အားလုံးပျော်တဲ့သင်္ကြန်………………..2012
;a “အားလုံးပျော်တဲ့မန်းသင်္ကြန်”
ခါတိုင်းနှစ်ဆို သင်္ကြန်ဆိုတာနဲ့မဏ္ဍပ်ပေါ်ရောက်နေတာများပါတယ်။
ဒီနှစ်ကတော့ တာဝန်မရှိတော့အိမ်မှာဘဲ နေလိုက်ပါတယ်။
ဒါပေမယ့် သင်္ကြန်ဓါတ်ပုံတွေတင်ပေးပါဆိုတဲ့ရွာထဲကမိတ်ဆွေများကိုလဲသတိရမိပါတယ်။
ခက်တာက ကိုယ်ကိုင်တာက ကင်မရာအသေးလေး.။
ရေစိုမှာလည်းစိုးပါတယ်။
သင်္ကြန်ပုံလေးတွေလဲလက်ဆော့ချင်မိပါတယ်။၏
အဲတော့ ဝေးဝေးလံလံမသွားဘဲ မုန့်စားထွက်ရင်း အနီးအနားမှာ
တွေ့သမျှလေးကို လက်ဆော့မိပါတယ်။
လှတော့လဲမလှ သေလဲမသေသပ်ပါဘူး။
ဒါပေမယ့် မန်းသင်္ကြန်ဆိုတာ အားလုံးကိုအလိုလို ပျော်ရွှင်စေပါသတဲ့။
နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပါစေ……………
ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့အတွေးပါးပါး
(15-4-2012)
16 comments
ကိုပေါက်(မန္တလေး)
April 15, 2012 at 7:38 pm
ပုံလေးတွေကြည့်ရင်းအပျော်တွေကူးစက်နိုင်ပါစေလို့ဆုတောင်းပါ၏
ဆူး
April 15, 2012 at 7:50 pm
ကလေး ပိစိလေးကို ဆိုင်ကယ်မှာ တင်ပြီးတော့ လည်နေကြတယ် အန္တရာယ်များလိုက်တာ..
ကိုရင်မောင်
April 15, 2012 at 9:17 pm
ကိုပေါက်ရေ သင်္ကြန်ပုံလေးတွေတွေ့ရနေတာကိုဘဲ
ကျေးဇူးတင်ပါတယ် အလွမ်းပြေပေါ့….
ကိုပေါက်(မန္တလေး)
April 15, 2012 at 9:46 pm
ကျနော်ဒီထက်အများကြီးတင်ချင်ပါတယ် ဒါပေမယ့် အပြင်ထွက်ရမှာလန့်တယ်ဗျ။
ကိုယ်ကလဲဆိုင်ကယ်ဘဲရှိတာ.။
ဗျူးဗျဲကောင်တွေလန့်နေရတာ သူတို့က ပြဲနေတာလေ။
ကို်ယ်ဝင်ဖြဲသွားမှာကြောက်တယ်။
Kaung Thant
April 16, 2012 at 2:09 pm
ကိုပေါက် ပုံလေးတွေကတော့မိုက်တယ်ဗျာ။ ကျေးဇူးပါပဲ။ သင်္ကြန်အလွမ်းပြေပေါ့။
AKKO
April 16, 2012 at 5:42 pm
ကိုပေါက်တို ့ မြိ ု ့တော်ဝန်မဏ္ဍပ်က တော်တော်လန်းတယ်။ အဆိုတော်တွေလည်းစုံတယ်။ နန်းဆုဆိုနေရင် နောက်ကကြည့်နေတဲ့သူတွေ တော်တော်ကြိုက်ကြမှာ။ ဒီနေ ့ပုံဆိုပိုလန်းတယ်။ အဲဒီမှာသွားလက်ဆော့။ ဒါမှ ကိုပေါက်နာမည်ပိုကြီးမှာ။
ကိုပေါက်(မန္တလေး)
April 16, 2012 at 7:14 pm
အေကေကေအိုရေ အဲဒီမဏ္ဍပ်က ကိုပေါက်ကိုလက်မခံဘူး။
စည်ပင်ကို ထောက်လွန်းလို့တဲ့.
