မောင်ဂီ့ ရေဆော့နေသည်-၁

ムラカミApril 17, 20123min37521

ဒီသင်္ကြန် မောင်ဂီ့လည်း ရေဆော့ခဲ့သပေါ့ …

ဒါပေသိ ..မောင်ဂီ ဆော့ခဲ့တာ ၁ယောက်ထဲခည…

ဟိုလူဒွေရေးသလို (လုပ်သလို) ရသေ့စိတ်ဖြေ နံရံကို ခွက်စောင်းခုတ်ရရုံနဲ့

မကျေနပ်နိုင်တဲ့ မောင်ဂီဟာ ..မီးရထားစီးပြီး ကို ရေသွားဆော့ခဲ့တာပါ…

ဟုတ်ကဲ့… အခုလို ရေဆော့ဖို့ ၄မိုင်လောက် လမ်းလျောက်ခဲ့ရကြောင်းပါ.

 

တင်ပါဘီ..

အင့် အင့် ..

 

1

 

histogram ကို နည်းနည်း ပြန်တို့ ထားပါတယ်..

vignetting နည်းနည်း ထည့်ထားပါသည်…

 

 

 

2

 

 

ဒါလည်း Android နဲ့ ပြန်တို့ထားတာပါ…
ဘောင်ကွပ်ထားတာအလကားရတဲ့ ..photoshop express နဲ့ ဖြစ်ပါတယ်..
(သိပ် စိတ်တိုင်းမကျပါ)
ငါအပြားကြီး အသစ် ရတော့မှ RAW ပြန်ထည့်ပြီး ပြန်လုံးပါဦးမယ်..

 

3

 

ဒီထက် နည်းနည်း ပို ဝိုက်ချင်ခဲ့တာပါ…
ညာဘက် ထောင့်မှာ လူတွေရှိနေတဲ့အတွက် တံတားက မလှတော့လို့..
ရသလောက်ပဲ ပြန် crop ချ ထားတာပါ..

ဆောင်းဦးမှာ ရွက်နီတွေ ကြွေတဲ့အခါ … ထပ်သွားရိုက်ချင်ပါသေးတယ်…
(ချမ်းတော့ အတော်ချမ်းမှာ)

 

 

4

 

 

11-16mm ပါ .. f/22 နဲ့ ISO 100 ဖြစ်ပါတယ်..
exposure time 2-3s လောက် ရှိမယ် ထင့်..

Grad filter မသုံးထားပါ… ဖိုတိုရှော့ထဲရောက်မှလည်း
Grad ပြန်မထိုးချင်ပါ… အရင် လက်ပကျွတ်အဟောင်းလေးထဲက
ခိုးဝှက် သုံးစွဲနေတဲ့ Nik software လေးကို လွမ်းထှာ …
ဟုတ်ကဲ့ fog ဖောက်ကြည့်ချင်လို့ပါဗျာ….

 

 

5

 

သည်ပုံကို
အဖြူအမဲ ပြန်တို့ဖို့ စဉ်းစားထားပါတယ် … contrast ကစားရပါမယ်…
(သည်ရက်ပိုင်း ကျနော် contrast ratio အကြောင်း ပို လေ့လာဖြစ်နေပါတယ်..)
ပြင်သစ်လို Contre-jour ခေါ်တဲ့ .. ဟာလေးဒွေ
အီတာလီယာ လို Chiaroscuro ခေါ်တဲ့ဟာလေးဒွေ …
စမ်းရိုက်ချင်ပါသေးတယ်….
စိုင်ကလေးတွေနဲ့ပေါ့….
ကျုပ်လေ .. ရှက်လည်း ရှက်ပါရဲ့ ..ရှက်လည်း ရှက်တော့ဘာဘူးဂျာ…

 

 

6

 

gradual filter တခုခု ထည့် ရင် ပိုကောင်းမယ် ထင်ရဲ့ဗျာ…
ဒါပေမယ့် ကျနော် သည်အတိုင်းလေးပဲ ကြိုက်လို့…
(ညာတာ… ဟီး… မဝယ်နိုင်လို့ ..)
raw like sushi လေးပါ….

 

 

 

မထင်မှတ်ဘဲ ရိုက်ဖြစ်သွားတဲ့ပုံ ဖြစ်ပါတယ်..
အလည်ခေါင် တည့်တည့်က ကျောက်တုံးက စိတ်ဝင်စားစရာ ကောင်းလို့ပါ..

