;a           “အားလုံးပျော်တဲ့မန်းသင်္ကြန်”   ခါတိုင်းနှစ်ဆို သင်္ကြန်ဆိုတာနဲ့မဏ္ဍပ်ပေါ်ရောက်နေတာများပါတယ်။ ဒီနှစ်ကတော့ တာဝန်မရှိတော့အိမ်မှာဘဲ နေလိုက်ပါတယ်။ ဒါပေမယ့် သင်္ကြန်ဓါတ်ပုံတွေတင်ပေးပါဆိုတဲ့ရွာထဲကမိတ်ဆွေများကိုလဲသတိရမိပါတယ်။ ခက်တာက ကိုယ်ကိုင်တာက ကင်မရာအသေးလေး.။ ရေစိုမှာလည်းစိုးပါတယ်။ သင်္ကြန်ပုံလေးတွေလဲလက်ဆော့ချင်မိပါတယ်။၏ အဲတော့ ဝေးဝေးလံလံမသွားဘဲ မုန့်စားထွက်ရင်း အနီးအနားမှာ တွေ့သမျှလေးကို လက်ဆော့မိပါတယ်။ လှတော့လဲမလှ သေလဲမသေသပ်ပါဘူး။ ဒါပေမယ့် မန်းသင်္ကြန်ဆိုတာ အားလုံးကိုအလိုလို ပျော်ရွှင်စေပါသတဲ့။ နှစ်သစ်မှာအားလုံးပျော်ရွှင်ကြပါစေ……………     ကိုပေါက်လမ်းသလားရင်းလက်ဆော့လို့ရလာတဲ့အတွေးပါးပါး (15-4-2012)  


             “ရေကြည်တစ်ပေါက်”   ကိုဘအုန်းမနေ့ည အလုပ်ကနေအိမ်ပြန်အရောက် ရေချိုးမယ်လုပ်တော့ ရေပေးရေးကရေမလာဘူးဖြစ်နေတယ်။ အိမ်ကရေအိုးထဲကြည့်လိုက်တော့ တစ်လုံးဘဲရေကျန်တော့တယ်။ အပေါ်ကန်မှာလဲ တစ်ဝက်ဘဲရေကျန်တော့တယ်ဆိုတာနဲ့ ရေပတ်ဘဲတိုက်လိုက်ရတယ်။ အို်က်ပေမယ့်လဲမတတ်နိုင်။ ကိုဘအုန်းနေတဲ့စည်ပင်သာယာတိုက်ခန်းက ရေပေးရေး ရေကိုဘဲအားကိုးသုံးရတာ။ တိုက်ခန်းနံဘေးမှာ အဝီစိတွင်းတူးထားတာတော့ရှိပါတယ်။ ဒါပေမယ့် အရပ်ထဲကလူတွေရယ် ရေသည်တွေရယ်ကြောင့်တိုးမပေါက်ပါဘူး။ ပြီးတော့ကိုဘအုန်းကလဲ တိုးတိုးခွေ့ခွေ့ ဝင်မချိုးတတ်တော့ သွားမသုံးဖြစ်ပါဘူး။ 2012 မတ်လဆန်းကတည်းက စလို့ ကိုဘအုန်းတို့တို်က်ခန်းမှာရေရော မီးရောဖောက်တာ။ ကိုဘအုန်းပြောင်းလာခါစတော့ မီးမမှန်ပေမယ့် ရေကတော့ အချိန်မရွေးလာပါတယ်။ ကိုဘအုန်းနေတဲ့ အပေါ်ဆုံး သုံးထပ်မှာကို ဘာမော်တာမှမလိုဘဲရေတက်ပါတယ်။ အခုသုံးလေးနှစ်အတွင်း ဒီတိုက်ခန်းကို နေတဲ့လူလဲများလာ ရေပေးရေးကလဲ အမြဲမပေး ဆိုတော့ ရေက ရှားလာပါတယ်။ တစ်ခန်းနဲ့တစ်ခန်း အပြိုင်အဆိုင်မော်တာ တပ်ပြီး အလုအယက်ရေစုပ်ကြတော့ နဂိုရ်က မပေါတဲ့ရေက ပိုလို့ပိုလို့ရှားလာပါတယ်။ အခုနောက်ပိုင်းရေပေးရေးကလဲ […]


