com.mm

ရန်ကုန်မြို့လည်ခေါင်တည့်တည့်မှာ ဆူးလေဘုရားလမ်းမှာ ရှိသည့် East Hotel သည် ချိန်တော်မီ ဝင်ရောက်လာသည့် ဟိုတယ်အသစ်ဖြစ်ပါသည်။ အခန်းတွေက နဲနဲကျဉ်းပြီး အိမ်သာ တံခါးတပ်မထားသည့် အတွက် အသိနှစ်ယောက်တည်းမယ်ဆိုရင်တော့ နဲနဲ ကသိကအောက်ဖြစ်စေတယ်လို့ ပြောကြပါသည်။ သို့သော်အခန်းတွင်းပြင်ဆင်မှု သန့်ရှင်းမှု မြို့လည်ခေါင်မှာ တည်ရှိနေမှု့တို့ က နေပျော်သော ဟိုတယ် ဖြစ်စေပါသည်။ တစ်ဦး တည်း (သို့) စုံတွဲ တွေ အတွက် တည်းပျော်သည့် ဟိုတယ် တစ်ခု အဖြစ်ညွှန်းလိုပါသည်။
ယခု လောလော ဆယ်သိရသလောက်တော့ ဟိုတယ်ခ က Single USD 60 , Double USD 65 , breakfast နဲ့ Tax ပါသ
ဝင်ပြီးလို့သိရပါသည်။ ဘေးမှာ ရုပ်ရှင်ရုံတွေရှိတဲ့ အတွက် မျက်စိရှုပ်ရင် မနေတတ်တဲ့ သူအတွက်တော့ အဆင်မပြေပါဘူး ။ လူစုစု မြင်ရမှ ကျေနပ်သူတွေအတွက်ကတော့ ရုပ်ရှင်ရုံ၊စားသောက်ဆိုင် အစရှိသည်တို့ အနားမှာရှိသည့်အတွက် အလွန် အဆင်ပြေစေပါသည်။
စုစုပေါင်း ၄၂ ခန်းရှိပါသည်။

၂။Summit Parkview Hotel

350 Ahlone Road, Dagon Township, Yangon,
Union of Myanmar.
Tel: (95-1) 211888, 211966
Fax: (95-1) 227995
Fax Reservation: (95-1) 227990, (95-1) 227992
Email: sumit@sumityangon.com.mm
Website: www.summityangon.com

ဒီဟိုတယ်ရဲ့ အားသာချက်ကတော့ ရွှေတိဂုံဘုရားနဲ့ နီးတာပါဘဲ ။ မြို့ထဲ နဲ့လည်း မဝေးကွာလှဘူးပြောရမှာပေါ့နော်။ အခန်းပေါင်း ၁၄ဝ ခန်းရှိပါသည်။ရေကူးကန်၊ Gym တို့လည်းပါရှိတဲ့ အတွက် ကလေးပါသူ ။ နေပူပူမှာ ရေစိမ်ချင်သူတို့အတွက် အကြိုက်တွေ့မဲ့ ဟိုတယ်ပါဘဲ။ စကာင်္ပူကုမ္မဏီမှ အုပ်ချုပ်လုပ်ကိုင်လျှက်ရှိပါသည်။

Room Type Internet Rates (USD)
Superior Room USD 110 Nett
Deluxe Room USD 125 Nett
Junior Suite USD 140 Nett
Studio Suite USD 170 Nett
Executive Suite USD 170 Nett
Hotel Apartment (1 bed room) USD 215 Nett
Extra Bed USD 30 Nett

ယခုဈေးနုန်းကတော့ အခွန် အခတွေ အားလုံးပါဝင်ပြီး ဈေးပါ။ နံနက်စာပါ ပါဝင်ပါသည်။

အရင်တုန်းကတော့ ခရီးသွားကုမ္မဏီများမှ ဝယ်ယူလျင် USD 40 လောက်သာပေးရတာပါ။

၃။ Clover Hotel

No. 7A, Wingabar Road, Bahan Township,
Yangon, Myanmar Phone : +95 9 731 77781
+95 9 731 77782
+95 9 731 77783
+95 9 731 77784
Fax : (951) 546313
info@cloverhotel.asia
www.cloverhotel.asia