ရေထဲဆင်း အဆော်ကောင်းလို့ …ခုထိ တကိုယ်လုံး ကိုက်နေဆဲပါ…
(ဟီး.. မာခုလို ပြောင်း ရေစိုသွားတဲ့ မှတ်မှတ်ရရ)

 

8

 

 

 

ဒီ ၈ပုံထဲမတော့ မနှစ်သက်ဆုံးပုံ ပြပါဆို
ဒီပုံပါပဲ… ဒါပေသိ ..တို့ပီးမှတော့ တင်လိုက်ပါတယ်…

ဆန်းဒေးတုန်းက ရိုက်ခဲ့တာပါ..
မိအေဲးခန် နာဘာလိမြို့
အာကမယ့် ရှိဂျုဟချိ တကိ တွေဖြစ်ပါတယ်….

 

 

၄ပုံ ၃ပုံလောက် ကျန်ပါသေးတယ်…
ပြန်လာခဲ့ (ထပ်နှိပ်စက်) ပါဦးမယ်…
ခင်တဲ့
ဂီ

 

21 comments

  • FattyCat

    April 17, 2012 at 7:10 am

    တစ်ယောက်ထည်းသွားဆော့ခဲ့ပေမယ့် တို့တွေလဲအားပေးသွားတယ်နော်
    အားမငယ်နဲ့၊ ဝေးနေပေမယ့် နီးနီးလေးမှာ ငါတို့ရှိတယ်

    • သမိန်ဂီ့

      April 18, 2012 at 2:46 pm

      အားမငယ်ရအောင် တပါတ်တပါတ် ရှာကြံ ဆော့ နေရတာ..
      ပိုက်ပိုက်လည်း ကုန်လှဘာဘီဂျာ…ဟီး..
      ကျေးကျေးပါ..

      ခင်တဲ့

  • kai

    April 17, 2012 at 7:52 am

    ပုံ၄ကို ကြိုက်တယ်..
    ပေါက်ထွက်နေသလိုပဲ..

    စကားအတင်းအဓမ္မစပ်…
    ကျုပ်နကွန်လေးအတွက်က.. နစ်ဖတီဖစ်ဖတီက.. ဝယ်ရမှာလားဟင်င်… :mrgreen:

    • သမိန်ဂီ့

      April 17, 2012 at 10:12 am

      စိုင်ပစ်ချင်ရင် ဝယ်ပေါ့သဂျီးရယ်…
      ဒေါ်လှ ၁၀ဝသာသာလေးကျမှာကို
      အမှတ်မမှားဘူးဆိုရင် နကွန်း ၅ဝမမ f1.8 က မျက်နှာဝ အကျယ် ၅၂မမ
      ရှိပါကြောင်း..
      😛

  • ချစ်ရင်ထူးနှစ်

    April 17, 2012 at 8:56 am

    အားပေးသွားပါတယ် ခင်ည ..
    ကိုဂီ ..

  • ပေစိ

    April 17, 2012 at 9:05 am

    မျက်လုံး တစ်မျိုးအေးချမ်းခြင်းပေါ့

  • ဆူး

    April 17, 2012 at 9:09 am

    ဆူး လည်း အဲလို မျိုး ဆော့ချင်လိုက်တာ.. အခွင့်အရေး သာခဲ့ရင်တော့ အဲဒီနေရာကို သွားကြည့်ချင်ပါသေးတယ်။ အလုပ်များများ ကြိုးစားလုပ်မယ်။ ဟိဟိ..

    • သမိန်ဂီ့

      April 18, 2012 at 2:52 pm

      ရေတံခွန် ကြိုက်တယ်ဆို ရင် ပိုက်ပိုက်စုပီးမှတော့ ..ဒီရေတံခွန် မလာပါတဲ့ဗျာ…
      http://www.world-of-waterfalls.com/top-10-waterfalls.html

      အဲ့သည့်တွေသွားပါ. ….

  • ကြောင်ကြီး

    April 17, 2012 at 10:16 am

    မောင်ဂီရေဆော့
    သေဘီတော့
    ACတရှော့
    ကြွေပြီပေါ့
    မြေဆီအပျော့
    နေခြည်ကျော့…။

    • သမိန်ဂီ့

      April 18, 2012 at 2:53 pm

      @ချစ်ရင်ထူးနှစ်
      @ကိုပေစိ
      @ကိုကြောင်

      အားပေးတာ ကျေးကျေးပါ လို့…

  • ဦးဦးပါလေရာ

    April 17, 2012 at 10:23 am

    တော်တော်ကောင်းတဲ့ ရေဆော့နည်းပါလား..။
    ကျုပ်လိုအဖိုးကြီးတွေလဲ လုပ်လို့ရတယ်… တယ်ဟန်ကျပါလား…။
    ဖြစ်သေးပါဘူး.. ဒီရွာထဲနေမှဖြင့် ကင်မလာလေးတခုလောက်တော့ ရှိအောင်လုပ်ဦးမှ … 🙂