             “လင်းဝေနောက်ကလိုက်ခြင်း(ကောင်းမူ့တော်)”   ကျနော်ဘယ်သူနောက်ကလိုက်ရင်ကောင်းမလဲလို့စဉ်းစားနေတုန်း လင်းဝေက ကောင်းမူ့တော် ပိုစ်တက်လာပါတယ်။ အဲတော့လဲရေကန်အသင့်ကြာအတင့်ပါဘဲ။. နောက် ကိုဖက်ပေါ်တင်တဲ့အကြွေးပါတစ်ခါထဲဆပ်လိုက်ပါရဲ့။ (7-1-2012)တွေ့တော့ကိုဖက်က ကိုပေါက် ကောင်းမူ့တော် အဖြူနဲ့ရွှေလေး လုပ်ပေးပါအုံးဆိုခဲ့တာလေ။ ကဲ အခုတော့ အားလုံးအဆင်ပြေသွားပြီ။ ကိုင်း နောက်တစ်ခါ ဘယ်သူ့နောက်လိုက်မယ်ထင်ပါသလဲ။ ဒီပုံတွေအားလုံး တစ်ခါတော့တင်ပြီးသားနော.် ကိုပေါက်လမ်းသွားရင်းလက်ဆော့တော့ရလာတဲ့ အတွေးပါးပါးလေး (23-3-2012)  


    “လေးနှစ်တကြိမ် မှရောက်လာတတ်သော တောင်သမန်အင်းရဲ့ နံနက်ခင်းအလှ”   (29-2-2012)ဆိုတဲ့နေ့က ကမ္ဘာသုံးပြက္ခဒိန်မှာ လေးနှစ်မှ တစ်ကြိမ်သက်ရောက်တဲ့နေ့ထူးလေးပေါ့။ အဲဒီနေ့မနက်က လမ်းလျှောက်ရင်း ကနေ တောင်သမန်ကို မနက်စောစော တစ်ခါမှမသွားဘူးတာသတိရသွားတာနဲ့ရှမ်းကလေးကျွန်းဆက်မသွားဘဲလှည့်ပြန်ခဲ့ပါတယ်.။ ခါတိုင်းဒီလိုဥပုဒ်နေ့ဆိုရင် ရှမ်းလေးကျွန်းဘက်အထိ အတော်ဝေးဝေးလမ်းလျှောက်တတ်ပါတယ်။ အဲဒါနဲ့ဆိုင်ကယ်ယူ ပြီးတောင်သမန်အင်းဘက်ထွက်ခဲ့ပါတယ်။ အာဇာနည်ကုန်းနားရောက်တော့ လွမ်းသူ့ပန်းခွေချိတ်ထားတာတွေ့ရပါတယ်။ ဒါပေမယ်အပြန်မှရိုက်မယ်ဆိုပြီးဆိုင်ကယ်အမြန်မောင်းခဲ့ပါတယ်.။ နေအရုဏ်တက်မမှီမှာစိုးလို့။ ကျနော်ထွက်လာတော့ ခြောက်နာရီ တစ်ဆယ်ငါး။ လှမ်းကြည့်တော့ နေကရဲနေပြီ။ မမှီမှာစိုးတော့ ဆိုင်ကယ်ကို ဒုန်းမောင်းရပါတော့တယ်။ အစက တွက်ထားတာ တံတားနောက်ခံနဲ့ နေလုံးနီနီရိုက်ချင်တာ။. အခုတော့နောက်ကျသွားပါတယ်။ အဲဒါနဲ့ မြောက်ဘက်ခြမ်း အင်းအစပ်က ထန်းပင်အောက်မှာ ဆိုင်ကယ်ရပ်။ အပြေးအလွားလက်ဆော့တော့ ဒီပုံတွေရလာပါတယ်။ စိတ်ထဲမှာလဲ အတော်လေးကိုကျေနပ်သွားပါတယ်။ နောက်အဝေးကလှမ်းမြင်ရတဲ့ လက်ပန်ပင်ကို သွားရိုက်ဘို့ စိတ်ကူးလိုက် တဲ့အခါ…………………………..     […]


  “မြင်ရခဲတဲ့မန်းလေးတောင်ကခြင်္သေ့”   တရက်မန်းလေးတောင်ခြေမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်အိမ်အလည်သွားပါတယ်။ ပျင်းတာနဲ့လျှောက်ကြည့်ရင်း အထင်ကရခြင်္သေ့ကြီးများကို မြင်လိုက်ရပါတယ်။ ကျနော်က လမ်းလျှောက်ရင်းခြင်္သေ့ကြီးဖင်ဘက်ကိုရောက်သွားတော့ ကိုင်းငါ့ရွာသားများ မြင်ရခဲတာလေးမြင်ရအောင်လက်ဆော့အုံးမှဘဲဆိုပြီး လက်ဆော့လိုက်ပါတယ်။ နောက်တော့ ဟိုအရင်က ရိုက်ထားတဲ့ရှေ့တည့်တည့်ကပုံလေးနဲ့ရောတင်ပေးလိုက်ပါတယ်။ လှမှလှပါဘဲ။   ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး။ (25-2-2012)