ပုဂံ သင်္ကြန် နှင့် လူစိမ်းများ

black chawApril 18, 20124min22723

ပုဂံမှာ ပထမဆုံး သင်္ကြန်ကျဖူးခြင်းပါ။
အကြိုနေ့ကရောက်ပြီး နှစ်ဆန်းတစ်ရက်နေ့မှ ပြန်ဖြစ်ပါတယ်။
မနက်စောစော တစ်ယောက်တည်း ဘုရားတွေဖူးရင်း ဓါတ်ပုံရိုက်ပါတယ်။
မနက် ၉ နာရီလောက် တူတွေတူမတွေကို တင်ပြီး ညောင်ဦး၊ ပုဂံမြို့ဟောင်း၊ ပုဂံမြို့သစ် တစ်ပတ်ပတ်ပြီး
ရေပက်ခံထွက်ပေးပါတယ်။
နေ့လယ်ခင်း အခန်းအောင်းပြီး ညနေပိုင်းတစ်ခါ ရေပက်ခံထွက်ပါတယ်။
သွားရင်းလာရင်း ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေထဲက
နိုင်ငံခြားသား ခရီးသွားတွေရဲ့ ထူးခြားတယ်လို့ ထင်တဲ့ ဓါတ်ပုံလေးတွေစုပြီး တင်ပေးလိုက်ပါတယ်။
ဖီလင်တစ်ခုခုတော့ ရနိုင်ကောင်းပါရဲ့…။

အကျနေ့ နံနက်ခင်း၊ ပုဂံ ရဲ့ နေထွက်ချိန် ။
အကျနေ့ နံနက်ခင်း၊ ပုဂံ ရဲ့ နေထွက်ချိန် (၂)။
ပုဂံရဲ့ ထွက်ပြူစ နေမင်းကြီးကို နောက်ခံထားပြီး လှနေတဲ့ ပြင်သစ်သူရဲ့ အလှပါ။
ပုဂံ ရဲ့ ထွက်ပြူစနေမင်း နဲ့ အပြိုင် ပြင်သစ်သူ ရဲ့ အလှ။ ***
ပုဂံ ရဲ့ ထွက်ပြူစနေမင်း နဲ့ အပြိုင် ပြင်သစ်သူ ရဲ့ အလှ။ *** 2
ညောင်ဦးမှာ သင်္ကြန်ရေကစားနေတဲ့ နိုင်ငံခြားသူလေးတစ်ဦး။ (ကားမောင်းရင်းနဲ့ ရိုက်ထားတာပါ)။
ဘုရားပေါ်မှာတွေ့ခဲ့ရတဲ့ အီတလီသား နှင့် နယ်သာလန်သူ။ (ထူးထူးဆန်းဆန်းဗျာ)။
အီတလီသားနဲ့ နယ်သာလန်သူ ၂။
သားနဲ့သမီး ရေကစားနေတာကို ဓါတ်ပုံရိုက်ဖို့ ပြင်နေတဲ့ နိုင်ငံခြားသားတစ်ဦး။
သားနဲ့သမီး ရေကစားတာကို ဓါတ်ပုံရိုက်နေတဲ့ နိုင်ငံခြားသားတစ်ဦး ၂ ။

ကင်မရာတစ်လုံးနဲ့ စိတ်ပါလက်ပါ။

မြင်းလှည်းပေါ်မှာ ပျော်နေကြတဲ့ နှစ်ဦး။
ဓါတ်ပုံကို ဓါတ်ပုံ ပြန်ရိုက်ထားတာပါ။

23 comments

  • ကိုရင်မောင်

    April 18, 2012 at 11:06 pm

    အားကျလိုက်တာ ကိုဘလက်ရေ
    အီတလီသားကလဲမွတ်ဆလင်ဘာသာကိုးကွယ်တယ်ထင်ပ
    အမွေးအမြှင်တယ်ထူသကို…
    အမှတ်စဉ်(၁) (၂) နဲ့မြင်းလှည်းပုံတွေကြိုက်တယ်ဗျာ
    ထပ်တင်ပါအုံးစောင့်မျှော်နေပါတယ်…..

