2000 Group ( B – 8 ) သဝဏ်လွှာ (၃၈) by May Aye Oo

Swal Taw YwetApril 19, 20123min730

သဝဏ်လွှာ (၃၈) by May Aye Oo on Monday, March 12, 2012 at 8:50am ·

 

အတတ်ပညာ၏ အညစ်အကြေးကား မလေ့လာခြင်းတည်း..။

ဗုဒ္ဓ၊ ဓံဌ၂။

 

စာဖတ်ခြင်းက ပြည့်ဝသောလူတစ်ယောက် ဖြစ်စေတယ်။

ဆွေးနွေးညှိနှိုင်းခြင်းက အသင့်ပြင်ထားသော လူတစ်ယောက်ဖြစ်စေတယ်။

မှတ်သားခြင်းက တိကျသောလူတစ်ယောက်ဖြစ်စေတယ်။ (ဆာဖရန်စစ်ဘေကွန်)

 

စာကြည့်တိုက် ထူထောင်ပေးရန် အလှူခံခြင်း။

ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊

ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။

ပြီးခဲ့တဲ့ တစ်ပါတ်က ဖျာပုံမြို့နယ်၊ ကျုံကဒွန်းရွာမှာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တော့ ပုသိမ်ကျောင်းဆရာတော် က စာကြည့်တိုက် အတွက် ကူညီပေးဖို့မိန့်ပါတယ်..။ ပုသိမ်ကျောင်း ကျောင်းဝင်းထဲမှာ စာကြည့်တိုက်လုပ်ဖို့ အဆောက်အဦက အရံသင့်ရှိပါတယ်..။ ဆရာတော်က ကြီးကြပ်ပေးမှာပါ..။ ကျမက ကျောက်ကွင်းရွာ မှာ စာကြည့်တိုက်လုပ်ပေးခဲ့တာ၊ ကျောက်ကွင်းရွာ စာကြည့်တိုက်ကလေးက အရမ်းကို အောင်မြင်ပြီး၊ ဘေးပတ်ဝန်းကျင်ရွာတွေကတောင်လာပြီးငှားကြတာမို့ လုပ်ရကြိုးနပ်တယ်.. ဆိုပါတော့..။ ဒါကိုသိလို့လဲ ကျုံကဒွန်းက ဆရာတော်က မိန့်တာပါ..။

တစ်ကယ်တော့ ကျုံကဒွန်းရွာမှာ အိမ်ခြေ ၃၀၀ဝ ရှိပါတယ်..။ အိမ်ခြေ ၃၀၀ဝ ဆိုတော့ ရွာကြီးပေါ့..။ အဲလိုရွာကြီးမှာတောင် စာကြည့်တိုက်ကလေး တစ်ခုတစ်လေတောင်မှ မရှိပါဘူး..တဲ့..။ ကျမက သင်တန်းမှာ စာသင်ရင်းနဲ့ ကလေးတွေကို ကာတွန်း ဖတ်ချင်ကြလား၊ ရွှေသွေး ဖတ်ချင်ကြသလားဆိုတော့။ ကလေးတွေက ရွှေသွေးမသိပါဘူးတဲ့။ ဖတ်ချင်ပါသတဲ့. .. ။ ကျမကလဲ စာကြည့်တိုက်… လို့ ပြောလိုက်တာနဲ့ တေဇလူငယ် အရွယ်ကို ဦးတည်ပါတယ်..။ ကလေးတွေကို စာဖတ်ချင်အောင်၊ စာဖတ်တဲ့ အလေ့အကျင့် ရအောင် သင်ပေးရမယ်..။ ကလေးတွေက ကာတွန်းတွေဖတ်.. ပြီးတော့ အဆင့်တက်လာပြီး စာကောင်းတွေကို ဖတ်တတ်သွားမှာလေ..။ ပြီးတော့ .. လူငယ်တွေ.. ။ ကျုံကဒွန်းရွာမှာ စာကြည့်တိုက်ကလေး တစ်ခုတောင်မရှိပေမဲ့ အရက်ဆိုင် ၅ ဆိုင်ရှိပါသတဲ့..။ (သင်တန်းတက်ကြတဲ့ ကလေးတွေက ပြောပြကြတာပါ..) လူငယ်တွေ စာတွေဖတ်ပြီး အသိအလိမ္မာ တိုးကြ စေချင် ပါတယ်..။ အကောင်းအဆိုး အမှားအမှန်ခွဲခြားတတ်တဲ့ အဆင့်မရောက်ခင်မှာတောင်.. အားရင် စာဖတ်နေတာက အရက်ဆိုင်မှာ ထိုင်တာထက်တော့ ပိုကောင်းတာပေါ့.. နော်..။