    • သမိန်ဂီ့

      April 18, 2012 at 2:45 pm

      ပြန်မရမယ့် အခိုက်အတန့်လေးတွေ မှတ်တမ်းတင်ဖို့ရာ..
      ကိုယ့်ဘက်က သေချာဖို့ လိုတဲ့အတွက်
      ကင်မလာ ဝယ်မှာ အားပေးပါတယ်ချင့် …

      ခင်တဲ့
      ဂီ

  • TTNU

    April 17, 2012 at 12:49 pm

    မောင်ဂီရေ…
    ပုံ(၂)လေး ယူမယ်နော်။
    ကျေးဇူးနော်။
    တီချာနု

    • သမိန်ဂီ့

      April 18, 2012 at 2:43 pm

      ယူပါတီချာကြီးချင့် ..
      ယူချင်ယူကြဖို့ တင်ထားတာဖြစ်ပါတယ်ချင့်….

      နောက်လည်း ထပ်တင်ပါဦးမယ်ချင့်…

      ခင်တဲ့

  • ဗိုက်ကလေး

    April 17, 2012 at 12:57 pm

    ဘီအီးထိုင်သောက်လိုက်ရင်တော့ ရှယ်ဘဲဗျာ

    • သမိန်ဂီ့

      April 18, 2012 at 2:44 pm

      ဘီအီးသောက်ရင် ပြန်နိုင်မှာ မဟုတ်ဘူးချင့်…
      အသွားအပြန် ၄မိုင်ခရီးလမ်းလျောက် ၂နာရီ ရထားစီး …
      အောင်မာငီး ..ခုထိ ကိုယ်တွေလက်တွေနာတုန်း..

      😛

  • Khaing Khaing

    April 17, 2012 at 11:09 pm

    ကိုဂီ ထပ်နှိပ်စက်ပါဦးမယ်ဆိုတာဘာသဘောလဲ ဒီလိုပုံတွေမြင်ရင် စိတ်ထဲမှာ အလိုလိုရေစိမ်ချင်လာတယ် နော် …… အွန်း လေးပေါက်တို့နှိပ်စက်ထားတာအနည်ထိုင်ရုံရှိသေး အခုကိုဂီကထပ်နှိပ်စက်ပြန်ပြီ သင်္ကြန်မှာ ဘယ်မှမသွားရပဲ အိမ်မှာထောင်ကျနေတာကို စိတ်ညစ်ရတဲ့အထဲ တူကတစ်ယောက်တည်း လက်ဆော့ (အဲလေမှားဝါးလို့)ရေဆော့တာကို လာရိုက်ပြတယ် သူလဲ ဂယ်မဆင်းခဲ့ပဲနဲ့ ကိုဂီသာဂယ်ဆင်းခဲ့ ရင်တော့ အခုဆို ဟိုထဲကိုရောက်နေလောက်ပြီ ……….. အဟိ နောက်တာနော် ပုံ (2) လေးကိုကြိုက်တယ်.. ဒီရေတံခွန်ကို ဘယ်သူမှဆင်းချိုးမယ့်ပုံမပေါ်ဘူး ရေထဲမှာ ရေညှိတွေတောင်တက်နေ တယ် …….. ဆင်းရင် ချော်ကျမလားမသိဘူးနော် ……..

    • သမိန်ဂီ့

      April 18, 2012 at 2:42 pm

      အားပေးတာ ကျေးကျေးပါ..
      တချို့နေရာတွေ ကျနော် တကယ်ဆင်းခဲ့ပါရဲ့ဗျာ …
      အန်ဒါဝါးတား ဖိုတိုဂလပ်ဖီ ရိုက်ဖို့ .. ကင်မလာအိတ်
      လေး စဉ်းစားနေပါသည်…

      ခင်တဲ့

  • pooch

    April 18, 2012 at 2:36 pm

    ပုံ ၄ နဲ့ ၆ မှာ ရေစီးသံကြားလိုက်ရတယ်။ 😀

    ဒါနဲ့ happy myanmar new year ပါ။

    • သမိန်ဂီ့

      April 18, 2012 at 2:40 pm

      ဟုတ်ကဲ့ ကျေးကျေးပါ..ဆိမ်းထူယူ ပါ
      ပုံ-၆ဟာ ကျနော် အနှစ်သက်ဆုံး ပုံ ဖြစ်ပါကြောင်း..

      😀

  • manawphyulay

    April 18, 2012 at 5:35 pm

    တစ်ယောက်ထဲတောင် အငြိမ်မနေဘူး။ အင်း အဖွဲ့နဲ့များဆို ဘယ်လို ရေဆော့လိုက်မလဲ မြင်ယောင်ကြည့်မိတယ်။

Leave a Reply