  • စော်ဘွားလေး မောင်မာန်ခ

    April 18, 2012 at 11:17 pm

    ပြင်သစ်သူကတကယ်လှတယ်ဗျာ………အနောက်တိုင်းအလှလဲမဆိုးပါဘူး
    လေးဘလက်လုပ်မှပုဂံတောင်ပြန်ရောက်ချင်လာပြီ…………
    ဘယ်တုန်းကသွားလိုက်တာလဲသံချောင်းတောင်မခေါက်လိုက်ပါလားဗျ……မန်းနဲ့ပုဂံနဲ့ကနီးတော့လွယ်တာပေါ့…..
    ကျွန်တော်တို့တောင်ပေါ်သားတွေကတော့ရှမ်းရိုးမကနေပဲခူးရိုးမဆီကိုတာဇံလိုခုန်ကူးမှရတယ်…..
    ဒါတောင်တန့်ကြည်တောင်ပဲရောက်ဦးမှာ…..ဧရာဝတီကိုဖြတ်ဖို့ကျန်စစ်သားလိုလှံနဲ့ထောက်မှရမယ်နော…..
    ခင်တဲ့မောင်ရှမ်း………….တောင်ပိုင်းသား……
    မိုက်တယ်ဗျာ………လက်ရာကတော့ရှယ်ပဲ……ဒါ့ပုံကိုပြန်ရိုက်တာတောင်အလင်းမပြန်အောင်ရိုက်နိုင်တယ်..

  • pooch

    April 18, 2012 at 11:26 pm

    ကိုဘလက်ရေ အီတလီသားနဲ့ နယ်သာလန်သူက ကျမလည်း ထူးဆန်းလိုက်တာလို့ ထင်မိတယ်
    အော်…. အချစ်မှာ အချစ်ပဲ ရှိတယ် ထင်ပါတယ် :mrgreen:

    ပြင်သစ်သူနဲ့ ပုဂံအလှက တမျိုး အမြင်ဆန်းပါတယ်။

    နိုင်ငံခြားသားတွေ ကျမတို့ တိုင်းပြည်ကို လာလည်ချင်တာ ရေမြေတောတောင်အလှတွေကြောင့်လို့ ထင်မိတယ်။ နောက် မတူ ထူးခြားတဲ့ ရိုးရာတွေကြောင့်လည်း ဖြစ်မှာပါ။

    စကားစပ်လို့ ကိုဘလက်ရေ ကျမသိဖူးတဲ့ တိုးတွေအကြောင်းလေး ပြောပြချင်ပါတယ်။
    အရင်က ကျမကြားဖူးတာလေးပေါ့ ။
    တိုးမိသားစုက တောင်ကြီးဘက်ကို သွားလည်ရင်း လမ်းမှာ သစ်ပင်အကြီးကြီးတွေ့တော့ ကားဆရာ တဖြစ်လဲ ဂိုက်ကို ရပ်ခိုင်းတယ် ။ နောက်သူ့သားလေးကို အဲ့ဒီ သစ်ပင်အကြီးကြီးပေါ်ကို ကုပ်ကပ်ပြီး တက်ခိုင်းပြီး သူက ထိုင်ကြည့်နေခဲ့ပါတယ်တဲ့။ အချိန်တော်တော်လေးကို ဖြုန်းခဲ့တာပါတဲ့ ။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ တိုင်းပြည်မှာ အဲ့ဒီလို အပင်မျိုး မရှိလို့ပါတဲ့ ကိုဘလက်။

    နောက်ပြီးခဲ့တဲ့ လက ကျမ မေမြို့တက်ဖြစ်တော့ လမ်းမှာ အသိနဲ့ တွေ့ပါတယ်။ သူက ဒီကိုလာလေ့လာတဲ့ ပြင်သစ်တွေကို လိုက်ပို့တာပါ။ အဲ့ဒီ ပြင်သစ်တွေက မြန်မာပြည်ရဲ့ နေရာတော်တော်များများကို စုံအောင် သွားပြီး လူအမျိုးမျိုးကို အင်တာဗျုးခဲ့တာပါတဲ့ ။

