“ရေကြည်တစ်ပေါက်”

“ရေကြည်တစ်ပေါက်”
ကိုဘအုန်းမနေ့ည အလုပ်ကနေအိမ်ပြန်အရောက် ရေချိုးမယ်လုပ်တော့ ရေပေးရေးကရေမလာဘူးဖြစ်နေတယ်။
အိမ်ကရေအိုးထဲကြည့်လိုက်တော့ တစ်လုံးဘဲရေကျန်တော့တယ်။
အပေါ်ကန်မှာလဲ တစ်ဝက်ဘဲရေကျန်တော့တယ်ဆိုတာနဲ့ ရေပတ်ဘဲတိုက်လိုက်ရတယ်။
အို်က်ပေမယ့်လဲမတတ်နိုင်။
ကိုဘအုန်းနေတဲ့စည်ပင်သာယာတိုက်ခန်းက ရေပေးရေး ရေကိုဘဲအားကိုးသုံးရတာ။
တိုက်ခန်းနံဘေးမှာ အဝီစိတွင်းတူးထားတာတော့ရှိပါတယ်။
ဒါပေမယ့် အရပ်ထဲကလူတွေရယ် ရေသည်တွေရယ်ကြောင့်တိုးမပေါက်ပါဘူး။
ပြီးတော့ကိုဘအုန်းကလဲ တိုးတိုးခွေ့ခွေ့ ဝင်မချိုးတတ်တော့ သွားမသုံးဖြစ်ပါဘူး။
2012 မတ်လဆန်းကတည်းက စလို့ ကိုဘအုန်းတို့တို်က်ခန်းမှာရေရော မီးရောဖောက်တာ။
ကိုဘအုန်းပြောင်းလာခါစတော့ မီးမမှန်ပေမယ့် ရေကတော့ အချိန်မရွေးလာပါတယ်။
ကိုဘအုန်းနေတဲ့ အပေါ်ဆုံး သုံးထပ်မှာကို ဘာမော်တာမှမလိုဘဲရေတက်ပါတယ်။
အခုသုံးလေးနှစ်အတွင်း ဒီတိုက်ခန်းကို နေတဲ့လူလဲများလာ ရေပေးရေးကလဲ အမြဲမပေး
ဆိုတော့ ရေက ရှားလာပါတယ်။
တစ်ခန်းနဲ့တစ်ခန်း အပြိုင်အဆိုင်မော်တာ တပ်ပြီး အလုအယက်ရေစုပ်ကြတော့ နဂိုရ်က
မပေါတဲ့ရေက ပိုလို့ပိုလို့ရှားလာပါတယ်။
အခုနောက်ပိုင်းရေပေးရေးကလဲ ရေအချိန်မှန်မပေးတော့။
ည ဆယ်တစ်နာရီလောက်မှလာတော့ ရေလာတဲ့အချိန်စောင့်တင်ရတာပေါ့။
အခုဆို ည တစ်ချက် နှစ်ချက်ထိုးမှာ ရေလာတော့ အိပ်ရေးပျက်ခံပြီးစောင့်တင်။
ရေလာချိန် မီးမလာရင် မီးစက်နုှိး။
အဲလိုနေ့များဆိုရင်မီးစက်သံမော်တာသံတွေဆူညံလို့နေပါတယ်။
မီးစက်မရှိတဲ့အိမ်က ရေမရပေါ့။
ရေမရတဲ့အိမ်က ရေဝယ်သုံးမယ်ဆိုရင် ရေသန့်ဘူးကြီး တစ်ဘူးကို 250 ။
အိမ်အပေါ်ထပ်ထိတင်ရင် 300 ။
ဒါတောင် လိုချင်တိုင်းမရ အလှည့်ကျပို့ပေးတာပါတဲ့။
အဲလိုလေးဝယ်လို့ရနေတာလေးကို ကျေးဇူးတင်နေရတာပါ။
ဒီနေ့မနက် ရုံးရောက်လို့ အိမ်သာတက်မယ်လုပ်တော့ အိမ်သာမှာရေမရှိ။
ဝန်ထမ်းလေးဆယ်လောက်အတွက် သုံးရေ ကို ဂါလန်200ဆန့်တဲ့ရေကန်ထဲမှာ ရေတင်ထားပါတယ်။
ထမင်းချိုင့်ဆေး နဲ့ကိုယ်လက်သန့်စင်တဲ့အခါသုံးရတာပေါ့။
တစ်ခါတစ်လေလဲ ရေချိုးပေါ့။
အခုတော့ ရေမလာတာ နှစ်ရက်ဆိုတော့ရေပြတ်။
ရေသောက်မယ်လုပ်ပြန်တော့ ရေသန့်စက်ထဲမှာရေမရှိ။
မမှာဘူးလားပေးတော့ ရေသန့်စက်ရုံမှာကို ရေပြတ်နေပါတယ်တဲ့။
အဲတော့ ကိုယ်နေတဲ့အိမ်တင်ရေပြတ်တာမဟုတ်ဘူးဆိုတာသိလိုက်ရပါတယ်။
မန်းလေးမြို့လေးပြင်လေးရပ်စလုံးမှာရှိတဲ့ စည်ပင်သာယာရေပေးရေး(ဧရာဝတီမြစ်ရေ)သုံးတဲ့အရပ်ရော
စည်ပင်သာယာရေပေးရေး(ကျုံးရေ)သုံးတဲ့ရပ်ကွက်ရောရေပြတ်နေပါသတဲ့။