ဒီဟိုတယ်လည်း ၂၀၁၁ ခုမှက ဖွင့်လှစ်ခဲ့သည့် ဟိုတယ်ဖြစ်ပါသည်။ 12 Superior Rooms နဲ့ 38 Deluxe Rooms စုစုပေါင်း ၄၈ ခန်းရှိကြောင်းသိရပါတယ် . အင်တာနက် ဈေးနုုန်းကတော့ Superior အတွက် USD 70 ဖြစ်ပြီး Deluxe 75 USD ဖြစ်ပါတယ် ။ အခွန်အခများနဲ့ နံနက်စာပါဝင်ပါတယ် ။ ရွှေတိဂုံ ဘုရားကို လမ်းလျှောက်သွားလို့ ရတာကတော့ အားသာချက်ပါ။ ပါတ်ဝန်းကျင်ကလည်း ဆူညံမှု မရှိတဲ့ ပါတ်ဝန်းကျင်ပါ။

၄။ Central Hotel

ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ၃၂ လမ်းထောင့်
Tel: 95-1-241001~241020 (20lines), Fax: 95-1-248003, E-mail: , CENTRAL.YGN@mptmail.net.mm , CENTRALMYANMAR.YGN@mptmail.net.mm
www.centralhotelyangon.com

စစ်တပ်ကို အားမပေးချင်သူများ ရှောင်ရမဲ့ ဟိုတယ်ပါ။ ကိစ္စမရှိပါဘူးဆိုသူများ နဲ့ ဗိုလ်ချုပ်ဈေးနားနေချင်သူများအတွက်တော့ အဆင်ပြေစေမဲ့ ဟိုတယ်ဖြစ်ပါသည် ။ ဦးပိုင်ဟိုတယ် ဖြစ်ပါသည်။

Superior 80
Deluxe 95
Junior Suite 95
Executive Suite 120
(for Triple Occupancy)
Extra Person 20
အခန်းခများမှာ အခွန်အခများ ပါဝင်ပြိးဖြစ်ပြီး နံနက်စာလည်းပါဝင်ပါသည်။ စုစုပေါင်း ၈၂ ခန်းရှိပါသည်။

၅။ Panorama Hotel

No.294-300, Pansodan Street,
Kyauktada Township. Yangon. Myanmar.
Tel: +951-253 077(10-Lines)
Fax: 251 986~7
E-mail :panoramaygn@myanmar.com.mm
Website : www.panoramaygn.com

အခန်း ၁၀၀ ရှိပြီး ဈေးနုန်းတွေကတော့ကျပ် က မြန်မာနိုင်ငံသားများ အတွက်ဖြစ်ပြီး ဒေါ်လာကတော့ နိုင်ငံခြားသား များ အတွက်ဖြစ်ပါသည်။

Sr No. Room Type Single Rate Double Rate Remark
Kyat US $ Kyat US $
1 Superior 35000 70 40000 80
2 Suite 50000 85 60000 100
3 Extra 20000 25 – –

အခွန်အခများနှင့် နံနက်စာတို့ပါဝင်ပါသည်။

ပြောမယ်ဆိုရင်တော့လည်း တော်တော်များများ ရှိပါသေးတယ် ။
အဲ့ဒီ့အထဲက အချို့ကို နံမည်နဲ့ စုံစမ်းလို့ရမဲ့ လိပ်စာတွေဘဲ ထည့်ပေးလိုက်တော့မယ်နော်။

၆။ Hotel Yangon

91/93 Pyay Road , 8 mile , Yangon.
Tel .. 667708 , 667688 Fax: 667752
e-mail : hotelyangon@hotelyangon.com.mm
www.hotel-yangon.net

