တစ်နှစ်တစ်ခါပျော်ရတဲ့သင်္ကြန်……….2012
“တစ်နှစ်တစ်ခါ်ပျော်တဲ့သင်္ကြန်”
သင်္ကြန်ဆိုတာကလဲ တစ်နှစ်တစ်ခါလာစမြဲ။
ကျနော်တို့တစ်တွေကလဲတစ်နှစ်တစ်ခါပျော်စမြဲ။
သင်္ကြန်ဆိုတာနဲ့ ရေပက်ဘို့ သာခေါင်းထဲရှိစမြဲ။
ပက်သူရှိဘို့အတွက်ရေပက်ခံထွက်သူလဲလိုပြီပေါ့။
ဘယ်သူဘာလုပ်ပါ ပြောစရာမလို အလိုလို အဖွဲ့ခွဲ့ပြီးသား။
ဒါပေမယ့်လဲ သင်္ကြန်မှာမပျော်နိုင်ဘဲ ဝမ်းရေးအတွက် လုံးပန်းရသူလဲရှိ။
ဒါပေမယ့် နှစ်သစ်ကူးပြောင်းခြင်းကို အတာရေနဲ့ကြိုဆိုကြရတာပျော်စရာ။
ကဲ……တွေ့သမျှကိုလက်ဆော့လို့ဂေဇက်ပေါ်အရောက်ပို့လိုက်ပါတယ်။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့စနက်ရှော့
(14-4-2012)
10 comments
ကိုပေါက်(မန္တလေး)
April 15, 2012 at 7:37 pm
အပျော်တွေထဲမှာအမောတွေလည်းရောပါနေလေရဲ့၊
ဆူး
April 15, 2012 at 7:52 pm
မုန့်သည်တွေ အများကြီးပဲ.. ဝယ်စားချင်လိုက်တာ..
အခုတောင် ဈေးသည်တွေ မရှိလို့ အစားအသောက် ငတ်နေတာ.. အပြင်ထွက်ရင် ရေစိုမှာ စိုးလို့ အိမ်က ရိက္ခာပဲ ဝါးနေရတာ.. ငြီးငွေ့လာပြီ။
ကိုပေါက်(မန္တလေး)
April 15, 2012 at 9:47 pm
မန်းလေးမှာတော့ဈေးသည်တွေပေါမှပေါ
ဆူး
April 16, 2012 at 8:54 am
ရန်ကုန်မှာ အိမ်ပြင်မှ မထွက်ရဲတာ… ဖျားနေတာလည်း ပါတယ်။
ရေစိုမှာ ကြောက်တာလည်းပါတယ်။
မဏပ်တွေက အိမ်နဲ့ သိပ်မနီးတော့ ဈေးသည်တွေက မဏပ်နားမှာပဲ ရောင်းကြလိမ့်မှာ..
ဒီနားမှာ ရောင်းလို့ လူသူ မနီးတဲ့ တောကြီးထဲ အရှုံးပေါ်သွားမှာပေါ့.. အဟိ။ 😀
ဦးဦးပါလေရာ
April 15, 2012 at 10:56 pm
ကြည့်ရင်းနဲ့ ပျော်လာတယ် ကိုပေါက်ရေ…
ဒါနဲ့ ကင်မရာရေစိုမှာ မကြောက်ဘူးလား… 😛
ကိုပေါက်(မန္တလေး)
April 15, 2012 at 10:58 pm
ကြောက်တာပေါ့ ရေလွတ်အောင်မနည်းရှောင်ရိုက်ရတာ။
ဒါပေမယ့်သင်္ကြန်တစ်ခါမှ မရိုက်ဘူးတော့လဲအရဲစွန့်ပြီးတီးရတာပေါ့။
ရန်ကုန်လာမှာနော် ခဏလေးဖြစ်ဖြစ်တွေ့ကြဦးစို့
ကိုပါရေ
တညင်သား
April 15, 2012 at 11:12 pm
ကိုပေါက် ရေ လွတ်ပျော်ချင်လိုက်တာဗျာ….အဟီးးးးးးးးးးးးး
ကိုပေါက်(မန္တလေး)
April 15, 2012 at 11:14 pm
နောက်နှစ်မန်းသင်္ကြန်နဲ့ဆုံအောင်လာခဲ့နော် တညင်သားရေ
mocho
April 16, 2012 at 1:16 pm
လည်ပတ်နေတဲ့ လူငယ်တွေရဲ့ ပျော်ရွှင် မြူးထူးနေတဲ့ ပုံရိပ် တွေနဲ့ ဈေးသည် လူငယ်လေးတွေရဲ့ ဝယ်သူကို မျှော် လင့် နေတဲ့ ပုံလေးတွေ ကို ယှဉ်တွဲ မြင် ရ တိုင်း ဝတ္ထု တပုဒ်ဖတ်ရသလို ရင်ထဲ မှာ တခုခု ခံစားရတယ်။
ကိုပေါက်(မန္တလေး)
April 16, 2012 at 6:52 pm
ဒါဆိုရင်ကျနော်ရည်ရွယ်ချက်အောင်မြင်တယ်ပြောလို့ရမယ်နော်