    ဘုန်းကြီးကျောင်းတွေထိ သွားပြီး ဘာကြောင့် သာသနာ့ဘောင်ဝင်ရတယ် ဆိုတာထိကို နှိုက်နှိုက်ချွတ်ချွတ်မေးတာပါတဲ့။ လူတွေကိုလည်း ဘဝမှာပျော်ရဲ့လား ဆိုတဲ့ မေးခွန်းမျိုးတွေကိုလည်း မေးပါတယ်တဲ့ ။ ဘယ်ပါတီကို ဘာကြောင့် ထောက်ခံတာလဲ ဆိုတာတွေလည်း ပါပါတယ်။ သူက သာ သတိမထားမိလို့ပါ။ ကျမ မြင်တာနဲ့ အဲ့ဒီလူတွေ သတင်းသမားတွေ ဆိုတဲ့ အနံ့မျိုး ရခဲ့ပါတယ်။ ရုပ်ရှင်တွေ အကြည့်များလို့နေမှာပါ ။ ဟီး :mrgreen:

    များမကြာမီမှာ သူတို့ ဆီက စာစောင်များမှာ မြန်မာအကြောင်းတွေ နှိုက်နှိုက်ချွတ်ချွတ် အရှိကို အရှိအတိုင်း မြင်ရတော့မယ်လို့ ဖတ်ရတော့မယ်လို့ ထင်ပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လထုတ် ရီးဒါးဒိုင်ဂျက်မှာလည်း ရန်ကုန်မြို့ရဲ့ နေရာတခုက ဓာတ်ပုံတပုံကို ဖော်ပြတာတွေ့လိုက်ရပါတယ်။ အတော်လေးကို ရှုပ်ယှက်ခတ်နေတဲ့ လမ်းကြားတခုရဲ့ ပုံပါ။
    ခေါင်းစဉ်က Unseen Asia, The beauty of daily life ပါ။

    နောက်ကျမနဲ့ တခရီးထဲ သွားဖူးတဲ့ တိုး၂ ယောက်အကြောင်းကတော့ ကြုံရင် ရေးချင်ပါသေးတယ်။ ခုတော့ အပျင်းထူနေပါတယ် ကိုဘလက် ။ 😀

  • kai

    April 19, 2012 at 4:56 am

    အီတလီသားနဲ့ နယ်သာလန်သူ ဆိုတာမှာ..

    အီတလီနိုင်ငံသားဖြစ်ပါလိမ့်မယ်..။
    အီတလီလူမျိုးပုံမပေါက်ပါဘူး.. အီတလီလူမျိုးက… ဇာတိနွယ်ဆိုရင်.. အဖြူ(ကော့ကေးရှန်း)နဲ့ပိုနီးတယ်ထင်မိပါတယ်..။

    အခု ပုဂ္ဂိုလ်က.. မသကာ.. တာလီဘန်ရုပ်တောင်ထွက်နေသမို့.. အရှေ့အလယ်ပိုင်းဒေသကလူမျိုး.. အာရပ်တွေနဲ့တောင်သိပ်မတူပဲ.. တောင်ပိုင်း..အရှေ့ပိုင်းဖက်ကဖြစ်ဖို့များတယ်..။

    (ပုဂ္ဂလိကအတင်းတုတ်ပြီးသကာလ)
    ဘာပဲဖြစ်ဖြစ်ပါနော..
    ပုဂံမြေက.. လှဆဲပဲလို့…
    ဓါတ်ပုံတွေအတွက်.. ကျေးကျေး…

  • FattyCat

    April 19, 2012 at 6:48 am

    အမှန်အတိုင်း မကွယ်မဝှက်ဝန်ခံရရင်
    ပုဂံမြေကိုမြင်တိုင်းလွမ်းတယ်

    တူမလေးတွေလိုက်ထိန်းပေးပါ့မယ်ဆိုတော့ မခေါ်ဘူး
    လူဇိုး

  • အိမ်လွမ်းသူ

    April 19, 2012 at 8:16 am

    နေထွက်ချိန် လေးရိုက်ထားတာ ကြည်နူးဖို့ကောင်းလိုက်တာ။ ပုံကိုကြည်ရတာနဲ့တင် ပုဂံရဲ့အနံ့အသက်ကိုရမိ သလိုခံစားရတယ်။စိတ်ဖိစီးမှူ့ တွေကိုတော်တော် ပြေပြောက်သွားစေမယ့် ရှူ့ခင်းပါပဲ။ ကျေးဇူးပါပဲ ကိုဘလတ် ရေ။