အဲအဝီစိသုံးတဲ့အရပ်ကျပြန်တော့လဲ မီးမလာတော့ ရေစုပ်လို့မရ။
လက်လှူပ်မောင်းနဲ့ အဝီစိရေတင်တဲ့အိမ်ကတော့ အဆင်ပြေတာပေါ့။
ကုန်ခဲ့တဲ့မုိုးတွင်းရော ဆောင်းတွင်းရော မီးက အချိန်ပြည့်လာ။
ရေကလဲ နေ့တိုင်းရဆိုတော့ “ငါတို့နိုင်ငံကြီး တကယ်ကို တိုးတက်လာပီဟဲ့”ချီးမွမ်းတုံးရှိသေးတယ်။
ရေရောမီးပါ တူတူပုန်းသွားတော့ ထူးအိမ်သင်သီချင်း “အရင်အတိုင်း”ကိုဘဲပြန်သတိရမိပါတယ်။
ကျနော်တို့သာ ရေမရှိတယ် (27-3-2012)တော်လှန်ရေးနေ့က မန်းလေးမြို့အရှေ့ဘက်က
ပြင်ဦးသွားတဲ့လမ်းတိုးဂိတ်ကနေ ရဲရွာရေအားလျှပ်စစ်ဘက်သွားတဲ့လမ်း
ကနေအတွင်းကို 13မိုင်လောက် တောင်ဘက်ကိုပြန်သွားရင် ရှိတဲ့ ဒီးဒုတ်ရေတံခွန်ကို
ကိုသော့ ကိုလတ် ဖရဲမတို့နဲ့အတူသွားဖြစ်တော့ မြင်ခဲ့ရတဲ့ ရေတွေကို သတိရလိုက်တာဗျာ။
ကဲအောက်ကပုံတွေသာကြည့်ပေတော့။
ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ရလာတဲ့အတွေးပါးပါး
(29-3-2012)
21 comments
ကိုပေါက်(မန္တလေး)
March 29, 2012 at 12:16 pm
ကျနော်ရဲ့ဒီးဒုတ် ဆီးရီစ်ကို စောင့်မျော်အားပေးကြပါ။
တစ်ခါသွားလို်က်တာနဲ့ အနည်းဆုံးပိုစ်သုံးခုလောက်ရအောင်လုပ်စားပါမယ်.။
Moe Z
March 29, 2012 at 12:23 pm
လေးပေါက်ရေ
မြန်မာပြည်ရဲ့လျှပ်စစ်ဓာတ်အားပေးစနစ်က ရေအားလျှပ်စစ်ကရတာမို့လို့ နွေရာသီမှာ လျှပ်စစ်ဓာတ်အားလုံလောက်အောင်မပေးနိုင်ပါတဲ့ ဟုတ်လားဟင် 😀
အဲဒါဆိုရင်လေးပေါက်မေးသလို ပြီးခဲတဲ့မိုးတွင်းနဲ့ဆောင်းရာသီတုန်းကရော ?
မမှတ်မိတော့ဘူးလေးပေါက်ရဲ့
ရေတံခွန်ပုံလေးတွေက မျက်စိကိုအေးသွားတာပဲ ကျေးဇူး …
Ma Ei
March 29, 2012 at 12:28 pm
ရေပြာပြာလေးနဲ့ ကျောက်တုံးလေးတွေ
တအားလှတာဘဲ ကူးထားတယ်နော်…
Diamond Key
March 29, 2012 at 12:56 pm
အောက်ဆုံးပုံလေး အတွက် နားရင်းတော့ မအုပ်ချင်လိုက်ပါနဲ့ဗျာ ။ 😛
အဲဒါ အထက်က ကိုဘအုန်းလို မြို့ပေါ်နေသူဆိုတော့ ရေပေးရေး ရေမလာတာနဲ့ ဒီရက်ပိုင်း ရေမချိုးရတာ ကြာပြီမို့ အခွင့်လေးကြုံတုန်း ခြေထောက်က တစ်ပတ်စာဂျီးတွေ ချွတ်နေတာနေမှာ ……….. တနားပါတယ်လေ
water-melon
March 29, 2012 at 5:12 pm
သများကို ပြောရက်လိုက်တာ ဦးသော့ရယ်
ဟွန့် နောက်တခါတွေ့မယ် 😀
windtalker
March 29, 2012 at 1:34 pm
ကိုပေါက် ကို ဆုပေးမယ် ။
စိတ်ပုတီး တစ်ကုံး ။
ဆုယူဖို ့အတွက် ဆုပေးပွဲအခမ်းအနား ကို ကိုပေါက် ဒကာခံရမယ် ။
ဟီဟိ
ကိုပေါက်(မန္တလေး)
March 29, 2012 at 1:36 pm
လောလောဆယ်တော့ မနေ့ညက ဆိုင်ကယ်မှောက်ထားပါ၏
Diamond Key
March 29, 2012 at 1:52 pm