7.. Inya Lake Hotel

37 Kaba Aye Pagoda Road ,Yangon
Tel : 662866 , 662857-59 Fax: 665537 ,665964
e.mail: inyalake@inyalakehotel.com
www.inyalakehotel.com

8.Savoy Hotel

129 Dhama Zedi Rd, Kamayut , Yangon
Tel : 526289 , 526298 , 526305 , Fax :524891-2
e.mail: gm-savoy@myanmar.com.mm
www.savoy-myanmar.com

Budget Hotel များလည်း နောင်မှ စုစည်းတင်ပြပေးသွားပါ့မယ်။

5 comments

  • etone

    April 14, 2012 at 7:30 pm

    East Hotel ဆိုတာ အခုမှဖွင့်တာလားဟင် … ကြားတောင်မကြားဖူးတဲ့ နာမည်စိမ်းမို့ပါ … rate တွေကတော့ အတော်သက်သာတယ်နော် .. ဒါပေမယ့် service ပိုင်းမှာတော့ ဘယ်လိုနေမလဲမသိဘူး … ဖိုက်စတားဟိုတယ်ကြီးတွေတောင် .. အဆင့်ချင်းတူတူတောင် ဆားဗစ်ပိုင်းကျတော့ ကွာတယ် … ။

    ဆဗွိုင်းတို ့ပန်နိုရားမားတို့မှာဖော်ရင်နာတွေ တည်းသလားဟင်… တကယ်သိချင်လို့ပါ … စိတ်ထဲ လိုကယ်တွေပဲ အတွေ့များလားလို့လေ … ။

  • htoosan

    April 14, 2012 at 8:38 pm

    ဟုတ်တယ် etone ရေ။ East Hotel က ဖွင့်တာ မကြာသေးဘူး ။ အရင် မိုးကုတ်တိုက်ကို ပြင်ပြီးဖွင့်တာပါ။ Traders ရဲ့ မျက်စောင်းထိုးမှာပါ ။ ဒီဈေးက တကယ်တန်း နဲနဲတောင်များတယ်ပြောရမှာ။ သူပေးနိုင်တဲ့ facilities က သိပ်မရှိဘူးလေ။ ဒါပေမဲ့ အောင်မြင်ပါတယ်။ နေရာကောင်းတာရယ်။ ခါတော်မီသွားရယ်နဲ့ သူလည်း လူပြည့်ပါတယ်။ service ပိုင်းတော့ ကိုယ့်အထုပ်ကိုယ်ဆွဲရတယ် ဆိုပြီး အသံထွက်လာသေးတယ်။

    Savoy က နိုင်ငံခြားသား အကြိုက်ပါ ။ သူတို့ က world small luxury hotel အသင်းလည်း ဝင်ထား၊ အသိအမှတ်ပြုခံထားရတဲ့ ဟိုတယ်ပါ။
    Panorama က စပိန်ရာသီ ဆို စပိန် တွေ၊ အီတလီတွေ တည်းပါတယ် ။ ခရီးသွားကုမ္မဏီတွေက တော်တော် သုံးတယ် ။ သူလည်းမြို့ထဲဖြစ်ပြီး ဘူတာကြီးနဲ့လည်း နီးတော့ local တွေလည်း တည်းပါတယ်။

  • htoosan

    April 15, 2012 at 9:29 am

    Pandorama လို့တော့ ကျွန်တော် မကြားဘူး ပါ။ Panorama ကတော့ ပန်းဆိုးတန်း ဂုံးတံတားဘေးမှာကပ်ရက်တည်ရှိပါသည် ။ ကိုနာဂ ပြောတဲ့ ဟိုတယ် မရှိဘူးလို့ထင်ပါသည်။
    Panda Hotel တော့ ရှိပါသည်။ သူကတော့ ဝါးတန်းလမ်းမှာပါ။

  • သမိန်ဂီ့

    April 16, 2012 at 1:09 pm

    bookmark ထားပါတယ် ..ကျေးကျေးဖော်ရွာ အင်ဖော်မေးရှင်းပါ…
    😀

    ခင်တဲ့
    ဂီ

Leave a Reply