ဒါကြောင့် ကျုံကဒွန်းရွာက ကလေးတွေအတွက်..၊ လူငယ်တွေအတွက်..၊ ပြီးတော့ .. လူကြီးတွေအတွက်ရောပေါ့.. လေ ….။

စာကြည့်တိုက်ကလေး မိတ်ဆက်ပေးရအောင်လို့ .. စာအုပ် (သို့မဟုတ်) ငွေသား လှူလို့ရပါတယ်..။

စိတ်ဝင်စားကြသူ ..  လှူချင်ကြသူ အလှူရှင်များ  2000.donation.group@gmail.com     သို့ ဆက်သွယ်လို့ရပါတယ်ရှင်..။

အလှူရှင် များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

အလှူခံ များလည်း ကျန်းမာ ချမ်းသာ ကြပါစေ..။

လိုအပ်သူတိုင်းကို ပေးလှူနိုင်သောသူ ဖြစ်ရပါလို၏ …. …။

 

ရင်မှ မေတ္တာ များစွာဖြင့်…

မေအေးဦး

2000GROUP

2000.donation.group@gmail.com

GIVE THE WORLD THE BEST YOU HAVE!

If you cannot feed all, just feed one! (Mother Theresa)

Try to value yourself…., Learn to value others….

P.S – ကျမရဲ့  notes  များကို..  Share  လိုပါက ခွင့်တောင်းရန် မလိုပါ..   Share   နိုင်ပါသည်.. ရှင်….

Photos copied from –  မှတ်စု (၃၄) by May Aye Oo on Thursday, March 8, 2012 at 8:41am ·

အလှူဒါနပြုကြသည်..

 

ယဉ်ကျေးလိမ္မာသင်တန်း ၄၁/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း။ ၂ - ၅ မတ်လ၊ ၂၀၁၂ ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
ထမင်းမစားခင် မေတ္တာပို့ ..
ယဉ်ကျေးလိမ္မာသင်တန်း ၄၁/၂၀၁၂ အခမဲ့ဆေးခန်း နှင့် အင်္ဂလိပ်စာသင်တန်း။ ၂ - ၅ မတ်လ၊ ၂၀၁၂ ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ ဖျာပုံမြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး။
အခမဲ့ဆေးခန်းမှာတော့ အသက်အရွယ်စုံ၊ လူနာစုံ ၃၀ဝ လောက်လာကြ၊ ဆေးကုသပေးခဲ့ပါတယ်..။ ဆရာဝန်က တစ်ယောက်ထဲ ပါတာမို့ ဆေးခန်းက ညဘက်အထိ ဖွင့်ပေးခဲ့ရပါတယ်..။

Dear Ma Ma Padonma, SaYar Ma Daw May Aye Oo,

Before latest activities of 2000 Group ( Water festival period , Yay Oo , Sagaing Division ),

Let’s me post for    ပုသိမ်ကျောင်း၊ ကျုံကဒွန်းရွာ၊ စာကြည့်တိုက် ထူထောင်ပေးရန် အလှူခံခြင်း။.

Dear readers and MG villagers,

Please distribute / share  good deeds by one of our MG villagers ( Daw May Aye Oo ) and 2000 Group.

They need your helps/ supports.

Let’s try our best for our mother land.

With respect,

Swal Taw Ywet.