  • သမိန်ဂီ့

    April 19, 2012 at 8:29 am

    ဘဘဘလက်ရေ…
    ထိပ်ဆုံး ေနေရောင် နောက်ခံထားတဲ့ ပုံတွေက
    Contre-jour တွေဗျ …
    ဒါဟာ ခြားနားတဲ့ ဘာသာရပ်တခုဗျို့…
    စကားအတင်းစပ်ပြောရရင် …ဟို အို ..အရိပ်ကလေးရယ် ပိုစ့်ကို
    သွားသတိရရဲ့….contrast ratio 16x အထိရှိတဲ့ ..hairlight တွေနဲ့
    ပုံဖော်တဲ့ အနုပညာတရပ်ဗျ…
    ပုဂံဟာ ခီယာရို စကူလို ပဲဖြစ်ဖြစ် Contre-jour ပဲဖြစ်ဖြစ် တခုခု
    ရိုက်ဖို့ အတွက် အကောင်းဆုံးသောနေရာတခု ဖြစ်ပြီး
    ဒါကိုရိုက်နိုင်တဲ့ ဘဘဘလက်ကိုတော့ လေးစားအားကျပါကြောင်း…

    http://en.wikipedia.org/wiki/Chiaroscuro
    http://en.wikipedia.org/wiki/Contre-jour

    ခင်တဲ့…
    ဂီ

  • Diamond Key

    April 19, 2012 at 9:26 am

    နိုင်ငံခြားသူတွေနဲ့များ ပုဂံကို ခရီးသွားခဲ့တာလား ကိုချောရယ် 😀
    ကျွန်တော်လည်း ပုဂံသင်္ကြန်ကျဖူးတယ်ဗျ 😛
    ပုံ ၃၊ ၄၊ ၅၊ ၆ ကိုကြိုက်တယ်ဗျာ။ ပုံ ၆ ကိုတော့ အကြိုက်ဆုံး။ 😆
    ကားမောင်းရင်းနဲ့ ရိုက်ထားတာပါ ဆိုလို့လေ။ :mrgreen:
    ကားမောင်းရင်းတောင် ဒီလိုပုံလေးတွေ ရိုက်နိုင်ရင်တော့ 😀

  • TTNU

    April 19, 2012 at 9:47 am

    ကိုချောရေ…
    ပုဂံအလှကိုဆက်ဖော်ပေးပါဦး။
    ထိုလူစိမ်းတွေနဲ့ ပုဂံ သင်္ကြန်က သိပ်ပျော်စရာမကောင်းသေးဘူး။
    ကိုလူချောတို့နဲ့ ပုဂံသင်္ကြန် ပုံလေးတွေ လုပ်ပါဦး။ 😛

  • manawphyulay

    April 19, 2012 at 11:00 am

    အမယ် နိုင်ငံခြားသူနဲ့ သင်္ကြန်လည်တယ်ပေါ့။ အိမ်က မဒီဘလက်ကော ပါဘူးလား ဦးဦးဘလက်… မြန်မာရဲ့နှစ်ကူးသင်္ကြန်ကို နိုင်ငံခြားသားတွေ သဘောကျတာ မြင်ရတော့ ရင်ထဲမှာ ကြည်နူးမိတယ်… ပုဂံရဲ့နေရာစုံလေးတွေလည်း မြင်ချင်ပါသေးတယ်။

  • ဗိုက်ကလေး

    April 19, 2012 at 11:22 am

    အူးလေးက ဘာလဲဗျ
    လူလူချင်းအတူတူ လူစိမ်းတွေ လူကျက်တွေ မလုပ်ပါနဲ ့
    ဒီမိုကလေစီအလံကိုင်ပြီး သွားနေကြတဲ့ကမ္ဘာ့ရွာကြီးမှာ လူတိုင်း လူတိုင်း လူကျက်တွေပဲ ဖြစ်တယ်ဗျ
    ဖောတာ နဲနဲများ ပိုသွားသလား မသိဘူး 😆