ပေစိ
April 17, 2012 at 2:24 am
ဦးပေါက် တစ်ကိုယ်တော်လေလွင့်ခြင်းလေး ကူးသွားပါရစေ ဂျီတော့မှာသုံးချင်လို့
ဗိုက်ကလေး
April 17, 2012 at 12:03 pm
များလဲ တစ်ကိုယ်တော်လေလွင့်ခြင်းကို ရေလည်ခိုက်တယ်ဗျာ
ကိုပေါက်(မန္တလေး)
April 17, 2012 at 5:08 pm
အဲဒီပုံတင်သင့် မတင်သင့် အတော်စဥ်းစားလိုက်ရတာ။
နောက်တော့မှ တင်ဘို့ဆုံးဖြတ်လိုက်တာ…………….
alinsett
April 18, 2012 at 10:23 am
အပျော်တွေ..ကူးစက်ပါတယ် ။
ဒါပေမယ့်..ရေပက်ရင် နာကျင်အောင် ပက်မှ အားရတတ်သူတွေကို လည်း..သတ်ိရသွားပါတယ် ။
ရေပက်တာတွေကတော့တော်တော် ဆိုးနေတယ်နော် ။ တချို ့ဆို…ရေ တင်မဟုတ်..ပဲ..ခွက်တွေ..ပါ..ပါလာတယ် ။
နာအောင်ကို တမင် ပက်ကြတာတော ့မကောင်းဘူးနော် ။
ဒီ နှစ် သင်္ကြန်မှာလည်း..ကျွန်တော်..ဘယ်မှ မထွက်..။
Khaing Khaing
April 18, 2012 at 2:06 pm
အားလုံးပျော်ပေမယ့် ဒီကအခိုင်တစ်ယောက်မပျော်ခဲ့ရဘူး ချစ်ပေါက်ကြီးရယ် ………. အဟီး ….
သူများပျော်တာကြည့်ပြီး မုဒိတာပွားလိုက်ပါတယ်နော် …… လာထားနောက်လမှ အပြန်ကဲမယ် ….. တစ်ရွာ လုံးအမြင်ကပ်အောင်ကိုကဲပလိုက်မယ် ………
ချစ်ပေါက်ကြီးနှစ်သစ်မှာပျော်ရွှင်ပါစေ ကျန်းမာပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်နော်
ချစ်သမီးလေး Khaing Khaing
Onyx
April 18, 2012 at 2:23 pm
လေးပေါက် ပုံလေးတွေကနေ ပြီး အပျော်တွေကူး ဆက်ပြီး ပျော်ရွှင်မိပါတယ် ။ဒါပေမဲ့လေ
ဘာလို့ 2012 သင်္ကြန်လို့ ပြောတာလဲ ဟင်၁၃၇၃ ဟုတ်ဘူးလား မြန်မာနှစ်ကူးကို အဲလို ကြီး ဖတ်ရတော့ တစ်မျိုးကြီးပဲ
Mလုလင်
April 20, 2012 at 2:45 pm
တကိုယ်တော် လေလွင့်ခြင်း ကတော့ ရှယ်ပဲဗျို ့ … ဟီး ..
ကိုပေါက်(မန္တလေး)
April 20, 2012 at 4:48 pm
1373 လို့ရေးရင် အားလုံးကသိမှာမဟုတ်ဘူးဗျာ
အရင့်ရောင်
April 20, 2012 at 4:59 pm
မစ္စတာ ကျွှီးလက် တို့က
အက္ခရာ နဲ့တောင် မဟုတ်တော့ဘူး
ကိတ်ဂဏန်ဒတွေနဲ့လုပ်လာပီ
စိတ်ညစ်တယ်
သွားးးးးးးး
လူဆိုး
အဲလေ
မစ္စတာ ကျွှီးလက်