အဲဒါ ဆိုရင်တော့ နောက်ကို အန္တရယ်ကင်းအောင် ကိုပေပေးနေတဲ့ စိတ်ပုတီးယူပြီး အပြင် မထွက်ခင် ၃ပတ် စိတ်ပြီးမှသွားလေ 😆
Mon Kit
March 29, 2012 at 2:19 pm
အော်.. . ခေတ်သစ်မဗေဒါလေး ရေခပ်နေပုံက ချောင်းထဲကို ဒိုင်ဗင်ထိုးတော့မယ့်ပုံလေး…. 😀
ဆက်ရန်ရှိသေးသည် ဆိုပါသဖြင့် မျှော်နေရင်း………
weiwei
March 29, 2012 at 2:22 pm
အခုလိုအရမ်းပူနေတဲ့ နွေရာသီမှာ စမ်းချောင်းရေလေးတွေက အလွန်ပဲ စွဲဆောင်နိုင်ပါတယ် … မြင်ရတာ အေးချမ်းတယ် …
yaungchikha
March 29, 2012 at 2:31 pm
သဘာဝရူ့ခင်းပုံလေးတွေမြင်ရတာ အေးချမ်းလိုက်တာ…
ဆူး
March 29, 2012 at 2:40 pm
ရေတွေက ဘာလို့ လဲ စိမ်းပြာနေတာလဲ.. ရေနက်လို့လား.. အရမ်းသန့်နေလို့လား..
လှတော့ တော်တော် လှတယ်နော်။
mocho
March 29, 2012 at 2:42 pm
လှလိုက်တာ လေးပေါက်ရေ၊ ဒီတခေါက် မန်း တလေး လာဖြစ်ရင် လေးပေါက်ကို အရင် ဆက်သွယ်ပြီး သွားလည်ရမယ့် နေရာတွေ မေးမယ်။
etone
March 29, 2012 at 4:23 pm
လေးပေါက်တို့ ဦးစိန်သော့တို့ ကျေးဇူးနဲ့ … ရေတံခွန်ပြာကို မြင်ဖူးရပါပြီ …. ။
သာယာပြီး အပန်းဖြေဖို့ကောင်းမယ့်နေရာလေးပါပဲ .. မြင်ရတာနဲ့တင် .. ကြည်နူးဖို့ကောင်းနေပြီ … ။
ဒါနဲ့ ဟိုကလေးက .. ရေထဲ လေးဖက်ထောက်ပြီး ဘာလုပ်နေတာပါလိမ့် .. ဟီး 😎
ရေကြည်တပေါက်ဆိုလို့ … မဆီမဆိုင် .. ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့… မော့စ်တို ့သားအဖ ရိုက်ထားတဲ့ကားကို သတိရမိတယ် …
water-melon
March 29, 2012 at 5:10 pm
သများကို နားရင်းရိုက်မယ်တဲ့
ငိုမှာနော်လေးပေါက် ဟီးဟီးဟီး
သတိရလိုက်တာ စာဥရယ် မှားလို့ ဒီးဒုတ်ရယ်
မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........
March 29, 2012 at 5:32 pm
လေးပေါက်မူးပြီးမှောက်တာလား မမူးပဲမှောက်တာလား ဘယ်လိုဖစ်သဒုံးဗျ။
အဲတော့ ဒေါ်ဖြဲကအပြင်မှာကျလုံးနေတာပဲ ဆံပင်ကေပြောပါတယ်။
ကိုပေါက်(မန္တလေး)
March 29, 2012 at 6:02 pm
မူးလဲမမူး မြန်လဲမမြန် နောက်က ဆော်သွားတာပါကွဲ့
Khaing Khaing
March 29, 2012 at 9:51 pm
လေးပေါက်ရေ စမ်းရေမှာ ဝင်ပြီးချိုးသွားတယ်နော် ဟုတ်ဘူး စိမ့်နေမယ် ဟင့် …. ဟင့် …. မီးမီးက အဲဒါ မျိုးတွေ့ရင် မနေနိုင်ဘူး ဝင်စိမ်ချင်တာ တစ်ယောက်ပြီးတစ်ယောက်တင်နေကြတယ် …..
water-melon
March 30, 2012 at 5:31 pm
ဖရဲလိုက်ပုို့မယ် အတူတူစိမ်မယ်
ကိုပေါက်(မန္တလေး)
March 30, 2012 at 4:25 pm
လာခဲ့မန်းလေးလာရင် လိုက်ပို့မယ် အားရပါးရ စိမ်ပေတော့။
ကိုပေါက်(မန္တလေး)
March 30, 2012 at 5:42 pm
ဖရဲမတော်ကြာ မခိုင်က နင့်ထမ်းပြီးခေါ်နေရအုံးမယ်နော်