    နောက်ဒါဘာ အူးလေးရာ
    နောက်လဲ မြန်မာပြည်ထဲရောက်နေတဲ့ လူစိမ်းတွေကို များများရှာပြီး မှတ်တမ်းတင်ပေးပါဗျာ.
    ဒါမှ..
    မြန်မာပြည်မှာလူစိမ်းတွေလဲ လာရောက်လည်ပတ်နေထိုင်ကြပါကလားဆိုပြီး ပိုမိုသိသွားကြစေချင်လို ့ဘာ
    အဲဒါဘာဘဲဂျာ

  • htet way

    April 19, 2012 at 12:04 pm

    ကိုဘလက်
    မိသားစုလိုက် ခရီးထွက်နိုင်တာလည်း
    ကုသိုလ်ထူးတာပဲ ။
    ပုံတွေအတွက် ကျေးဇူးပါ။

  • windtalker

    April 19, 2012 at 12:21 pm

    အပေါ်ဆုံးက ပုံမှာ ဘလက် အန် ဝှိုက် က အစ်ကိုကြီး ဘလက် ကို လက်ပိုက်ပြီး အရိုက်ခံကြတာ မိုက်သဗျာ ။
    အစ်ကိုကြီး ပြချင်တာ ကို သိမိသလိုပါဘဲ ။ လေးစားပါတယ် အစ်ကိုကြီး ။

  • blackchaw

    April 19, 2012 at 3:22 pm

    @ ကိုရင်မောင် ;
    အားပေးသွားတာ ကျေးဇူးတင်ပါတယ် ကိုရင်မောင် ခင်ဗျား။
    ပုံတွေ ထပ်တင်ပါဦးမယ်။
    အဆင်ပြေရင် အားပေးပါဦးဗျာ။ ကျေးဇူး…။
    :mrgreen:

    @ စော်ဘွားလေး မောင်မာန်ခ ;
    ညီလေးရေ။ ညောင်ဦးတဖက်ကမ်းကို တံတားထိုးထားပါပြီ ခင်ဗျာ။
    တံတားဟိုဘက်ကို ကူးလိုက်တာနဲ့ ပခုက္ကူမြို့ ကိုတန်းရောက်ပါတယ်။
    ကျန်စစ်သားလို လှံ နဲ့ ထောက်ဖို့ မလိုတော့ပါဘူး။
    :mrgreen:

    @ မောင်သန်းထွဋ်ှုဦး ;
    ကျေးဇူးပါ ညီလေးရေ။
    မတွေ့မိတာတောင်အတော်ကြာနေပြီ မှတ်တယ်။
    :mrgreen:

    @ pooch ;
    စိတ်ရှည်လက်ရှည် ပေးသွားတဲ့ ကွန်းမန့်လေးအတွက်ကျေးဇူးပါ မယ်ပုချ်ရေ။
    ကျွန်တော်က အင်္ဂလိပ်လို သိတ်တတ်တာမဟုတ်ပါဘူး။
    ဘယ်နိုင်ငံကလာတာလဲ ဆိုတာလောက်ပဲ တတ်တာပါ။
    အဲဒါကြောင့် ဘယ်နိုင်ငံသား ဘယ်နိုင်ငံသူ ဆိုပြီးပြောနိုင်တာပါ။
    ကြုံတဲ့အခါ ရေးတာထက် ရေးတဲ့အခါ ကြုံလိုက်ပါဗျာ။
    မယ်ပုချ်ရေးတဲ့ စာတွေ မဖတ်ရတာ လနဲ့ချီနေပြီ ဖြစ်ပါကြောင်း
    ကြပ်ပေးသွားပါတယ်။
    :mrgreen:

  • blackchaw

    April 19, 2012 at 3:36 pm

    @ kai ;
    ဖြစ်နိုင်ပါတယ် သူကြီးရေ။
    ကျွန်တော့် ရုပ်ကလည်း ကုလားနဲ့ တူလို့
    သူတို့နဲ့ မျိုးတူလို့ထင်သွားလားမသိဘူး ကျွန်တော့်ခါးကိုဖက်ပြီး
    ဓါတ်ပုံရိုက်သွားပါသေးတယ် ဗျာ။
    မသကာ နယ်သာလန်သူလေးက ဘလက်ခါးကိုဖက်တယ်ဆိုရင်
    ဘယ်လောက်လှလိုက်မလဲ။
    အော် မကောင်းတဲ့ စိတ်ကူးတွေ။
    ပုဂံက လှဆဲပါ။
    တောင်းရမ်းစားသောက်သူတွေလည်း နည်းသွားတာ သတိပြုမိပါတယ်။
    သင်္ကြန်မှာ မူးပြီး ကတဲ့နေရာမှာတော့ ပုဂံက
    ရန်ကုန်ထက်တောင် ခေတ်မှီနေသေးတာကို လည်း အံ့ဩစရာတွေ့ခဲ့ရပါတယ်။
    ကားလမ်းမကြီးတစ်ခုလုံးကို လူအုပ်ကြီးနဲ့ ပိတ်ပြီး
    ကနည်းမျိုးစုံနဲ့ ကနေလိုက်ကြတာ…
    ပုဂံဆိုတဲ့နာမည်ကိုတောင် မျက်နာပူစိတ်ဖြစ်မိပါရဲ့…။
    😀

    @ fatty cat ;
    ကွန်းမန့်လေး အတွက် ကျေးဇူးပါ ညီလေးရေ။
    အစ်မပဒုမ္မာ ပြောတဲ့ ဆေးခန်းကလည်း သင်္ကြန်တွင်းမှာ လူကြပ် ကားကြပ်နဲ့
    မေးလို့ မရခဲ့ပါဘူးကွာ။
    နောက်တစ်ခါ ထပ်သွားမှ လှူမယ်ကွာ။
    ဒီတစ်ခါတော့ ခွင့်လွှတ်။
    😀

    @ အိမ်လွမ်းသူ ;
    စိတ်ဖိစီးမှုပြေပျောက်စေတယ်ဆိုလို့ ရိုက်ရကျိုးနပ်ပါတယ်ဗျာ။
    ကျေးဇူးပါ။

    @ ဂီဂီ ;
    ညီလေးရေ။
    လေးစားအားကျတယ်တော့ မလုပ်ပါနဲ့ဗျာ။
    နည်းနည်းလေး လျှော့ပါ။
    ကြယ်နှစ်ပွင့် ဖြစ်နေတာတွေ့လို့ ဂုဏ်ယူဝမ်းမြောက်မိတဲ့ အကြောင်းနဲ့
    ပြန်လာရင် … ဂုဏ်ပြုပွဲလုပ်ပေးဦးမယ့်အကြောင်း…။
    :mrgreen:

    • သမိန်ဂီ့

      April 20, 2012 at 2:03 pm

      ဂုဏ်ပြုပွဲတဲ့ ..
      တိန်…

      သများ ဘန်ဂေါက် ကနေ အိုဘယ့် ..ရယ်မီမာတင် ဆွဲခဲ့ပါ့မယ်…ဘဘ ဘလက်ရယ်..
      စဂါးအတင်းစပ်
      ကေတီဗီ တို့ တီလုပ်တန်းတို့ ..
      တချို့သွားတဲ့ ..စပို့ထ်ဘား တို့ ဆိုတာဒွေက …ဘာဒွေလဲ ဟင်င်င်င်င်…..

      အာဟိ ဒက်ဂလောက်…

  • blackchaw

    April 19, 2012 at 3:46 pm

    @ ကိုသော့ ;
    တကယ်ပြောတာပါ ကိုသော့ရယ်။
    ပုံ ၈ ကနေ ၁၅ အထိ ကားပေါ်ကနေ ရိုက်ထားတာပါ။
    အသေးစိတ် လိုအပ်ချက်လေးတွေ ထောက်ပြပေးပါဦးဗျာ။
    နှစ်သစ်ကူး ဆုတောင်း လေး ပို့ပေးတာ ကျေးဇူးပါ။
    :mrgreen:

    @ TTNU ;
    တီချယ်ကြီးပြောလို့ မျက်တော်ပြေ ဘုရားကို သွားဖြစ်အောင် သွားခဲ့ပါတယ်။
    ဓါတ်ပုံတွေလည်း ရိုက်ခဲ့ပါတယ်။
    သွားသင့်တဲ့ နေရာလေးတွေ လမ်းညွှန်ပေးတာ ကျေးဇူးပါ တီချယ်ကြီးရေ။
    :mrgreen:

    @ manawphyulay ;
    နိုင်ငံခြားသူားတွေပုံက သွားရင်းလာရင်းရိုက်ထားတာပါဗျာ။
    မဒမ်ဘလက်အပြင် မိသားစု ၆ ယောက်နဲ့ သွားခဲ့တာပါ။
    ပုဂံပုံလေးတွေ တင်ဦးမှာပါ။ အားပေးပါဦး နော့…။
    :mrgreen:

    @ ဗိုက်ကလေး ;
    ကွန်းမန့်များရဲ့အလယ်မှာ ကောင်းသတင်းကြွယ်လျက်ရှိသော
    ဗိုက်ကလေး ကတော့ ဗိုက်ကလေးပါပဲဗျာ။
    ဗိုက်ကလေး
    ဗိုက်ကလေး
    ဗိုက်ကလေး ဝမ်းနှုတ်ဆေး
    ဆိုင်တိုင်းမှာမေးဝယ်ပါ…။
    :mrgreen:

  • blackchaw

    April 19, 2012 at 3:56 pm

    @ ဆရာထက် ;
    ကျေးဇူးပါ ဆရာထက်ရေ။
    မိသားစုနဲ့ ခရီးထွက်ရတာ ပျော်စရာကောင်းပါတယ်ဗျာ…။
    :mrgreen:

    @ windtalker ;
    ဘာတွေများ အတွေးပေါက်သွားတာပါလိမ့် ဗျာ။
    အရမ်းကြီး မတွေးစေချင်ပါဘူး။

    တိတ်တိတ်မျက်ရည်ဝဲရုံ ကြေကွဲသွားရုံလေး
    ရင်ခွင်ထဲ နွေးထွေးသွားရုံလေး

    လောက်သာ ခံစားပါဗျာ။
    အသာလုပ်ပါ…။
    :mrgreen:

  • Thel Nu Aye

    April 19, 2012 at 4:54 pm

    ပုဂံမရောက်ဖြစ်တာကြာပြီဦးဘလက်ရေ။ ဒီပုံတွေမြင်တော့ပုဂံကိုလွမ်းမိတယ်။ မြန်မာလူမျိုးတိုင်းရောက်သင့် တဲ့နေရာမို့ ကျွန်မသားကိုပို့ဖြစ်အောင်ပို့ဖို့တွန်းအားပေးလိုက်တာမို့ကျေးဇူးပါ။ နောက်ရှိရင်လဲတင်ပေးပါအုံး။

  • marblecommet

    April 20, 2012 at 6:41 am

    အားကျလိုက်တာ
    ပုဂံကို စာရွက်ပေါ်မှာပဲ ရောက်ဖူးတာဗျ
    အရှင်လတ်လတ်တစ်ခါမှ မရောက်ဖူးလို့
    လူဖြစ်ရှုံးနေရသူဖြစ်ပါဂျောင်း ကိုဘလက်ရေ့……

    • အမတ်ဒိန်

      April 20, 2012 at 2:33 pm

      ကိုကမ်းရေ..
      ကျနော်လည်း လူဖြစ်ရှူံးနေတုန်းပါပဲ လို့..
      ကိုယ်ချစ်တဲ့ ပုဂံကို မရောက်ဖူးသေးလို့
      လူဖြစ်ရှူံးရတယ်ပြောတာလောက်တော့ ရမယ်ထင်ပ.. 🙂 🙂

  • weiwei

    April 20, 2012 at 1:53 pm

    တိုက်ဆိုင်လိုက်တာမှ …
    ရွှေနဒီမှာ ကျွန်မတို့လဲ တည်းခဲ့ပါတယ် (အတက်နေ့ည)
    ဓါတ်ပုံထဲက နိုင်ငံခြားသား မိသားစုကိုလဲ တွေ့ခဲ့တယ် …
    ရွှေစက်တော်ကနေ ပုဂံသွားလမ်းတလျှောက်ကြုံခဲ့ရတဲ့ အညာသင်္ကြန်ကိုတော့ အလွန်စိတ်ပျက်ခဲ့မိပါတယ်…

Leave a Reply